Ligue1

ပေါ်တူဂီဂန္တဝင်ကြီးရဲ့ အော်တိုတောင်းခံရတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ဗုဒ္ဓဟူးနေ့ညက ဘင်ဖီကာနဲ့ပွဲစဉ်မှာ ၎င်းရဲ့ အံ့အားသင့်ဖွယ် သွင်းဂိုးသွင်းယူပြီးနောက်ပိုင်း ပေါ်တူဂီဂန္တဝင် ပါအိုလို ဖူတရီရဲ့ အမှတ်တရလက်မှတ်ထိုးပေးဖို့ တောင်းဆိုခြင်းခံခဲ့ရတဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။

ပါအိုလို ဖူတရီဟာ ၎င်းရဲ့ အသင်းဟောင်း ပွဲစဉ်ကို ရုပ်မြင်သံကြားကနေ ကြေညာဖို့အတွက် အလုပ်တာဝန်နဲ့ ပီအက်စ်ဂျီနဲ့ပွဲစဉ်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဆီကနေ နောက်ထပ်တစ်ကြိမ် မှော်ဆန်တဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အုပ်စု H မှာ ဘင်ဖီကာနဲ့ တဖက် ၁ ဂိုးစီ သရေကျခဲ့ပေမယ့်လည်း မက်ဆီဟာ နေမာရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကို ဂိုးညာဘက်အပေါ်ထောင့်ကို ပင်နယ်တီဧရိယာထိပ်ကနေ ဝေ့ဝိုက်ကန်သွင်းသွားခဲ့ပြီး မယုံနိုင်ဖွယ် တစ်ချက်ထိကန်သွင်းမှုကို လုပ်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီဂန္တဝင် ဖူတရီဟာ ပွဲမတိုင်ခင်ကတည်းက ဘလွန်ဒေါ ၇ ဆုရှင်ဆီကနေ အမှတ်တရ လက်မှတ်တောင်းဖို့အတွက် စီစဉ်ထားပြီးသားဖြစ်ပြီး ပေါ်တူဂီဂန္တဝင်ဟာ အရင်တုန်းက အာဂျင်တီးနားဂန္တဝင် ဒီယေဂို မာရာဒိုနာကို တောင်းဆိုခဲ့ဖူးတဲ့အတိုင်း မက်ဆီကို လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ အမှတ်တရလက်မှတ်ကို ရရှိခဲ့ပြီးနောက် အက်သလက်တီကို မက်ဒရစ်ဂန္တဝင်က ဘာကြောင့် မက်ဆီရဲ့ဆီက အမှတ်တရလက်မှတ်ကို သွားတောင်းခဲ့တာလဲဆိုတာကို ရှင်းလင်းခဲ့ပါတယ်။

“ကျိုးနွံမှုကို ခဏထားလိုက်ပါဦး။ ကျွန်တော့်ထက် အများကြီးပိုကောင်းတဲ့ပုံပေါ်တဲ့ ကစားသမား ၂ ဦးပဲ မြင်တွေ့ခဲ့ဖူးပါတယ်။ အာဂျင်တိုင်းသား ၂ ဦးပါ။ ဒီယေဂို မာရာဒိုနာက ကျွန်တော့်အတွက် လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ကျွန်တော်တို့ ၁၉၈၇ ခုနှစ်တုန်းက ကွင်းထဲမှာ အတူတူ ကစားခဲ့ကြတုန်းကပါ။ ဒီနေ့မှာတော့ ကျွန်တော် ဒုတိယမြောက်ကစားသမားအဖြစ်နဲ့ လီယွန်နယ် မက်ဆီကို လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီနဲ့ ဖူတရီတို့ကြားက လှပတဲ့အခိုက်အတန့်ကို ရုပ်သံကင်မရာတွေက အမိအရ ရိုက်ကူးနိုင်ခဲ့ကြပြီး ပေါ်တူဂီဂန္တဝင်က အာဂျင်တီးနားဂန္တဝင်ဟာ ၎င်းရဲ့ ဒုတိယမြောက် လက်မှတ်ရေးထိုးဖို့ တောင်းဆိုတဲ့သူဖြစ်ကြောင်း ရှင်းပြနေဟန်တူပြီး ပြုံးရွှင်စွာနဲ့ စကားတွေ ရင်းရင်းနှီးနှီး ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ဖူတရီဟာ ၎င်းရဲ့ အက်သလက်တီကို မက်ဒရစ်ရှပ်နောက်ကျောမှာ မက်ဆီကို လက်မှတ်ရေးထိုးစေခဲ့ပြီးနောက် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင် လေးစားမှုအပြည့်နဲ့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ဖူတရီဟာ ပေါ်တိုနဲ့အတူ ဥရောပ ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး ကစားသမားဘဝတလျှောက် စပို့တင်း လစ္စဘွန်း၊ ဘင်ဖီကာ၊ မာဆေးလ်၊ အေစီမီလန်၊ အက်သလက်တီကို မက်ဒရစ်၊ ဝက်စ်ဟမ်းတို့အတွက် ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ပါအိုလို ဖူတရီရဲ့ တစ်ဦးချင်း အကောင်းဆုံး အောင်မြင်မှုကတော့ ၁၉၈၇ ခုနှစ်က ဘလွန်ဒေါဆုအတွက် ပြိုင်ပွဲမှာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဒီယေဂို မာရာဒိုနာရဲ့ လက်မှတ်အပြီးမှာ မက်ဆီရဲ့ လက်မှတ်ကိုပါ တောင်းယူခဲ့တာက အာဂျင်တီးနားဂန္တဝင်တွေအပေါ် ဘယ်လောက်အထိ လေးစားချစ်ခင်လဲဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ဗုဒၶဟူးေန႔ညက ဘင္ဖီကာနဲ႔ပြဲစဥ္မွာ ၎ရဲ႕ အံ့အားသင့္ဖြယ္ သြင္းဂိုးသြင္းယူၿပီးေနာက္ပိုင္း ေပၚတူဂီဂႏၲဝင္ ပါအိုလို ဖူတရီရဲ႕ အမွတ္တရလက္မွတ္ထိုးေပးဖို႔ ေတာင္းဆိုျခင္းခံခဲ့ရတဲ့ ဒုတိယေျမာက္ ကစားသမားျဖစ္လာခဲ့ပါတယ္။

ပါအိုလို ဖူတရီဟာ ၎ရဲ႕ အသင္းေဟာင္း ပြဲစဥ္ကို ႐ုပ္ျမင္သံၾကားကေန ေၾကညာဖို႔အတြက္ အလုပ္တာဝန္နဲ႔ ပီအက္စ္ဂ်ီနဲ႔ပြဲစဥ္ကို ေရာက္ရွိေနခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဆီကေန ေနာက္ထပ္တစ္ႀကိမ္ ေမွာ္ဆန္တဲ့ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

အုပ္စု H မွာ ဘင္ဖီကာနဲ႔ တဖက္ ၁ ဂိုးစီ သေရက်ခဲ့ေပမယ့္လည္း မက္ဆီဟာ ေနမာရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကို ဂိုးညာဘက္အေပၚေထာင့္ကို ပင္နယ္တီဧရိယာထိပ္ကေန ေဝ့ဝိုက္ကန္သြင္းသြားခဲ့ၿပီး မယုံႏိုင္ဖြယ္ တစ္ခ်က္ထိကန္သြင္းမႈကို လုပ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပၚတူဂီဂႏၲဝင္ ဖူတရီဟာ ပြဲမတိုင္ခင္ကတည္းက ဘလြန္ေဒါ ၇ ဆုရွင္ဆီကေန အမွတ္တရ လက္မွတ္ေတာင္းဖို႔အတြက္ စီစဥ္ထားၿပီးသားျဖစ္ၿပီး ေပၚတူဂီဂႏၲဝင္ဟာ အရင္တုန္းက အာဂ်င္တီးနားဂႏၲဝင္ ဒီေယဂို မာရာဒိုနာကို ေတာင္းဆိုခဲ့ဖူးတဲ့အတိုင္း မက္ဆီကို လက္မွတ္ထိုးေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီရဲ႕ အမွတ္တရလက္မွတ္ကို ရရွိခဲ့ၿပီးေနာက္ အက္သလက္တီကို မက္ဒရစ္ဂႏၲဝင္က ဘာေၾကာင့္ မက္ဆီရဲ႕ဆီက အမွတ္တရလက္မွတ္ကို သြားေတာင္းခဲ့တာလဲဆိုတာကို ရွင္းလင္းခဲ့ပါတယ္။

“က်ိဳးႏြံမႈကို ခဏထားလိုက္ပါဦး။ ကြၽန္ေတာ့္ထက္ အမ်ားႀကီးပိုေကာင္းတဲ့ပုံေပၚတဲ့ ကစားသမား ၂ ဦးပဲ ျမင္ေတြ႕ခဲ့ဖူးပါတယ္။ အာဂ်င္တိုင္းသား ၂ ဦးပါ။ ဒီေယဂို မာရာဒိုနာက ကြၽန္ေတာ့္အတြက္ လက္မွတ္ထိုးေပးဖို႔ ေတာင္းဆိုခဲ့ဖူးတဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ၿပီး ကြၽန္ေတာ္တို႔ ၁၉၈၇ ခုႏွစ္တုန္းက ကြင္းထဲမွာ အတူတူ ကစားခဲ့ၾကတုန္းကပါ။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္ ဒုတိယေျမာက္ကစားသမားအျဖစ္နဲ႔ လီယြန္နယ္ မက္ဆီကို လက္မွတ္ထိုးေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မက္ဆီနဲ႔ ဖူတရီတို႔ၾကားက လွပတဲ့အခိုက္အတန႔္ကို ႐ုပ္သံကင္မရာေတြက အမိအရ ႐ိုက္ကူးႏိုင္ခဲ့ၾကၿပီး ေပၚတူဂီဂႏၲဝင္က အာဂ်င္တီးနားဂႏၲဝင္ဟာ ၎ရဲ႕ ဒုတိယေျမာက္ လက္မွတ္ေရးထိုးဖို႔ ေတာင္းဆိုတဲ့သူျဖစ္ေၾကာင္း ရွင္းျပေနဟန္တူၿပီး ၿပဳံး႐ႊင္စြာနဲ႔ စကားေတြ ရင္းရင္းႏွီးႏွီး ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ ဖူတရီဟာ ၎ရဲ႕ အက္သလက္တီကို မက္ဒရစ္ရွပ္ေနာက္ေက်ာမွာ မက္ဆီကို လက္မွတ္ေရးထိုးေစခဲ့ၿပီးေနာက္ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္ ေလးစားမႈအျပည့္နဲ႔ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဖူတရီဟာ ေပၚတိုနဲ႔အတူ ဥေရာပ ခ်န္ပီယံျဖစ္ခဲ့သူျဖစ္ၿပီး ကစားသမားဘဝတေလွ်ာက္ စပို႔တင္း လစၥဘြန္း၊ ဘင္ဖီကာ၊ မာေဆးလ္၊ ေအစီမီလန္၊ အက္သလက္တီကို မက္ဒရစ္၊ ဝက္စ္ဟမ္းတို႔အတြက္ ကစားေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ပါအိုလို ဖူတရီရဲ႕ တစ္ဦးခ်င္း အေကာင္းဆုံး ေအာင္ျမင္မႈကေတာ့ ၁၉၈၇ ခုႏွစ္က ဘလြန္ေဒါဆုအတြက္ ၿပိဳင္ပြဲမွာ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ၿပီး ဒီေယဂို မာရာဒိုနာရဲ႕ လက္မွတ္အၿပီးမွာ မက္ဆီရဲ႕ လက္မွတ္ကိုပါ ေတာင္းယူခဲ့တာက အာဂ်င္တီးနားဂႏၲဝင္ေတြအေပၚ ဘယ္ေလာက္အထိ ေလးစားခ်စ္ခင္လဲဆိုတာ ျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.