Premier League UCL&UEL

အိုမိုးနီးယားနဲ့ပွဲမှာ မယုံနိုင်စရာလွဲချော်ခဲ့လို့ ကိုယ်တိုင်နားမလည်ဖြစ်ခဲ့ရတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညက အိုမိုးနီးယား နီကိုးရှားနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ ကြီးမားတဲ့အခွင့်အရေးကြီးကို လွဲချော်ခဲ့ပြီးနောက် ဘာတွေဖြစ်သွားလဲဆိုတာကို ကိုယ်တိုင် မယုံနိုင်ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ဆိုက်ပရပ်စ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယခုရာသီ ရှားရှားပါးပါး ပွဲထွက်ပါဝင်ကစားခွင့် ပေးအပ်ခြင်းခံခဲ့ရပြီးနောက် အထင်ကြီးအောင် လုပ်ပြနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမှာ ကာရင်မ် အန်ဆာရီဖတ်ရဲ့ သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့က ပွဲအဖြေကို ပြောင်းလဲပေးခဲ့ကြတာဖြစ်ပါတယ်။

ပါနာဂျိုတူးရဲ့ နောက်ကျသွင်းဂိုးက ဧည့်သည်အသင်းအတွက် အဆုံးသတ်ဖြစ်တော့မယ့်ပုံ ပေါ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းက အဝေးကွင်းမှာ ၃-၂ နဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအတွက်တော့ စိတ်ပျက်စရာ ညနေခင်းဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့လက ရှီရစ် တီရာစပေါ်နဲ့ပွဲမှာ ကစားသမားဘဝတလျှောက် ကလပ်အသင်းအဆင့်သွင်းဂိုး ၆၉၉ ဂိုးပြည့်မြောက်ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ကြာသပတေးနေ့ညမှာ သွင်းဂိုး ၇၀၀ ပြည့်မြောက်အောင် သွင်းယူနိုင်ဖို့ မျှော်လင့်ခဲ့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပွဲစဉ်တလျှောက်လုံး ရုန်းကန်နေရပုံပေါ်ခဲ့ပြီး အခွင့်အရေး အများအပြားကို လွဲချော်ခဲ့ပြီးနောက် ၎င်းရဲ့ ဒေါသကို ဖုံးကွယ်ထားဖို့အတွက် မတတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အလယ်လောက်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အလွတ်တည်ကန်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းအပေါ်ကို ကျော်သွားတာကြောင့် အိမ်ရှင်ပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေကို ကြားခဲ့ရပြီး နောက်ထပ်မိနစ်အနည်းငယ်အကြာမှာ အနီးကပ်ခေါင်းတိုက်ပိတ်သွင်းမှုမှာ ဂိုးထဲ ဘောလုံးဝင်သွားပေမယ့် လူကျွံအလံထောင်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းအပြီး ဒုတိယပိုင်းမှာလည်း ရော်နယ်လ်ဒိုရဲ့ ဂိုးကန်သွင်းချက်ဟာ ဂိုးပိုက်ကိုသာ ထိမှန်ခဲ့ပြီး ဂိုးကန်သွင်းမှုက ဘေးကိုဝိုက်ထွက်သွားတာကို မြင်တွေ့ခဲ့ရပြီးနောက် ပေါ်တူဂီကြယ်ပွင့်ဟာ လေထဲကို ဒေါသတကြီး လက်သီးနဲ့ ထိုးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ ရော်နယ်လ်ဒိုဟာ နောက်ထပ်တစ်ကြိမ် အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ၎င်းရဲ့ ကန်သွင်းချက်က ထိချက်မမှန်ခဲ့တာကြောင့် ပင်နယ်ဧရိယာထဲမှာ ဂိုးသွင်းနိုင်တဲ့ အနေအထားကနေ ကန်သွင်းခဲ့တာတောင်မှ ဂိုးဘားတန်းပေါ်ကို ကျော်သွားခဲ့ပြန်တာ ဖြစ်ပါတယ်။

ပွဲကစားချိန် ၁၅ မိနစ်လောက်သာ ကျန်တော့တဲ့အချိန်မှာ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ဂိုး ၇၀၀ မြောက် မှတ်တိုင်သစ်စိုက်ထူနိုင်မယ့် သွင်းဂိုးဖြစ်လာနိုင်တဲ့ ဂိုးကန်သွင်းခွင့်ကို ဂိုးပေါက်နဲ့ ၈ ကိုက်အကွာမှာ ရရှိခဲ့ပေမယ့်လည်း ၎င်းရဲ့ ကန်သွင်းချက်က တိုင်ကိုသာ ထိသွားခဲ့တာကြောင့် ပေါ်တူဂီကြယ်ပွင့်ဟာ မယုံကြည်နိုင်ဟန်နဲ့ တော်တော်လေး စိတ်ဓာတ်တွေကျဆင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အိုမိုးနီးယားနဲ့ပွဲစဉ် နောက်ဆုံးမိနစ်မှာ ရော်နယ်လ်ဒိုဟာ နောက်ဆုံး ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတစ်ကြိမ် ထပ်မံ ရရှိခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာလည်း ဂိုးကန်သွင်းချက်က ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ပေါ်တူဂီလူငယ်ကွင်းလယ်ကစားသမားကတောင် ပွဲအရေအတွက် လျော့နည်းပြီး ဒီရာသီမှာ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၾကာသပေတးေန႔ညက အိုမိုးနီးယား နီကိုးရွားနဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ဖို႔ ႀကီးမားတဲ့အခြင့္အေရးႀကီးကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဘာေတြျဖစ္သြားလဲဆိုတာကို ကိုယ္တိုင္ မယုံႏိုင္ျဖစ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ဆိုက္ပရပ္စ္မွာ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ယခုရာသီ ရွားရွားပါးပါး ပြဲထြက္ပါဝင္ကစားခြင့္ ေပးအပ္ျခင္းခံခဲ့ရၿပီးေနာက္ အထင္ႀကီးေအာင္ လုပ္ျပႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္းမွာ ကာရင္မ္ အန္ဆာရီဖတ္ရဲ႕ သြင္းဂိုးေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔က ပြဲအေျဖကို ေျပာင္းလဲေပးခဲ့ၾကတာျဖစ္ပါတယ္။

ပါနာဂ်ိဳတူးရဲ႕ ေနာက္က်သြင္းဂိုးက ဧည့္သည္အသင္းအတြက္ အဆုံးသတ္ျဖစ္ေတာ့မယ့္ပုံ ေပၚခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းက အေဝးကြင္းမွာ ၃-၂ နဲ႔ ႏိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုအတြက္ေတာ့ စိတ္ပ်က္စရာ ညေနခင္းျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့လက ရွီရစ္ တီရာစေပၚနဲ႔ပြဲမွာ ကစားသမားဘဝတေလွ်ာက္ ကလပ္အသင္းအဆင့္သြင္းဂိုး ၆၉၉ ဂိုးျပည့္ေျမာက္ခဲ့တဲ့ ေပၚတူဂီၾကယ္ပြင့္ဟာ ၾကာသပေတးေန႔ညမွာ သြင္းဂိုး ၇၀၀ ျပည့္ေျမာက္ေအာင္ သြင္းယူႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပြဲစဥ္တေလွ်ာက္လုံး ႐ုန္းကန္ေနရပုံေပၚခဲ့ၿပီး အခြင့္အေရး အမ်ားအျပားကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ၎ရဲ႕ ေဒါသကို ဖုံးကြယ္ထားဖို႔အတြက္ မတတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္း ပြဲကစားခ်ိန္အလယ္ေလာက္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အလြတ္တည္ကန္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးဘားတန္းအေပၚကို ေက်ာ္သြားတာေၾကာင့္ အိမ္ရွင္ပရိသတ္ေတြဆီကေန ေလွာင္ေျပာင္သံေတြကို ၾကားခဲ့ရၿပီး ေနာက္ထပ္မိနစ္အနည္းငယ္အၾကာမွာ အနီးကပ္ေခါင္းတိုက္ပိတ္သြင္းမႈမွာ ဂိုးထဲ ေဘာလုံးဝင္သြားေပမယ့္ လူကြၽံအလံေထာင္ျပျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းအၿပီး ဒုတိယပိုင္းမွာလည္း ေရာ္နယ္လ္ဒိုရဲ႕ ဂိုးကန္သြင္းခ်က္ဟာ ဂိုးပိုက္ကိုသာ ထိမွန္ခဲ့ၿပီး ဂိုးကန္သြင္းမႈက ေဘးကိုဝိုက္ထြက္သြားတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေပၚတူဂီၾကယ္ပြင့္ဟာ ေလထဲကို ေဒါသတႀကီး လက္သီးနဲ႔ ထိုးခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ သိပ္မၾကာခင္မွာပဲ ေရာ္နယ္လ္ဒိုဟာ ေနာက္ထပ္တစ္ႀကိမ္ အခြင့္အေရး ရရွိခဲ့ေပမယ့္လည္း ၎ရဲ႕ ကန္သြင္းခ်က္က ထိခ်က္မမွန္ခဲ့တာေၾကာင့္ ပင္နယ္ဧရိယာထဲမွာ ဂိုးသြင္းႏိုင္တဲ့ အေနအထားကေန ကန္သြင္းခဲ့တာေတာင္မွ ဂိုးဘားတန္းေပၚကို ေက်ာ္သြားခဲ့ျပန္တာ ျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၁၅ မိနစ္ေလာက္သာ က်န္ေတာ့တဲ့အခ်ိန္မွာ ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ ဂိုး ၇၀၀ ေျမာက္ မွတ္တိုင္သစ္စိုက္ထူႏိုင္မယ့္ သြင္းဂိုးျဖစ္လာႏိုင္တဲ့ ဂိုးကန္သြင္းခြင့္ကို ဂိုးေပါက္နဲ႔ ၈ ကိုက္အကြာမွာ ရရွိခဲ့ေပမယ့္လည္း ၎ရဲ႕ ကန္သြင္းခ်က္က တိုင္ကိုသာ ထိသြားခဲ့တာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္ဟာ မယုံၾကည္ႏိုင္ဟန္နဲ႔ ေတာ္ေတာ္ေလး စိတ္ဓာတ္ေတြက်ဆင္းသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အိုမိုးနီးယားနဲ႔ပြဲစဥ္ ေနာက္ဆုံးမိနစ္မွာ ေရာ္နယ္လ္ဒိုဟာ ေနာက္ဆုံး ဂိုးသြင္းယူႏိုင္မယ့္ အခြင့္အေရးတစ္ႀကိမ္ ထပ္မံ ရရွိခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာလည္း ဂိုးကန္သြင္းခ်က္က ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ ေပၚတူဂီလူငယ္ကြင္းလယ္ကစားသမားကေတာင္ ပြဲအေရအတြက္ ေလ်ာ့နည္းၿပီး ဒီရာသီမွာ သြင္းဂိုး ၂ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.