Match Report Premier League UCL&UEL

ကွန်ဖရင့်လိဂ်မှာ ခြေတွေ့နေပြီး အန်ဒါလက်ချ်ကို အနိုင်ယူခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ ဒေါ်ဆန်၊ အော့ဘွန်နာနဲ့ ဂျွန်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လန်ဇီနီ၊ ဒေါင်းစ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီယို၊ ဘိုဝင်နဲ့ ဘင်ရာမာတို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အန်ဒါလက်ချ်တို့ကတော့ ဂိုးသမား ဗန်ကွမ်ဘရုဂျ်၊ ခံစစ်မှာ ဟို့ဒ်၊ ဒီဘတ်စ်နဲ့ ဒဲလ်ခွာတို့ကို ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ အာမူဇူ၊ အာရှီမေရူး၊ ဒီယာဝါရာ၊ အာန်းစတက်ဒ်၊ မူရီယိုတို့ကို စုဖွဲပေးလာခဲ့သလို တိုက်စစ်မှာတော့ ဗားစကားရင်နဲ့ ဖာဘီယို ဆေးလ်ဗားတို့ကို အသုံးပြုလာခဲ့တာပါ။

ဝက်စ်ဟမ်းတို့ ဘောလုံးပိုကိုင်နိုင်ခဲ့ပေမယ့် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားနေခဲ့ပြီး ဂိုးရှေ့တွေမှာတော့ နှစ်သင်းစလုံးပဲ Final Product တွေကို အားနည်းခဲ့ကြသလို အဆုံးသတ်နဲ့ ဖန်တီးမှုတွေကို ခံစစ်သမားတွေကလည်း ပိတ်ဆို့နိုင်ခဲ့ကြလို့ ဂိုးရဖို့ ခက်နေခဲ့ကြပါတယ်။

ဘိုဝင်ရဲ့ ဖန်တီးပေးမှုတွေကို အန်တိုနီယိုနဲ့ ဘင်ရာမာတို့ မယုံနိုင်လောက်အောင် ဖြုန်းတီးသွားခဲ့ကြပြီး ဂိုးဝင်သင့်တဲ့ အခွင့်အရေးတွေကို သုံးလုံးလောက် အလဟဿဖြစ်စေခဲ့လို့ ပထမပိုင်းမှာ အန်ဒါလက်ချ်နဲ့ ဝက်စ်ဟမ်းတို့ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်နေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာလည်း ဂိုးလိုချင်နေတဲ့ နှစ်သင်းစလုံး ဖွင့်ကစားခဲ့ကြပေမယ့် အန်ဒါလက်ချ်ဘက်က ဝုလ်ဗ်စ်အငှားကစားသမား ဖာဘီယို ဆေးလ်ဗား အလုပ်မဖြစ်ခဲ့သလို ဝက်စ်ဟမ်းတို့ ပိုဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရှေ့ရောက်ရင် အဆိပ်မရှိတဲ့ ရေမြွေလို ဖြစ်နေခဲ့တာကြောင့် နည်းပြ ဒေးဗစ်မွိုက်စ် အနေနဲ့ အန်တိုနီယို၊ လန်ဇီနီနဲ့ ဘင်ရာမာတို့အစား ဆကာမက်ကာ၊ ရိုက်စ်နဲ့ ပါကေးတာတို့ကို လူစားပြောင်းလဲသွားခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ဂိုးစတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆိုဖာလ်က ခေါင်းတိုက်ချပေးရာမှာ ပါကေးတာက အန်ဒါလက်ချ်ခံစစ်ကြားက ထိုးပေးတာကို ဖောက်ထွက်သွားနိုင်ခဲ့တဲ့ ဆကာမက်ကာက ဧရိယာထဲကနေ ထောင့်ဖြတ် အနိမ့်ဘော ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အန်ဒါလက်ချ်ကို ဘယ်လ်ဂျီယမ်မြေမှာ ဝက်စ်ဟမ်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ရယူနိုင်ခဲ့ကြပြီး ကွန်ဖရင့်လိဂ် အုပ်စု အဆင့်မှာ ၃ ပွဲကစား ၃ ပွဲနိုင်၊ ရဂိုး ၇ ဂိုး၊ ပေးဂိုးမရှိနဲ့ ပရီးမီးယားလိဂ်ကနဲ့ မတူညီတဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်သလို နည်းပြ ဒေးဗစ်မွိုက်စ်အတွက် ဂုဏ်ယူစရာ ပုံစံကောင်းနဲ့ ရှေ့ဆက်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ ဒေါ်ဆန်၊ အော့ဘွန်နာနဲ့ ဂျွန်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လန်ဇီနီ၊ ဒေါင်းစ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီယို၊ ဘိုဝင်နဲ့ ဘင်ရာမာတို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အန်ဒါလက်ခ်ျတို့ကတော့ ဂိုးသမား ဗန်ကွမ်ဘရုဂ်ျ၊ ခံစစ်မှာ ဟို့ဒ်၊ ဒီဘတ်စ်နဲ့ ဒဲလ်ခွာတို့ကို ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ အာမူဇူ၊ အာရှီမေရူး၊ ဒီယာဝါရာ၊ အာန်းစတက်ဒ်၊ မူရီယိုတို့ကို စုဖွဲပေးလာခဲ့သလို တိုက်စစ်မှာတော့ ဗားစကားရင်နဲ့ ဖာဘီယို ဆေးလ်ဗားတို့ကို အသုံးပြုလာခဲ့တာပါ။


ဘိုဝင်ရဲ့ ဖန်တီးပေးမှုတွေကို အန်တိုနီယိုနဲ့ ဘင်ရာမာတို့ မယုံနိုင်လောက်အောင် ဖြုန်းတီးသွားခဲ့ကြပြီး ဂိုးဝင်သင့်တဲ့ အခွင့်အရေးတွေကို သုံးလုံးလောက် အလဟဿဖြစ်စေခဲ့လို့ ပထမပိုင်းမှာ အန်ဒါလက်ခ်ျနဲ့ ဝက်စ်ဟမ်းတို့ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်နေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာလည်း ဂိုးလိုချင်နေတဲ့ နှစ်သင်းစလုံး ဖွင့်ကစားခဲ့ကြပေမယ့် အန်ဒါလက်ခ်ျဘက်က ဝုလ်ဗ်စ်အငှားကစားသမား ဖာဘီယို ဆေးလ်ဗား အလုပ်မဖြစ်ခဲ့သလို ဝက်စ်ဟမ်းတို့ ပိုဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရှေ့ရောက်ရင် အဆိပ်မရှိတဲ့ ရေမြွေလို ဖြစ်နေခဲ့တာကြောင့် နည်းပြ ဒေးဗစ်မွိုက်စ် အနေနဲ့ အန်တိုနီယို၊ လန်ဇီနီနဲ့ ဘင်ရာမာတို့အစား ဆကာမက်ကာ၊ ရိုက်စ်နဲ့ ပါကေးတာတို့ကို လူစားပြောင်းလဲသွားခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ဂိုးစတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆိုဖာလ်က ခေါင်းတိုက်ချပေးရာမှာ ပါကေးတာက အန်ဒါလက်ခ်ျခံစစ်ကြားက ထိုးပေးတာကို ဖောက်ထွက်သွားနိုင်ခဲ့တဲ့ ဆကာမက်ကာက ဧရိယာထဲကနေ ထောင့်ဖြတ် အနိမ့်ဘော ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အန်ဒါလက်ခ်ျကို ဘယ်လ်ဂျီယမ်မြေမှာ ဝက်စ်ဟမ်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ရယူနိုင်ခဲ့ကြပြီး ကွန်ဖရင့်လိဂ် အုပ်စု အဆင့်မှာ ၃ ပွဲကစား ၃ ပွဲနိုင်၊ ရဂိုး ၇ ဂိုး၊ ပေးဂိုးမရှိနဲ့ ပရီးမီးယားလိဂ်ကနဲ့ မတူညီတဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်သလို နည်းပြ ဒေးဗစ်မွိုက်စ်အတွက် ဂုဏ်ယူစရာ ပုံစံကောင်းနဲ့ ရှေ့ဆက်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.