Match Report Premier League UCL&UEL

ဗီယာရာ ခြေစွမ်းပြမှုနဲ့ နိုင်ပွဲဆက်ပြီး ယူရိုပါလိဂ်အုပ်စုကို ဦးဆောင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာနာ၊ ခံစစ်မှာ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်၊ တိုမီယာစုနဲ့ တီယာနီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆမ်ဘီ လိုကွန်ဂါ၊ ချာကာနဲ့ ဖာဘီယို ဗီယာရာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ နကီးတီးယား၊ မာတီနယ်လီနဲ့ မားကင်ညို့စ်တို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘိုဒို/ဂလင့်တို့ကတော့ ဂိုးသမား ဟိုက်ကင်၊ ခံစစ်မှာ လိုဒါ၊ မိုအာ၊ ဝမ်ဘမ်ဂိုမိုနဲ့ ဆမ့်ပ်စတက်ဒ်တို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဘာ့ဂ်၊ ဆော့လ်တ်နက်စ်၊ ဗက်တယ်လ်ဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပယ်လီဂရီနို၊ အမ်ဗူကာနဲ့ အက်စ်ပီယော့ဒ်တို့ကို အသုံးပြုခဲ့တာပါ။

အာဆင်နယ်တို့ကွင်းလယ်မှာ ပါတေး မပါတာနဲ့ ကစားကွက်က သိသိသာသာ ချို့တဲ့သွားခဲ့ပြီး ချာကာ နောက်မှာ အကွက်ဖော်ကစားဖို့ ဆင်းနေခဲ့ပေမယ့် လူလား နံရံလား မကွဲဘဲ လာသမျှ ဘောလုံးကို ပေးတဲ့လူဆီ ပြန်ပေးနေခဲ့တဲ့ ဆမ်ဘီ လိုကွန်ဂါကြောင့် လုပ်ရကိုင်ရ ခက်နေခဲ့သလို ဗီယာရာနဲ့ မားကင်ညို့စ်တို့လည်း ဇူးရစ်ချ်ထက် ပိုခက်တဲ့ ပြိုင်ဘက်ကြောင့် ထင်တာထက် ပိုရုန်းခဲ့ကြရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မာတီနယ်လီက ဘယ်ခြမ်းကို ခင်းပေးရာကနေ တီယာနီရဲ့ အပြင်းကန်သွင်းချက်က ညာဘက်တိုင်ကို ထိပြီး ပြန်ထွက်အလာမှာ နောက်က လိုက်လာတဲ့ နကီးတီးယားက အနီးကပ် ပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ဘိုဒို/ဂလင့်ခံစစ်က ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဗီယာရာက ညာခြမ်ကနေ ထပ်ပြီး ဖြတ်တင်ပေးခဲ့ရာမှာ နောက်ခံလူ ဟိုးလ်ဒင်းက လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာအာဆင်နယ်တို့ရဲ့ အကောင်းဆုံး အခွင့်အရေးဖြစ်ခဲ့တဲ့ ဖရီးကစ်ကနေ ချာကာရဲ့ ကန်သွင်းမှုကို ဘိုဒို/ဂလင့်ဂိုးသမား ဟိုက်ကင် မယုံနိုင်လောက်အောင် လက်စွမ်းပြ ပုတ်ထုတ်သွားခဲ့တာကြောင့် တတိယဂိုးနဲ့ လွဲချော်ခဲ့ရပြီး ပထမပိုင်းအပြီးမှာတော့ ဂန်းနားတွေပဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်းမှာပဲ မာတီနယ်လီရဲ့ အနီးကပ် ချိုးပေးတာကနေ ချာကာရဲ့ ကန်သွင်းချက်ကို ဂိုးသမား ပုတ်ထုတ်ရာမှာ မားကင်ညို့စ်က ထပ်မံခေါင်းတိုက်သွင်းခဲ့ပေမယ့် တိုင်ဘေးက လွဲချော်သွားခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာတော့ မာတီနယ်လီ၊ မားကင်ညို့စ်နဲ့ ချာကာတို့အစား ဂျေဆူးစ်၊ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ကို နည်းပြ အာတီတာက လူစားပြောင်းလဲသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ တီယာနီအစား ဘန်ဝှိုက် ဝင်လာခဲ့လို့ တိုမီယာစုက ဘယ်ခြမ်း ပြောင်းကစားပြီး တွဲလုံးတွေ ပိုကောင်းလာခဲ့ပေမယ့် နကီးတီးယားကတော့ ဖြုန်းတီးနေခဲ့တာကြောင့် ဂိုးထပ်မရခဲ့တာကြောင့် သူ့ကို ဒဏ်ရာက သက်သာလာတဲ့ နယ်လ်ဆန်နဲ့ ထပ်လဲပြီး ကစားကွက်စမ်းဖို့ လုပ်ဆောင်လာခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယ အနိုင်ဂိုးကို ရယူသွားခဲ့သလို ဒီဂိုးကိုတော့ တိုမီယာစုရဲ့ ဘယ်ခြမ်းက လက်ပစ်ဘောကို လက်ခံရယူခဲ့တဲ့ ဂျေဆူးစ်က ဘိုဒို/ဂလင့်နောက်ခံလူ နှစ်ယောက်ကို ဖြတ်ကျော်ပြီးမှ ဂိုးတိုင်နားကနေ အလယ်ကို ပြန်ထိုးပေးခဲ့တာကို ဖာဘီယို ဗီယာရာက အနီးကပ် ကန်သွင်းသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ ဂိုးထပ်ရဦးမလားလို့ အာဆင်နယ်ဖန်တွေ မျှော်လင့်ခဲ့ကြပေမယ့် ဘောလုံးလမ်းကြောင်းကို လုံးဝ မဖတ်တတ်ဘဲ အဖျက်ကစားနေရတဲ့ ဆမ်ဘီ လိုကွန်ဂါနဲ့ Inverted Full Back Role ကို သိပ်နားမလည်သေးဘဲ ရုန်းကန်နေရတဲ့ တိုမီယာစုတို့ကြောင့် ဂိုးပြန်ပေးရမယ့် အနေအထားနဲ့တောင် နီးစပ်ခဲ့သေးပြီး ဟိုးလ်ဒင်းက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်သွားနိုင်ခဲ့လို့သာ Clean Sheet ရခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီရာသီ အမ်းမရိတ်ကွင်းမှာ ပထမဆုံး Clean Sheet ကို ရယူနိုင်ခဲ့သလို ယူရိုပါလိဂ်အုပ်စု(A)ကို နှစ်ပွဲကစား နှစ်ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ ဆက်လက်ဦးဆောင်ခဲ့ကြပြီး ပြိုင်ပွဲစုံ အိမ်ကွင်း ငါးပွဲဆက်တိုက် အနိုင်ရရှိမှုနဲ့ ကျေနပ်စရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာနာ၊ ခံစစ္မွာ ဟိုးလ္ဒင္း၊ ဂါဘရီယယ္လ္၊ တိုမီယာစုနဲ႔ တီယာနီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆမ္ဘီ လိုကြန္ဂါ၊ ခ်ာကာနဲ႔ ဖာဘီယို ဗီယာရာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ နကီးတီးယား၊ မာတီနယ္လီနဲ႔ မားကင္ညိဳ႕စ္တို႔ကို ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘိုဒို/ဂလင့္တို႔ကေတာ့ ဂိုးသမား ဟိုက္ကင္၊ ခံစစ္မွာ လိုဒါ၊ မိုအာ၊ ဝမ္ဘမ္ဂိုမိုနဲ႔ ဆမ့္ပ္စတက္ဒ္တို႔ကို ပြဲထုတ္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘာ့ဂ္၊ ေဆာ့လ္တ္နက္စ္၊ ဗက္တယ္လ္ဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပယ္လီဂရီႏို၊ အမ္ဗူကာနဲ႔ အက္စ္ပီေယာ့ဒ္တို႔ကို အသုံးျပဳခဲ့တာပါ။

အာဆင္နယ္တို႔ကြင္းလယ္မွာ ပါေတး မပါတာနဲ႔ ကစားကြက္က သိသိသာသာ ခ်ိဳ႕တဲ့သြားခဲ့ၿပီး ခ်ာကာ ေနာက္မွာ အကြက္ေဖာ္ကစားဖို႔ ဆင္းေနခဲ့ေပမယ့္ လူလား နံရံလား မကြဲဘဲ လာသမွ် ေဘာလုံးကို ေပးတဲ့လူဆီ ျပန္ေပးေနခဲ့တဲ့ ဆမ္ဘီ လိုကြန္ဂါေၾကာင့္ လုပ္ရကိုင္ရ ခက္ေနခဲ့သလို ဗီယာရာနဲ႔ မားကင္ညိဳ႕စ္တို႔လည္း ဇူးရစ္ခ်္ထက္ ပိုခက္တဲ့ ၿပိဳင္ဘက္ေၾကာင့္ ထင္တာထက္ ပို႐ုန္းခဲ့ၾကရပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မာတီနယ္လီက ဘယ္ျခမ္းကို ခင္းေပးရာကေန တီယာနီရဲ႕ အျပင္းကန္သြင္းခ်က္က ညာဘက္တိုင္ကို ထိၿပီး ျပန္ထြက္အလာမွာ ေနာက္က လိုက္လာတဲ့ နကီးတီးယားက အနီးကပ္ ပိတ္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို ဘိုဒို/ဂလင့္ခံစစ္က ရွင္းထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ဗီယာရာက ညာျခမ္ကေန ထပ္ၿပီး ျဖတ္တင္ေပးခဲ့ရာမွာ ေနာက္ခံလူ ဟိုးလ္ဒင္းက လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာအာဆင္နယ္တို႔ရဲ႕ အေကာင္းဆုံး အခြင့္အေရးျဖစ္ခဲ့တဲ့ ဖရီးကစ္ကေန ခ်ာကာရဲ႕ ကန္သြင္းမႈကို ဘိုဒို/ဂလင့္ဂိုးသမား ဟိုက္ကင္ မယုံႏိုင္ေလာက္ေအာင္ လက္စြမ္းျပ ပုတ္ထုတ္သြားခဲ့တာေၾကာင့္ တတိယဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး ပထမပိုင္းအၿပီးမွာေတာ့ ဂန္းနားေတြပဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာပဲ မာတီနယ္လီရဲ႕ အနီးကပ္ ခ်ိဳးေပးတာကေန ခ်ာကာရဲ႕ ကန္သြင္းခ်က္ကို ဂိုးသမား ပုတ္ထုတ္ရာမွာ မားကင္ညိဳ႕စ္က ထပ္မံေခါင္းတိုက္သြင္းခဲ့ေပမယ့္ တိုင္ေဘးက လြဲေခ်ာ္သြားခဲ့ၿပီး ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ မာတီနယ္လီ၊ မားကင္ညိဳ႕စ္နဲ႔ ခ်ာကာတို႔အစား ေဂ်ဆူးစ္၊ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို နည္းျပ အာတီတာက လူစားေျပာင္းလဲသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ တီယာနီအစား ဘန္ဝႈိက္ ဝင္လာခဲ့လို႔ တိုမီယာစုက ဘယ္ျခမ္း ေျပာင္းကစားၿပီး တြဲလုံးေတြ ပိုေကာင္းလာခဲ့ေပမယ့္ နကီးတီးယားကေတာ့ ျဖဳန္းတီးေနခဲ့တာေၾကာင့္ ဂိုးထပ္မရခဲ့တာေၾကာင့္ သူ႔ကို ဒဏ္ရာက သက္သာလာတဲ့ နယ္လ္ဆန္နဲ႔ ထပ္လဲၿပီး ကစားကြက္စမ္းဖို႔ လုပ္ေဆာင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယ အႏိုင္ဂိုးကို ရယူသြားခဲ့သလို ဒီဂိုးကိုေတာ့ တိုမီယာစုရဲ႕ ဘယ္ျခမ္းက လက္ပစ္ေဘာကို လက္ခံရယူခဲ့တဲ့ ေဂ်ဆူးစ္က ဘိုဒို/ဂလင့္ေနာက္ခံလူ ႏွစ္ေယာက္ကို ျဖတ္ေက်ာ္ၿပီးမွ ဂိုးတိုင္နားကေန အလယ္ကို ျပန္ထိုးေပးခဲ့တာကို ဖာဘီယို ဗီယာရာက အနီးကပ္ ကန္သြင္းသြားႏိုင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ ဂိုးထပ္ရဦးမလားလို႔ အာဆင္နယ္ဖန္ေတြ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ေဘာလုံးလမ္းေၾကာင္းကို လုံးဝ မဖတ္တတ္ဘဲ အဖ်က္ကစားေနရတဲ့ ဆမ္ဘီ လိုကြန္ဂါနဲ႔ Inverted Full Back Role ကို သိပ္နားမလည္ေသးဘဲ ႐ုန္းကန္ေနရတဲ့ တိုမီယာစုတို႔ေၾကာင့္ ဂိုးျပန္ေပးရမယ့္ အေနအထားနဲ႔ေတာင္ နီးစပ္ခဲ့ေသးၿပီး ဟိုးလ္ဒင္းက ဂိုးစည္းေပၚကေန ရွင္းထုတ္သြားႏိုင္ခဲ့လို႔သာ Clean Sheet ရခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီရာသီ အမ္းမရိတ္ကြင္းမွာ ပထမဆုံး Clean Sheet ကို ရယူႏိုင္ခဲ့သလို ယူ႐ိုပါလိဂ္အုပ္စု(A)ကို ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္၊ ရမွတ္ ၆ မွတ္နဲ႔ ဆက္လက္ဦးေဆာင္ခဲ့ၾကၿပီး ၿပိဳင္ပြဲစုံ အိမ္ကြင္း ငါးပြဲဆက္တိုက္ အႏိုင္ရရွိမႈနဲ႔ ေက်နပ္စရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.