Match Report Premier League UCL&UEL

ဂျင်းဘဲတွေ အလုပ်မဖြစ်ချိန်မှာ MBE နဲ့ မာစီယယ်လ်တို့ ကျေးဇူးနဲ့ နိုင်ပွဲရခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ လီဆန်ဒရို မာတီနက်ဇ်၊ ဒါလော့နဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ ရော်နယ်လ်ဒိုတို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဆိုက်ပရပ်စ်ကလပ် အိုမိုးနီးယားကတော့ ဂိုးသမား ဖာဘီယာနို၊ ခံစစ်မှာ လန်း၊ ဟက်တာ ယူစ်တေး၊ မီလက်တစ်ချ်၊ မက်သယူးစ်နဲ့ လက်ခ်ယက်စ်တို့ကို အထိုင်ချလာခဲ့သလို ကွင်းလယ်မှာတော့ ဒစ္စကာရုဒ်၊ ချာရာလမ်ပူးစ်နဲ့ ဘာကာတို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ အန်ဆာရီဖတ်နဲ့ ဘရူနို ဆူဇာတို့ကို အသုံးပြုလာခဲ့တာပါ။

ယူနိုက်တက်တို့ ကွင်းလယ်က ဆရာကြီးတွေနဲ့ ဘောလုံးကိုင်ကစားပေမယ့် အလုပ်မဖြစ်ခဲ့သလို ရော်နယ်လ်ဒိုရဲ့ ဘယ်ခြေကန်ချက်ကိုလည်း အိုမိုးနီးယားဂိုးသမား ကာကွယ်သွားခဲ့ပြီး ချန်ပီယံလိဂ်ဆရာကြီးအနေနဲ့ ယူရိုပါလိဂ်မှာ ဂိုးသွင်းဖို့ ခက်နေခဲ့သလို အန်တိုနီနဲ့ အသင်းဖော်တွေကြားမှာ နားလည်မှု နည်းနေခဲ့သေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ အန်တိုနီရဲ့ ညာခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီး အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့တဲ့ ဘောလုံးကို အတော်လေးကောင်းပေမယ့် အိုမိုးနီးယားဂိုးသမား ပုတ်ထုတ်သွားနိုင်ခဲ့သလို ဒါလော့ပေးတာကနေ ရော်နယ်လ်ဒို အနိမ့်ဘောချိုးပေးတာကို ဘယ်သူမှ ပိတ်သွင်းမယ့်သူ မရှိခဲ့လို့လည်း ယူနိုက်တက်တို့ ဂိုးမရဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ အိမ်ရှင် အိုမိုးနီးယားတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဆန်ချို ပြန်ပေးရာမှာ မာလာစီယာ နုနေခဲ့လို့ အလုခံခဲ့ရပြီး ဘရူနို ဆူဇာက တောက်လျှောက်ဆွဲပြေးပြီး တန်ပြန်တိုက်စစ်ကနေ ဂိုးရှေ့ ထိုးပေးတဲ့ ဘောလုံးကို အီရန်တိုက်စစ်မှူး အန်ဆာရီဖတ်က ဒဟေးယားနဲ့အတွေ့မှာ အပေါ်ကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်ဖက်စလုံး အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့လို့ ပထမပိုင်းအပြီးမှာ အိုမိုးနီးယားတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ နည်းပြ တန်ဟတ်အနေနဲ့ သူ့ရဲ့ သုံးစားမရတဲ့ ဘယ်ခြမ်းတောင်ပံတစ်စုံလုံးကို ဖြုတ်လဲခဲ့ပြီး မာလာစီယာနဲ့ ဆန်ချိုတို့အစား လုခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ထည့်သွင်းပြောင်းလဲခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ တန်ဟတ်ရဲ့ အပြောင်းအလဲ မှန်ကန်မှုကို သက်သေပြနိုင်တဲ့အနေနဲ့ ယူနိုက်တက်တို့ ချေပဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဘရူနို ဖာနန်ဒက်စ်ရဲ့ အဝေးဘောက အိုမိုးနီးယားခံစစ်ကို ကျော်ကျလာခဲ့တာကို ရက်ရှ်ဖို့ဒ်က ဘယ်ခြမ်းကနေ ရယူပြီး အတွင်းကို တစ်ချက် ခေါက်ပြီးမှ ညာဘက်အဝေးတိုင်ထောင့်ကို ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်အစား မာစီယယ်လ်ကို ယူနိုက်တက်တို့ ထပ်မံထည့်သွင်းခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ဦးဆောင်ဂိုး ပြန်လည်ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မာတီနက်ဇ် ခင်းပေးလိုက်တဲ့‌ ဘောလုံးကို ရက်ရှ်ဖို့ဒ်က ယူမလိုလိုနဲ့ နောက်ပေါက်နဲ့ချပေးတာကို မာစီယယ်လ်က ဧရိယာအစပ်ကနေ ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းပြီး ရယူသွားခဲ့တာပါ။

နည်းပြ တန်ဟတ်အနေနဲ့ တိုက်စစ်မှာ ခြေစွမ်းဆိုးရွားလွန်းနေတဲ့ ရော်နယ်လ်ဒိုကို အရှက်ခွဲဖို့များ လူမလဲဘဲ ဆက်သုံးသွားခဲ့တာလားလို့ မေးစရာလည်းဖြစ်ခဲ့ပြီး အနိုင်ဂိုးကို ထိန်းကစားဖို့အတွက်တော့ အန်တိုနီနဲ့ ကာစီမီရိုတို့နေရာမှာ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ကို လူစားထည့်သွင်းပြီး ပြောင်းလဲသွားခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ယူနိုက်တက်တို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ်က တောက်လျှောက်ဆွဲပြေးပြီး ဘယ်ခြမ်းကို ချပေးရာမှာ ရော်နယ်လ်ဒိုရဲ့ အနိမ့်ဘောကန်ချက်က လူထိပြီး ဂိုးရှေ့ကို လည်ထွက်လာခဲ့တာကို ရက်ရှ်ဖို့ဒ်ကပဲ အနီးကပ်ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ အိုမိုးနီးယားတို့ ပြန်လည်ကြိုးစားတဲ့အနေနဲ့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဘောလုံးပေးရင်း လင်ဒီလော့ဖ် အထိန်းအသိမ်း ညံ့ခဲ့ရာကနေ အိမ်ရှင်တွေ ပြန်ရသွားခဲ့ပြီး ဘယ်ခြမ်းကို ခင်းပေးလိုက်တဲ့‌ ဘောလုံးကို ကာကူလစ်က ဂိုးရှေ့ အနိမ့်ဘော ချိုးပေးခဲ့တာကို ပါနာဂျိုတူးက ညာဘက်အပေါ်ထောင့်ကို ကန်သွင်းပြီး ဒဟေးယားကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်တို့ နောက်တစ်ဂိုး ထပ်မပေးရအောင် ခံစစ်ပိတ်ကစားသွားခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့ ရော်နယ်လ်ဒိုတို့ကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြတော့တာကြောင့် အဝေးကွင်းမှာ သုံးဂိုး-နှစ်ဂိုးနဲ့ပဲ နိုင်ပွဲရှာဖွေသွားနိုင်ခဲ့ပြီး မန်ချက်စတာဒါဘီမှာ ရလဒ်ဆိုးခဲ့တာကို တုံ့ပြန်ရုန်းထွက်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဒါေလာ့နဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဆန္ခ်ိဳနဲ႔ ေရာ္နယ္လ္ဒိုတို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ ဆိုက္ပရပ္စ္ကလပ္ အိုမိုးနီးယားကေတာ့ ဂိုးသမား ဖာဘီယာႏို၊ ခံစစ္မွာ လန္း၊ ဟက္တာ ယူစ္ေတး၊ မီလက္တစ္ခ်္၊ မက္သယူးစ္နဲ႔ လက္ခ္ယက္စ္တို႔ကို အထိုင္ခ်လာခဲ့သလို ကြင္းလယ္မွာေတာ့ ဒစၥကာ႐ုဒ္၊ ခ်ာရာလမ္ပူးစ္နဲ႔ ဘာကာတို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ အန္ဆာရီဖတ္နဲ႔ ဘ႐ူႏို ဆူဇာတို႔ကို အသုံးျပဳလာခဲ့တာပါ။

ယူႏိုက္တက္တို႔ ကြင္းလယ္က ဆရာႀကီးေတြနဲ႔ ေဘာလုံးကိုင္ကစားေပမယ့္ အလုပ္မျဖစ္ခဲ့သလို ေရာ္နယ္လ္ဒိုရဲ႕ ဘယ္ေျခကန္ခ်က္ကိုလည္း အိုမိုးနီးယားဂိုးသမား ကာကြယ္သြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဆရာႀကီးအေနနဲ႔ ယူ႐ိုပါလိဂ္မွာ ဂိုးသြင္းဖို႔ ခက္ေနခဲ့သလို အန္တိုနီနဲ႔ အသင္းေဖာ္ေတြၾကားမွာ နားလည္မႈ နည္းေနခဲ့ေသးတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာ အန္တိုနီရဲ႕ ညာျခမ္းကေန အတြင္းကို ဆြဲဝင္ၿပီး အေဝးတိုင္ဘက္ကို ကန္သြင္းခဲ့တဲ့ ေဘာလုံးကို အေတာ္ေလးေကာင္းေပမယ့္ အိုမိုးနီးယားဂိုးသမား ပုတ္ထုတ္သြားႏိုင္ခဲ့သလို ဒါေလာ့ေပးတာကေန ေရာ္နယ္လ္ဒို အနိမ့္ေဘာခ်ိဳးေပးတာကို ဘယ္သူမွ ပိတ္သြင္းမယ့္သူ မရွိခဲ့လို႔လည္း ယူႏိုက္တက္တို႔ ဂိုးမရဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ အိမ္ရွင္ အိုမိုးနီးယားတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖရီးကစ္ကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ဆန္ခ်ိဳ ျပန္ေပးရာမွာ မာလာစီယာ ႏုေနခဲ့လို႔ အလုခံခဲ့ရၿပီး ဘ႐ူႏို ဆူဇာက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး တန္ျပန္တိုက္စစ္ကေန ဂိုးေရွ႕ ထိုးေပးတဲ့ ေဘာလုံးကို အီရန္တိုက္စစ္မႉး အန္ဆာရီဖတ္က ဒေဟးယားနဲ႔အေတြ႕မွာ အေပၚကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္ဖက္စလုံး အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့လို႔ ပထမပိုင္းအၿပီးမွာ အိုမိုးနီးယားတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ နည္းျပ တန္ဟတ္အေနနဲ႔ သူ႔ရဲ႕ သုံးစားမရတဲ့ ဘယ္ျခမ္းေတာင္ပံတစ္စုံလုံးကို ျဖဳတ္လဲခဲ့ၿပီး မာလာစီယာနဲ႔ ဆန္ခ်ိဳတို႔အစား လုခ္ေရွာနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ထည့္သြင္းေျပာင္းလဲခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ တန္ဟတ္ရဲ႕ အေျပာင္းအလဲ မွန္ကန္မႈကို သက္ေသျပႏိုင္တဲ့အေနနဲ႔ ယူႏိုက္တက္တို႔ ေခ်ပဂိုးရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အေဝးေဘာက အိုမိုးနီးယားခံစစ္ကို ေက်ာ္က်လာခဲ့တာကို ရက္ရွ္ဖို႔ဒ္က ဘယ္ျခမ္းကေန ရယူၿပီး အတြင္းကို တစ္ခ်က္ ေခါက္ၿပီးမွ ညာဘက္အေဝးတိုင္ေထာင့္ကို ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္အစား မာစီယယ္လ္ကို ယူႏိုက္တက္တို႔ ထပ္မံထည့္သြင္းခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ ဦးေဆာင္ဂိုး ျပန္လည္ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မာတီနက္ဇ္ ခင္းေပးလိုက္တဲ့‌ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္က ယူမလိုလိုနဲ႔ ေနာက္ေပါက္နဲ႔ခ်ေပးတာကို မာစီယယ္လ္က ဧရိယာအစပ္ကေန ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ အျပင္းကန္သြင္းၿပီး ရယူသြားခဲ့တာပါ။

နည္းျပ တန္ဟတ္အေနနဲ႔ တိုက္စစ္မွာ ေျခစြမ္းဆိုး႐ြားလြန္းေနတဲ့ ေရာ္နယ္လ္ဒိုကို အရွက္ခြဲဖို႔မ်ား လူမလဲဘဲ ဆက္သုံးသြားခဲ့တာလားလို႔ ေမးစရာလည္းျဖစ္ခဲ့ၿပီး အႏိုင္ဂိုးကို ထိန္းကစားဖို႔အတြက္ေတာ့ အန္တိုနီနဲ႔ ကာစီမီ႐ိုတို႔ေနရာမွာ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ကို လူစားထည့္သြင္းၿပီး ေျပာင္းလဲသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ရက္ရွ္ဖို႔ဒ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဘယ္ျခမ္းကို ခ်ေပးရာမွာ ေရာ္နယ္လ္ဒိုရဲ႕ အနိမ့္ေဘာကန္ခ်က္က လူထိၿပီး ဂိုးေရွ႕ကို လည္ထြက္လာခဲ့တာကို ရက္ရွ္ဖို႔ဒ္ကပဲ အနီးကပ္ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ အိုမိုးနီးယားတို႔ ျပန္လည္ႀကိဳးစားတဲ့အေနနဲ႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ေဘာလုံးေပးရင္း လင္ဒီေလာ့ဖ္ အထိန္းအသိမ္း ညံ့ခဲ့ရာကေန အိမ္ရွင္ေတြ ျပန္ရသြားခဲ့ၿပီး ဘယ္ျခမ္းကို ခင္းေပးလိုက္တဲ့‌ ေဘာလုံးကို ကာကူလစ္က ဂိုးေရွ႕ အနိမ့္ေဘာ ခ်ိဳးေပးခဲ့တာကို ပါနာဂ်ိဳတူးက ညာဘက္အေပၚေထာင့္ကို ကန္သြင္းၿပီး ဒေဟးယားကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ယူႏိုက္တက္တို႔ ေနာက္တစ္ဂိုး ထပ္မေပးရေအာင္ ခံစစ္ပိတ္ကစားသြားခဲ့ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ေရာ္နယ္လ္ဒိုတို႔ကလည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကေတာ့တာေၾကာင့္ အေဝးကြင္းမွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ပဲ ႏိုင္ပြဲရွာေဖြသြားႏိုင္ခဲ့ၿပီး မန္ခ်က္စတာဒါဘီမွာ ရလဒ္ဆိုးခဲ့တာကို တုံ႔ျပန္႐ုန္းထြက္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.