Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၄.၉.၂၀၂၀

– ခ်ဲလ္ဆီးအသင္းကေန ေလဗာကူဆင္အသင္းကို ဟာဗတ္ဇ္အတြက္ ေပါင္ ၇၂ သန္း ေပးေခ်ၿပီး က်န္တဲ့ ေပါင္ ၁၈ သန္းကို ေအာင္ျမင္မွဳအေပၚ မူတည္ၿပီး ခံစားခြင့္ ထည့္သြင္းထားရာမွာ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့ရင္ဆုိတဲ့အခ်က္ ထည့္သြင္းထားေၾကာင္းသိရ။

– ၿပီးခဲ့တဲ့ ေဆာင္းရာသီတုန္းက ရီးရဲလ္မက္ဒရစ္နဲ႔ အေျပာင္းအေရႊ႕ျဖစ္ဖို႔ နီးစပ္ခဲ့တဲ့ ဟာဗတ္ဇ္ဟာ ကိုဗစ္-၁၉ ေၾကာင့္သာ ဂ်ာမန္ေျမမွာ ေလဗာကူဆင္အသင္းနဲ႔ ဆက္ရွိေနခဲ့တာျဖစ္ၿပီး ကံၾကမၼာအလွည့္အေျပာင္းအျဖစ္ ခ်ဲလ္ဆီးကို ေရာက္ဖို႔ျဖစ္လာတာလုိ႔ စပိန္သတင္းဌာန မာကာေရးသား။

– ေျခစြမ္းထက္ျမက္ေနတဲ့ တီမို ဗာနာကေတာ့ ဂ်ာမနီအသင္းရဲ႕ ေနးရွင္းလိဂ္ပြဲစဥ္မွာ ၿပဳိင္ဘက္စပိန္ဂုိးသမား ဒေဟးယား ေက်ာက္႐ုပ္လို ၾကည့္ေနခဲ့ရေစမယ့္ သြင္းဂိုးကို ရယူႏုိင္ခဲ့ၿပီး ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ ဒီဂိုးအတြက္ တြစ္တာမွာ ခ်ီးက်ဴးမွဳေတြ ျပဳလုပ္ေနၾက။

– သီယာဂို ေဆးလ္ဗားရဲ႕ အေတြ႕အႀကဳံေတြကို ခ်ဲလ္ဆီးလူငယ္ေတြ လက္ဆင့္ကမ္းရယူႏုိင္ၿပီး ဝါႏုေသးတဲ့ လူငယ္ေတြအေနနဲ႔ သူ႕ရဲ႕ လမ္းညႊန္မွဳမွာ အျမန္ဆုံး တုိးတက္လာမယ္လုိ႔ ဝါရင့္တုိက္စစ္မွဴး အိုလီဗီးေယး ဂ်ီ႐ူး ယုံၾကည္ေန။

– ဒဏ္ရာ ရွင္းရွင္းလင္းလင္း ေပ်ာက္ကင္းျခင္း မရွိေသးဘဲ ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိလာခဲ့တဲ့ ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ရဲ႕ ဒဏ္ရာသက္သာခဲ့ၿပီျဖစ္ၿပီး အသင္းရဲ႕ ေကာ့ဘ္ဟမ္ေလ့က်င့္ေရးကြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ အေပါ့စားေလ့က်င့္သြားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ ျပင္သစ္ေျမက ဂိုးသမားပစ္မွတ္ႏွစ္ခုစလုံးက ေပါင္သန္း ၃၀ ေက်ာ္ ေတာင္းဆုိေနခ်ိန္မွာ ဦးစားေပး ပစ္မွတ္ျဖစ္တဲ့ လိုင္လီရဲ႕ မိုက္ခ္ ေမညြန္ကို လုံးဝမေခၚယူေတာ့ဖို႔ ဆုံးျဖတ္လုိက္ၿပီး ဂိုးသမားကိစၥကို အျပည့္အဝ တာဝန္ယူထားတဲ့ ပီတာခ်က္ရဲ႕ လႊမ္းမုိးမွဳနဲ႔အတူ ေဈးဆစ္ႏုိင္မယ့္ ရင္းေနးရဲ႕ ေအဒူယာ မန္ဒီကိုပဲ ေပါင္ ၁၈ သန္းနဲ႔ ကမ္းလွမ္းသြားဖို႔ရွိေန။

– အသင္းကေန စီးရီးေအကလပ္ ဆာဆူအုိလုိကို ေရာင္းခ်ထားတဲ့ ကြင္းလယ္လူ ယယ္ရမီ ဘုိဂါကို ရင္းေနးအသင္းက ကမ္းလွမ္းသြားဖို႔ ရွိေနၿပီး အေျပာင္းအေရႊ႕ျဖစ္ေပၚခဲ့ရင္ ေျပာင္းေရႊ႕ေၾကးရဲ႕ ၁၅ ရာခိုင္ႏွဳန္းအထိ ခံစားႏုိင္တဲ့ ခ်ဲလ္ဆီးတုိ႔အေနနဲ႔ ဂိုးသမား မန္ဒီကို ေခၚရာမွာ ျပန္လည္အသုံးျပဳႏုိင္ေျခရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းကနေ လေဗာကူဆင်အသင်းကို ဟာဗတ်ဇ်အတွက် ပေါင် ၇၂ သန်း ပေးချေပြီး ကျန်တဲ့ ပေါင် ၁၈ သန်းကို အောင်မြင်မှုအပေါ် မူတည်ပြီး ခံစားခွင့် ထည့်သွင်းထားရာမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ရင်ဆိုတဲ့အချက် ထည့်သွင်းထားကြောင်းသိရ။

– ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်ခဲ့တဲ့ ဟာဗတ်ဇ်ဟာ ကိုဗစ်-၁၉ ကြောင့်သာ ဂျာမန်မြေမှာ လေဗာကူဆင်အသင်းနဲ့ ဆက်ရှိနေခဲ့တာဖြစ်ပြီး ကံကြမ္မာအလှည့်အပြောင်းအဖြစ် ချဲလ်ဆီးကို ရောက်ဖို့ဖြစ်လာတာလို့ စပိန်သတင်းဌာန မာကာရေးသား။

– ခြေစွမ်းထက်မြက်နေတဲ့ တီမို ဗာနာကတော့ ဂျာမနီအသင်းရဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်စပိန်ဂိုးသမား ဒဟေးယား ကျောက်ရုပ်လို ကြည့်နေခဲ့ရစေမယ့် သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေကတော့ ဒီဂိုးအတွက် တွစ်တာမှာ ချီးကျူးမှုတွေ ပြုလုပ်နေကြ။

– သီယာဂို ဆေးလ်ဗားရဲ့ အတွေ့အကြုံတွေကို ချဲလ်ဆီးလူငယ်တွေ လက်ဆင့်ကမ်းရယူနိုင်ပြီး ဝါနုသေးတဲ့ လူငယ်တွေအနေနဲ့ သူ့ရဲ့ လမ်းညွှန်မှုမှာ အမြန်ဆုံး တိုးတက်လာမယ်လို့ ဝါရင့်တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူး ယုံကြည်နေ။

– ဒဏ်ရာ ရှင်းရှင်းလင်းလင်း ပျောက်ကင်းခြင်း မရှိသေးဘဲ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်ရဲ့ ဒဏ်ရာသက်သာခဲ့ပြီဖြစ်ပြီး အသင်းရဲ့ ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အပေါ့စားလေ့ကျင့်သွားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ ပြင်သစ်မြေက ဂိုးသမားပစ်မှတ်နှစ်ခုစလုံးက ပေါင်သန်း ၃၀ ကျော် တောင်းဆိုနေချိန်မှာ ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ လိုင်လီရဲ့ မိုက်ခ် မေညွန်ကို လုံးဝမခေါ်ယူတော့ဖို့ ဆုံးဖြတ်လိုက်ပြီး ဂိုးသမားကိစ္စကို အပြည့်အဝ တာဝန်ယူထားတဲ့ ပီတာချက်ရဲ့ လွှမ်းမိုးမှုနဲ့အတူ ဈေးဆစ်နိုင်မယ့် ရင်းနေးရဲ့ အေဒူယာ မန်ဒီကိုပဲ ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းသွားဖို့ရှိနေ။

– အသင်းကနေ စီးရီးအေကလပ် ဆာဆူအိုလိုကို ရောင်းချထားတဲ့ ကွင်းလယ်လူ ယယ်ရမီ ဘိုဂါကို ရင်းနေးအသင်းက ကမ်းလှမ်းသွားဖို့ ရှိနေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ ၁၅ ရာခိုင်နှုန်းအထိ ခံစားနိုင်တဲ့ ချဲလ်ဆီးတို့အနေနဲ့ ဂိုးသမား မန်ဒီကို ခေါ်ရာမှာ ပြန်လည်အသုံးပြုနိုင်ခြေရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.