Serie A

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ငယ်ငယ်ကထက်ကြမ်းလို့ လူသိများလာတဲ့ ဆယ်ကျော်သက်ကြယ်ပွင့်

ဖရန်စက်စ်ကို ကာမာဒါဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့တောင် မနာလိုဖြစ်ရလောက်တဲ့ ဂိုးသွင်းစံချိန်တွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားဖြစ်ပါတယ်။

အလားအလာများစွာရှိသူအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အသက် ၁၄ နှစ်အရွယ်တိုက်စစ်မှူးဟာ အေစီမီလန်အကယ်ဒမီမှာ အသက်အရွယ်တန်း ပိုမိုကြီးမားတဲ့အသင်းတွေမှာ ပါဝင်ကစားပေးရင်း ဂုဏ်သတင်းကျော်စောလာသူဖြစ်ပြီး တစ်ပွဲကို ပျမ်းမျှ ၅.၅ ဂိုးနှုန်း သွင်းယူနေတာဖြစ်ပါတယ်။

ဒီအကြောင်းကို ပြောကြားခဲ့သူကတော့ ဘောလုံးကင်းထောက် ရှာဘိုလာတာ မော်ဘီဒါဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေက ကာမာဒါရဲ့ ဂိုးသွင်းစံချိန်တွေကို စတင် စာရင်းမမှတ်ထားခင်မှာ အီတလီရဲ့ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

လူငယ်တိုက်စစ်မှူးဟာ အေစီမီလန်လူငယ်အသင်းအတွက် ၂၀၁၇-၂၀၁၈ ရာသီအတွင်း ပွဲ ၄၀ သာ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၄၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အဲဒီအချိန်တုန်းကဆိုရင် ကာမာဒါရဲ့အသက်အရွယ်ဟာ ၈ နှစ်သာ ရှိသေးတာဖြစ်ပါတယ်။ ပြီးတဲ့နောက် ၂၀၁၈-၂၀၁၉ ရာသီမှာ ၃၁ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၇၂ ဂိုးအထိ ထပ်မံသွင်းယူနိုင်ခဲ့ပြန်တာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီမှာတော့ ၁၆ ပွဲမှာ ၆၄ ဂိုးသွင်းယူထားတာကြောင့် ကစားသမားဘဝ ၃ နှစ်တာကာလအတွင်း ၈၇ ပွဲမှာ ၄၈၃ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းကတည်းက လူငယ်အီတလီ တိုက်စစ်မှူးရဲ့ ကိန်းဂဏန်းတွေဟာ ကန့်သတ်မှုတွေ ရှိလာခဲ့ပြီး အီတလီယူ-၁၅ အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ပြီးဖြစ်တဲ့ ကာမာဒါဟာ အေစီမီလန် ယူ-၁၆ သင်းအတွက် ယခုနှစ်မှာ ဇွန်လအထိ ၂ ဂိုး သွင်းယူထားခဲ့ပြီးဖြစ်တယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လက ဆီတာဒယ်လ်လာနဲ့ ကစားခဲ့တဲ့ ကမ်ပီအိုနာတို နေရှင်နယ် (ခ)ပွဲစဉ်မှာ အေစီမီလန် ယူ-၁၇ အသင်းအတွက် ပါဝင်ကစားပေးခဲ့တယ်လို့ သိရပါတယ်။

ကာမာဒါဟာ တစ်နိုင်ငံတည်းသား အသက် ၁၆ နှစ်အရွယ် အသင်းဖော် လူကာ မာတီနာဇီနဲ့အတူ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး အေစီမီလန် ပရိသတ်တွေဟာ အီတလီလူငယ်တိုက်စစ်မှူးရဲ့ အလားအလာမြင့်မားစွာရှိနေတဲ့ ကစားသမားဘဝအကြောင်းကို သေချာသိရှိခဲ့ကြပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ချီးကျူးခဲ့ကြပါတယ်။

“ငါ့အတွက်တော့ မီလန်ရဲ့ လူငယ်အခန်းကဏ္ဍမှာ သူက စိတ်လှုပ်ရှားစရာအကောင်းဆုံးပါရမီရှင်ပဲ။ သူက တော်တော်လေး ငယ်ရွယ်သေးတာ သိသာပေမယ့် ဒီကောင်လေးက ဒုံးကျည်လိုမျိုးပဲ။ သူက လူသိများသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အလွန်များပြားတဲ့ကိန်းဂဏန်တွေကြောင့်ဖြစ်ပေမယ့် အဲဒီကိန်းဂဏန်းတွေက လွဲမှားနေတဲ့ဟာတွေမဟုတ်ပါဘူး”

“သူ့မှာ အရာအားလုံးရှိတယ်။ သူက ပြီးခဲ့တဲ့ရာသီ ယူ-၁၅ အသင်းနဲ့ ချန်ပီယံဖြစ်ခဲ့ပြီး ယူ-၁၄ ပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆုရခဲ့တယ်။ ဒီနှစ်မှာတော့ သူ ယူ-၁၆ နဲ့ ကစားရမှာဖြစ်ပေမယ့်လည်း Transfermarkt ရဲ့ ဖော်ပြချက်အရဆိုရင် သူက ယူ-၁၇ အသင်းနဲ့တောင် ပွဲကစားပြီးနေပြီ။ ကျွန်တော် မြင်တွေ့ခဲ့ရတာတွေ ဖတ်ခဲ့ရတာတွေအရ သူက တော်တော်လေးကို ကြမ်းကြုတ်တဲ့သူပါ။ ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာရှိတဲ့ ပြီးပြည့်စုံတဲ့တိုက်စစ်မှူးပါ။ သူ အင်တာဗျူးအများအပြား ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ပွဲကစားဟန်ကို ကာရင် ဘန်ဇီးမားပုံစံမျိုး သတ်မှတ်ထားတယ်လို့ ညွှန်ပြခဲ့ပါတယ်”

“ကျွန်တော် အရမ်းချဲ့ကားပြောလွန်းသလိုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့အသက်အရွယ်မှာ သူက မီလန်ရဲ့လူငယ်ကဏ္ဍမှာ အရင်ကတည်းက အရေးအပါဆုံး ပါရမီရှင်ဖြစ်ခဲ့ပါတယ်။ သူ့မှာ အရမ်းကောင်းတဲ့ ခရီးရှည်ကြီး ရှေ့မှာ ရှိနေပါသေးတယ်။ အရမ်းကောင်းတဲ့ တိုးတက်မှုတွေနဲ့ ကံကောင်းမှုအနည်းငယ်ရှိဖို့ သူ့အတွက် မျှော်လင့်ကြရအောင်။ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်”လို့ အေစီမီလန်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖရန္စက္စ္ကို ကာမာဒါဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ေတာင္ မနာလိုျဖစ္ရေလာက္တဲ့ ဂိုးသြင္းစံခ်ိန္ေတြကို ပိုင္ဆိုင္ထားတဲ့ လူငယ္ကစားသမားျဖစ္ပါတယ္။

အလားအလာမ်ားစြာရွိသူအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ေအစီမီလန္အကယ္ဒမီမွာ အသက္အ႐ြယ္တန္း ပိုမိုႀကီးမားတဲ့အသင္းေတြမွာ ပါဝင္ကစားေပးရင္း ဂုဏ္သတင္းေက်ာ္ေစာလာသူျဖစ္ၿပီး တစ္ပြဲကို ပ်မ္းမွ် ၅.၅ ဂိုးႏႈန္း သြင္းယူေနတာျဖစ္ပါတယ္။

ဒီအေၾကာင္းကို ေျပာၾကားခဲ့သူကေတာ့ ေဘာလုံးကင္းေထာက္ ရွာဘိုလာတာ ေမာ္ဘီဒါျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီေတြက ကာမာဒါရဲ႕ ဂိုးသြင္းစံခ်ိန္ေတြကို စတင္ စာရင္းမမွတ္ထားခင္မွာ အီတလီရဲ႕ ဂိုးသြင္းအေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္တယ္လို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

လူငယ္တိုက္စစ္မႉးဟာ ေအစီမီလန္လူငယ္အသင္းအတြက္ ၂၀၁၇-၂၀၁၈ ရာသီအတြင္း ပြဲ ၄၀ သာ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၄၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး အဲဒီအခ်ိန္တုန္းကဆိုရင္ ကာမာဒါရဲ႕အသက္အ႐ြယ္ဟာ ၈ ႏွစ္သာ ရွိေသးတာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္ ၂၀၁၈-၂၀၁၉ ရာသီမွာ ၃၁ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၇၂ ဂိုးအထိ ထပ္မံသြင္းယူႏိုင္ခဲ့ျပန္တာျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ရာသီမွာေတာ့ ၁၆ ပြဲမွာ ၆၄ ဂိုးသြင္းယူထားတာေၾကာင့္ ကစားသမားဘဝ ၃ ႏွစ္တာကာလအတြင္း ၈၇ ပြဲမွာ ၄၈၃ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းကတည္းက လူငယ္အီတလီ တိုက္စစ္မႉးရဲ႕ ကိန္းဂဏန္းေတြဟာ ကန႔္သတ္မႈေတြ ရွိလာခဲ့ၿပီး အီတလီယူ-၁၅ အသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့ၿပီးျဖစ္တဲ့ ကာမာဒါဟာ ေအစီမီလန္ ယူ-၁၆ သင္းအတြက္ ယခုႏွစ္မွာ ဇြန္လအထိ ၂ ဂိုး သြင္းယူထားခဲ့ၿပီးျဖစ္တယ္လို႔ Daily Star က ေဖာ္ျပခဲ့ပါတယ္။ အသက္ ၁၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့လက ဆီတာဒယ္လ္လာနဲ႔ ကစားခဲ့တဲ့ ကမ္ပီအိုနာတို ေနရွင္နယ္ (ခ)ပြဲစဥ္မွာ ေအစီမီလန္ ယူ-၁၇ အသင္းအတြက္ ပါဝင္ကစားေပးခဲ့တယ္လို႔ သိရပါတယ္။

ကာမာဒါဟာ တစ္ႏိုင္ငံတည္းသား အသက္ ၁၆ ႏွစ္အ႐ြယ္ အသင္းေဖာ္ လူကာ မာတီနာဇီနဲ႔အတူ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ေအစီမီလန္ ပရိသတ္ေတြဟာ အီတလီလူငယ္တိုက္စစ္မႉးရဲ႕ အလားအလာျမင့္မားစြာရွိေနတဲ့ ကစားသမားဘဝအေၾကာင္းကို ေသခ်ာသိရွိခဲ့ၾကၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ ခ်ီးက်ဴးခဲ့ၾကပါတယ္။

“ငါ့အတြက္ေတာ့ မီလန္ရဲ႕ လူငယ္အခန္းက႑မွာ သူက စိတ္လႈပ္ရွားစရာအေကာင္းဆုံးပါရမီရွင္ပဲ။ သူက ေတာ္ေတာ္ေလး ငယ္႐ြယ္ေသးတာ သိသာေပမယ့္ ဒီေကာင္ေလးက ဒုံးက်ည္လိုမ်ိဳးပဲ။ သူက လူသိမ်ားသြားခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕ အလြန္မ်ားျပားတဲ့ကိန္းဂဏန္ေတြေၾကာင့္ျဖစ္ေပမယ့္ အဲဒီကိန္းဂဏန္းေတြက လြဲမွားေနတဲ့ဟာေတြမဟုတ္ပါဘူး”

“သူ႔မွာ အရာအားလုံးရွိတယ္။ သူက ၿပီးခဲ့တဲ့ရာသီ ယူ-၁၅ အသင္းနဲ႔ ခ်န္ပီယံျဖစ္ခဲ့ၿပီး ယူ-၁၄ ၿပိဳင္ပြဲမွာလည္း အေကာင္းဆုံးကစားသမားဆုရခဲ့တယ္။ ဒီႏွစ္မွာေတာ့ သူ ယူ-၁၆ နဲ႔ ကစားရမွာျဖစ္ေပမယ့္လည္း Transfermarkt ရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ သူက ယူ-၁၇ အသင္းနဲ႔ေတာင္ ပြဲကစားၿပီးေနၿပီ။ ကြၽန္ေတာ္ ျမင္ေတြ႕ခဲ့ရတာေတြ ဖတ္ခဲ့ရတာေတြအရ သူက ေတာ္ေတာ္ေလးကို ၾကမ္းၾကဳတ္တဲ့သူပါ။ ေကာင္းမြန္တဲ့ စိတ္ပိုင္းဆိုင္ရာရွိတဲ့ ၿပီးျပည့္စုံတဲ့တိုက္စစ္မႉးပါ။ သူ အင္တာဗ်ဴးအမ်ားအျပား ျပဳလုပ္ခဲ့ၿပီး သူ႔ရဲ႕ ပြဲကစားဟန္ကို ကာရင္ ဘန္ဇီးမားပုံစံမ်ိဳး သတ္မွတ္ထားတယ္လို႔ ၫႊန္ျပခဲ့ပါတယ္”

“ကြၽန္ေတာ္ အရမ္းခ်ဲ႕ကားေျပာလြန္းသလိုျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ သူ႔အသက္အ႐ြယ္မွာ သူက မီလန္ရဲ႕လူငယ္က႑မွာ အရင္ကတည္းက အေရးအပါဆုံး ပါရမီရွင္ျဖစ္ခဲ့ပါတယ္။ သူ႔မွာ အရမ္းေကာင္းတဲ့ ခရီးရွည္ႀကီး ေရွ႕မွာ ရွိေနပါေသးတယ္။ အရမ္းေကာင္းတဲ့ တိုးတက္မႈေတြနဲ႔ ကံေကာင္းမႈအနည္းငယ္ရွိဖို႔ သူ႔အတြက္ ေမွ်ာ္လင့္ၾကရေအာင္။ ကြၽန္ေတာ္တို႔ ေတြ႕ရပါလိမ့္မယ္”လို႔ ေအစီမီလန္ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.