La Liga UCL&UEL

ဘာစီလိုနာဖန်တွေ ငိုနေရင်ပျော်တယ်ဆိုပြီး ခွီနေတဲ့ ပြိုင်ဘက်ပရိသတ်များ

ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့ညက အင်တာမီလန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ မတက်နိုင်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ကယ်လ်ဟာနိုလူရဲ့ ပထမပိုင်း နာကျင်အချိန်ပိုက အလွန်ကောင်းမွန်တဲ့ အဝေးကန်သွင်းချက်ဟာ ဘာစီလိုနာအသင်းကို ယခုရာသီ ဒုတိယမြောက် ဥရောပရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရစေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စု C အဆင့် ၁ နေရာမှာ ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ၆ မှတ်အကွာ၊ ဒုတိယနေရာက အင်တာမီလန်နဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရမှတ် ၃ မှတ်နဲ့ ရပ်တည်နေရပြီဖြစ်ပါတယ်။

ဧည့်သည်ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဆန်စီရိုမှာ ချေပဂိုး သွင်းယူနိုင်ခဲ့ပြီလို့ ထင်မှတ်ခဲ့ကြတာဖြစ်ပြီး ဒမ်ဘီလီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ပီဒရီက ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR က ဘာစီလိုနာအသင်းရဲ့ ချေပဂိုးကို ပြန်လည်စစ်ဆေးရာမှာ တိုက်စစ် စတင်ချိန်မှာ အန်ဆူ ဖာတီက ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးဖို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒန်ဇယ် ဒမ်ဖရီးစ်က ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ကိုင်တွယ်ခဲ့ပုံပေါ်ခဲ့တဲ့အချိန်မှာ ဒိုင်လူကြီးတွေက မသိချင်ယောင်ဆောင်နေခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ ဒေါသထွက်ခဲ့ရပြီး VAR နဲ့ အချိန်အတော်ကြာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက်ပိုင်း ကတ်တလန်အသင်းရဲ့ ပင်နယ်တီပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြန်တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ယခုနွေရာသီမှာ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာ၊ ဂျူးစ် ကွန်ဒေတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းနဲ့ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့ရတဲ့အတွက် ဘာစီလိုနာပရိသတ်တွေဟာ မပျော်မရွှင်ဖြစ်ခဲ့ကြပြီး ပြိုင်ဘက်အသင်းပရိသတ်တွေက ကတ်တလန်အသင်းကြီးရဲ့ နောက်ဆုံးရှုံးပွဲနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

“ဘာဆာဖန်တွေ ငိုနေတာ မြင်ရတာကို ငါ နှစ်သက်တယ်။ အဲဒါက ငါ့ရဲ့ နေ့စဉ်အားဆေးပဲ။ ငါ့ရဲ့အပတ်စဉ် အင်အားပဲ။ ငါ့ရဲ့လစဉ် စိတ်ဓာတ်ခွန်အားပေးမှုပဲ။ ငါ့ရဲ့ တစ်နှစ်တာအတွက် လှုံ့ဆော်အားပေးမှုပဲ။ သူတို့ရဲ့ ရှုံးနိမ့်မှုက ငါ အသက်ဆက်ရှင်နေသေးတဲ့ တစ်ခုတည်းသော အကြောင်းအရင်းပဲ။ ငါက သူတို့တွေ ကြုံတွေ့နေရတဲ့ ကျရှုံးမှုတွေကို မျက်စိနဲ့ မြင်တွေ့ပြီး ခံစားဖို့ မွေးဖွားလာခဲ့တာပဲ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက သူတို့မှာ ပရိသတ်မရှိပါဘူး”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

“ဘာစီလိုနာအသင်းက ဒီပွဲမှာ လိမ်ညာလို့ရမယ် တကယ်ထင်နေရှာတာ။ ဒါက လယ်သမားလိဂ်မဟုတ်ဘူးဟ။ ဒါက ချန်ပီယံလိဂ်။ ဘာဆာကို အားလုံးဝိုင်းရယ်လိုက်ရအောင်”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ အဂၤါေန႔ညက အင္တာမီလန္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယခုရာသီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန မတက္ႏိုင္မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရၿပီ ျဖစ္ပါတယ္။

ကယ္လ္ဟာႏိုလူရဲ႕ ပထမပိုင္း နာက်င္အခ်ိန္ပိုက အလြန္ေကာင္းမြန္တဲ့ အေဝးကန္သြင္းခ်က္ဟာ ဘာစီလိုနာအသင္းကို ယခုရာသီ ဒုတိယေျမာက္ ဥေရာပရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေစတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စု C အဆင့္ ၁ ေနရာမွာ ရမွတ္ ၉ မွတ္နဲ႔ ဦးေဆာင္ေနတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ၆ မွတ္အကြာ၊ ဒုတိယေနရာက အင္တာမီလန္နဲ႔ ၃ မွတ္အကြာ အဆင့္ ၃ ေနရာမွာ ရမွတ္ ၃ မွတ္နဲ႔ ရပ္တည္ေနရၿပီျဖစ္ပါတယ္။

ဧည့္သည္ဘာစီလိုနာအသင္းဟာ ဒုတိယပိုင္းပြဲကစားခ်ိန္အတြင္း ဆန္စီ႐ိုမွာ ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္မွတ္ခဲ့ၾကတာျဖစ္ၿပီး ဒမ္ဘီလီရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ပီဒရီက ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း VAR က ဘာစီလိုနာအသင္းရဲ႕ ေခ်ပဂိုးကို ျပန္လည္စစ္ေဆးရာမွာ တိုက္စစ္ စတင္ခ်ိန္မွာ အန္ဆူ ဖာတီက ေဘာလုံးကို လက္နဲ႔ထိခဲ့တာေၾကာင့္ ဂိုးအျဖစ္ သတ္မွတ္ေပးဖို႔ ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

ဒန္ဇယ္ ဒမ္ဖရီးစ္က ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ကိုင္တြယ္ခဲ့ပုံေပၚခဲ့တဲ့အခ်ိန္မွာ ဒိုင္လူႀကီးေတြက မသိခ်င္ေယာင္ေဆာင္ေနခဲ့တဲ့အတြက္ ဘာစီလိုနာအသင္းဟာ ေဒါသထြက္ခဲ့ရၿပီး VAR နဲ႔ အခ်ိန္အေတာ္ၾကာ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ပိုင္း ကတ္တလန္အသင္းရဲ႕ ပင္နယ္တီေပးဖို႔ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ျပန္တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဘ႑ာေရးအၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း ယခုေႏြရာသီမွာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာ၊ ဂ်ဴးစ္ ကြန္ေဒတို႔လို ကစားသမားေတြကို ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အင္တာမီလန္အသင္းနဲ႔ပြဲစဥ္မွာ ရႈံးပြဲေတြ႕ခဲ့ရတဲ့အတြက္ ဘာစီလိုနာပရိသတ္ေတြဟာ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၾကၿပီး ၿပိဳင္ဘက္အသင္းပရိသတ္ေတြက ကတ္တလန္အသင္းႀကီးရဲ႕ ေနာက္ဆုံးရႈံးပြဲနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚမွာ ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။

“ဘာဆာဖန္ေတြ ငိုေနတာ ျမင္ရတာကို ငါ ႏွစ္သက္တယ္။ အဲဒါက ငါ့ရဲ႕ ေန႔စဥ္အားေဆးပဲ။ ငါ့ရဲ႕အပတ္စဥ္ အင္အားပဲ။ ငါ့ရဲ႕လစဥ္ စိတ္ဓာတ္ခြန္အားေပးမႈပဲ။ ငါ့ရဲ႕ တစ္ႏွစ္တာအတြက္ လႈံ႕ေဆာ္အားေပးမႈပဲ။ သူတို႔ရဲ႕ ရႈံးနိမ့္မႈက ငါ အသက္ဆက္ရွင္ေနေသးတဲ့ တစ္ခုတည္းေသာ အေၾကာင္းအရင္းပဲ။ ငါက သူတို႔ေတြ ႀကဳံေတြ႕ေနရတဲ့ က်ရႈံးမႈေတြကို မ်က္စိနဲ႔ ျမင္ေတြ႕ၿပီး ခံစားဖို႔ ေမြးဖြားလာခဲ့တာပဲ။ ဒါေပမယ့္ ဝမ္းနည္းစရာေကာင္းတာက သူတို႔မွာ ပရိသတ္မရွိပါဘူး”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။

“ဘာစီလိုနာအသင္းက ဒီပြဲမွာ လိမ္ညာလို႔ရမယ္ တကယ္ထင္ေနရွာတာ။ ဒါက လယ္သမားလိဂ္မဟုတ္ဘူးဟ။ ဒါက ခ်န္ပီယံလိဂ္။ ဘာဆာကို အားလုံးဝိုင္းရယ္လိုက္ရေအာင္”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.