Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၄.၉.၂၀၂၀

– လိုဗရန္ ထြက္ခြာသြားအၿပီးမွာ ခံစစ္ပုိင္းအတြက္ အားျဖည့္မွဳ ျပဳလုပ္သြားဖို႔အတြက္ ဆီဗီလာရဲ႕ ဒီေယဂို ကားလို႔စ္ကို နည္းျပ ယာဂန္ ကေလာ့ပ္က စိတ္ဝင္စားမွဳျပသထားၿပီး ယူ႐ုိ ၇၅ သန္း က်သင့္ႏုိင္တဲ့ ဗဟိုေနာက္ခံလူအတြက္ အသင္းအေနနဲ႔ ေငြသုံးမလားကိုပဲ ေစာင့္ၾကည့္ရွိေန။

– လီဗာပူးလ္အတြက္ ၿပီးခဲ့တဲ့ ေလးႏွစ္အတြင္း ပြဲထြက္ကစားခြင့္မွာ ၁၁၀၄၆ မိနစ္နဲ႔ ဖာမီႏိုရဲ႕ေနာက္ ဒုတိယေနရာမွာ ရွိေနတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္အေနနဲ႔ လက္ေရြးစင္အသင္းမွာ လက္တြဲခဲ့တဲ့ နည္းျပ ေရာ္နယ္လ္ ကိုးမန္းနဲ႔ ပူးေပါင္းခြင့္ကို ေခါင္းညိတ္လုိက္ၿပီလုိ႔ဆုိ။

– ဂ်ာမနီနဲ႔ ကစားသြားခဲ့တဲ့ စပိန္လက္ေရြးစင္လူစာရင္းမွာ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ပစ္မွတ္သုံးဦး ပါဝင္ေနၿပီး ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာ၊ ေနာက္ခံလူ ပါအူ ေတာရက္စ္နဲ႔ ေတာင္ပံကစားသမား ဒါနီ အိုလ္မိုတုိ႔ျဖစ္တယ္လုိ႔ Express ေဖာ္ျပ။

– လီဗာပူးလ္အသင္းနဲ႔ အနာဂတ္မရွိေတာ့ဘူးလို႔ အသိေပးထားၿပီး ေပါင္သန္း ၂၀ နဲ႔ ေရာင္းခ်သြားဖို႔ စီစဥ္ေနတဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို လိဒ္စ္ယူႏုိက္တက္၊ နယူးကာဆယ္လ္ယူႏုိက္တက္နဲ႔ ေဆာက္သမ္တန္တုိ႔ စိတ္ဝင္စားေနၿပီး မၾကာခင္မွာ ေရာင္းခ်သြားဖို႔ရွိေန။

– ဖင္လန္နဲ႔ ေဝးလ္စ္တုိ႔ ကစားခဲ့တဲ့ UEFA Nations League အုပ္စုပြဲစဥ္မွာ လီဗာပူးလ္အသင္းရဲ႕ လူငယ္ေနာက္ခံလူ နီကို ဝီလီယမ္စ္ဟာ ပြဲခ်ိန္မိနစ္ ၆၀ မွာ ကြင္းလယ္လူ ဂ်ဳိနသန္ ဝီလီယမ္စ္အစား လူစားဝင္ခြင့္ရခဲ့ၿပီး သူ႕ရဲ႕ လက္ေရြးစင္အသင္းနဲ႔ ပထမဆုံးအႀကိမ္ ကစားခြင့္ကို ရယူႏုိင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လိုဗရန် ထွက်ခွာသွားအပြီးမှာ ခံစစ်ပိုင်းအတွက် အားဖြည့်မှု ပြုလုပ်သွားဖို့အတွက် ဆီဗီလာရဲ့ ဒီယေဂို ကားလို့စ်ကို နည်းပြ ယာဂန် ကလော့ပ်က စိတ်ဝင်စားမှုပြသထားပြီး ယူရို ၇၅ သန်း ကျသင့်နိုင်တဲ့ ဗဟိုနောက်ခံလူအတွက် အသင်းအနေနဲ့ ငွေသုံးမလားကိုပဲ စောင့်ကြည့်ရှိနေ။

– လီဗာပူးလ်အတွက် ပြီးခဲ့တဲ့ လေးနှစ်အတွင်း ပွဲထွက်ကစားခွင့်မှာ ၁၁၀၄၆ မိနစ်နဲ့ ဖာမီနိုရဲ့နောက် ဒုတိယနေရာမှာ ရှိနေတဲ့ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့တဲ့ နည်းပြ ရော်နယ်လ် ကိုးမန်းနဲ့ ပူးပေါင်းခွင့်ကို ခေါင်းညိတ်လိုက်ပြီလို့ဆို။

– ဂျာမနီနဲ့ ကစားသွားခဲ့တဲ့ စပိန်လက်ရွေးစင်လူစာရင်းမှာ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ပစ်မှတ်သုံးဦး ပါဝင်နေပြီး ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ၊ နောက်ခံလူ ပါအူ တောရက်စ်နဲ့ တောင်ပံကစားသမား ဒါနီ အိုလ်မိုတို့ဖြစ်တယ်လို့ Express ဖော်ပြ။

– လီဗာပူးလ်အသင်းနဲ့ အနာဂတ်မရှိတော့ဘူးလို့ အသိပေးထားပြီး ပေါင်သန်း ၂၀ နဲ့ ရောင်းချသွားဖို့ စီစဉ်နေတဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို လိဒ်စ်ယူနိုက်တက်၊ နယူးကာဆယ်လ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ စိတ်ဝင်စားနေပြီး မကြာခင်မှာ ရောင်းချသွားဖို့ရှိနေ။

– ဖင်လန်နဲ့ ဝေးလ်စ်တို့ ကစားခဲ့တဲ့ UEFA Nations League အုပ်စုပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ လူငယ်နောက်ခံလူ နီကို ဝီလီယမ်စ်ဟာ ပွဲချိန်မိနစ် ၆၀ မှာ ကွင်းလယ်လူ ဂျိုနသန် ဝီလီယမ်စ်အစား လူစားဝင်ခွင့်ရခဲ့ပြီး သူ့ရဲ့ လက်ရွေးစင်အသင်းနဲ့ ပထမဆုံးအကြိမ် ကစားခွင့်ကို ရယူနိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.