La Liga Ligue1 Transfer News

အမုန်းတွေကို သင်ပုန်းချေပြီး မက်ဆီနဲ့ ဘာစီလိုနာ ပြန်လည်လက်တွဲတော့မည်

လာမယ့်‌ ၂၀၂၃ နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ ပါရီ မင်းသားကွင်းကနေ ထွက်ခွာပြီး လက်ရှိပြင်သစ်ရေစက်ကို အဆုံးသတ်ပြီးရင် အသင်းဟောင်း ဘာစီလိုနာနဲ့ ဇူလိုင်လဆန်း ၁ ရက်နေ့မှာ ပြန်လည်ပူးပေါင်းသွားတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒီသတင်းကိုတော့ အာဂျင်တီးနား အမျိုးသမီး ဂျာနယ်လစ် ဗီရိုနီကာ ဘရူနာတီက သူ့ရဲ့ တွစ်တာအကောင့်မှာ စတေးတပ်စ် တင်ခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေသူတွေနဲ့ သတင်းဌာနတွေက ဆက်လက်ဖြန့်ဝေခဲ့ကြသလို ဘာစီလိုနာဥက္ကဌ ယိုအန် လာပေါ်တာ အပါအဝင် တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေကို နူးကမ့်မှာ ပြန်လည်ရရှိတော့မယ်လို့ ဆိုခဲ့ကြတာပါ။

မက်ဆီအနေနဲ့ ပီအက်စ်ဂျီနဲ့ ကာတာနိုင်ငံတို့ရဲ့ အမှတ်တံဆိပ်ကို ကမ္ဘာ့ဖလားမတိုင်ခင် မြှင့်တင်ပေးဖို့ တာဝန်ရှိခဲ့လို့ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းကနေ ပြန်မထွက်ခဲ့တာဖြစ်ပြီး နှစ်နှစ်စာချုပ်ပြည့်အောင် ဆက်ကစားဖို့ လုပ်ဆောင်ခဲ့ရတာဖြစ်သလို ကမ္ဘာ့ဖလားပြီးရင်တော့ ပါရီမှာ ကြီးထွားနေတဲ့ ခီလီယန် အမ်ဘာပေရဲ့ ဩဇာလွှမ်းမိုးမှုကို ငုံ့မခံတော့ဘဲ အသင်းကနေ ထွက်ခွာလာမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနား GOAT တို့ကြားမှာတော့ အမုန်းတွေကို ထုတ်မပြရုံတမယ်နဲ့ ရင်ကွဲပက်လက် လမ်းခွဲခဲ့ရမှုတွေကို ရင်ကြားစေ့နိုင်ခဲ့တယ်လို့ သတင်းတွေကလည်း ဖော်ပြထားခဲ့ပြီး အဲဒီတုန်းကတော့ နှစ်ဖက်စလုံး စာချုပ်သစ်ကို လက်မှတ်ထိုးဖို့ ပြင်ဆင်နေချိန်မှာ လာလီဂါရဲ့ တင်းကြပ်မှုတွေအရ မလုပ်နိုင်တော့ဘူးလို့ နူးကမ့်ဘက်က နောက်ဆုံးအချိန်မှာ ပယ်ချခဲ့ဖူးတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အသင်းမှာ အသက်အရွယ်ထောက်လာတာချင်းအတူတူ အဲ့ဒီအချိန်က ၃၄ နှစ်သား မက်ဆီလောက် အကျိုးမပြုနိုင်ဘဲ လစာကို ညာယူသလိုဖြစ်နေတဲ့ နောက်ခံလူ ဂျရတ် ပီကေးနဲ့ ဆင်မြူယယ်လ် အမ်တီတီ၊ ကွင်းလယ်လူ ဆာဂျီယို ဘူးစ်ကွက်စ်တို့ရဲ့ လုပ်ခလစာတွေကို လက်ညှိုးထိုးခဲ့ကြပြီး ဒီကစားသမားတွေကို ပညာပေးနိုင်မှလည်း မက်ဆီကို ပြန်လည်ခေါ်ယူနိုင်မယ်လို့ ထောက်ပြခဲ့ကြတာပါ။

နူးကမ့်မှာ လစာအများဆုံးဖြစ်တဲ့ ဖရန်ကီ ဒီယုံးကို တစ်နှစ်ကို ယူရို ၃၇ သန်း ပေးချေနေရချိန်မှာ ပီကေးက ၂၉.၅ သန်း၊ အမ်တီတီက သန်း ၂၀ နဲ့ ဘူးစ်ကွက်စ်က ၃၇ သန်းအသီးသီး ပေးချေနေရပြီး အသင်းမှာ နှစ်ရှည်လများ ကစားခဲ့တာကလွဲရင် ဘာမှ အကျိုးမပြုနိုင်တော့တဲ့ သက်ကြားအိုတွေကြောင့် မက်ဆီကို လက်လွှတ်ခဲ့ရတာက တန်သလားလို့လည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာတို့အနေနဲ့ ဘဏ္ဏာရေးကို လည်လည်ပတ်ပတ် ကိုင်တွယ်ထားနိုင်သလို ဒီယုံးကလွဲရင် ကျန်တဲ့ ကစားသမား သုံးဦးကိုလည်း အမြန်ဆုံး ရှင်းထုတ်သွားနိုင်ဖို့ ရှိနေလို့ မက်ဆီနဲ့ ပြန်လည်လက်တွဲနိုင်ဖို့ ရှိလာတာဖြစ်ပြီး ဂျာနယ်လစ် ဘရူနာတီရဲ့ သတင်းမှန်မမှန်တော့ ကစားသမားနဲ့ အသင်းတွေဘက်က တရားဝင် ကြေငြာမှုကို စောင့်မျှော်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာမယ့္‌ ၂၀၂၃ ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ပါရီ မင္းသားကြင္းကေန ထြက္ခြာၿပီး လက္ရွိျပင္သစ္ေရစက္ကို အဆုံးသတ္ၿပီးရင္ အသင္းေဟာင္း ဘာစီလိုနာနဲ႔ ဇူလိုင္လဆန္း ၁ ရက္ေန႔မွာ ျပန္လည္ပူးေပါင္းသြားေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဒီသတင္းကိုေတာ့ အာဂ်င္တီးနား အမ်ိဳးသမီး ဂ်ာနယ္လစ္ ဗီ႐ိုနီကာ ဘ႐ူနာတီက သူ႔ရဲ႕ တြစ္တာအေကာင့္မွာ စေတးတပ္စ္ တင္ခဲ့တာျဖစ္ၿပီး ျပန္လည္မွ်ေဝသူေတြနဲ႔ သတင္းဌာနေတြက ဆက္လက္ျဖန႔္ေဝခဲ့ၾကသလို ဘာစီလိုနာဥကၠဌ ယိုအန္ လာေပၚတာ အပါအဝင္ တာဝန္ရွိသူေတြအေနနဲ႔ သူတို႔ရဲ႕ ငယ္ေမြးၿခံေပါက္ ကစားသမားေတြကို ႏူးကမ့္မွာ ျပန္လည္ရရွိေတာ့မယ္လို႔ ဆိုခဲ့ၾကတာပါ။

မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီနဲ႔ ကာတာႏိုင္ငံတို႔ရဲ႕ အမွတ္တံဆိပ္ကို ကမာၻ႔ဖလားမတိုင္ခင္ ျမႇင့္တင္ေပးဖို႔ တာဝန္ရွိခဲ့လို႔ ၿပီးခဲ့တဲ့ ေႏြရာသီမွာ အသင္းကေန ျပန္မထြက္ခဲ့တာျဖစ္ၿပီး ႏွစ္ႏွစ္စာခ်ဳပ္ျပည့္ေအာင္ ဆက္ကစားဖို႔ လုပ္ေဆာင္ခဲ့ရတာျဖစ္သလို ကမာၻ႔ဖလားၿပီးရင္ေတာ့ ပါရီမွာ ႀကီးထြားေနတဲ့ ခီလီယန္ အမ္ဘာေပရဲ႕ ဩဇာလႊမ္းမိုးမႈကို ငုံ႔မခံေတာ့ဘဲ အသင္းကေန ထြက္ခြာလာမွာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းနဲ႔ အာဂ်င္တီးနား GOAT တို႔ၾကားမွာေတာ့ အမုန္းေတြကို ထုတ္မျပ႐ုံတမယ္နဲ႔ ရင္ကြဲပက္လက္ လမ္းခြဲခဲ့ရမႈေတြကို ရင္ၾကားေစ့ႏိုင္ခဲ့တယ္လို႔ သတင္းေတြကလည္း ေဖာ္ျပထားခဲ့ၿပီး အဲဒီတုန္းကေတာ့ ႏွစ္ဖက္စလုံး စာခ်ဳပ္သစ္ကို လက္မွတ္ထိုးဖို႔ ျပင္ဆင္ေနခ်ိန္မွာ လာလီဂါရဲ႕ တင္းၾကပ္မႈေတြအရ မလုပ္ႏိုင္ေတာ့ဘူးလို႔ ႏူးကမ့္ဘက္က ေနာက္ဆုံးအခ်ိန္မွာ ပယ္ခ်ခဲ့ဖူးတာျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ အသင္းမွာ အသက္အ႐ြယ္ေထာက္လာတာခ်င္းအတူတူ အဲ့ဒီအခ်ိန္က ၃၄ ႏွစ္သား မက္ဆီေလာက္ အက်ိဳးမျပဳႏိုင္ဘဲ လစာကို ညာယူသလိုျဖစ္ေနတဲ့ ေနာက္ခံလူ ဂ်ရတ္ ပီေကးနဲ႔ ဆင္ျမဴယယ္လ္ အမ္တီတီ၊ ကြင္းလယ္လူ ဆာဂ်ီယို ဘူးစ္ကြက္စ္တို႔ရဲ႕ လုပ္ခလစာေတြကို လက္ညႇိဳးထိုးခဲ့ၾကၿပီး ဒီကစားသမားေတြကို ပညာေပးႏိုင္မွလည္း မက္ဆီကို ျပန္လည္ေခၚယူႏိုင္မယ္လို႔ ေထာက္ျပခဲ့ၾကတာပါ။

ႏူးကမ့္မွာ လစာအမ်ားဆုံးျဖစ္တဲ့ ဖရန္ကီ ဒီယုံးကို တစ္ႏွစ္ကို ယူ႐ို ၃၇ သန္း ေပးေခ်ေနရခ်ိန္မွာ ပီေကးက ၂၉.၅ သန္း၊ အမ္တီတီက သန္း ၂၀ နဲ႔ ဘူးစ္ကြက္စ္က ၃၇ သန္းအသီးသီး ေပးေခ်ေနရၿပီး အသင္းမွာ ႏွစ္ရွည္လမ်ား ကစားခဲ့တာကလြဲရင္ ဘာမွ အက်ိဳးမျပဳႏိုင္ေတာ့တဲ့ သက္ၾကားအိုေတြေၾကာင့္ မက္ဆီကို လက္လႊတ္ခဲ့ရတာက တန္သလားလို႔လည္း ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

လက္ရွိမွာေတာ့ ဘာစီလိုနာတို႔အေနနဲ႔ ဘဏၰာေရးကို လည္လည္ပတ္ပတ္ ကိုင္တြယ္ထားႏိုင္သလို ဒီယုံးကလြဲရင္ က်န္တဲ့ ကစားသမား သုံးဦးကိုလည္း အျမန္ဆုံး ရွင္းထုတ္သြားႏိုင္ဖို႔ ရွိေနလို႔ မက္ဆီနဲ႔ ျပန္လည္လက္တြဲႏိုင္ဖို႔ ရွိလာတာျဖစ္ၿပီး ဂ်ာနယ္လစ္ ဘ႐ူနာတီရဲ႕ သတင္းမွန္မမွန္ေတာ့ ကစားသမားနဲ႔ အသင္းေတြဘက္က တရားဝင္ ေၾကျငာမႈကို ေစာင့္ေမွ်ာ္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.