Match Report Serie A

နိုင်ပွဲဆက်နေပြီး စီးရီးအေ အသင်းကြီးအဆင့်ကို ပြသခဲ့တဲ့ တတိယနေရာက အူဒီနီးစီး

စီးရီးအေရဲ့ နောက်ကျပွဲကျန်တစ်ပွဲဖြစ်တဲ့ ဗီရိုနာနဲ့ အူဒီနီးစီးအသင်းတို့ ပြီးခဲ့တဲ့ တနင်္လာနေ့ညက ကစားခဲ့ကြပြီး စနေ၊ တနင်္ဂနွေမှာ မကစားခဲ့လို့ အဆင့်ကျသွားခဲ့တဲ့ အီတလီ အရှေ့မြောက်ပိုင်းသားတွေအနေနဲ့ ဒီပွဲကို အကောင်းဆုံးကစားပြီး ဂိုးစပေးခဲ့ရပေမယ့် နောက်ကနေ နိုင်ပွဲကို ဖန်တီးရှာဖွေ သွားနိုင်ခဲ့ကြပါတယ်။

အူဒီနီးစီးနည်းပြ အန်ဒရီးယား ဆော့တေးလ်အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဆီလ်ဗက်စ်ထရီ၊ ခံစစ်မှာ ဘီယောလ်၊ ဘီကာအိုနဲ့ နီအွန် ပီရက်ဇ်တို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ လိုဗရစ်ချ်၊ ဝေါလေ့စ်၊ မာကင်ဂို၊ အူဒိုဂီနဲ့ ပါရဲရားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒူလိုဖူးနဲ့ ဆပ်ဆက်စ်တို့ကို အသုံးပြုခဲ့တာပါ။

အိမ်ရှင် ဗီရိုနာတို့ကတော့ ဂျိုဗန်နီ ဆီမီယွန်နီကို နာပိုလီဆီ ရောင်းထုတ်လိုက်အပြီးမှာ အင်အားချိနဲ့နေခဲ့ပြီး ဂိုးသမား မွန်တီပို၊ ခံစစ်မှာ ဂွန်တာ၊ ဟီယန်၊ ချက်ခယ်ရီနီတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဗီလိုဆို၊ တာမဲဇီ၊ ဗာဒီ၊ လာဇိုဗစ်ချ်၊ ဒွိုက်ဂ်တို့နဲ့ စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ပစ်ကိုလီနဲ့ အွန်နရီတို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ဗီရိုနာတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက လာဇိုဗစ်ချ်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ဖျက်ထုတ်ရာက ပြန်ကျလာချိန်မှာ ဘယ်နောက်ခံလူအဖြစ် ကစားနေတဲ့ စကော့တလန်သား ဒွိုက်ဂ်က ဂိုးဧရိယာထဲကနေ မြေမကျ Volley ကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ အူဒီနီးစီးတို့ နောက်က လိုက်ကစားခဲ့ရတာပါ။

ပထမပိုင်းမှာ ဗီရိုနာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာကြောင့် အူဒီနီးစီးတို့ ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ အသာနဲ့ ဖိကစားခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၁ ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ကြသလို ၈ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့အထိ အဝေးကွင်းမှာ စိုးမိုးနိုင်တဲ့ ပုံစံကို ပြသွားခဲ့ချိန်မှာ အိမ်ရှင်တွေကတော့ ခံစစ်ပဲ ပိတ်ကစားနေခဲ့ကြတာဖြစ်ပါတယ်။

နည်းပြ ဆော့တေးလ်အနေနဲ့ ပေါ့ဇိုမိသားစု ဂျင်းထည့်ထားလို့ ဝတ်ဖို့ဒ်မှာ လဒူကျပြီးမှ အီတလီကို လွင့်လာခဲ့သလို အလုပ်မဖြစ်တဲ့ တိုက်စစ်က ဆပ်ဆက်စ်အစား ဘီတိုကို ထည့်သွင်းခဲ့ပြီး ကွင်းလယ်မှာလည်း မာကင်ဂိုနဲ့ လိုဗရစ်ချ်တို့အစား ဆမာဂျစ်ချ်နဲ့ အာဆလန်တို့ကို အပြောင်းအလဲလုပ်ခဲ့ရာမှာ အသင်းကစားကွက်က ပိုစီးမိလာခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ အူဒီနီးစီးတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဆမာဂျစ်ချ်က ဧရိယာထဲကို လှမ်းချပေးတာကို ဒူလိုဖူက တစ်ချက်ထိနဲ့ ဖန်တီးပေးပို့ခဲ့ရာမှာ ဘေးက အဆင်သင့်ရှိနေတဲ့ လူစားဝင်တိုက်စစ်မှူး ဘီတိုက ကန်သွင်းပြီး ပိတ်ကစားနေတဲ့ ဗီရိုနာတို့ကို အသည်းခွဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ် ၉၀ အထိ သရေကျနေခဲ့ကြပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အူဒီနီးစီးတို့ပဲ လိုအပ်နေတဲ့ နိုင်ပွဲကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကနေ ပထမဂိုးမှာ အရေးပါတဲ့ ပေးပို့မှုကို ပြုလုပ်ခဲ့သူ ဆမာဂျစ်ချ်ကပဲ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ နောက်ခံလူ ဘီယောလ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အူဒီနီးစီးတို့ အဝေးကွင်းမှာ ဗီရိုနာတို့အပေါ် နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့တာကြောင့် ဒီရာသီမှာ ခြေအမှန်ဆုံးနဲ့ အတည်ငြိမ်ဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ရပ်တည်နေခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယားမှာလည်း ၈ ပွဲကစား ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၁၉ မှတ်နဲ့ ထိပ်ဆုံးနှစ်သင်းနဲ့ တစ်မှတ်အကွာ တတိယနေရာကို တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အူဒီနီးစီးနည်းပြ အန်ဒရီးယား ဆော့တေးလ်အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဆီလ်ဗက်စ်ထရီ၊ ခံစစ်မှာ ဘီယောလ်၊ ဘီကာအိုနဲ့ နီအွန် ပီရက်ဇ်တို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ လိုဗရစ်ခ်ျ၊ ဝေါလေ့စ်၊ မာကင်ဂို၊ အူဒိုဂီနဲ့ ပါရဲရားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒူလိုဖူးနဲ့ ဆပ်ဆက်စ်တို့ကို အသုံးပြုခဲ့တာပါ။

အိမ်ရှင် ဗီရိုနာတို့ကတော့ ဂျိုဗန်နီ ဆီမီယွန်နီကို နာပိုလီဆီ ရောင်းထုတ်လိုက်အပြီးမှာ အင်အားချိနဲ့နေခဲ့ပြီး ဂိုးသမား မွန်တီပို၊ ခံစစ်မှာ ဂွန်တာ၊ ဟီယန်၊ ချက်ခယ်ရီနီတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဗီလိုဆို၊ တာမဲဇီ၊ ဗာဒီ၊ လာဇိုဗစ်ခ်ျ၊ ဒွိုက်ဂ်တို့နဲ့ စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ပစ်ကိုလီနဲ့ အွန်နရီတို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ဗီရိုနာတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက လာဇိုဗစ်ခ်ျရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ဖျက်ထုတ်ရာက ပြန်ကျလာချိန်မှာ ဘယ်နောက်ခံလူအဖြစ် ကစားနေတဲ့ စကော့တလန်သား ဒွိုက်ဂ်က ဂိုးဧရိယာထဲကနေ မြေမကျ Volley ကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ အူဒီနီးစီးတို့ နောက်က လိုက်ကစားခဲ့ရတာပါ။


နည်းပြ ဆော့တေးလ်အနေနဲ့ ပေါ့ဇိုမိသားစု ဂျင်းထည့်ထားလို့ ဝတ်ဖို့ဒ်မှာ လဒူကျပြီးမှ အီတလီကို လွင့်လာခဲ့သလို အလုပ်မဖြစ်တဲ့ တိုက်စစ်က ဆပ်ဆက်စ်အစား ဘီတိုကို ထည့်သွင်းခဲ့ပြီး ကွင်းလယ်မှာလည်း မာကင်ဂိုနဲ့ လိုဗရစ်ခ်ျတို့အစား ဆမာဂျစ်ခ်ျနဲ့ အာဆလန်တို့ကို အပြောင်းအလဲလုပ်ခဲ့ရာမှာ အသင်းကစားကွက်က ပိုစီးမိလာခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ အူဒီနီးစီးတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဆမာဂျစ်ခ်ျက ဧရိယာထဲကို လှမ်းချပေးတာကို ဒူလိုဖူက တစ်ချက်ထိနဲ့ ဖန်တီးပေးပို့ခဲ့ရာမှာ ဘေးက အဆင်သင့်ရှိနေတဲ့ လူစားဝင်တိုက်စစ်မှူး ဘီတိုက ကန်သွင်းပြီး ပိတ်ကစားနေတဲ့ ဗီရိုနာတို့ကို အသည်းခွဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ် ၉၀ အထိ သရေကျနေခဲ့ကြပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အူဒီနီးစီးတို့ပဲ လိုအပ်နေတဲ့ နိုင်ပွဲကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကနေ ပထမဂိုးမှာ အရေးပါတဲ့ ပေးပို့မှုကို ပြုလုပ်ခဲ့သူ ဆမာဂျစ်ခ်ျကပဲ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ နောက်ခံလူ ဘီယောလ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။


REF: INTERNET SOURCES
SPORTS A2Z.