Premier League Transfer News

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၃.၉.၂၀၂၀

– ပြီးခဲ့တဲ့ ရာသီက နည်းပြသစ်အဖြစ် အာတီတာ ရောက်ရှိလာမှုနဲ့အတူ ရာသီဒုတိယပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကို ဒီနေ့(ကြာသပတေးနေ့)မှာ အငှားနဲ့ ခေါ်ယူနိုင်ဖို့ ဆေးစစ်သွားဖို့ ရှိနေပြီး အမြန်ဆုံး ကြေငြာသွားဖို့ ရှိနေ။

– ကွင်းလယ်လူ တော်ရဲရားအတွက် ဖီအိုရင်တီးနားအသင်းက နှစ်နှစ်အငှားစာချုပ် ပေါင် ၈ သန်း၊ စာချုပ်အကုန်မှာ ပေါင်သန်း ၂၀ နဲ့ ဝယ်ယူနိုင်ခွင့်နဲ့ ကမ်းလှမ်းထားခဲ့ပြီး အာဆင်နယ်ကတော့ ပေါင် ၂၇ သန်းနဲ့ အပြီးအပြတ် ရောင်းချသွားဖို့ပဲ အလိုရှိနေ။

– အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာက အနည်းနဲ့အများ မသေချာသေးဘဲ စိတ်ဝင်စားနေတဲ့ အသင်းတွေ များနေတဲ့ ဂိုးသမား အီမီ မာတီနက်ဇ်ကို အာဆင်နယ်ပရိသတ်တွေက ဒီအသင်းဟာ သူ့ရဲ့ အိမ်ဖြစ်ကြောင်းနဲ့ အသင်းက မထွက်ဖို့ ဝိုင်းဝန်းတောင်းဆိုနေကြ။

– လီယွန်ကွင်းလယ်လူ အောဝါအတွက် ဆွေးနွေးနေတာ အမှန်တကယ်ဖြစ်ကြောင်း ယုံကြည်ရနိုင်တဲ့ သတင်းဌာနဖြစ်တဲ့ အက်သလက်တစ်က ဖော်ပြခဲ့ပြီး အာဆင်နယ်အနေနဲ့ အီဒူးနဲ့ ဂျူနင်ညိုရဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ အဆင်ပြေနိုင်တဲ့ နည်းလမ်းကို ရှာကြံသွားဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းကနေ ရောင်းထုတ်မယ့် ကွင်းလယ်လူ ရာဖင်ညာ(သီယာဂို အယ်လ်ကန်တာရာ၏ ညီဖြစ်သူ)ရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၁၄ သန်းသာ ရှိနေပြီး တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးရင် အနည်းငယ် လျော့ကျနိုင်ဖွယ်လည်း ရှိသေးတဲ့ အတွက် အာဆင်နယ်တို့ သတိထားစောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:






REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.