Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္သတင္းမ်ား စုစည္းမွဳ – ၃.၉.၂၀၂၀

– ဒြန္နီ ဗန္ဒဘိခ္ကို ေခၚယူလိုက္ၿပီးျဖစ္တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ကြင္းလယ္မွာ အင္အားပုိမိုေတာင့္တင္းေစဖို႔ ဘိုင္ယန္ျမဴးနစ္ရဲ႕ သီယာဂို အယ္လ္ကန္တာရာကိုလည္း လီဗာပူးလ္နဲ႔အၿပဳိင္ ခ်ိတ္ဆက္ေနၿပီး နည္းျပ ဆုိးလ္ရွားနဲ႔ လွ်ဳိ႕ဝွက္ေတြ႕ဆုံခဲ့တယ္လို႔ဆို။

– ႐ိုးမားအသင္းနဲ႔ တစ္ႏွစ္လုပ္ခ ေပါင္ ၈ သန္းနဲ႔ ပုဂၢဳိလ္ေရးသေဘာတူညီမွဳယူထားတဲ့ စေမာလင္းအတြက္ မန္ခ်က္စတာယူႏုိက္တက္က ေျပာင္းေရႊ႕ေၾကးသေဘာတူညီႏုိင္ဖို႔ ေဆြးေႏြးေနရာမွာ ေပါင္ ၁၆ သန္းကေန ၁၈ သန္းၾကားရမွ ေရာင္းခ်ဖို႔ရွိေနၿပီး ႐ိုးမားက ေပါင္ ၁၀ သန္းခြဲနဲ႔ ကမ္းလွမ္းထား။

– ဆီဗီလာနဲ႔အတူ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ဆာဂ်ီယို ရက္ဂီလြန္ကို ဂ်ဴဗင္တပ္စ္၊ နာပိုလီ၊ စပါးစ္တုိ႔ထက္ ေရွ႕က လက္ဦးမွဳရယူၿပီး ေခၚယူႏုိင္ဖို႔ ယူႏုိက္တက္က အေျခအေနေကာင္းေနၿပီး ေပါင္ ၂၅ သန္းေလာက္ ေပးေခ်သြားရႏုိင္။

– Dream Theater လုိ႔ ေခၚတဲ့ အုိးလ္ထရက္ဖို႔ဒ္မွာ ဗန္ဒဘိခ္တစ္ေယာက္ ပုိေကာင္းလာဦးမွာျဖစ္ေၾကာင္းနဲ႔ သူ႕ကို ခ်စ္ခင္ဂ႐ုစိုက္ေပးဖို႔ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြကို အသင္းဂိုးသမားေဟာင္းနဲ႔ အုိင္းယက္စ္ စီအီးအို ဗန္ဒါဆားက အိတ္ဖြင့္ေပးစာ ေပးပုိ႔ထား။

– ယူႏုိက္တက္ပစ္မွတ္ေနာက္ခံလူ အူပါမီကာႏုိက အသင္းနဲ႔ စာခ်ဳပ္ကို ၂၀၂၃ အထိ တုိးျမႇင့္ထားေပမယ့္ ကာလတို တုိးျမႇင့္မွဳသာ ျဖစ္တာေၾကာင့္ အသင္းကေန ထြက္ခြာႏုိင္တယ္လုိ႔ အရိပ္အျမြက္ဆုိထားခဲ့ၿပီး တာဝန္ရွိသူေတြအေနနဲ႔ လက္ဦးမွဳရယူႏုိင္ဖို႔ လိုအပ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒွန်နီ ဗန်ဒဘိခ်ကို ခေါ်ယူလိုက်ပြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်မှာ အင်အားပိုမိုတောင့်တင်းစေဖို့ ဘိုင်ယန်မြူးနစ်ရဲ့ သီယာဂို အယ်လ်ကန်တာရာကိုလည်း လီဗာပူးလ်နဲ့အပြိုင် ချိတ်ဆက်နေပြီး နည်းပြ ဆိုးလ်ရှားနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ဆို။

– ရိုးမားအသင်းနဲ့ တစ်နှစ်လုပ်ခ ပေါင် ၈ သန်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုယူထားတဲ့ စမောလင်းအတွက် မန်ချက်စတာယူနိုက်တက်က ပြောင်းရွှေ့ကြေးသဘောတူညီနိုင်ဖို့ ဆွေးနွေးနေရာမှာ ပေါင် ၁၆ သန်းကနေ ၁၈ သန်းကြားရမှ ရောင်းချဖို့ရှိနေပြီး ရိုးမားက ပေါင် ၁၀ သန်းခွဲနဲ့ ကမ်းလှမ်းထား။

– ဆီဗီလာနဲ့အတူ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဆာဂျီယို ရက်ဂီလွန်ကို ဂျူဗင်တပ်စ်၊ နာပိုလီ၊ စပါးစ်တို့ထက် ရှေ့က လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ ယူနိုက်တက်က အခြေအနေကောင်းနေပြီး ပေါင် ၂၅ သန်းလောက် ပေးချေသွားရနိုင်။

– Dream Theater လို့ ခေါ်တဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဗန်ဒဘိခ်တစ်ယောက် ပိုကောင်းလာဦးမှာဖြစ်ကြောင်းနဲ့ သူ့ကို ချစ်ခင်ဂရုစိုက်ပေးဖို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို အသင်းဂိုးသမားဟောင်းနဲ့ အိုင်းယက်စ် စီအီးအို ဗန်ဒါဆားက အိတ်ဖွင့်ပေးစာ ပေးပို့ထား။

– ယူနိုက်တက်ပစ်မှတ်နောက်ခံလူ အူပါမီကာနိုက အသင်းနဲ့ စာချုပ်ကို ၂၀၂၃ အထိ တိုးမြှင့်ထားပေမယ့် ကာလတို တိုးမြှင့်မှုသာ ဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အရိပ်အမြွက်ဆိုထားခဲ့ပြီး တာဝန်ရှိသူတွေအနေနဲ့ လက်ဦးမှုရယူနိုင်ဖို့ လိုအပ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.