Serie A

ပွဲကြီးကြပ်ခွင့်ပိတ်ပင်ခံထားရလို့ အဆန်းထွင်ပြီး အသင်းကို အားပေးခဲ့တဲ့ မော်ရင်ညို

ရိုးမားအသင်းနည်းပြ ဟိုဆေး မော်ရင်ညိုဟာ ရိုးမားက အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ စနေနေ့ညပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းဘတ်စ်ကားပေါ်ကနေသာ ကြည့်ရှုခဲ့ရတာကို ရုပ်သံဗီဒီယိုရိုက်ကူးခဲ့ပါတယ်။

မော်ရင်ညိုဟာ လွန်ခဲ့တဲ့ ၂ ပတ်က အတ္တလန္တာနဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြဖို့အတွက် ကွင်းအတွင်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ကွင်းဘေးစည်းကနေ ပွဲကြီးကြပ်ခွင့် တစ်ပွဲ ပိတ်ပင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ မော်ရင်ညိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အိမ်မှာနေပြီး အင်တာမီလန်နဲ့ပွဲကို ကြည့်ရှုနိုင်ပေမယ့်လည်း ဆန်စီရိုကို ထွက်ခွာခဲ့တဲ့ အသင်းနဲ့အတူ လိုက်ပါဖို့ ရွေးချယ်ခဲ့ပြီး ကွင်းအပြင်ဘက်က အသင်းဘတ်စ်ကားပေါ်မှာ ပွဲကို ထိုင်ကြည့်နေခဲ့တာဖြစ်ပါတယ်။

ရိုးမားကစားသမားတွေဟာ အင်တာမီလန်အသင်းကို ၂-၁ နဲ့ အလွန်ကောင်းမွန်တဲ့ နိုင်ပွဲ ပြန်လည်ရရှိအောင် စွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့အတွက် မော်ရင်ညိုက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရတာဖြစ်ပြီး ဖက်ဒရီကို ဒီမာကိုက ပွဲကစားချိန် မိနစ် ၃၀ မှာ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၉ မိနစ်အကြာမှာ ရိုးမားအသင်းရဲ့ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ပေါ်လို ဒီဘားလားက တစ်ဖက် ၁ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို ပြန်လည်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၇၅ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ခရစ္စ စမောလင်းက နောက်ကျ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးသွားခဲ့တာကြောင့် ရိုးမားအသင်းက အဝေးကွင်း အနိုင် ၃ မှတ်နဲ့အတူ အိမ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရိုးမားနဲ့ အင်တာမီလန်တို့ရဲ့ ပွဲစဉ်တလျှောက်လုံး မော်ရင်ညိုက အသင်းဘတ်စ်ကားပေါ်ကနေ ပွဲစဉ်ကို ကြည့်ရှုနေတဲ့အကြောင်းကို တရားဝင် အင်စတာဂရမ်အကောင့်ကနေ စတိုရီအများအပြား ဆက်တိုက် တင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲမတိုင်ခင်မှာ ပေါ်တူဂီလူမျိုးနည်းပြက ၎င်းရဲ့ ရှေ့က စာရေးစားပွဲပေါ်မှာ မှတ်စုစာအုပ်နဲ့အတူ ခြေထောက်တင်ထားတာကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး “ငါတော့ ဒီမှာပဲ သေတော့မှာပဲ”လို့ ကွင်းဘေးစည်းနဲ့အဝေးကနေ ပွဲကို ကြည့်ရှုနေရမှုကို စိတ်ပျက်နေတဲ့ပုံနဲ့ ပြောကြားခဲ့တာကို ကြားခဲ့ရပါတယ်။

“ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ငါ့ကောင်တွေ၊ အရမ်းကောင်းတဲ့ ဘောလုံးကစားပုံပဲ”လို့ ရိုးမားအသင်း အနိုင်ရရှိသွားတာကို ကြည့်ရှုခဲ့ပြီးနောက် အီတလီဘာသာနဲ့ မော်ရင်ညိုက ပြောဆိုခဲ့တာကိုလည်း ကြားခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဟိုဆေး မော်ရင်ညိုဟာ အသင်းဘတ်စ်ကား မောင်းနှင်သူတွေနဲ့အတူ အောင်ပွဲခံနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ရိုးမားအသင်းဟာ အင်တာမီလန်အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာကြောင့် စီးရီးအေ ၈ ပွဲမှာ ၅ ပွဲအနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုးမားအသင္းနည္းျပ ဟိုေဆး ေမာ္ရင္ညိဳဟာ ႐ိုးမားက အင္တာမီလန္အသင္းကို အႏိုင္ရရွိခဲ့တဲ့ စေနေန႔ညပြဲစဥ္ကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အသင္းဘတ္စ္ကားေပၚကေနသာ ၾကည့္ရႈခဲ့ရတာကို ႐ုပ္သံဗီဒီယို႐ိုက္ကူးခဲ့ပါတယ္။

ေမာ္ရင္ညိဳဟာ လြန္ခဲ့တဲ့ ၂ ပတ္က အတၱလႏၲာနဲ႔ ပြဲစဥ္မွာ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ကို ဆႏၵျပဖို႔အတြက္ ကြင္းအတြင္းကို က်ဴးေက်ာ္ဝင္ေရာက္ခဲ့ၿပီးေနာက္ ကြင္းေဘးစည္းကေန ပြဲႀကီးၾကပ္ခြင့္ တစ္ပြဲ ပိတ္ပင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အိမ္မွာေနၿပီး အင္တာမီလန္နဲ႔ပြဲကို ၾကည့္ရႈႏိုင္ေပမယ့္လည္း ဆန္စီ႐ိုကို ထြက္ခြာခဲ့တဲ့ အသင္းနဲ႔အတူ လိုက္ပါဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး ကြင္းအျပင္ဘက္က အသင္းဘတ္စ္ကားေပၚမွာ ပြဲကို ထိုင္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။

႐ိုးမားကစားသမားေတြဟာ အင္တာမီလန္အသင္းကို ၂-၁ နဲ႔ အလြန္ေကာင္းမြန္တဲ့ ႏိုင္ပြဲ ျပန္လည္ရရွိေအာင္ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့တဲ့အတြက္ ေမာ္ရင္ညိဳက ဝမ္းေျမာက္ဝမ္းသာ ျဖစ္ခဲ့ရတာျဖစ္ၿပီး ဖက္ဒရီကို ဒီမာကိုက ပြဲကစားခ်ိန္ မိနစ္ ၃၀ မွာ အိမ္ရွင္အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၉ မိနစ္အၾကာမွာ ႐ိုးမားအသင္းရဲ႕ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ေပၚလို ဒီဘားလားက တစ္ဖက္ ၁ ဂိုးစီ ညီမွ်သြားေစမယ့္ ေခ်ပဂိုးကို ျပန္လည္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၇၅ မိနစ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားေဟာင္း ခရစၥ စေမာလင္းက ေနာက္က် အႏိုင္ဂိုးကို ေခါင္းတိုက္သြင္းယူေပးသြားခဲ့တာေၾကာင့္ ႐ိုးမားအသင္းက အေဝးကြင္း အႏိုင္ ၃ မွတ္နဲ႔အတူ အိမ္ျပန္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ႐ိုးမားနဲ႔ အင္တာမီလန္တို႔ရဲ႕ ပြဲစဥ္တေလွ်ာက္လုံး ေမာ္ရင္ညိဳက အသင္းဘတ္စ္ကားေပၚကေန ပြဲစဥ္ကို ၾကည့္ရႈေနတဲ့အေၾကာင္းကို တရားဝင္ အင္စတာဂရမ္အေကာင့္ကေန စတိုရီအမ်ားအျပား ဆက္တိုက္ တင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပြဲမတိုင္ခင္မွာ ေပၚတူဂီလူမ်ိဳးနည္းျပက ၎ရဲ႕ ေရွ႕က စာေရးစားပြဲေပၚမွာ မွတ္စုစာအုပ္နဲ႔အတူ ေျခေထာက္တင္ထားတာကို ျပသထားတဲ့ ဗီဒီယိုဖိုင္ကို တင္ခဲ့ၿပီး “ငါေတာ့ ဒီမွာပဲ ေသေတာ့မွာပဲ”လို႔ ကြင္းေဘးစည္းနဲ႔အေဝးကေန ပြဲကို ၾကည့္ရႈေနရမႈကို စိတ္ပ်က္ေနတဲ့ပုံနဲ႔ ေျပာၾကားခဲ့တာကို ၾကားခဲ့ရပါတယ္။

“ေကာင္းေကာင္း လုပ္ႏိုင္ခဲ့တယ္ ငါ့ေကာင္ေတြ၊ အရမ္းေကာင္းတဲ့ ေဘာလုံးကစားပုံပဲ”လို႔ ႐ိုးမားအသင္း အႏိုင္ရရွိသြားတာကို ၾကည့္ရႈခဲ့ၿပီးေနာက္ အီတလီဘာသာနဲ႔ ေမာ္ရင္ညိဳက ေျပာဆိုခဲ့တာကိုလည္း ၾကားခဲ့ရပါတယ္။

ပြဲအၿပီးမွာေတာ့ ဟိုေဆး ေမာ္ရင္ညိဳဟာ အသင္းဘတ္စ္ကား ေမာင္းႏွင္သူေတြနဲ႔အတူ ေအာင္ပြဲခံေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ႐ိုးမားအသင္းဟာ အင္တာမီလန္အိမ္ကြင္းမွာ အႏိုင္ရရွိခဲ့တာေၾကာင့္ စီးရီးေအ ၈ ပြဲမွာ ၅ ပြဲအႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.