Premier League Transfer News

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု – ၃.၉.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လုပ်ဆောင်ခဲ့တဲ့ ဆေးစစ်မှုမှာ အောင်မြင်သွားခဲ့ပြီဖြစ်တဲ့ ခိုင် ဟာဗက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် ချဲလ်ဆီးပရိသတ်တွေ စိတ်ဒုန်းဒုန်းချနိုင်တော့မှာဖြစ်ပြီး နေးရှင်းလိဂ်တာဝန်ကနေ ပြန်လာရင် လန်ဒန်မှာ ကွာရန်တင်း ဝင်သွားဖို့ ရှိနေ။

– ရင်းနေးရဲ့ ဂိုးသမား အေဒူယာ မန်ဒီအတွက် ပြင်သစ်ကလပ်ဘက်က ထင်မှတ်မထားတဲ့ တုံ့ပြန်မှုကို ပြုလုပ်လိုက်ပြီး ချဲလ်ဆီးအသင်းဘက်က ကမ်းလှမ်းထားတဲ့ ဈေးနှုန်းရဲ့ နှစ်ဆဖြစ်တဲ့ ပေါင်သန်း ၃၀ အထိ တောင်းဆိုနေ။

– ဟာဗတ်ဇ်နဲ့ ချဲလ်ဆီးရဲ့ ဆေးစစ်မှုမှာ ကြံ့ခိုင်မှု ပြဿနာတချို့ရှိခဲ့တယ်လို့ ဂျာမနီဘက်က လာတဲ့ သတင်းတွေက ထုတ်ဖော်သွားခဲ့ပြီး ချဲလ်ဆီးဘက်က ဆေးအောင်ခဲ့တယ်လို့ ဆိုထားခဲ့တာကြောင့် ကြီးကြီးမားမားတော့ မဟုတ်လောက်ဘူးလို့ ခန့်မှန်းနေကြ။

– အင်တာမီလန်အသင်းအနေနဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေရဲ့ မြင့်မားလှတဲ့ ဈေးနှုန်းကို မတတ်နိုင်ကြောင်းနဲ့ လက်လျှော့ခဲ့ပြီလို့ တာဝန်ရှိသူတွေက ဆိုခဲ့ကြောင် အီတလီက လာတဲ့ သတင်းတွေမှာ ဖော်ပြ။

– ဟာဗတ်ဇ်ကို မခေါ်ယူခင်မှာ နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ သူ့ရဲ့ ခံစစ်ပိုင်းနဲ့ ဂိုးပေါက်ကို လုံခြုံအောင် ဦးစားပေးလုပ်ဆောင်သင့်ပြီး ကီပါရဲ့ နေရာမှာ အသုံးပြုဖို့ ဂိုးသမားသစ်တစ်ဦး အမြန်ခေါ်ယူဖို့ ချဲလ်ဆီးနောက်ခံလူဟောင်း ဖရန့်ခ် လူးဘတ်ဖ်တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.