Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၃.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္နဲ႔ အာဆင္နယ္တို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ဘုိင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအတြက္ ၿပဳိင္ပြဲမွာ လီဗာပူးလ္တုိ႔ ဦးေဆာင္ေနၿပီး ေပါင္သန္း ၃၀ နဲ႔ ေပးေခ်ေခၚယူသြားႏုိင္ဖုိ႔ အနီးစပ္ဆုံးျဖစ္လာ။

– ဂရိေနာက္ခံလူ ဆီမီကတ္စ္ကို ေခၚယူထားေပမယ့္ ပြဲကစားခြင့္ေတြကို ခြဲေဝမေပးခ်င္တဲ့ ပုံစံကို အန္ဒီ ေရာဘတ္ဆန္တစ္ေယာက္ ျပသေနခဲ့ၿပီး သူ႕ရဲ႕ ႀကံ့ခုိင္မွဳ ေကာင္းေနသမွ် ကာလပတ္လုံး ပြဲမ်ားႏုိင္သမွ် အမ်ားဆုံးကို ကစားခ်င္တယ္လုိ႔ ေျပာၾကားထား။


– စပိန္ကလာတဲ့ သတင္းေတြအရ လီဗာပူးလ္နဲ႔ ဘာစီလိုနာတုိ႔ၾကားမွာ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္အတြက္ ယူ႐ုိ ၁၅ သန္းနဲ႔ သေဘာတူညီမွဳရၿပီလို႔ ေဖာ္ျပထားတာေတြဟာ မဟုတ္မွန္ေၾကာင္းနဲ႔ သေဘာတူညီမွဳ တစ္စုံတစ္ရာမရွိေသးေၾကာင္း အဂၤလိပ္ ဂ်ာနယ္လစ္တစ္ဦး ထုတ္ေဖာ္။

– အသင္းရဲ႕ တုိက္စစ္မွဴးသုံးဦးဆီကေန ဝန္ထုပ္ဝန္ပုိးေတြ ခြဲေဝယူႏုိင္မယ့္သူမ်ဳိး ျဖစ္မလာခဲ့တဲ့ ၿပီးခဲ့တဲ့ ၂၀၁၉ အန္းဖီးလ္သူရဲေကာင္း ဒီေဗာ့ခ္ အိုရီဂီကို ပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ရဲ႕ တုိက္စစ္မွဴး ပက္တ္ဆန္ ဒါကာက အသင့္ေတာ္ဆုံး အစားထုိးမွဳလို႔ ဆုိေနၾက။

– ဗန္ဒိုက္နဲ႔ တြဲဖက္ကစားဖို႔ လူငယ္ေနာက္ခံလူတစ္ဦးကို အလိုရွိေနတဲ့ လီဗာပူးလ္အေနနဲ႔ ဘန္ဝွဳိက္ကို စာခ်ဳပ္သစ္ေၾကာင့္ ေခၚယူဖို႔ မလြယ္တဲ့ေနာက္မွာ မိုနာကို ေနာက္ခံလူ ဘီႏြား ဘာဒီယာရွီးလ္ကို ေခၚယူသြားဖို႔ မန္ယူနဲ႔အၿပဳိင္ ႀကဳိးစားသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအတွက် ပြိုင်ပွဲမှာ လီဗာပူးလ်တို့ ဦးဆောင်နေပြီး ပေါင်သန်း ၃၀ နဲ့ ပေးချေခေါ်ယူသွားနိုင်ဖို့ အနီးစပ်ဆုံးဖြစ်လာ။

– ဂရိနောက်ခံလူ ဆီမီကတ်စ်ကို ခေါ်ယူထားပေမယ့် ပွဲကစားခွင့်တွေကို ခွဲဝေမပေးချင်တဲ့ ပုံစံကို အန်ဒီ ရောဘတ်ဆန်တစ်ယောက် ပြသနေခဲ့ပြီး သူ့ရဲ့ ကြံ့ခိုင်မှု ကောင်းနေသမျှ ကာလပတ်လုံး ပွဲများနိုင်သမျှ အများဆုံးကို ကစားချင်တယ်လို့ ပြောကြားထား။


– စပိန်ကလာတဲ့ သတင်းတွေအရ လီဗာပူးလ်နဲ့ ဘာစီလိုနာတို့ကြားမှာ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အတွက် ယူရို ၁၅ သန်းနဲ့ သဘောတူညီမှုရပြီလို့ ဖော်ပြထားတာတွေဟာ မဟုတ်မှန်ကြောင်းနဲ့ သဘောတူညီမှု တစ်စုံတစ်ရာမရှိသေးကြောင်း အင်္ဂလိပ် ဂျာနယ်လစ်တစ်ဦး ထုတ်ဖော်။

– အသင်းရဲ့ တိုက်စစ်မှူးသုံးဦးဆီကနေ ဝန်ထုပ်ဝန်ပိုးတွေ ခွဲဝေယူနိုင်မယ့်သူမျိုး ဖြစ်မလာခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၉ အန်းဖီးလ်သူရဲကောင်း ဒီဗော့ခ် အိုရီဂီကို ပရိသတ်တွေ စိတ်ပျက်နေကြပြီး ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ တိုက်စစ်မှူး ပက်တ်ဆန် ဒါကာက အသင့်တော်ဆုံး အစားထိုးမှုလို့ ဆိုနေကြ။

– ဗန်ဒိုက်နဲ့ တွဲဖက်ကစားဖို့ လူငယ်နောက်ခံလူတစ်ဦးကို အလိုရှိနေတဲ့ လီဗာပူးလ်အနေနဲ့ ဘန်ဝှိုက်ကို စာချုပ်သစ်ကြောင့် ခေါ်ယူဖို့ မလွယ်တဲ့နောက်မှာ မိုနာကို နောက်ခံလူ ဘီနွား ဘာဒီယာရှီးလ်ကို ခေါ်ယူသွားဖို့ မန်ယူနဲ့အပြိုင် ကြိုးစားသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.