Premier League Transfer News

OFFICIAL: ယူႏိုက္တက္ရဲ႕ ၂၀၂၀-၂၁ ရာသီအတြက္ ပထမဆုံးကစားသမားသစ္ျဖစ္လာတဲ့ ဗန္ဒဘိခ္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ အေျပာင္းအေရႊ႕ေဈးကြက္ထဲမွာ တစ္ဖန္ျပန္လည္ ဦးေမာ့လာခဲ့ၿပီျဖစ္ၿပီး သူတုိ႔ရဲ႕ ကစားသမားသစ္အျဖစ္ ဒြန္နီ ဗန္ဒဘိခ္ကို အိုင္းယက္စ္အသင္းကေန အၿပီးသတ္ေခၚယူႏုိင္လိုက္ၿပီျဖစ္ေၾကာင္း အသင္းဝက္ဘ္ဆုိက္ကေန ထုတ္ျပန္ လုိက္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဒတ္ခ်္ကြင္းလယ္လူဟာ အုိင္းယက္စ္အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ အသင္းႀကီးကစားသမားဘဝကို ၂၀၁၅ ခုႏွစ္မွာ ပြဲထြက္ကစားခြင့္ရခဲ့သူျဖစ္ၿပီး ေက်ာနံပါတ္ ၆ ကို ဝတ္ဆင္ခြင့္ရရွိခဲ့သလို ဒီေန႔မွာေတာ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက အသင္းအတြက္ ၁၇ ဂိုးသြင္း ၁၃ ဂိုး ဖန္တီးႏုိင္ခဲ့တဲ့ ဗန္ဒဘိခ္ကို ရီးရဲလ္မက္ဒရစ္က ေခၚယူဖို႔ ႀကဳိးစားခဲ့ေသးေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ ပ်က္ျပယ္ခဲ့ရခ်ိန္မွာ ကြင္းလယ္ကစားသမားေကာင္းေတြ လိုအပ္ေနတဲ့ ယူႏိုက္တက္က အခြင့္အေရးကို အရယူႏုိင္ခဲ့ၿပီး ေပါင္သန္း ၄၀ နဲ႔ ေခၚယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ရာသီမကုန္ခင္ ရပ္တန္႔ခဲ့ရတဲ့ နယ္သာလန္ ပထမတန္းနဲ႔ အုိင္းယက္စ္ရဲ႕ ေဘာလုံးရာသီအတြက္ ၁၀ ဂိုးသြင္းၿပီး ၉ ဂိုး ဖန္တီးေပးခဲ့တဲ့ ဗန္ဒဘိခ္အေနနဲ႔ သူ႕ရဲ႕ သူငယ္ခ်င္းျဖစ္သူ အက္ဘ္ဒဲလ္ဟက္ ႏူရီရဲ႕ ေက်ာနံပါတ္ ၃၄ ကို အုိးလ္ထရက္ဖို႔ဒ္မွာ ဝတ္ဆင္သြားဖို႔ ရွိေနၿပီး ဒီလိုအဆင့္အတန္းနဲ႔ အသင္းႀကီးမ်ဳိးကို ေျပာင္းေရႊ႕ႏုိင္ခဲ့လုိ႔ ဂုဏ္ယူေၾကာင္းလည္း ဆုိခဲ့ပါတယ္။

“ဒီအသင္းကို ေျပာင္းေရႊ႕ခြင့္ရတာ မယုံႏုိင္စရာ အခြင့္အေရးတစ္ရပ္လည္းျဖစ္ၿပီး အသင္းရဲ႕ အံ့ၾသစရာ သမုိင္းေၾကာင္းကလည္း ႀကီးမားလွပါတယ္။ အုိင္းယက္စ္က လူအားလုံးကိုလည္း ေက်းဇူးတင္ၿပီး ကၽြန္ေတာ့္ရဲ႕ ကစားသမားဘဝ ေျခလွမ္းသစ္မွာ အျမင့္ဆုံးေျခစြမ္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္လို အဆင့္အျမင့္ဆုံးအသင္းအတြက္ ကစားေပးႏုိင္ဖို႔ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္”လို႔ ဗန္ဒဘိခ္က အသင္းဝက္ဘ္ဆုိက္က တစ္ဆင့္ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: MAN UTD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာတော့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ တစ်ဖန်ပြန်လည် ဦးမော့လာခဲ့ပြီဖြစ်ပြီး သူတို့ရဲ့ ကစားသမားသစ်အဖြစ် ဒွန်နီ ဗန်ဒဘိခ်ကို အိုင်းယက်စ်အသင်းကနေ အပြီးသတ်ခေါ်ယူနိုင်လိုက်ပြီဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်ကနေ ထုတ်ပြန် လိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဒတ်ချ်ကွင်းလယ်လူဟာ အိုင်းယက်စ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ အသင်းကြီးကစားသမားဘဝကို ၂၀၁၅ ခုနှစ်မှာ ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်ပြီး ကျောနံပါတ် ၆ ကို ဝတ်ဆင်ခွင့်ရရှိခဲ့သလို ဒီနေ့မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက အသင်းအတွက် ၁၇ ဂိုးသွင်း ၁၃ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ဗန်ဒဘိခ်ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ကိုဗစ်-၁၉ ကြောင့် ပျက်ပြယ်ခဲ့ရချိန်မှာ ကွင်းလယ်ကစားသမားကောင်းတွေ လိုအပ်နေတဲ့ ယူနိုက်တက်က အခွင့်အရေးကို အရယူနိုင်ခဲ့ပြီး ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရာသီမကုန်ခင် ရပ်တန့်ခဲ့ရတဲ့ နယ်သာလန် ပထမတန်းနဲ့ အိုင်းယက်စ်ရဲ့ ဘောလုံးရာသီအတွက် ၁၀ ဂိုးသွင်းပြီး ၉ ဂိုး ဖန်တီးပေးခဲ့တဲ့ ဗန်ဒဘိခ်အနေနဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ အက်ဘ်ဒဲလ်ဟက် နူရီရဲ့ ကျောနံပါတ် ၃၄ ကို အိုးလ်ထရက်ဖို့ဒ်မှာ ဝတ်ဆင်သွားဖို့ ရှိနေပြီး ဒီလိုအဆင့်အတန်းနဲ့ အသင်းကြီးမျိုးကို ပြောင်းရွှေ့နိုင်ခဲ့လို့ ဂုဏ်ယူကြောင်းလည်း ဆိုခဲ့ပါတယ်။

“ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရတာ မယုံနိုင်စရာ အခွင့်အရေးတစ်ရပ်လည်းဖြစ်ပြီး အသင်းရဲ့ အံ့သြစရာ သမိုင်းကြောင်းကလည်း ကြီးမားလှပါတယ်။ အိုင်းယက်စ်က လူအားလုံးကိုလည်း ကျေးဇူးတင်ပြီး ကျွန်တော့်ရဲ့ ကစားသမားဘဝ ခြေလှမ်းသစ်မှာ အမြင့်ဆုံးခြေစွမ်းနဲ့ မန်ချက်စတာယူနိုက်တက်လို အဆင့်အမြင့်ဆုံးအသင်းအတွက် ကစားပေးနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ ဗန်ဒဘိခ်က အသင်းဝက်ဘ်ဆိုက်က တစ်ဆင့် ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: MAN UTD
PHOTOS CREDIT TO OWNERS
SPORTS A2Z.