Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂.၉.၂၀၂၀

– ဂြါဒီယိုလာဟာ သူ႕ကို လူေတြ အထင္ႀကီးသထက္ႀကီးေအာင္နဲ႔ ပြဲတစ္ပြဲမွာ ေျပာစမွတ္ျပဳစရာက်န္ခဲ့ေအာင္ အျမဲတမ္းလုပ္ေဆာင္ေနသူ ျဖစ္ၿပီး ဒါက ဘာစီလိုနာလို လာမာစီယာအကယ္ဒမီမ်ဳိး မရွိတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ မန္ခ်က္စတာစီးတီးအသင္းကို ထိခိုက္နစ္နာေစခဲ့တယ္လုိ႔ လီယြန္ကို သုံးဂိုး-တစ္ဂိုးနဲ႔ ရွဳံးတဲ့ပြဲကို ရည္ညႊန္းၿပီး ဂ်ာမန္ဂႏၴဝင္ လုိသာ မက္ေသးယပ္စ္ ေဝဖန္။

– နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီအေနနဲ႔ သူနဲ႔ ပုဂၢဳိလ္ေရးသေဘာတူညီမွဳရရွိထားတဲ့ မန္ခ်က္စတာစီးတီးအသင္းဆီ ေျပာင္းေရႊ႕ဖို႔ အထုပ္အပိုး ျပင္ၿပီးေနၿပီလို႔ သိရၿပီး စီးတီးဘက္က ေနာက္ဆုံးကမ္းလွမ္းမွဳျဖစ္ႏုိင္တဲ့ ယူ႐ုိသန္း ၇၀ + ဆုေၾကးခံစားခြင့္ ယူ႐ို ၅ သန္းနဲ႔ သေဘာတူညီမွဳရမလားကိုပဲ ေစာင့္ၾကည့္ေန။

– မက္ဆီအတြက္ City Football Group ဘက္က ကမ္းလွမ္းထားတဲ့ ငါးႏွစ္စာခ်ဳပ္မွာ ယူ႐ုိသန္း ၇၀၀ (ေပါင္ ၆၂၃ သန္း) ေပးေခ်သြားဖို႔ ရွိေနၿပီး သူ႕ကို ပုိင္ဆုိင္မွဳကေတာ့ မန္ခ်က္စတာစီးတီးထက္ စီးတီးအုပ္စုျဖစ္တာေၾကာင့္ အစ္တီဟတ္မွာ သုံးႏွစ္ကစားၿပီးရင္ လက္က်န္ ႏွစ္ႏွစ္ကို ေမဂ်ာလိဂ္ရဲ႕ နယူးေယာက္စီးတီးမွာ သြားေရာက္ျဖတ္သန္းရႏိုင္။

– ဘာစီလိုနာအသင္းရဲ႕ ဥကၠဌ ဘာတုိမူအေနနဲ႔ ရာထူးက ႏုတ္ထြက္ေပးဖို႔ ကမ္းလွမ္းထားတဲ့အျပင္ တျခားရာထူးႀကီးပုိင္းထဲက တာဝန္ရွိသူေတြကပါ မက္ဆီကို ဆက္ရွိေနဖို႔ ကမ္းလွမ္းထားေပမယ့္ ဖခင္ျဖစ္သူ ေဟာ္ဟဲကေတာ့ ကာတာလန္အသင္းမွာ ဆက္ေနဖို႔ အရမ္းခက္ခဲသြားၿပီလုိ႔ဆို။

– “မက္ဆီက အေကာင္းဆုံးေဘာလုံးသမားပဲ မဟုတ္လား၊ မဟုတ္ဘူးလုိ႔လည္း ဘယ္သူမွ ေျပာႏုိင္မွာ မဟုတ္ဘူး”လို႔ မန္စီးတီးရဲ႕ ေပၚတူဂီေနာက္ခံလူ ဂ်ာအို ကန္ဆယ္လိုက ေျပာၾကားလုိက္ၿပီး သူ႕အေနနဲ႔ ဒီကို ေရာက္လာတာနဲ႔ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးရာသီတစ္ခုကို ပုိင္ဆိုင္ႏုိင္လိမ့္မယ္လို႔ ထင္ေၾကးေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဂွါဒီယိုလာဟာ သူ့ကို လူတွေ အထင်ကြီးသထက်ကြီးအောင်နဲ့ ပွဲတစ်ပွဲမှာ ပြောစမှတ်ပြုစရာကျန်ခဲ့အောင် အမြဲတမ်းလုပ်ဆောင်နေသူ ဖြစ်ပြီး ဒါက ဘာစီလိုနာလို လာမာစီယာအကယ်ဒမီမျိုး မရှိတဲ့ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာစီးတီးအသင်းကို ထိခိုက်နစ်နာစေခဲ့တယ်လို့ လီယွန်ကို သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးတဲ့ပွဲကို ရည်ညွှန်းပြီး ဂျာမန်ဂန္ထဝင် လိုသာ မက်သေးယပ်စ် ဝေဖန်။

– နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအနေနဲ့ သူနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားတဲ့ မန်ချက်စတာစီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ အထုပ်အပိုး ပြင်ပြီးနေပြီလို့ သိရပြီး စီးတီးဘက်က နောက်ဆုံးကမ်းလှမ်းမှုဖြစ်နိုင်တဲ့ ယူရိုသန်း ၇၀ + ဆုကြေးခံစားခွင့် ယူရို ၅ သန်းနဲ့ သဘောတူညီမှုရမလားကိုပဲ စောင့်ကြည့်နေ။

– မက်ဆီအတွက် City Football Group ဘက်က ကမ်းလှမ်းထားတဲ့ ငါးနှစ်စာချုပ်မှာ ယူရိုသန်း ၇၀၀ (ပေါင် ၆၂၃ သန်း) ပေးချေသွားဖို့ ရှိနေပြီး သူ့ကို ပိုင်ဆိုင်မှုကတော့ မန်ချက်စတာစီးတီးထက် စီးတီးအုပ်စုဖြစ်တာကြောင့် အစ်တီဟတ်မှာ သုံးနှစ်ကစားပြီးရင် လက်ကျန် နှစ်နှစ်ကို မေဂျာလိဂ်ရဲ့ နယူးယောက်စီးတီးမှာ သွားရောက်ဖြတ်သန်းရနိုင်။

– ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဘာတိုမူအနေနဲ့ ရာထူးက နုတ်ထွက်ပေးဖို့ ကမ်းလှမ်းထားတဲ့အပြင် တခြားရာထူးကြီးပိုင်းထဲက တာဝန်ရှိသူတွေကပါ မက်ဆီကို ဆက်ရှိနေဖို့ ကမ်းလှမ်းထားပေမယ့် ဖခင်ဖြစ်သူ ဟော်ဟဲကတော့ ကာတာလန်အသင်းမှာ ဆက်နေဖို့ အရမ်းခက်ခဲသွားပြီလို့ဆို။

– “မက်ဆီက အကောင်းဆုံးဘောလုံးသမားပဲ မဟုတ်လား၊ မဟုတ်ဘူးလို့လည်း ဘယ်သူမှ ပြောနိုင်မှာ မဟုတ်ဘူး”လို့ မန်စီးတီးရဲ့ ပေါ်တူဂီနောက်ခံလူ ဂျာအို ကန်ဆယ်လိုက ပြောကြားလိုက်ပြီး သူ့အနေနဲ့ ဒီကို ရောက်လာတာနဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်ကြေးပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.