Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂.၉.၂၀၂၀

– ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအတြက္ အက္သလက္တီကို မက္ဒရစ္အသင္းက ေတာင္းဆုိထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးပမာဏကို ေပးေခ်ဖို႔ အစီအစဥ္မရွိဘူးလို႔ အာဆင္နယ္အသင္းဘက္က ေျပာၾကားလုိက္ၿပီး ကစားသမားနဲ႔ တစ္ဖက္အသင္းကို ဖိအားေပးသြားဖို႔ စီစဥ္။

– ဒီေန႔(ဗုဒၶဟူးေန႔)မွာ စပိန္ကေန လန္ဒန္ကို ေရာက္ရွိလာမယ္ဆုိတဲ့ ဒါနီ စီဘာေယာ့စ္အတြက္ အာဆင္နယ္တုိ႔ တစ္ႏွစ္အငွားစာခ်ဳပ္ကို ထပ္မံေၾကျငာႏုိင္ဖြယ္ရွိေနၿပီး ယူ႐ို ၂၅ သန္းနဲ႔ အၿပီးသတ္ကမ္းလွမ္းမွဳ သေဘာမတူခ်ိန္မွာ အငွားေၾကး ယူ႐ို ၅ သန္း ေပးေခ်ခဲ့ရ။

– ဘရန္႔ဖို႔ဒ္ရဲ႕ ဂိုးသမား ေဒးဗစ္ ရာယာနဲ႔ ေတာင္ပံကစားသမား ဆာအိဒ္ ဘန္ရာမာတုိ႔ကို ေခၚယူဖို႔ အာဆင္နယ္အသင္းက ခ်ဥ္းကပ္ေနၿပီး ကစားသမားႏွစ္ဦးစလုံး ေျခစမ္းပြဲမွာ ခ်န္လွပ္ခံထားရခ်ိန္မွာ ခန္႔မွန္းမွဳေတြ ပုိမုိျမင့္တက္လာ။

– ကြင္းလယ္လူ ဂန္ဒူဇီကို ေခၚယူဖို႔ အာဆင္နယ္ဘက္က ကမ္းလွမ္းမွဳကို ပယ္ခ်ထားေပမယ့္ အသင္းက ဆက္လက္ထိန္းသိမ္းထားလိုတဲ့ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို ပီအက္စ္ဂ်ီအသင္းက အသည္းအသန္အလိုရွိေနၿပီး ပထမအႀကိမ္ ယူ႐ိုသန္း ၃၀ နဲ႔ ကမ္းလွမ္းထား။

– အာဆင္နယ္အသင္းအေနနဲ႔ ပါေတးကို ေခၚယူဖို႔ အလိုရွိေနတဲ့အျပင္ လီယြန္ရဲ႕ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ေခၚယူႏုိင္ဖို႔အတြက္လည္း ေဆြးေႏြးေနတယ္လုိ႔ အက္သလက္တစ္ရဲ႕ ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိန္း ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကွင်းလယ်လူ သောမတ်စ် ပါတေးအတွက် အက်သလက်တီကို မက်ဒရစ်အသင်းက တောင်းဆိုထားတဲ့ စာချုပ်လျော်ကြေးပမာဏကို ပေးချေဖို့ အစီအစဉ်မရှိဘူးလို့ အာဆင်နယ်အသင်းဘက်က ပြောကြားလိုက်ပြီး ကစားသမားနဲ့ တစ်ဖက်အသင်းကို ဖိအားပေးသွားဖို့ စီစဉ်။

– ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ စပိန်ကနေ လန်ဒန်ကို ရောက်ရှိလာမယ်ဆိုတဲ့ ဒါနီ စီဘာယော့စ်အတွက် အာဆင်နယ်တို့ တစ်နှစ်အငှားစာချုပ်ကို ထပ်မံကြေငြာနိုင်ဖွယ်ရှိနေပြီး ယူရို ၂၅ သန်းနဲ့ အပြီးသတ်ကမ်းလှမ်းမှု သဘောမတူချိန်မှာ အငှားကြေး ယူရို ၅ သန်း ပေးချေခဲ့ရ။

– ဘရန့်ဖို့ဒ်ရဲ့ ဂိုးသမား ဒေးဗစ် ရာယာနဲ့ တောင်ပံကစားသမား ဆာအိဒ် ဘန်ရာမာတို့ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက ချဉ်းကပ်နေပြီး ကစားသမားနှစ်ဦးစလုံး ခြေစမ်းပွဲမှာ ချန်လှပ်ခံထားရချိန်မှာ ခန့်မှန်းမှုတွေ ပိုမိုမြင့်တက်လာ။

– ကွင်းလယ်လူ ဂန်ဒူဇီကို ခေါ်ယူဖို့ အာဆင်နယ်ဘက်က ကမ်းလှမ်းမှုကို ပယ်ချထားပေမယ့် အသင်းက ဆက်လက်ထိန်းသိမ်းထားလိုတဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ပီအက်စ်ဂျီအသင်းက အသည်းအသန်အလိုရှိနေပြီး ပထမအကြိမ် ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းထား။

– အာဆင်နယ်အသင်းအနေနဲ့ ပါတေးကို ခေါ်ယူဖို့ အလိုရှိနေတဲ့အပြင် လီယွန်ရဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ခေါ်ယူနိုင်ဖို့အတွက်လည်း ဆွေးနွေးနေတယ်လို့ အက်သလက်တစ်ရဲ့ ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်း ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.