International Premier League

အာနိုးလ်ဒ်ကို မရွေးလို့ အင်္ဂလန်ကျရှုံးတာ တစ်ကြောင်းလို့ အုပ်ထည့်လိုက်တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ်က အင်္ဂလန်အသင်းအနေနဲ့ သူ့ရဲ့ နောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို မရွေးချယ်ခဲ့လို့ ရလဒ်တွေ မကောင်းဘဲ နေးရှင်းလိဂ်မှာ အရှက်တကွဲ အကျိုးနည်းနဲ့ တန်းဆင်းခဲ့ရတာလို့ မပြောရုံတမယ် လက်ရွေးစင်နည်းပြ ဂါရက်သ် ဆောက်ဂိတ်ကို အင်တာဗျူးမေးမြန်းမှုမှာ အုပ်ထည့်လိုက်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဒီလထဲ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ရီးစ် ဂျိမ်းစ်၊ ခိုင်လ် ဝေါ်လ်ကာနဲ့ ကီရန် ထရစ်ပီယာတို့ ညာနောက်ခံလူ သုံးဦးကို ရွေးချယ်ခဲ့ပေမယ့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကိုတော့ ပွဲနေ့လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး နှစ်ပွဲစလုံးမှာ အနိုင်မရဘဲ တစ်မှတ်သာ စုဆောင်းနိုင်ခဲ့လို့ တန်းဆင်းခဲ့ရတာပါ။

ဆောက်ဂိတ်ရဲ့ ကစားကွက်မှာ ခံစစ်သုံးယောက်တန်းအဖြစ် ကစားပြီး ညာနောက်ခံလူကို တောင်ပံမှာ အဓိက ကစားရမယ့် Wing Back အဖြစ် သုံးစွဲနေတာကိုတောင် ခံစစ်ကို အလွန်အကျွံ အာရုံစိုက် ပိတ်ကစားနေပြီး အသက် ၂၃ နှစ်အရွယ် လီဗာပူးလ် ကစားသမားကို ခံစစ်ကစားပုံ မကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ သူ့ကို မေးခွန်းထုတ်ခဲ့တဲ့ သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ သူ့အတွက်တော့ ဘယ်လိုပွဲမျိုးဖြစ်ဖြစ် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ ဦးစားပေး ကစားသမားလို့ ပြောကြားလိုက်ပြီး ဒီအသက်အရွယ်မှာ ဒီလောက်ကောင်းနေတဲ့ ကစားသမားအတွက် ဘာတွေ ဝါရီပွားနေတာလဲလို့ ဆိုလိုက်တာပါ။

“ခင်ဗျားက ဘာလဲ… ဒီအောက်ဖဲကို လှန်ချပြချင်တယ်ပေါ့။ ဟုတ်ပြီလေ… ကျုပ်အခုဖြေလိုက်တဲ့ အဖြေကတော့ သတင်းခေါင်းကြီးမှာ ပါသွားတော့မှာပဲ။ အဲ့ဒါက သူတို့တွေအနေနဲ့ အသင်းကို မှန်မှန်ကန်ကန် မတည်ဆောက်နိုင်တဲ့ အကြောင်းတစ်ရပ်လည်း ဖြစ်နေတယ်”လို့ ဂျာမန်သား နည်းပြက အင်တာဗျူးမှာ ထုတ်ပြောလိုက်ပါတယ်။

“ဘာတဲ့… သူက ခံစစ်သမားကောင်းတစ်ယောက် မဟုတ်လို့တဲ့… ဟုတ်လား။ ပြောနေတာတွေက မှန်မှ မမှန်တာ။ သူက ခံစစ်သမားကောင်း တစ်ယောက်ဖြစ်ပြီး တစ်ချိန်ချိန်မှာ ဆိုးရွားတဲ့ တိုက်ဆိုင်မှုမျိုးလောက်တော့ ရှိမှာပေါ့ဗျာ။ အသက်က ၂၃ နှစ်ပဲ ရှိသေးတာဆိုတော့ အများကြီး တိုးတက်လာဦးမှာ။ အဲ့ဒီကိစ္စကို ဖယ်ထားပြီး သူက ကျုပ်တို့အတွက် ဘယ်လောက် တိုက်စစ်ကို ပံ့ပိုးပေးနိုင်သလဲ ကြည့်တော့…”

“သူက အင်္ဂလန်အသင်းအတွက် ပွဲထွက်ရမယ့် ကစားသမားမျိုးပဲ။ ဘယ်အသင်းကိုပဲ ကျုပ်ကိုင်ကိုင်၊ သူ့ကို ရအောင် ခေါ်မယ်… သူ့ကို ပွဲထွက်ခိုင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ထူးခြားကောင်းမွန်လွန်းတဲ့ ကစားသမားတစ်ယောက်မို့လို့ပဲ… အဲ့လိုဆို ရပြီလား။ ဆောက်ဂိတ်လား… အသင်းတစ်သင်းကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အလုပ်ကို လုပ်ကြည့်ပေါ့လေ”လို့ ကလော့ပ်က မဆဲရုံတမယ် တိုက်ခိုက်ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ကစားသမားတွေကို အမြဲတမ်း အလွဲသုံးတတ်သလို မှန်ကန်တဲ့ ကစားသမားတွေကို ရွေးချယ်နိုင်ခြင်း မရှိတာအတွက်လည်း ပရိသတ်တွေက ကြီးမားတဲ့ ဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုနဲ့ ရင်ဆိုင်နေရပြီး ဟာရီ မက်ဂွိုင်းယားလို အမှားများလွန်းလို့ အသင်းက ပေးမကစားတဲ့သူကို ဆက်တိုက်သုံးစွဲခဲ့တဲ့ လုပ်ရပ်ကလည်း စိတ်ပျက်စရာဖြစ်ခဲ့တာပါ။

ဒီကြားထဲမှာ အာဆင်နယ်ညာတောင်ပံကစားသမား ဘူကာယို ဆာကာကို ဘယ်နောက်ခံမှာ သုံးခဲ့တာ၊ မဟုတ်တဲ့ ကစားသမားတွေကို ကစားနေကျ ပုံစံနဲ့ တခြားစီသုံးပြီး ဟန်ဂေရီကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ရလို့ အရှက်ကွဲခဲ့တာတွေက မစ်ဒယ်ဘရော့နည်းပြဟောင်းအတွက် အရှက်ကွဲဖို့ ဖြစ်ခဲ့အပြီးမှ လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ သူ့ကို အုပ်ထည့်လိုက်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်နည်းပြဖြစ်လာခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းရဲ႕ နည္းျပႀကီး ယာဂန္ ကေလာ့ပ္က အဂၤလန္အသင္းအေနနဲ႔ သူ႔ရဲ႕ ေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို မေ႐ြးခ်ယ္ခဲ့လို႔ ရလဒ္ေတြ မေကာင္းဘဲ ေနးရွင္းလိဂ္မွာ အရွက္တကြဲ အက်ိဳးနည္းနဲ႔ တန္းဆင္းခဲ့ရတာလို႔ မေျပာ႐ုံတမယ္ လက္ေ႐ြးစင္နည္းျပ ဂါရက္သ္ ေဆာက္ဂိတ္ကို အင္တာဗ်ဴးေမးျမန္းမႈမွာ အုပ္ထည့္လိုက္ပါတယ္။

အဂၤလန္အသင္းအေနနဲ႔ ဒီလထဲ ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္ေတြမွာ ရီးစ္ ဂ်ိမ္းစ္၊ ခိုင္လ္ ေဝၚလ္ကာနဲ႔ ကီရန္ ထရစ္ပီယာတို႔ ညာေနာက္ခံလူ သုံးဦးကို ေ႐ြးခ်ယ္ခဲ့ေပမယ့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကိုေတာ့ ပြဲေန႔လူစာရင္းကေန ခ်န္လွပ္ခဲ့ၿပီး ႏွစ္ပြဲစလုံးမွာ အႏိုင္မရဘဲ တစ္မွတ္သာ စုေဆာင္းႏိုင္ခဲ့လို႔ တန္းဆင္းခဲ့ရတာပါ။

ေဆာက္ဂိတ္ရဲ႕ ကစားကြက္မွာ ခံစစ္သုံးေယာက္တန္းအျဖစ္ ကစားၿပီး ညာေနာက္ခံလူကို ေတာင္ပံမွာ အဓိက ကစားရမယ့္ Wing Back အျဖစ္ သုံးစြဲေနတာကိုေတာင္ ခံစစ္ကို အလြန္အကြၽံ အာ႐ုံစိုက္ ပိတ္ကစားေနၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ လီဗာပူးလ္ ကစားသမားကို ခံစစ္ကစားပုံ မေကာင္းလို႔ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ကေလာ့ပ္ကေတာ့ သူ႔ကို ေမးခြန္းထုတ္ခဲ့တဲ့ သတင္းေထာက္ေတြနဲ႔ အင္တာဗ်ဴးမွာ သူ႔အတြက္ေတာ့ ဘယ္လိုပြဲမ်ိဳးျဖစ္ျဖစ္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ ဦးစားေပး ကစားသမားလို႔ ေျပာၾကားလိုက္ၿပီး ဒီအသက္အ႐ြယ္မွာ ဒီေလာက္ေကာင္းေနတဲ့ ကစားသမားအတြက္ ဘာေတြ ဝါရီပြားေနတာလဲလို႔ ဆိုလိုက္တာပါ။

“ခင္ဗ်ားက ဘာလဲ… ဒီေအာက္ဖဲကို လွန္ခ်ျပခ်င္တယ္ေပါ့။ ဟုတ္ၿပီေလ… က်ဳပ္အခုေျဖလိုက္တဲ့ အေျဖကေတာ့ သတင္းေခါင္းႀကီးမွာ ပါသြားေတာ့မွာပဲ။ အဲ့ဒါက သူတို႔ေတြအေနနဲ႔ အသင္းကို မွန္မွန္ကန္ကန္ မတည္ေဆာက္ႏိုင္တဲ့ အေၾကာင္းတစ္ရပ္လည္း ျဖစ္ေနတယ္”လို႔ ဂ်ာမန္သား နည္းျပက အင္တာဗ်ဴးမွာ ထုတ္ေျပာလိုက္ပါတယ္။

“ဘာတဲ့… သူက ခံစစ္သမားေကာင္းတစ္ေယာက္ မဟုတ္လို႔တဲ့… ဟုတ္လား။ ေျပာေနတာေတြက မွန္မွ မမွန္တာ။ သူက ခံစစ္သမားေကာင္း တစ္ေယာက္ျဖစ္ၿပီး တစ္ခ်ိန္ခ်ိန္မွာ ဆိုး႐ြားတဲ့ တိုက္ဆိုင္မႈမ်ိဳးေလာက္ေတာ့ ရွိမွာေပါ့ဗ်ာ။ အသက္က ၂၃ ႏွစ္ပဲ ရွိေသးတာဆိုေတာ့ အမ်ားႀကီး တိုးတက္လာဦးမွာ။ အဲ့ဒီကိစၥကို ဖယ္ထားၿပီး သူက က်ဳပ္တို႔အတြက္ ဘယ္ေလာက္ တိုက္စစ္ကို ပံ့ပိုးေပးႏိုင္သလဲ ၾကည့္ေတာ့…”

“သူက အဂၤလန္အသင္းအတြက္ ပြဲထြက္ရမယ့္ ကစားသမားမ်ိဳးပဲ။ ဘယ္အသင္းကိုပဲ က်ဳပ္ကိုင္ကိုင္၊ သူ႔ကို ရေအာင္ ေခၚမယ္… သူ႔ကို ပြဲထြက္ခိုင္းမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက ထူးျခားေကာင္းမြန္လြန္းတဲ့ ကစားသမားတစ္ေယာက္မို႔လို႔ပဲ… အဲ့လိုဆို ရၿပီလား။ ေဆာက္ဂိတ္လား… အသင္းတစ္သင္းကို ဘယ္လိုတည္ေဆာက္ရမလဲဆိုတဲ့ အလုပ္ကို လုပ္ၾကည့္ေပါ့ေလ”လို႔ ကေလာ့ပ္က မဆဲ႐ုံတမယ္ တိုက္ခိုက္ေျပာၾကားသြားခဲ့ပါတယ္။

အဂၤလန္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ ကစားသမားေတြကို အၿမဲတမ္း အလြဲသုံးတတ္သလို မွန္ကန္တဲ့ ကစားသမားေတြကို ေ႐ြးခ်ယ္ႏိုင္ျခင္း မရွိတာအတြက္လည္း ပရိသတ္ေတြက ႀကီးမားတဲ့ ဆန႔္က်င္ကန႔္ကြက္ရႈတ္ခ်မႈနဲ႔ ရင္ဆိုင္ေနရၿပီး ဟာရီ မက္ဂြိဳင္းယားလို အမွားမ်ားလြန္းလို႔ အသင္းက ေပးမကစားတဲ့သူကို ဆက္တိုက္သုံးစြဲခဲ့တဲ့ လုပ္ရပ္ကလည္း စိတ္ပ်က္စရာျဖစ္ခဲ့တာပါ။

ဒီၾကားထဲမွာ အာဆင္နယ္ညာေတာင္ပံကစားသမား ဘူကာယို ဆာကာကို ဘယ္ေနာက္ခံမွာ သုံးခဲ့တာ၊ မဟုတ္တဲ့ ကစားသမားေတြကို ကစားေနက် ပုံစံနဲ႔ တျခားစီသုံးၿပီး ဟန္ေဂရီကို ႏွစ္ေက်ာ့စလုံး ရႈံးနိမ့္ခဲ့ရလို႔ အရွက္ကြဲခဲ့တာေတြက မစ္ဒယ္ဘေရာ့နည္းျပေဟာင္းအတြက္ အရွက္ကြဲဖို႔ ျဖစ္ခဲ့အၿပီးမွ လီဗာပူးလ္နည္းျပ ကေလာ့ပ္ကေတာ့ သူ႔ကို အုပ္ထည့္လိုက္တဲ့ ပထမဆုံး ပရီးမီးယားလိဂ္နည္းျပျဖစ္လာခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.