Premier League

စက်တင်ဘာအကောင်းဆုံးဆုကို ရရှိသွားကြတဲ့ ယူနိုက်တက်ရဲ့ ရက်ရှ်ဖို့ဒ်နဲ့ တန်ဟတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ စက်တင်ဘာလအတွက် စွမ်းဆောင်ရည်အမြင့်မားဆုံးသူအတွက် ပေးအပ်တဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပြီး နည်းပြ အဲရစ် တန်ဟတ်ကလည်း အကောင်းဆုံးဆုကို သိမ်းပိုက်နိုင်ခဲ့လို့ သရဲနီပရိသတ်တွေအတွက်တော့ ဂုဏ်ယူစရာ နေ့တစ်နေ့ ဖြစ်သွားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကစားသမားဟာ စက်တင်ဘာလအတွင်းမှာ အသင်းနဲ့ နှစ်ပွဲကစားရာမှာ နှစ်ဂိုးသွင်း နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းနဲ့အတူ နှစ်ပွဲကစား နှစ်ပွဲအနိုင်ရရှိခဲ့တာဖြစ်လို့ ဒီဆုကို ရရှိခဲ့တာဖြစ်သလို သူ့ရဲ့ ကစားသမားဘဝမှာတော့ ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။

“ဒါက ကောင်းမွန်တဲ့ ခံစားမှုပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ ဒီရာသီကို အကောင်းဆုံး မစတင်နိုင်ခဲ့ပေမယ့် အဆိုးတွေကြားက ရုန်းထွက်ဖို့ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့လို့ပါပဲ”လို့ ဆိုလိုက်ပြီး အသင်းအနေနဲ့ နည်းပြသစ်နဲ့အတူ အသားကျဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတော့ သူလုပ်စေချင်တာတွေကို လုပ်ပေးနိုင်နေပြီလို့ အဲရစ် တန်ဟတ်နဲ့ လက်တွဲမှုကိုလည်း ပြောပြလိုက်ပါတယ်။

“စက်တင်ဘာလအတွက် ကျွန်တော့်ရဲ့ စိတ်ခံစားမှု အကောင်းဆုံး အချိန်ကတော့ သွင်းဂိုးတွေ မဟုတ်ဘဲ ဖန်တီးနိုင်ခဲ့တဲ့ အချိန်ပါပဲ။ ဒါက အန်တိုနီရဲ့ ပထမဆုံးဂိုးကို သူ့ရဲ့ ပွဲဦးထွက်မှာ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး သူ့အတွက် အရေးပါတဲ့ ဂိုးနဲ့ ယုံကြည်မှု၊ သတ္တိ၊ အသင်းစိတ်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တာပါ”လို့လည်း ရက်ရှ်ဖို့ဒ်က ဆိုသွားခဲ့တာပါ။

ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနိုင်ခဲ့တာဖြစ်ပြီး စက်တင်ဘာလအကောင်းဆုံးဆုအတွက်တော့ ဖိလစ် ဘီလင်း၊ ကီဗင် ဒီဘရိုင်းနား၊ ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ်၊ အဲလက်စ် အီဝိုဘီ၊ ဂျက်ကော့ဘ် ရမ်ဆေးတို့နဲ့အတူ ပြိုင်ဆိုင်ခဲ့ရတာဖြစ်သလို နောက်ဆုံးမှာတော့ ၂၀၁၉ ဇန်နဝါရီကတည်းက ဝေးကွာနေတဲ့ဆုကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ကတော့ အသင်းကို စက်တင်ဘာလအတွင်း ကစားတဲ့ နှစ်ပွဲအပါအဝင် လေးပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အာဆင်နယ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရရှိအောင် ဗျူဟာမြောက်ကစားနိုင်ခဲ့တာကြောင့် ဒီဆုနဲ့ ထိုက်တန်ခဲ့တယ်လို့လည်း ဆိုရမှာပါ။

အသက် ၅၂ နှစ်အရွယ် နည်းပြအနေနဲ့ ဒီဆုအတွက် အကောင်းဆုံးပုံစံကို ရရှိနေတဲ့ ဘုန်းမောက် ယာယီနည်းပြ ဂယ်ရီ အိုနီးလ်၊ တော့တင်ဟမ် ဟော့စပါးစ်နည်းပြ အန်တိုနီယို ကွန်တီတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး လက်စတာနဲ့ အာဆင်နယ်တို့ကို စက်တင်ဘာလထဲမှာ အနိုင်ရအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တန်ဟတ်အနေနဲ့ ဒတ်ချ်နည်းပြတွေထဲမှာ ရော်နယ်လ် ကိုးမန်းရဲ့ ၂၀၁၆ ဇန်နဝါရီလက ဆောက်သမ်တန်အသင်းနဲ့ ရယူခဲ့ပြီးနောက်ပိုင်းမှာ ထပ်မံရရှိမှုဖြစ်လာခဲ့သလို မန်ချက်စတာယူနိုက်တက်နည်းပြတွေထဲမှာတော့ ၂၀၁၉ ဇန်နဝါရီက အိုလီ ဂန်နာ ဆိုးလ်ရှားနောက်ပိုင်းမှာ ပထမဆုံး ထပ်မံရရှိခဲ့တာလည်းဖြစ်လာခဲ့တာပါ။

ဒီလိုမျိုး ယူနိုက်တက်တစ်သင်းတည်းက ရက်ရှ်ဖို့ဒ်နဲ့ ဆိုးလ်ရှားတို့ရဲ့ ၂၀၁၉ ဇန်နဝါရီမှာ ရယူခဲ့ပြီးနောက်ပိုင်း ရက်ရှ်ဖို့ဒ်နဲ့ တန်ဟတ်တို့ ပူးပေါင်း ရယူနိုင်မှုဟာ သုံးနှစ်ကျော် ကာလအတွင်း နောက်ထပ် တစ်ကြိမ် ပထမဆုံး တိုက်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး စက်တင်ဘာလအတွက်တော့ သရဲနီပရိသတ်တွေ ဂုဏ်ယူနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ စက္တင္ဘာလအတြက္ စြမ္းေဆာင္ရည္အျမင့္မားဆုံးသူအတြက္ ေပးအပ္တဲ့ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့ၿပီး နည္းျပ အဲရစ္ တန္ဟတ္ကလည္း အေကာင္းဆုံးဆုကို သိမ္းပိုက္ႏိုင္ခဲ့လို႔ သရဲနီပရိသတ္ေတြအတြက္ေတာ့ ဂုဏ္ယူစရာ ေန႔တစ္ေန႔ ျဖစ္သြားခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ အဂၤလန္ကစားသမားဟာ စက္တင္ဘာလအတြင္းမွာ အသင္းနဲ႔ ႏွစ္ပြဲကစားရာမွာ ႏွစ္ဂိုးသြင္း ႏွစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့ၿပီး အသင္းနဲ႔အတူ ႏွစ္ပြဲကစား ႏွစ္ပြဲအႏိုင္ရရွိခဲ့တာျဖစ္လို႔ ဒီဆုကို ရရွိခဲ့တာျဖစ္သလို သူ႔ရဲ႕ ကစားသမားဘဝမွာေတာ့ ဒုတိယအႀကိမ္ေျမာက္ ရယူႏိုင္ခဲ့တာပါ။

“ဒါက ေကာင္းမြန္တဲ့ ခံစားမႈေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီရာသီကို အေကာင္းဆုံး မစတင္ႏိုင္ခဲ့ေပမယ့္ အဆိုးေတြၾကားက ႐ုန္းထြက္ဖို႔ စြမ္းေဆာင္ရည္ေကာင္းကို ျပသႏိုင္ခဲ့လို႔ပါပဲ”လို႔ ဆိုလိုက္ၿပီး အသင္းအေနနဲ႔ နည္းျပသစ္နဲ႔အတူ အသားက်ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ လက္ရွိမွာေတာ့ သူလုပ္ေစခ်င္တာေတြကို လုပ္ေပးႏိုင္ေနၿပီလို႔ အဲရစ္ တန္ဟတ္နဲ႔ လက္တြဲမႈကိုလည္း ေျပာျပလိုက္ပါတယ္။

“စက္တင္ဘာလအတြက္ ကြၽန္ေတာ့္ရဲ႕ စိတ္ခံစားမႈ အေကာင္းဆုံး အခ်ိန္ကေတာ့ သြင္းဂိုးေတြ မဟုတ္ဘဲ ဖန္တီးႏိုင္ခဲ့တဲ့ အခ်ိန္ပါပဲ။ ဒါက အန္တိုနီရဲ႕ ပထမဆုံးဂိုးကို သူ႔ရဲ႕ ပြဲဦးထြက္မွာ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ၿပီး သူ႔အတြက္ အေရးပါတဲ့ ဂိုးနဲ႔ ယုံၾကည္မႈ၊ သတၱိ၊ အသင္းစိတ္ဓာတ္ကို ျဖည့္ဆည္းေပးႏိုင္ခဲ့တာပါ”လို႔လည္း ရက္ရွ္ဖို႔ဒ္က ဆိုသြားခဲ့တာပါ။

ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဒီရာသီမွာ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိႏိုင္ခဲ့တာျဖစ္ၿပီး စက္တင္ဘာလအေကာင္းဆုံးဆုအတြက္ေတာ့ ဖိလစ္ ဘီလင္း၊ ကီဗင္ ဒီဘ႐ိုင္းနား၊ ပ်ယ္-အီမီးလ္ ဟြိဳင္ဘယာ့ဂ္၊ အဲလက္စ္ အီဝိုဘီ၊ ဂ်က္ေကာ့ဘ္ ရမ္ေဆးတို႔နဲ႔အတူ ၿပိဳင္ဆိုင္ခဲ့ရတာျဖစ္သလို ေနာက္ဆုံးမွာေတာ့ ၂၀၁၉ ဇန္နဝါရီကတည္းက ေဝးကြာေနတဲ့ဆုကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

နည္းျပ တန္ဟတ္ကေတာ့ အသင္းကို စက္တင္ဘာလအတြင္း ကစားတဲ့ ႏွစ္ပြဲအပါအဝင္ ေလးပြဲဆက္တိုက္ အႏိုင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး အာဆင္နယ္အသင္းကို အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ရရွိေအာင္ ဗ်ဴဟာေျမာက္ကစားႏိုင္ခဲ့တာေၾကာင့္ ဒီဆုနဲ႔ ထိုက္တန္ခဲ့တယ္လို႔လည္း ဆိုရမွာပါ။

အသက္ ၅၂ ႏွစ္အ႐ြယ္ နည္းျပအေနနဲ႔ ဒီဆုအတြက္ အေကာင္းဆုံးပုံစံကို ရရွိေနတဲ့ ဘုန္းေမာက္ ယာယီနည္းျပ ဂယ္ရီ အိုနီးလ္၊ ေတာ့တင္ဟမ္ ေဟာ့စပါးစ္နည္းျပ အန္တိုနီယို ကြန္တီတို႔နဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး လက္စတာနဲ႔ အာဆင္နယ္တို႔ကို စက္တင္ဘာလထဲမွာ အႏိုင္ရေအာင္ ကိုင္တြယ္ေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တန္ဟတ္အေနနဲ႔ ဒတ္ခ်္နည္းျပေတြထဲမွာ ေရာ္နယ္လ္ ကိုးမန္းရဲ႕ ၂၀၁၆ ဇန္နဝါရီလက ေဆာက္သမ္တန္အသင္းနဲ႔ ရယူခဲ့ၿပီးေနာက္ပိုင္းမွာ ထပ္မံရရွိမႈျဖစ္လာခဲ့သလို မန္ခ်က္စတာယူႏိုက္တက္နည္းျပေတြထဲမွာေတာ့ ၂၀၁၉ ဇန္နဝါရီက အိုလီ ဂန္နာ ဆိုးလ္ရွားေနာက္ပိုင္းမွာ ပထမဆုံး ထပ္မံရရွိခဲ့တာလည္းျဖစ္လာခဲ့တာပါ။

ဒီလိုမ်ိဳး ယူႏိုက္တက္တစ္သင္းတည္းက ရက္ရွ္ဖို႔ဒ္နဲ႔ ဆိုးလ္ရွားတို႔ရဲ႕ ၂၀၁၉ ဇန္နဝါရီမွာ ရယူခဲ့ၿပီးေနာက္ပိုင္း ရက္ရွ္ဖို႔ဒ္နဲ႔ တန္ဟတ္တို႔ ပူးေပါင္း ရယူႏိုင္မႈဟာ သုံးႏွစ္ေက်ာ္ ကာလအတြင္း ေနာက္ထပ္ တစ္ႀကိမ္ ပထမဆုံး တိုက္ဆိုင္ႏိုင္ခဲ့တာျဖစ္ၿပီး စက္တင္ဘာလအတြက္ေတာ့ သရဲနီပရိသတ္ေတြ ဂုဏ္ယူႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.