Article Premier League Transfer News

တစ္ခ်ိန္က လွ်မ္းလွ်မ္းေတာက္ ကိုလံဘီယာသားတစ္ေယာက္ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏုိင္မလား

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဟားမက္စ္ ႐ိုဒရီးရက္ဇ္ဟာ ေပၚတူဂီလိဂ္မွာ ေပၚတုိနဲ႔အတူ စတင္ေတာက္ပလာခဲ့ၿပီး မိုနာကိုမွာ လူသိပုိမ်ားခဲ့သလို ၂၀၁၄ ကမာၻ႕ဖလားအၿပီးမွာေတာ့ ဘာေနဗ်ဴးဆီ ေခၚယူခံခဲ့ရၿပီး ဘရာဇီးလ္ေျမက ေျခစြမ္းေတြကို ဆက္လက္ျပသႏုိင္ခဲ့ပါတယ္။

ပထမရာသီ ၂၀၁၄-၁၅ ရဲ႕ အဓိကၿပဳိင္ပြဲေတြမွာ ၄၅ ပြဲကစား ၁၆ ဂိုးသြင္း ၁၅ ဂိုး ဖန္တီးခဲ့တယ္ဆုိတာ ေကာင္မေလးေတြ အသည္းစြဲ ႐ုပ္ေျဖာင့္ေျဖာင့္ ကိုလံဘီယာသားေလးအတြက္ ဝင့္ၾကြားစရာ မွတ္တမ္းလည္းျဖစ္ၿပီး မိနစ္ ၉၀ တုိင္းမွာ ဝ.၅၁ ဂိုးနဲ႔ ဝ.၅၁ ဖန္တီးမွဳကို ျပသႏုိင္ခဲ့တာပါ။

ေနာက္ပုိင္းမွာေတာ့ နည္းျပေတြ အေျပာင္းအလဲမွာ သူ႐ုန္းကန္ခဲ့ရၿပီး ေနာက္တစ္ရာသီမွာ ေျခစြမ္းက်ခဲ့ေပမယ့္ ေနာက္ထပ္တစ္ရာသီမွာေတာ့ ၃၉ ပြဲမွာ ၁၂ ဂိုးသြင္း ၁၄ ဂိုး ဖန္တီးႏုိင္ခဲ့တယ္။ ဒါေပမယ့္ ထပ္မံ႐ုန္းကန္လာရၿပီး ဘိုင္ယန္ျမဴးနစ္ကို အငွားခ်ခံရခ်ိန္မွာ စစခ်င္းရာသီမွာပဲ ၉ ဂိုးသြင္း ၁၉ ဂိုး ဖန္တီးႏုိင္ခဲ့ေပမယ့္ ေနာက္တစ္ရာသီမွာ အေရးပါမွဳ ေလ်ာ့က်လာျခင္းနဲ႔အတူ ၇ ဂိုးသြင္း ၇ ဂိုးသာ ဖန္တီးႏုိင္ေတာ့လုိ႔ အငွားကို အၿပီးမသတ္ဘဲ ရီးရဲလ္မက္ဒရစ္ဆီ ျပန္ပုိ႔ခံခဲ့ရတာပါ။

သူ႕ရဲ႕ ကစားဟန္ကေတာ့ အလွအပနဲ႔ နံပါတ္ ၁၀ ဆန္ဆန္ ကစားတတ္သလို ေတာင္ပံေတြမွာလည္း အသုံးေတာ္ခံႏုိင္ၿပီး လိုအပ္ရင္ နံပါတ္ ၈ ဆန္ဆန္ ကစားႏိုင္တဲ့သူျဖစ္ၿပီး ဟားမက္စ္အေနနဲ႔ ေနာက္ဆုံးရာသီကို ပါဝင္ကစားရမွဳ နည္းပါးစြာနဲ႔ ျဖတ္သန္းခဲ့ရအၿပီးမွာ စိန္ေခၚမွဳသစ္ေတြအတြက္ေတာ့ ျပင္ဆင္ထားၿပီးတဲ့ ပုံစံမ်ဳိးကိုလည္း ျပသေနခဲ့ပါတယ္။

ေငြသုံးၾကမ္းၿပီး အသင္းကို ထိပ္တန္းအဆင့္ကို ေရာက္ေအာင္ ႀကဳိးပမ္းေနတဲ့ ပရီးမီးယားလိဂ္အသင္း အဲဗာတန္နဲ႔ ပူးေပါင္းဖို႔ ေတာ္ေတာ္ေလး နီးစပ္ေနခ်ိန္မွာ ဟားမက္စ္ဟာ သူနဲ႔ ရီးရဲလ္နဲ႔ ဘုိင္ယန္မွာ လက္တြဲညီခဲ့တဲ့ အီတလီသားနည္းျပႀကီး ကာလို အန္ဆယ္ေလာ့တီနဲ႔ေတာ့ သုံးသင္းေျမာက္အျဖစ္ ေဆးစစ္မွဳခံယူၿပီးရင္ လက္တြဲသြားႏုိင္ဖို႔လည္း ရွိပါတယ္။

နည္းျပနဲ႔ ကစားသမား တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေကာင္းေကာင္းသိၿပီးသား သူေတြဟာ တြဲဖက္လုပ္ေဆာင္ရာမွာေတာ့ အစိမ္း သက္သက္ လက္တြဲမွဳေတြထက္ အမ်ားႀကီး ေကာင္းမြန္ႏိုင္တာျဖစ္လုိ႔ ဒါေၾကာင္လည္း အန္ဆယ္ေလာ့တီအေနနဲ႔ ဟားမက္စ္ကို သူ နာပုိလီမွာ နည္းျပေနခဲ့စဥ္ကေတာင္ ေခၚယူဖို႔ လုပ္ခဲ့ေသးေပမယ့္ မျပည့္ဝခဲ့တဲ့ ဆႏၵက ဂြတ္ဒီဆန္ပါ့ခ္မွာ ျပည့္ဝရဖို႔ေတာ့ ရွိေနခဲ့ပါၿပီ။

ပရီးမီးယားလိဂ္ဆုိတာကေတာ့ ၾကံ့ခိုင္မွဳ ဦးစားေပးတယ္လို႔ ေယဘုယ် သုံးသပ္ၾကေပမယ့္ နည္းစနစ္ပုိင္း ကၽြမ္းက်င္သူေတြအတြက္လည္း တစ္ေနရာရွိတယ္ဆုိတာကို စပိန္သားေတြက ျပသထားခဲ့ၾကၿပီးျဖစ္လို႔ ဟားမက္စ္တစ္ေယာက္ ကစားသမားဘဝရဲ႕ အေတြ႕အႀကဳံ အရင့္က်က္ဆုံးနဲ႔ ႀကံ့ခုိင္မွဳေတြ ထိုက္သင့္သေလာက္က်န္ေနဆဲအခ်ိန္မွာ နယ္ေျမသစ္မွာ ေျခစြမ္းျပႏုိင္မလား ေစာင့္ၾကည့္လုိက္ၾကရေအာင္ပါ။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဟားမက်စ် ရိုဒရီးရက်ဇ်ဟာ ပေါ်တူဂီလိဂ်မှာ ပေါ်တိုနဲ့အတူ စတင်တောက်ပလာခဲ့ပြီး မိုနာကိုမှာ လူသိပိုများခဲ့သလို ၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာတော့ ဘာနေဗျူးဆီ ခေါ်ယူခံခဲ့ရပြီး ဘရာဇီးလ်မြေက ခြေစွမ်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။

ပထမရာသီ ၂၀၁၄-၁၅ ရဲ့ အဓိကပြိုင်ပွဲတွေမှာ ၄၅ ပွဲကစား ၁၆ ဂိုးသွင်း ၁၅ ဂိုး ဖန်တီးခဲ့တယ်ဆိုတာ ကောင်မလေးတွေ အသည်းစွဲ ရုပ်ဖြောင့်ဖြောင့် ကိုလံဘီယာသားလေးအတွက် ဝင့်ကြွားစရာ မှတ်တမ်းလည်းဖြစ်ပြီး မိနစ် ၉၀ တိုင်းမှာ ဝ.၅၁ ဂိုးနဲ့ ဝ.၅၁ ဖန်တီးမှုကို ပြသနိုင်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ နည်းပြတွေ အပြောင်းအလဲမှာ သူရုန်းကန်ခဲ့ရပြီး နောက်တစ်ရာသီမှာ ခြေစွမ်းကျခဲ့ပေမယ့် နောက်ထပ်တစ်ရာသီမှာတော့ ၃၉ ပွဲမှာ ၁၂ ဂိုးသွင်း ၁၄ ဂိုး ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ထပ်မံရုန်းကန်လာရပြီး ဘိုင်ယန်မြူးနစ်ကို အငှားချခံရချိန်မှာ စစချင်းရာသီမှာပဲ ၉ ဂိုးသွင်း ၁၉ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် နောက်တစ်ရာသီမှာ အရေးပါမှု လျော့ကျလာခြင်းနဲ့အတူ ၇ ဂိုးသွင်း ၇ ဂိုးသာ ဖန်တီးနိုင်တော့လို့ အငှားကို အပြီးမသတ်ဘဲ ရီးရဲလ်မက်ဒရစ်ဆီ ပြန်ပို့ခံခဲ့ရတာပါ။

သူ့ရဲ့ ကစားဟန်ကတော့ အလှအပနဲ့ နံပါတ် ၁၀ ဆန်ဆန် ကစားတတ်သလို တောင်ပံတွေမှာလည်း အသုံးတော်ခံနိုင်ပြီး လိုအပ်ရင် နံပါတ် ၈ ဆန်ဆန် ကစားနိုင်တဲ့သူဖြစ်ပြီး ဟားမက်စ်အနေနဲ့ နောက်ဆုံးရာသီကို ပါဝင်ကစားရမှု နည်းပါးစွာနဲ့ ဖြတ်သန်းခဲ့ရအပြီးမှာ စိန်ခေါ်မှုသစ်တွေအတွက်တော့ ပြင်ဆင်ထားပြီးတဲ့ ပုံစံမျိုးကိုလည်း ပြသနေခဲ့ပါတယ်။

ငွေသုံးကြမ်းပြီး အသင်းကို ထိပ်တန်းအဆင့်ကို ရောက်အောင် ကြိုးပမ်းနေတဲ့ ပရီးမီးယားလိဂ်အသင်း အဲဗာတန်နဲ့ ပူးပေါင်းဖို့ တော်တော်လေး နီးစပ်နေချိန်မှာ ဟားမက်စ်ဟာ သူနဲ့ ရီးရဲလ်နဲ့ ဘိုင်ယန်မှာ လက်တွဲညီခဲ့တဲ့ အီတလီသားနည်းပြကြီး ကာလို အန်ဆယ်လော့တီနဲ့တော့ သုံးသင်းမြောက်အဖြစ် ဆေးစစ်မှုခံယူပြီးရင် လက်တွဲသွားနိုင်ဖို့လည်း ရှိပါတယ်။

နည်းပြနဲ့ ကစားသမား တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိပြီးသား သူတွေဟာ တွဲဖက်လုပ်ဆောင်ရာမှာတော့ အစိမ်း သက်သက် လက်တွဲမှုတွေထက် အများကြီး ကောင်းမွန်နိုင်တာဖြစ်လို့ ဒါကြောင်လည်း အန်ဆယ်လော့တီအနေနဲ့ ဟားမက်စ်ကို သူ နာပိုလီမှာ နည်းပြနေခဲ့စဉ်ကတောင် ခေါ်ယူဖို့ လုပ်ခဲ့သေးပေမယ့် မပြည့်ဝခဲ့တဲ့ ဆန္ဒက ဂွတ်ဒီဆန်ပါ့ခ်မှာ ပြည့်ဝရဖို့တော့ ရှိနေခဲ့ပါပြီ။

ပရီးမီးယားလိဂ်ဆိုတာကတော့ ကြံ့ခိုင်မှု ဦးစားပေးတယ်လို့ ယေဘုယျ သုံးသပ်ကြပေမယ့် နည်းစနစ်ပိုင်း ကျွမ်းကျင်သူတွေအတွက်လည်း တစ်နေရာရှိတယ်ဆိုတာကို စပိန်သားတွေက ပြသထားခဲ့ကြပြီးဖြစ်လို့ ဟားမက်စ်တစ်ယောက် ကစားသမားဘဝရဲ့ အတွေ့အကြုံ အရင့်ကျက်ဆုံးနဲ့ ကြံ့ခိုင်မှုတွေ ထိုက်သင့်သလောက်ကျန်နေဆဲအချိန်မှာ နယ်မြေသစ်မှာ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်လိုက်ကြရအောင်ပါ။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.