Premier League

မြောက်လန်ဒန်ဒါဘီမတိုင်မီ စပါးစ်ကွင်းလယ်ကို လူမိုက်တွေလို့ နှိပ်ကွပ်လိုက်တဲ့ ကီးယွန်း

အာဆင်နယ်အသင်းနဲ့ စပါးစ်အသင်းတို့ ဒီတစ်ပတ် စနေနေ့မှာ ကစားကြရမယ့် မြောက်လန်ဒန်ဒါဘီ ပွဲအကြိုမှာ ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ် ကစားသမားနှစ်ဦးဖြစ်တဲ့ ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ်နဲ့ ရိုဒရီဂို ဘင်တန်ကာတို့ကို ဂန်းနားဟောင်းကြီး မာတင် ကီးယွန်းက လူမိုက်တွေနဲ့တူတယ်လို့ ကြိုတင်နှိပ်ကွပ်လိုက်ပါတယ်။

ကီးယွန်းက စပါးစ်ကွင်းလယ်အထိုင်ဖြစ်တဲ့ ဟွိုင်ဘယာ့ဂ်-ဘင်တန်ကာအတွဲဟာ အရှေ့လန်ဒန်က ကျော်ကြားတဲ့ လူမိုက်တွေနဲ့ အတူတူပဲလို့ နှိုင်းယှဉ်လိုက်ပြီး သူတို့တွေရဲ့ ပွဲတွင်းက ရန်လိုပြီး ကြမ်းတမ်းတဲ့ ကစားဟန်ကို တိုက်ခိုက်လိုက်သလို အာဆင်နယ်အသင်းကတော့ ဒီလိုမျိုး မရှိဘဲ လူကြီးလူကောင်းဆန်လွန်းနေတယ်လို့လည်း နှိုင်းယှဉ်ဝေဖန်သွားပါတယ်။

ဒိန်းမတ်နဲ့ ဥရုဂွေးလက်ရွေးစင်ကစားသမားနှစ်ဦးကို ပေါင်းစပ်ထားတဲ့ ဒီအတွဲဟာ စပါးစ်ကွင်းလယ်မှာ အမြဲတမ်း ပွဲထွက်ခွင့်ရရှိတဲ့ ဦးစားပေး နှစ်ဦးလည်းဖြစ်နေပြီး နည်းပြ အန်တိုနီယို ကွန်တီရဲ့ ရွေးချယ်မှုမှာ ဟွိုင်ဘယာ့ဂ်က ပရီးမီးယားလိဂ်ပွဲတိုင်း ကစားထားသလို ဘင်တန်ကာကတော့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကို ခေါင်းဒဏ်ရာကြောင့် တစ်ပွဲလွဲချော်ထားပါတယ်။

ဘရိုက်တန်ကစားသမားဟောင်း အိဗ်စ် ဘီဆူးမားကို အရန်ခုံကနေ ထမလာနိုင်အောင် လုပ်ထားတဲ့ သူတို့နှစ်ဦးကို ကီးယွန်းက ၁၉၅၀ ဝန်းကျင်ကနေ ၁၉၆၇ ခုနှစ်လောက်အထိ အရှေ့လန်ဒန်မှာ နာမည်ကျော်တဲ့ လူမိုက်နှစ်ဦးဖြစ်တဲ့ ခရေးအမြွှာညီနောင်နှစ်ဦးနဲ့ နှိုင်းယှဉ်လိုက်ပြီး ဘောလုံးကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အင်အားသုံး လုယူတတ်ပုံကို ဂရုစိုက်ကြဖို့ သတိပေးလိုက်တာပါ။

“သူတို့ကတော့ ဘောလုံးကွင်းထဲမှာ ဆိုပေမယ့် တကယ့် ခရေးညီနောင်နှစ်ဦးလိုပါပဲ။ တစ်ကွင်းလုံးကို အင်အားသုံးပြီး ပြေးလွှားနေတာ၊ ဘောလုံးဖျက်တာတွေက လူမိုက်ဆန်ဆန် ဝုန်းဒိုင်းကြဲနေကြတာပါ။ လက်စတာနဲ့ပွဲက ဂိုးဆိုရင် ဘင်တန်ကာတစ်ယောက် ဘယ်လောက်ကြံ့ခိုင်မှု ကောင်းခဲ့တယ်ဆိုတာကို သိသိသိသာသာကြီးကို တွေ့မြင်နိုင်ပါတယ်”

“ဟွိုင်ဘယာ့ဂ်ကတော့ ကောင်းသလောက် ချီးကျူးမခံရတဲ့သူပေါ့ဗျာ။ နည်းပြအနေနဲ့ သူ့လို ခပ်ကြမ်းကြမ်းလူမျိုး ကွင်းလယ်မှာ လိုအပ်တယ်လို့ ကောင်းကောင်းသဘောပေါက်ထားပြီး နေရာပေးထားခဲ့တာပါ”လို့ နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုရဲ့ ခေါ်ယူမှုဖြစ်ခဲ့ပြီး နူနို အက်စ်ပရီစီတို ဆန်တိုနဲ့ ကွန်တီတို့လက်ထက်မှာလည်း ပုံမှန်နေရာ ရရှိထားခဲ့တဲ့ ဒိန်းမတ်သားကို မဲတင်းပေးသွားခဲ့ပါတယ်။

အသင်းမှာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၁၁ နှစ်ကြာ ကစားပေးခဲ့တဲ့ နောက်ခံလူဟောင်းကြီး ကီးယွန်းက အာဆင်နယ် ကွင်းလယ်ကစားသမားတွေကိုတော့ အနုပညာရှင်ဆန်လွန်းပြီး ဖန်တီးမှုတွေ ကောင်းမွန်နေပေမယ့် ကြမ်းသင့်တဲ့အချိန်မှာ ကြမ်းတတ်ရလိမ့်မယ်လို့ သတိပေးသွားခဲ့တာပါ။

“အာဆင်နယ်ကွင်းလယ်ကတော့ ဖန်တီးမှုကောင်းပြီး အနုပညာရှင်ဆန်လွန်းနေတယ်။ ဒါပေမယ့် မာကျောမှုတွေကိုတော့ ခံစစ်သမားတွေဆီက ရယူနိုင်မှာပါ။ သူတို့တွေကို ကာကွယ်ပေးနိုင်တာကတော့ ဝီလီယမ် ဆာလီဘာနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့အတွဲရဲ့ မာကျောမှုဖြစ်ပြီး သူတို့တွေအနေနဲ့ လူတွေ အသိအမှတ်ပြုစရာကို တည်ဆောက်နေပါပြီ”လို့လည်း ဆိုသွားခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်ပိုင်းတွေမှာ စပါးစ်တို့ထက် အနည်းငယ် နိမ့်ပါးနေပြီး ပြီးခဲ့တဲ့ ရာသီကလည်း ကျော်တက်ခံခဲ့ရတာကို လာမယ့် မြောက်လန်ဒန်ဒါဘီမှာ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအဖြစ် မခံချင်စိတ်နဲ့ အနိုင်ရရှိအောင် ကြိုးစားသွားလိမ့်မယ်လို့လည်း ကီးယွန်းက ခန့်မှန်းလိုက်ပြီး ပွဲကြိုမှာ ပြိုင်ဘက်ကစားသမားနှစ်ဦးရဲ့ ကြမ်းတမ်းမှုကို ဒိုင်လူကြီးတွေဆီ ဆေးထိုးသွားခဲ့တာလားလို့ ထင်စရာဖြစ်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းနဲ႔ စပါးစ္အသင္းတို႔ ဒီတစ္ပတ္ စေနေန႔မွာ ကစားၾကရမယ့္ ေျမာက္လန္ဒန္ဒါဘီ ပြဲအႀကိဳမွာ ၿပိဳင္ဘက္အသင္းရဲ႕ ကြင္းလယ္ ကစားသမားႏွစ္ဦးျဖစ္တဲ့ ပ်ယ္-အီမီးလ္ ဟြိဳင္ဘယာ့ဂ္နဲ႔ ႐ိုဒရီဂို ဘင္တန္ကာတို႔ကို ဂန္းနားေဟာင္းႀကီး မာတင္ ကီးယြန္းက လူမိုက္ေတြနဲ႔တူတယ္လို႔ ႀကိဳတင္ႏွိပ္ကြပ္လိုက္ပါတယ္။

ကီးယြန္းက စပါးစ္ကြင္းလယ္အထိုင္ျဖစ္တဲ့ ဟြိဳင္ဘယာ့ဂ္-ဘင္တန္ကာအတြဲဟာ အေရွ႕လန္ဒန္က ေက်ာ္ၾကားတဲ့ လူမိုက္ေတြနဲ႔ အတူတူပဲလို႔ ႏႈိင္းယွဥ္လိုက္ၿပီး သူတို႔ေတြရဲ႕ ပြဲတြင္းက ရန္လိုၿပီး ၾကမ္းတမ္းတဲ့ ကစားဟန္ကို တိုက္ခိုက္လိုက္သလို အာဆင္နယ္အသင္းကေတာ့ ဒီလိုမ်ိဳး မရွိဘဲ လူႀကီးလူေကာင္းဆန္လြန္းေနတယ္လို႔လည္း ႏႈိင္းယွဥ္ေဝဖန္သြားပါတယ္။

ဒိန္းမတ္နဲ႔ ဥ႐ုေဂြးလက္ေ႐ြးစင္ကစားသမားႏွစ္ဦးကို ေပါင္းစပ္ထားတဲ့ ဒီအတြဲဟာ စပါးစ္ကြင္းလယ္မွာ အၿမဲတမ္း ပြဲထြက္ခြင့္ရရွိတဲ့ ဦးစားေပး ႏွစ္ဦးလည္းျဖစ္ေနၿပီး နည္းျပ အန္တိုနီယို ကြန္တီရဲ႕ ေ႐ြးခ်ယ္မႈမွာ ဟြိဳင္ဘယာ့ဂ္က ပရီးမီးယားလိဂ္ပြဲတိုင္း ကစားထားသလို ဘင္တန္ကာကေတာ့ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္ကို ေခါင္းဒဏ္ရာေၾကာင့္ တစ္ပြဲလြဲေခ်ာ္ထားပါတယ္။

ဘ႐ိုက္တန္ကစားသမားေဟာင္း အိဗ္စ္ ဘီဆူးမားကို အရန္ခုံကေန ထမလာႏိုင္ေအာင္ လုပ္ထားတဲ့ သူတို႔ႏွစ္ဦးကို ကီးယြန္းက ၁၉၅၀ ဝန္းက်င္ကေန ၁၉၆၇ ခုႏွစ္ေလာက္အထိ အေရွ႕လန္ဒန္မွာ နာမည္ေက်ာ္တဲ့ လူမိုက္ႏွစ္ဦးျဖစ္တဲ့ ခေရးအႁမႊာညီေနာင္ႏွစ္ဦးနဲ႔ ႏႈိင္းယွဥ္လိုက္ၿပီး ေဘာလုံးကို ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ အင္အားသုံး လုယူတတ္ပုံကို ဂ႐ုစိုက္ၾကဖို႔ သတိေပးလိုက္တာပါ။

“သူတို႔ကေတာ့ ေဘာလုံးကြင္းထဲမွာ ဆိုေပမယ့္ တကယ့္ ခေရးညီေနာင္ႏွစ္ဦးလိုပါပဲ။ တစ္ကြင္းလုံးကို အင္အားသုံးၿပီး ေျပးလႊားေနတာ၊ ေဘာလုံးဖ်က္တာေတြက လူမိုက္ဆန္ဆန္ ဝုန္းဒိုင္းႀကဲေနၾကတာပါ။ လက္စတာနဲ႔ပြဲက ဂိုးဆိုရင္ ဘင္တန္ကာတစ္ေယာက္ ဘယ္ေလာက္ႀကံ့ခိုင္မႈ ေကာင္းခဲ့တယ္ဆိုတာကို သိသိသိသာသာႀကီးကို ေတြ႕ျမင္ႏိုင္ပါတယ္”

“ဟြိဳင္ဘယာ့ဂ္ကေတာ့ ေကာင္းသေလာက္ ခ်ီးက်ဴးမခံရတဲ့သူေပါ့ဗ်ာ။ နည္းျပအေနနဲ႔ သူ႔လို ခပ္ၾကမ္းၾကမ္းလူမ်ိဳး ကြင္းလယ္မွာ လိုအပ္တယ္လို႔ ေကာင္းေကာင္းသေဘာေပါက္ထားၿပီး ေနရာေပးထားခဲ့တာပါ”လို႔ နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ေခၚယူမႈျဖစ္ခဲ့ၿပီး ႏူႏို အက္စ္ပရီစီတို ဆန္တိုနဲ႔ ကြန္တီတို႔လက္ထက္မွာလည္း ပုံမွန္ေနရာ ရရွိထားခဲ့တဲ့ ဒိန္းမတ္သားကို မဲတင္းေပးသြားခဲ့ပါတယ္။

အသင္းမွာ ၁၉၉၃ ခုႏွစ္ကေန ၂၀၀၄ ခုႏွစ္အထိ ၁၁ ႏွစ္ၾကာ ကစားေပးခဲ့တဲ့ ေနာက္ခံလူေဟာင္းႀကီး ကီးယြန္းက အာဆင္နယ္ ကြင္းလယ္ကစားသမားေတြကိုေတာ့ အႏုပညာရွင္ဆန္လြန္းၿပီး ဖန္တီးမႈေတြ ေကာင္းမြန္ေနေပမယ့္ ၾကမ္းသင့္တဲ့အခ်ိန္မွာ ၾကမ္းတတ္ရလိမ့္မယ္လို႔ သတိေပးသြားခဲ့တာပါ။

“အာဆင္နယ္ကြင္းလယ္ကေတာ့ ဖန္တီးမႈေကာင္းၿပီး အႏုပညာရွင္ဆန္လြန္းေနတယ္။ ဒါေပမယ့္ မာေက်ာမႈေတြကိုေတာ့ ခံစစ္သမားေတြဆီက ရယူႏိုင္မွာပါ။ သူတို႔ေတြကို ကာကြယ္ေပးႏိုင္တာကေတာ့ ဝီလီယမ္ ဆာလီဘာနဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔အတြဲရဲ႕ မာေက်ာမႈျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ လူေတြ အသိအမွတ္ျပဳစရာကို တည္ေဆာက္ေနပါၿပီ”လို႔လည္း ဆိုသြားခဲ့တာပါ။

အာဆင္နယ္အသင္းအေနနဲ႔ ဒီႏွစ္ပိုင္းေတြမွာ စပါးစ္တို႔ထက္ အနည္းငယ္ နိမ့္ပါးေနၿပီး ၿပီးခဲ့တဲ့ ရာသီကလည္း ေက်ာ္တက္ခံခဲ့ရတာကို လာမယ့္ ေျမာက္လန္ဒန္ဒါဘီမွာ စိတ္ပိုင္းဆိုင္ရာ လႈံ႕ေဆာ္မႈအျဖစ္ မခံခ်င္စိတ္နဲ႔ အႏိုင္ရရွိေအာင္ ႀကိဳးစားသြားလိမ့္မယ္လို႔လည္း ကီးယြန္းက ခန႔္မွန္းလိုက္ၿပီး ပြဲႀကိဳမွာ ၿပိဳင္ဘက္ကစားသမားႏွစ္ဦးရဲ႕ ၾကမ္းတမ္းမႈကို ဒိုင္လူႀကီးေတြဆီ ေဆးထိုးသြားခဲ့တာလားလို႔ ထင္စရာျဖစ္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.