Premier League

ပရီးမီးယားလိဂ်ပွဲစဉ် ၉ အတွက် ပေါလ် မာဆန်ရဲ့ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ်ပြိုင်ပွဲတွေဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်တွေအပြီး ယခုအပတ်မှာ ပြန်လည်စတင်တော့မှာဖြစ်ပြီး ပွဲစဉ် ၉ မှာ အလွန်ကောင်းမွန်တဲ့ပွဲစဉ်တွေ ရှိနေတာဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေအနေနဲ့ ယခုအပတ်မှာ ကမ္ဘာပေါ်က ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီ ၂ ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့ရဲ့ မန်ချက်စတာဒါဘီ၊ အာဆင်နယ်နဲ့ စပါးစ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်တွေကို ကြည့်ရှုခံစားသွားရမှာဖြစ်ပါတယ်။ အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ဒီပွဲကြီးပွဲကောင်းတွေအပါအဝင် ပွဲစဉ် ၉ ရဲ့ အခြားပွဲစဉ်တွေအတွက် ကြိုတင်ခန့်မှန်းပေးခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ် Vs တော့တင်ဟမ်ဟော့စပါး

ဒီပွဲက ခင်ဗျားကို ဘယ်တော့မှ စိတ်မပျက်စေမယ့်ပွဲပါ။ ပရီးမီးယားလိဂ်ပြက္ခဒိန်မှာ ကျွန်တော်တို့ အဟုတ်ကြီးထင်ထားပြီး စိတ်ပျက်စရာကောင်းတဲ့ တခြားပွဲစဉ်တွေရှိခဲ့ပေမယ့်လည်း ဒီပွဲကတော့ ဘယ်တုန်းကမှ အဲဒီလို မဖြစ်ခဲ့ပါဘူး။ အခုအချိန် သူတို့ကစားနေတဲ့ပုံစံအရ စပါးစ်က အာဆင်နယ်ကို အနိုင်ယူနိုင်မယ်လို့ ကျွန်တော် မမြင်ဘူး။ သူတို့တွေ လက်စတာစီးတီးကို ၆-၂ နဲ့ အနိုင်ရခဲ့ပေမယ့် ဒီဂိုးရလဒ်က သူတို့ကို မြောက်သွားစေခဲ့တယ်လို့ ထင်ပါတယ်။ ဆွန်က ဒီရာသီမှာ ပွဲထွက်ကစားတိုင်း ကောင်းကောင်း မလုပ်နိုင်ခဲ့ဘဲ ကွန်တီက သူ့ကို အရန်ခုံကနေ အကျိုးသက်ရောက်မှုပြသနိုင်တဲ့ကစားသမားအဖြစ် သုံးသွားနိုင်ပါတယ်။ အာဆင်နယ်က ဖလားစိန်ခေါ်သူတွေလားဆိုရင် နောက်အပတ် လီဗာပူးလ်နဲ့ကန်ပြီးမှပဲ ကျွန်တော် အဲဒီမေးခွန်းကို ဖြေပါမယ်။ ပွဲကြီးတစ်ပွဲမှာ နိုင်ပြီး နောက်ပွဲရှုံးရင် အဓိပ္ပာယ်မရှိပါဘူး။ မန်ယူနိုက်တက်ကို အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ပြီး အခု သူတို့တွေ အနိုင်ရဖို့လိုနေတဲ့ ပွဲကြီး ၂ ပွဲရှိနေပါတယ်။ မန်စီးတီးကလည်း ဖလားပြိုင်ပွဲထဲမှာရှိနေတာကြောင့် ဒီ ၂ သင်းစလုံးက ထိပ်ဆုံး ၄ နေရာအတွက် ရည်မှန်းချက်ထားတာက လက်တွေ့ကျပါလိမ့်မယ်။ အာဆင်နယ်က အရင်ပွဲမှာ ဘရန့်တ်ဖို့ဒ်ကို လုံးဝ ပညာပေးနိုင်ခဲ့ပြီး ဒီပွဲမှာလည်း အိမ်ကွင်းအားသာချက်နဲ့ စားသွားပါလိမ့်မယ်။

ခန့်မှန်းချက်(အာဆင်နယ် ၂-၁ တော့တင်ဟမ်)

လီဗာပူးလ် Vs ဘရိုက်တန်

လီဗာပူးလ်အတွက် ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်ပြီး သူတို့တွေ နောက်အပတ် ချန်ပီယံလိဂ်နဲ့ အဲဒီပွဲပြီးရင် အာဆင်နယ်နဲ့ ကစားဖို့ရှိပါတယ်။ ဒီရာသီမှာ စောစောစီးစီး ရက်သတ္တပတ်ကြီးနဲ့ တွေ့နေပြီဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူတို့ ဒီ ၃ ပွဲစလုံး အနိုင်ရဖို့လိုပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်မှာ လီဗာပူးလ်ကစားခဲ့တဲ့ပုံအရ အဆင့် ၃၊ ၄ လောက်ရတာက အောင်မြင်မှုမဟုတ်တော့ဘဲ နောက်ထပ် လိဂ်ပွဲ ၂ ပွဲသာ အနိုင်မရခဲ့ဘူးဆိုရင် ဆုဖလားပြိုင်ပွဲကနေ ထွက်ရနိုင်ပါတယ်။ လီဗာပူးလ်ကစားသမားတွေက နိုင်ငံတကာပွဲတွေမှာ ကြီးကြီးမားမား မပါဝင်ခဲ့ရဘဲ ဖာဘင်ညိုဆို ဘရာဇီးလ်အတွက် မိနစ် ၇၀ ပဲ ကစားခဲ့ရပေမယ့် ခရီးတော့ တော်တော်ထွက်ခဲ့ရပါတယ်။ သီယေဂိုကလည်း ဒဏ်ရာကြောင့် စပိန်လူစာရင်းမှာ အရွေးမခံခဲ့ရဘဲ အဲဒါကြောင့် သူကတော့ ဒီပွဲကို လန်းလန်းဆန်းဆန်းနဲ့ ပါဝင်ကစားပေးနိုင်ပါလိမ့်မယ်။ ကလော့ပ်အနေနဲ့ တိုက်စစ်မှာ ဆာလားနဲ့ ဒီယက်ဇ်ကို ဆက်သုံးမှာဖြစ်ပြီး နူးညက်ဇ်ကိုလည်း ကစားခိုင်းသွားမယ်လို့ ထင်ပါတယ်။ ဒီပွဲကတော့ လီဗာပူးလ်နိုင်ကို နိုင်မယ့်ပွဲပါ။

ခန့်မှန်းချက်(လီဗာပူးလ် ၂-၁ ဘရိုက်တန်)

ဖူလ်ဟမ် Vs နယူးကာဆယ်လ် ယူနိုက်တက်

တကယ့်ပွဲကောင်းဖြစ်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့ နယူးကာဆယ်လ်ပွဲကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ သူတို့တွေက အလန် စိန့်-မက်ဆီမင်မပါရင် ရုန်းကန်ရတယ်လို့ ထင်မိခဲ့ပြီး အက်ဒီ ဟောင်း သူ့အသင်းကို ပွဲထွက်လာတဲ့ပုံကို ကျွန်တော် ကြိုက်ပါတယ်။ သူတို့တွေက ဒီရာသီမှာ အနိုင်ယူဖို့ ခက်မယ့်အသင်းလို့ ကျွန်တော် ထင်ပါတယ်။ ဖူလ်ဟမ် ဒီရာသီ ပရီးမီးယားလိဂ်ရာသီ စတင်ခဲ့တဲ့ပုံစံကို ကျွန်တော် အထင်ကြီးမိပြီး သူတို့တွေက အမြဲတမ်း အသင်းတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတယ်။ မီထရိုဗစ်က အပတ်တိုင်း ဂိုးသွင်းနေတဲ့ပုံပေါ်ပြီး ဒီပွဲမှာ တစ်ယောက်ယောက်ရွေးရမယ်ဆိုရင် ကျွန်တော် ဖူလ်ဟမ်ကိုပဲ ရွေးမှာပါ။။ နယူးကာဆယ်လ်ကလည်း အထင်ကြီးစရာကစားသမားတွေရှိနေတာကြောင့် သရေက အဖြစ်နိုင်ဆုံးရလဒ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ခန့်မှန်းချက်(ဖူလ်ဟမ် ၁-၁ နယူးကာဆယ်လ်)

ဆောက်သမ်တန် Vs အဲဗာတန်

ဆောက်သမ်တန်နည်းပြ ဟာဆန်ဟာတဲလ်အတွက်တော့ ဒီပွဲက ကြီးမားတဲ့ပွဲကြီးဖြစ်လာမယ်လို့ ကျွန်တော် ကြားထားတယ်။ သူတို့တွေ ဒီအပတ် အဲဗာတန်ကို အိမ်ကွင်းမှာ ကစားသွားမှာဖြစ်ပြီး ဒီပွဲမှာ သူ့အသင်းက အနိုင်ရဖို့ လိုပါလိမ့်မယ်။ သူတို့တွေ ဒီပွဲမှာ ရလဒ်ကောင်း မရရင် နည်းပြအတွက် ကျွန်တော် တကယ် စိတ်ပူမိပါတယ်။ အဲဗာတန်က အနိုင်ယူဖို့ ခက်တဲ့ အလုပ်ကြိုးစားတဲ့အသင်းဖြစ်ပြီး လမ်းပတ်ကလည်း ကစားသမားတွေဆီက အကောင်းဆုံးပုံစံရအောင် လုပ်နေပါတယ်။ အဲဗာတန်ပရိသတ်တွေက တစ်ခုပဲ တောင်းဆိုနေတာဖြစ်ပြီး အပတ်တိုင်း ဒီကစားသမားတွေဆီကနေ ၁၀၀ ရာခိုင်နှုန်း လိုချင်နေတာပါ။ အဲဗာတန်က အဲဒီမျှော်မှန်းချက်တွေနဲ့ နေထိုင်နေရတာဖြစ်ပြီး သူတို့တွေ ကောင်းမွန်တဲ့ရလဒ် တော်တော်များများ ရထားပါတယ်။ အဲဗာတန်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းမဟုတ်ပေမယ့် လမ်းပတ်က သူတို့တွေကို ကောင်းကောင်းကစားနိုင်အောင် လုပ်ပေးနေပြီး ဆောက်သမ်တန်က အိမ်ကွင်းအားသာချက်နဲ့ ဒီအပတ်တော့ သရေလောက် ကစားသွားနိုင်မှာပါ။

ခန့်မှန်းချက်(ဆောက်သမ်တန် ၁-၁ အဲဗာတန်)

ခရစ္စတယ် ပဲလေ့စ် Vs ချဲလ်ဆီး

ပဲလေ့စ်အိမ်ကွင်းမှာ ကစားရတဲ့ပွဲက အမြဲတမ်း ခက်ခဲပြီး ဂရေဟမ် ပေါ့တားက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း အသင်းမှာ တစ်ယောက်မှမရှိဘဲ နေခဲ့ရလို့ အခုအချိန်မှာ သူကစားစေချင်သလို ကစားနိုင်အောင် လုပ်ပေးဖို့ အချိန်အရမ်းနည်းနေပါတယ်။ ပွဲတွေက ကပ်လာပြီး မြန်လာတော့မှာဖြစ်ပြီး ပြီးရင် ကမ္ဘာ့ဖလား ကစားသွားရမှာပါ။ ပေါ့တားက နည်းပြကောင်းဖြစ်ပေမယ့်လည်း ဘရိုက်တန်မှာတုန်းက အသင်းကို တည်ဆောက်ဖို့ အချိန်အချို့ ယူခဲ့ရပြီး ချဲလ်ဆီးမှာလည်း နည်းနည်းတော့ အချိန်ယူရဦးမှာပါ။ ဒါပေမယ့် သူ ဒီရာသီ ထိပ်ဆုံး ၄ နေရာထဲတော့ ပြီးဆုံးနိုင်ဖို့ လိုပြီး သူတို့တွေ ချန်ပီယံလိဂ်မှာလည်း အေစီမီလန်ကို ၂ ကျော့စလုံး အနိုင်မယူနိုင်ဘူးဆိုရင် ပြိုင်ပွဲကနေ ထွက်ရမှာပါ။ ကူကူရယ်လာက ဒီပွဲကစားမှာကျိန်းသေပြီး ပေါ့တားကလည်း သူ့ကို ကောင်းကောင်းသိပြီးသားဖြစ်လို့ များများစားစားလုပ်စရာမရှိပါဘူး။ ဒါပေမယ့်လည်း ဖိုဖာနာနဲ့ ကူလီဘေလီတို့ကို မခေါ်လာခဲ့တာက ပြဿနာဖြစ်ပြီး ဒီပွဲက အကြမ်းစားပွဲဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော် ချဲလ်ဆီးနိုင်မယ့်ဘက်က ရှိနေပါတယ်။

ခန့်မှန်းချက်(ခရစ္စတယ် ပဲလေ့စ် ဝ-၂ ချဲလ်ဆီး)

ဘရန့်တ်ဖို့ဒ် Vs ဘုန်းမောက်

အိုင်ဗန် တိုနီက နေးရှင်းလိဂ်အတွက် အင်္ဂလန်လူစာရင်းမှာ အခေါ်ခံခဲ့ရပေမယ့် အသုံးပြုခြင်းမခံခဲ့ရဘဲ အဲဒါက သူ့အတွက် အချိန်ဖြုန်းတီးခံခဲ့ရတာပါ။ သူ စိတ်ပျက်နေမှာဖြစ်ပြီး သူ့စွမ်းဆောင်ရည်ကလည်း ဒီကိစ္စက ဘယ်လောက်အထိ သူ့အပေါ် သက်ရောက်မှုရှိလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဘရန့်တ်ဖို့ဒ်ကလည်း နောက်ဆုံး အာဆင်နယ်နဲ့ပွဲမှာ ကောင်းကောင်း ပညာပေးခံခဲ့ရပြီး အရင်တုန်းက သူတို့ ဒီလောက်အခြေအနေဆိုးတာ မမြင်ခဲ့ဖူးပါဘူး။ သူတို့တွေ ဖူလ်ဟမ်နဲ့ရော အာဆင်နယ်နဲ့ပါ ဆိုးရွားတဲ့ပုံစံနဲ့ စတင်ခဲ့ပြီး ဒီပွဲမှာတော့ သူတို့ရှုံးမယ် မထင်ပေမယ့် ကောင်းကောင်းတော့ စတင်နိုင်ဖို့လိုပါတယ်။ ဂယ်ရီ အိုနေးလ်ကလည်း ဘုန်းမောက်မှာ ကောင်းကောင်းလုပ်နိုင်နေပေမယ့် ဘရန့်တ်ဖို့ဒ်က ကောင်းမွန်တဲ့လူစာရင်းရှိလို့ တနင်္ဂနွေနေ့မှာ သူတို့က ဘုန်းမောက်အတွက်တော့ နည်းနည်း ပိုကောင်းလွန်းနေမယ်ထင်ပါတယ်။

ခန့်မှန်းချက်( ဘရန့်တ်ဖို့ဒ် ၂-၁ ဘုန်းမောက်)

ဝက်စ်ဟမ်း Vs ဝုလ်ဗ်စ်

ဝက်စ်ဟမ်းပရိသတ်တွေက အခုအချိန်မှာ သူတို့အသင်းအတွက် နည်းနည်းစိုးရိမ်နေမှာဖြစ်ပြီး သူတို့တွေ အဆင်ပြေသွားမယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ ပြီးခဲ့တဲ့ရာသီမှာ မယုံနိုင်ဖွယ် ရာသီကို ပိုင်ဆိုင်ခဲ့ပြီး သူတို့တွေ ဒီပွဲသာမနိုင်ခဲ့ရင် လုံးဝကို နောက်ပြန်သွားတာဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်က အရမ်းကောင်းပြထားတော့ အဲဒါတွေက အခု သူတို့အပေါ်မှာ ပြင်းထန်တဲ့ ဖိအားပြန်ဖြစ်နေပါပြီ။ သူတို့မှာ အန်တိုနီယိုနဲ့ အိုဝင်တို့လို တန်ပြန်တိုက်စစ်မှာ ကောင်းမွန်တဲ့သူတွေရှိပြီး အရင်အတိုင်း ပြန်ခြေစွမ်းပြဖို့ လိုမှာပါ။ ဝုလ်ဗ်စ်က အသင်းကောင်းဖြစ်ပေမယ့် လုံလောက်တဲ့ဂိုးတွေ မသွင်းယူနိုင်ဘဲ ဝက်စ်ဟမ်းက အခုအချိန်မှာ အဲဒီလောက် အခြေအနေမဆိုးနေတာကြောင့် သူတို့ပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက်(ဝက်စ်ဟမ်း ၂-၀ ဝုလ်ဗ်စ်)

မန်စီးတီး Vs မန်ယူနိုက်တက်

မန်ယူနိုက်တက်က မန်စီးတီးကို နာကျင်စေမယ့် ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့ အဲဒါကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီး မန်ယူနိုက်တက်အတွက်တော့ ရလဒ်ကောင်းလည်း ရနိုင်သလို တစ်စစီလည်း စုတ်ဖြဲခံရနိုင်ပါတယ်။ သူတို့တွေအနေနဲ့ ဒီပွဲမှာ ကြာကြာနေနိုင်လေ ပါဝင်ပတ်သက်ခွင့် ပိုရလေ ဖြစ်လာမှာဖြစ်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ပါလိမ့်မယ်။ စီးတီးခံစစ်မှာ ကွာဟချက်တွေရှိနေမှာဖြစ်ပြီး အဲရစ်ဆင်နဲ့ ဖာနန်ဒက်စ်က အဲဒါကို ပြီးပြည့်စုံတဲ့ ပေးပို့မှုတွေနဲ့ ရှာဖွေဖို့ လိုပါလိမ့်မယ်။ ရော်နယ်လ်ဒိုက ဒီအပတ်မှာလည်း နောက်ထပ်တစ်ကြိမ် အရန်ခုံမှာ မြင်ရနိုင်ပြီး ယူနိုက်တက်သာ ဒီပွဲကို အနိုင်ကစားချင်ရင် တန်ပြန်တိုက်စစ်ကနေ မြန်နှုန်းနဲ့ကစားရမှာပါ။ ရော်နယ်လ်ဒိုက ပေါ်တူဂီအတွက် ရုန်းကန်ခဲ့ရပြီး ဒီပွဲကို သူ ပွဲထွက်ပါဝင်ရမှာမဟုတ်ပါဘူး။ မာလာစီယာကလည်း ခုထိ ပရီးမီးယားလိဂ်မှာ အမှားများများစားစားမရှိသေးဘဲ တန်ဟက်က သူ့ကို သိနေတာကြောင့် စီးတီးနဲ့ပွဲမှာ သူ ပွဲထွက်ရပါလိမ့်မယ်။

မန်ယူနိုက်တက်ဟာ နောက်ဆုံး ၄ ပွဲမှာ သူတို့ကို ဂိုးသွင်းဖို့ ပိုခက်လာခဲ့ပြီး အဲဒီခံစစ်ပုံစံအတိုင်း ပွဲထွက်လာမှာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မန်ယူနိုက်တက် တိုက်စစ်အတွက်တော့ ခက်ခဲမှာဖြစ်ပြီး တန်ဟက်အနေနဲ့ အန်တိုနီကို ပွဲထွက်ကစားခိုင်းမလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ရှေ့တန်းကို ဝုန်းခနဲ တက်သွားပြီး နောက်လည်း အများကြီး ပြန်လိုက်နိုင်တဲ့ ကန်ဆယ်လိုကလည်း ရှိနေပြီး မန်စီးတီးက တိုက်စစ်ပိုင်းမှာ လူတွေ စုပြုံလာအောင် ဖန်တီးဖို့ ကြိုးပမ်းပါလိမ့်မယ်။ အီလန်ဂါက ကန်ဆယ်လို နောက်လိုက်ဖို့အတွက် ပွဲထွက်လာခဲ့ရင် ကျွန်တော် အံ့အားသင့်မှာမဟုတ်ပါဘူး။ ဂွါဒီယိုလာအနေနဲ့ သူ့ကစားသမားတွေကို ဟာလန်းခေါင်းပေါ် ဘောလုံးရောက်အောင်ပဲ ဖြတ်တင်ပေးဖို့ ပြောမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဟာလန်းက သူ့ရဲ့ ပြိုင်ဘက်တွေနဲ့ပတ်သက်ပြီး တကယ် ဂရုစိုက်တယ်လို့လည်း မထင်ပါဘူး။ သူက ကြောက်စရာပါ။ သူ့ရဲ့ သူမတူတဲ့ လျင်မြန်မှုနဲ့ ရွေ့လျားနိုင်စွမ်းက ထူးခြားဆန်းကြယ်ပါတယ်။ ရက်ရှ်ဖို့ဒ်က တန်ပြန်တိုက်စစ်ကစားနေချိန်မှာ မန်ယူနိုက်တက်က သိပ်မတက်ဘဲ နောက်မှာလည်း နေနေရမှာပါ။ သူတို့တွေ ဒီပွဲကနေ ရမှတ်တခုခုရချင်ရင် မယုံနိုင်စရာကောင်းလောက်အောင် ခုခံကာကွယ်နိုင်ရပါလိမ့်မယ်။ သူတို့တွေ မန်စီးတီးကို တောင့်ခံနိုင်မှာမဟုတ်ဘဲ ဂွါဒီယိုလာရဲ့အသင်းကပဲ နောက်ဆုံးမှာ အလဲထိုးသွားပါလိမ့်မယ်။

ခန့်မှန်းချက်(မန်စီးတီး ၃-၁ မန်ချက်စတာယူနိုက်တက်)

လိဒ်စ် ယူနိုက်တက် Vs အက်စတန် ဗီလာ

လိဒ်စ်က အခုအချိန်မှာ နည်းနည်း ပျင်းစရာကောင်းနေပြီး သူတို့အတွက်တော့ ဒီပွဲက ပွဲကြီးတစ်ပွဲပါ။ သူတို့တွေ ဒီပွဲရှုံးရင် သူတို့ရဲ့ ကောင်းမွန်တဲ့စတင်မှုက မြောင်းထဲရောက်ပြီ။ ဒီရာသီမှာ ဘယ်အသင်းကမှ ကောင်းကောင်း ကစားနိုင်တာမရှိဘဲ အက်စတန် ဗီလာက ဆောက်သမ်တန်နဲ့ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ပေမယ့် ဒီပွဲရှုံးရင် ဒုံရင်းပဲ ဖြစ်ပါလိမ့်မယ်။ ဆောက်သမ်တန်နဲ့ပွဲက သူတို့နိုင်ပွဲက အရေးပါခဲ့ပေမယ့် ပွဲက သေနေခဲ့ပါတယ်။ စတီဗင် ဂျရတ်သာ အဲဒီပွဲကို ရှုံးရင် ပြင်းထန်တဲ့မေးခွန်းတွေ မေးခံခဲ့ရမှာပါ။ သူတို့တွေ အနိုင်ရခဲ့လို့ သက်သာရာရခဲ့တာဖြစ်ပြီး ဒီအပတ်ပွဲမှာလည်း နောက်ထပ် ရမှတ်အချို့ ရယူသွားပါလိမ့်မယ်။

ခန့်မှန်းချက်( လိဒ်စ်ယူနိုက်တက် ၁-၁ အက်စတန် ဗီလာ)

လက်စတာစီးတီး Vs နော်တင်ဟမ် ဖောရက်စ်

ကောင်းလိုက်တဲ့ပွဲ။ ဒီပွဲက နောက်ထပ်ကြီးမားတဲ့ ပရီးမီးယားလိဂ်ဒါဘီတစ်ပွဲပါ။ ဒီ ၂ သင်း အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲမှာ မတွေ့ခဲ့ရတာ နှစ် ၂၀ ကျော်လောက် ရှိပါပြီ။ လက်စတာစီးတီးက ခံစစ်ပိုင်းမှာ မတည်ငြိမ်ပေမယ့် အရမ်းကောင်းတဲ့ တိုက်စစ် ရှိနေပါသေးတယ်။ လူတွေက လက်စတာစီးတီးအတွက် စိုးရိမ်နေမယ်ဆိုတာ ကျွန်တော်သိပေမယ့် သူတို့တွေ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ သူတို့ အပြောင်းအရွှေ့ကာလမှာ လူမဝယ်ခဲ့ပါဘူး။ ကျွန်တော်ကတော့ ဒီပွဲရှုံးရင်တောင် ဘရန်ဒန် ရော့ဂျားစ်ကို ထောက်ခံနေမှာပါ။ ဘာလို့လဲဆိုတော့ သူက ထိပ်တန်းနည်းပြ ဖြစ်နေလို့ပါ။ သူတို့တွေ ဒီရာသီမှာ အကောင်းဆုံးကစားသမားတွေထဲက ၂ ဦးကို ဆုံးရှုံးခဲ့ပြီး ဖိုဖာနာနဲ့ ရှမိုက်ကယ်တို့ကို ဆုံးရှုံးခဲ့တာပါ။ အထူးသဖြင့် ရှမိုက်ကယ်က သူတို့အတွက် ရမှတ်တွေ ဆယ်ပေးခဲ့တာဖြစ်ပြီး အခုတော့ သူတို့တွေ သူ့ကို တခြားပေးပစ်လိုက်ပြီ။ လက်စတာစီးတီးက ပရီးမီးယားလိဂ်မှာ ဂိုးပုံမှန်သွင်းနေခဲ့ပြီး ဒီ ၂ သင်းစလုံး ဂိုးမသွင်းရင်တောင် နော်တင်ဟမ် ဖောရက်စ်က သူတို့ကို အနိုင်ယူနိုင်မယ်လို့ ကျွန်တော် မမြင်ဘူး။ လက်စတာစီးတီးနိုင်ပွဲပဲ ကျွန်တော် ဒီပွဲမှာ မြင်နေပါတယ်။

ခန့်မှန်းချက်(လက်စတာစီးတီး ၃-၀ နော်တင်ဟမ် ဖောရက်စ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြဟာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ေတြအၿပီး ယခုအပတ္မွာ ျပန္လည္စတင္ေတာ့မွာျဖစ္ၿပီး ပြဲစဥ္ ၉ မွာ အလြန္ေကာင္းမြန္တဲ့ပြဲစဥ္ေတြ ရွိေနတာျဖစ္ပါတယ္။

ေဘာလုံးပရိသတ္ေတြအေနနဲ႔ ယခုအပတ္မွာ ကမာၻေပၚက ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံး ဒါဘီ ၂ ပြဲျဖစ္တဲ့ မန္စီးတီးနဲ႔ မန္ယူႏိုက္တက္တို႔ရဲ႕ မန္ခ်က္စတာဒါဘီ၊ အာဆင္နယ္နဲ႔ စပါးစ္တို႔ရဲ႕ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ေတြကို ၾကည့္ရႈခံစားသြားရမွာျဖစ္ပါတယ္။ အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ဒီပြဲႀကီးပြဲေကာင္းေတြအပါအဝင္ ပြဲစဥ္ ၉ ရဲ႕ အျခားပြဲစဥ္ေတြအတြက္ ႀကိဳတင္ခန႔္မွန္းေပးခဲ့တာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အာဆင္နယ္ Vs ေတာ့တင္ဟမ္ေဟာ့စပါး

ဒီပြဲက ခင္ဗ်ားကို ဘယ္ေတာ့မွ စိတ္မပ်က္ေစမယ့္ပြဲပါ။ ပရီးမီးယားလိဂ္ျပကၡဒိန္မွာ ကြၽန္ေတာ္တို႔ အဟုတ္ႀကီးထင္ထားၿပီး စိတ္ပ်က္စရာေကာင္းတဲ့ တျခားပြဲစဥ္ေတြရွိခဲ့ေပမယ့္လည္း ဒီပြဲကေတာ့ ဘယ္တုန္းကမွ အဲဒီလို မျဖစ္ခဲ့ပါဘူး။ အခုအခ်ိန္ သူတို႔ကစားေနတဲ့ပုံစံအရ စပါးစ္က အာဆင္နယ္ကို အႏိုင္ယူႏိုင္မယ္လို႔ ကြၽန္ေတာ္ မျမင္ဘူး။ သူတို႔ေတြ လက္စတာစီးတီးကို ၆-၂ နဲ႔ အႏိုင္ရခဲ့ေပမယ့္ ဒီဂိုးရလဒ္က သူတို႔ကို ေျမာက္သြားေစခဲ့တယ္လို႔ ထင္ပါတယ္။ ဆြန္က ဒီရာသီမွာ ပြဲထြက္ကစားတိုင္း ေကာင္းေကာင္း မလုပ္ႏိုင္ခဲ့ဘဲ ကြန္တီက သူ႔ကို အရန္ခုံကေန အက်ိဳးသက္ေရာက္မႈျပသႏိုင္တဲ့ကစားသမားအျဖစ္ သုံးသြားႏိုင္ပါတယ္။ အာဆင္နယ္က ဖလားစိန္ေခၚသူေတြလားဆိုရင္ ေနာက္အပတ္ လီဗာပူးလ္နဲ႔ကန္ၿပီးမွပဲ ကြၽန္ေတာ္ အဲဒီေမးခြန္းကို ေျဖပါမယ္။ ပြဲႀကီးတစ္ပြဲမွာ ႏိုင္ၿပီး ေနာက္ပြဲရႈံးရင္ အဓိပၸာယ္မရွိပါဘူး။ မန္ယူႏိုက္တက္ကို အာဆင္နယ္တို႔ ရႈံးနိမ့္ခဲ့ၿပီး အခု သူတို႔ေတြ အႏိုင္ရဖို႔လိုေနတဲ့ ပြဲႀကီး ၂ ပြဲရွိေနပါတယ္။ မန္စီးတီးကလည္း ဖလားၿပိဳင္ပြဲထဲမွာရွိေနတာေၾကာင့္ ဒီ ၂ သင္းစလုံးက ထိပ္ဆုံး ၄ ေနရာအတြက္ ရည္မွန္းခ်က္ထားတာက လက္ေတြ႕က်ပါလိမ့္မယ္။ အာဆင္နယ္က အရင္ပြဲမွာ ဘရန႔္တ္ဖို႔ဒ္ကို လုံးဝ ပညာေပးႏိုင္ခဲ့ၿပီး ဒီပြဲမွာလည္း အိမ္ကြင္းအားသာခ်က္နဲ႔ စားသြားပါလိမ့္မယ္။

ခန႔္မွန္းခ်က္(အာဆင္နယ္ ၂-၁ ေတာ့တင္ဟမ္)

လီဗာပူးလ္ Vs ဘ႐ိုက္တန္

လီဗာပူးလ္အတြက္ ဒီပြဲက ပြဲႀကီးတစ္ပြဲျဖစ္ၿပီး သူတို႔ေတြ ေနာက္အပတ္ ခ်န္ပီယံလိဂ္နဲ႔ အဲဒီပြဲၿပီးရင္ အာဆင္နယ္နဲ႔ ကစားဖို႔ရွိပါတယ္။ ဒီရာသီမွာ ေစာေစာစီးစီး ရက္သတၱပတ္ႀကီးနဲ႔ ေတြ႕ေနၿပီျဖစ္ၿပီး ကြၽန္ေတာ့္အျမင္မွာေတာ့ သူတို႔ ဒီ ၃ ပြဲစလုံး အႏိုင္ရဖို႔လိုပါတယ္။ ၿပီးခဲ့တဲ့ ၃ ႏွစ္မွာ လီဗာပူးလ္ကစားခဲ့တဲ့ပုံအရ အဆင့္ ၃၊ ၄ ေလာက္ရတာက ေအာင္ျမင္မႈမဟုတ္ေတာ့ဘဲ ေနာက္ထပ္ လိဂ္ပြဲ ၂ ပြဲသာ အႏိုင္မရခဲ့ဘူးဆိုရင္ ဆုဖလားၿပိဳင္ပြဲကေန ထြက္ရႏိုင္ပါတယ္။ လီဗာပူးလ္ကစားသမားေတြက ႏိုင္ငံတကာပြဲေတြမွာ ႀကီးႀကီးမားမား မပါဝင္ခဲ့ရဘဲ ဖာဘင္ညိဳဆို ဘရာဇီးလ္အတြက္ မိနစ္ ၇၀ ပဲ ကစားခဲ့ရေပမယ့္ ခရီးေတာ့ ေတာ္ေတာ္ထြက္ခဲ့ရပါတယ္။ သီေယဂိုကလည္း ဒဏ္ရာေၾကာင့္ စပိန္လူစာရင္းမွာ အေ႐ြးမခံခဲ့ရဘဲ အဲဒါေၾကာင့္ သူကေတာ့ ဒီပြဲကို လန္းလန္းဆန္းဆန္းနဲ႔ ပါဝင္ကစားေပးႏိုင္ပါလိမ့္မယ္။ ကေလာ့ပ္အေနနဲ႔ တိုက္စစ္မွာ ဆာလားနဲ႔ ဒီယက္ဇ္ကို ဆက္သုံးမွာျဖစ္ၿပီး ႏူးညက္ဇ္ကိုလည္း ကစားခိုင္းသြားမယ္လို႔ ထင္ပါတယ္။ ဒီပြဲကေတာ့ လီဗာပူးလ္ႏိုင္ကို ႏိုင္မယ့္ပြဲပါ။

ခန႔္မွန္းခ်က္(လီဗာပူးလ္ ၂-၁ ဘ႐ိုက္တန္)

ဖူလ္ဟမ္ Vs နယူးကာဆယ္လ္ ယူႏိုက္တက္

တကယ့္ပြဲေကာင္းျဖစ္လာမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ နယူးကာဆယ္လ္ပြဲကို ကြၽန္ေတာ္ ၾကည့္ခဲ့ပါတယ္။ သူတို႔ေတြက အလန္ စိန႔္-မက္ဆီမင္မပါရင္ ႐ုန္းကန္ရတယ္လို႔ ထင္မိခဲ့ၿပီး အက္ဒီ ေဟာင္း သူ႔အသင္းကို ပြဲထြက္လာတဲ့ပုံကို ကြၽန္ေတာ္ ႀကိဳက္ပါတယ္။ သူတို႔ေတြက ဒီရာသီမွာ အႏိုင္ယူဖို႔ ခက္မယ့္အသင္းလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဖူလ္ဟမ္ ဒီရာသီ ပရီးမီးယားလိဂ္ရာသီ စတင္ခဲ့တဲ့ပုံစံကို ကြၽန္ေတာ္ အထင္ႀကီးမိၿပီး သူတို႔ေတြက အၿမဲတမ္း အသင္းေတြကို ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနတယ္။ မီထ႐ိုဗစ္က အပတ္တိုင္း ဂိုးသြင္းေနတဲ့ပုံေပၚၿပီး ဒီပြဲမွာ တစ္ေယာက္ေယာက္ေ႐ြးရမယ္ဆိုရင္ ကြၽန္ေတာ္ ဖူလ္ဟမ္ကိုပဲ ေ႐ြးမွာပါ။။ နယူးကာဆယ္လ္ကလည္း အထင္ႀကီးစရာကစားသမားေတြရွိေနတာေၾကာင့္ သေရက အျဖစ္ႏိုင္ဆုံးရလဒ္ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။

ခန႔္မွန္းခ်က္(ဖူလ္ဟမ္ ၁-၁ နယူးကာဆယ္လ္)

ေဆာက္သမ္တန္ Vs အဲဗာတန္

ေဆာက္သမ္တန္နည္းျပ ဟာဆန္ဟာတဲလ္အတြက္ေတာ့ ဒီပြဲက ႀကီးမားတဲ့ပြဲႀကီးျဖစ္လာမယ္လို႔ ကြၽန္ေတာ္ ၾကားထားတယ္။ သူတို႔ေတြ ဒီအပတ္ အဲဗာတန္ကို အိမ္ကြင္းမွာ ကစားသြားမွာျဖစ္ၿပီး ဒီပြဲမွာ သူ႔အသင္းက အႏိုင္ရဖို႔ လိုပါလိမ့္မယ္။ သူတို႔ေတြ ဒီပြဲမွာ ရလဒ္ေကာင္း မရရင္ နည္းျပအတြက္ ကြၽန္ေတာ္ တကယ္ စိတ္ပူမိပါတယ္။ အဲဗာတန္က အႏိုင္ယူဖို႔ ခက္တဲ့ အလုပ္ႀကိဳးစားတဲ့အသင္းျဖစ္ၿပီး လမ္းပတ္ကလည္း ကစားသမားေတြဆီက အေကာင္းဆုံးပုံစံရေအာင္ လုပ္ေနပါတယ္။ အဲဗာတန္ပရိသတ္ေတြက တစ္ခုပဲ ေတာင္းဆိုေနတာျဖစ္ၿပီး အပတ္တိုင္း ဒီကစားသမားေတြဆီကေန ၁၀၀ ရာခိုင္ႏႈန္း လိုခ်င္ေနတာပါ။ အဲဗာတန္က အဲဒီေမွ်ာ္မွန္းခ်က္ေတြနဲ႔ ေနထိုင္ေနရတာျဖစ္ၿပီး သူတို႔ေတြ ေကာင္းမြန္တဲ့ရလဒ္ ေတာ္ေတာ္မ်ားမ်ား ရထားပါတယ္။ အဲဗာတန္က ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးအသင္းမဟုတ္ေပမယ့္ လမ္းပတ္က သူတို႔ေတြကို ေကာင္းေကာင္းကစားႏိုင္ေအာင္ လုပ္ေပးေနၿပီး ေဆာက္သမ္တန္က အိမ္ကြင္းအားသာခ်က္နဲ႔ ဒီအပတ္ေတာ့ သေရေလာက္ ကစားသြားႏိုင္မွာပါ။

ခန႔္မွန္းခ်က္(ေဆာက္သမ္တန္ ၁-၁ အဲဗာတန္)

ခရစၥတယ္ ပဲေလ့စ္ Vs ခ်ဲလ္ဆီး

ပဲေလ့စ္အိမ္ကြင္းမွာ ကစားရတဲ့ပြဲက အၿမဲတမ္း ခက္ခဲၿပီး ဂေရဟမ္ ေပါ့တားက ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း အသင္းမွာ တစ္ေယာက္မွမရွိဘဲ ေနခဲ့ရလို႔ အခုအခ်ိန္မွာ သူကစားေစခ်င္သလို ကစားႏိုင္ေအာင္ လုပ္ေပးဖို႔ အခ်ိန္အရမ္းနည္းေနပါတယ္။ ပြဲေတြက ကပ္လာၿပီး ျမန္လာေတာ့မွာျဖစ္ၿပီး ၿပီးရင္ ကမာၻ႔ဖလား ကစားသြားရမွာပါ။ ေပါ့တားက နည္းျပေကာင္းျဖစ္ေပမယ့္လည္း ဘ႐ိုက္တန္မွာတုန္းက အသင္းကို တည္ေဆာက္ဖို႔ အခ်ိန္အခ်ိဳ႕ ယူခဲ့ရၿပီး ခ်ဲလ္ဆီးမွာလည္း နည္းနည္းေတာ့ အခ်ိန္ယူရဦးမွာပါ။ ဒါေပမယ့္ သူ ဒီရာသီ ထိပ္ဆုံး ၄ ေနရာထဲေတာ့ ၿပီးဆုံးႏိုင္ဖို႔ လိုၿပီး သူတို႔ေတြ ခ်န္ပီယံလိဂ္မွာလည္း ေအစီမီလန္ကို ၂ ေက်ာ့စလုံး အႏိုင္မယူႏိုင္ဘူးဆိုရင္ ၿပိဳင္ပြဲကေန ထြက္ရမွာပါ။ ကူကူရယ္လာက ဒီပြဲကစားမွာက်ိန္းေသၿပီး ေပါ့တားကလည္း သူ႔ကို ေကာင္းေကာင္းသိၿပီးသားျဖစ္လို႔ မ်ားမ်ားစားစားလုပ္စရာမရွိပါဘူး။ ဒါေပမယ့္လည္း ဖိုဖာနာနဲ႔ ကူလီေဘလီတို႔ကို မေခၚလာခဲ့တာက ျပႆနာျဖစ္ၿပီး ဒီပြဲက အၾကမ္းစားပြဲျဖစ္လာမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ခ်ဲလ္ဆီးႏိုင္မယ့္ဘက္က ရွိေနပါတယ္။

ခန႔္မွန္းခ်က္(ခရစၥတယ္ ပဲေလ့စ္ ဝ-၂ ခ်ဲလ္ဆီး)

ဘရန႔္တ္ဖို႔ဒ္ Vs ဘုန္းေမာက္

အိုင္ဗန္ တိုနီက ေနးရွင္းလိဂ္အတြက္ အဂၤလန္လူစာရင္းမွာ အေခၚခံခဲ့ရေပမယ့္ အသုံးျပဳျခင္းမခံခဲ့ရဘဲ အဲဒါက သူ႔အတြက္ အခ်ိန္ျဖဳန္းတီးခံခဲ့ရတာပါ။ သူ စိတ္ပ်က္ေနမွာျဖစ္ၿပီး သူ႔စြမ္းေဆာင္ရည္ကလည္း ဒီကိစၥက ဘယ္ေလာက္အထိ သူ႔အေပၚ သက္ေရာက္မႈရွိလဲဆိုတဲ့အေပၚမွာ မူတည္ပါလိမ့္မယ္။ ဘရန႔္တ္ဖို႔ဒ္ကလည္း ေနာက္ဆုံး အာဆင္နယ္နဲ႔ပြဲမွာ ေကာင္းေကာင္း ပညာေပးခံခဲ့ရၿပီး အရင္တုန္းက သူတို႔ ဒီေလာက္အေျခအေနဆိုးတာ မျမင္ခဲ့ဖူးပါဘူး။ သူတို႔ေတြ ဖူလ္ဟမ္နဲ႔ေရာ အာဆင္နယ္နဲ႔ပါ ဆိုး႐ြားတဲ့ပုံစံနဲ႔ စတင္ခဲ့ၿပီး ဒီပြဲမွာေတာ့ သူတို႔ရႈံးမယ္ မထင္ေပမယ့္ ေကာင္းေကာင္းေတာ့ စတင္ႏိုင္ဖို႔လိုပါတယ္။ ဂယ္ရီ အိုေနးလ္ကလည္း ဘုန္းေမာက္မွာ ေကာင္းေကာင္းလုပ္ႏိုင္ေနေပမယ့္ ဘရန႔္တ္ဖို႔ဒ္က ေကာင္းမြန္တဲ့လူစာရင္းရွိလို႔ တနဂၤေႏြေန႔မွာ သူတို႔က ဘုန္းေမာက္အတြက္ေတာ့ နည္းနည္း ပိုေကာင္းလြန္းေနမယ္ထင္ပါတယ္။

ခန႔္မွန္းခ်က္( ဘရန႔္တ္ဖို႔ဒ္ ၂-၁ ဘုန္းေမာက္)

ဝက္စ္ဟမ္း Vs ဝုလ္ဗ္စ္

ဝက္စ္ဟမ္းပရိသတ္ေတြက အခုအခ်ိန္မွာ သူတို႔အသင္းအတြက္ နည္းနည္းစိုးရိမ္ေနမွာျဖစ္ၿပီး သူတို႔ေတြ အဆင္ေျပသြားမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ ၿပီးခဲ့တဲ့ရာသီမွာ မယုံႏိုင္ဖြယ္ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီး သူတို႔ေတြ ဒီပြဲသာမႏိုင္ခဲ့ရင္ လုံးဝကို ေနာက္ျပန္သြားတာျဖစ္ပါလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္က အရမ္းေကာင္းျပထားေတာ့ အဲဒါေတြက အခု သူတို႔အေပၚမွာ ျပင္းထန္တဲ့ ဖိအားျပန္ျဖစ္ေနပါၿပီ။ သူတို႔မွာ အန္တိုနီယိုနဲ႔ အိုဝင္တို႔လို တန္ျပန္တိုက္စစ္မွာ ေကာင္းမြန္တဲ့သူေတြရွိၿပီး အရင္အတိုင္း ျပန္ေျခစြမ္းျပဖို႔ လိုမွာပါ။ ဝုလ္ဗ္စ္က အသင္းေကာင္းျဖစ္ေပမယ့္ လုံေလာက္တဲ့ဂိုးေတြ မသြင္းယူႏိုင္ဘဲ ဝက္စ္ဟမ္းက အခုအခ်ိန္မွာ အဲဒီေလာက္ အေျခအေနမဆိုးေနတာေၾကာင့္ သူတို႔ပဲ အႏိုင္ရသြားမယ္လို႔ ထင္ပါတယ္။

ခန႔္မွန္းခ်က္(ဝက္စ္ဟမ္း ၂-၀ ဝုလ္ဗ္စ္)

မန္စီးတီး Vs မန္ယူႏိုက္တက္

မန္ယူႏိုက္တက္က မန္စီးတီးကို နာက်င္ေစမယ့္ ကစားသမားေတြရွိပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို အႀကိမ္ေပါင္းမ်ားစြာ ျမင္ေတြ႕ခဲ့ရၿပီး မန္ယူႏိုက္တက္အတြက္ေတာ့ ရလဒ္ေကာင္းလည္း ရႏိုင္သလို တစ္စစီလည္း စုတ္ၿဖဲခံရႏိုင္ပါတယ္။ သူတို႔ေတြအေနနဲ႔ ဒီပြဲမွာ ၾကာၾကာေနႏိုင္ေလ ပါဝင္ပတ္သက္ခြင့္ ပိုရေလ ျဖစ္လာမွာျဖစ္ၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ပါလိမ့္မယ္။ စီးတီးခံစစ္မွာ ကြာဟခ်က္ေတြရွိေနမွာျဖစ္ၿပီး အဲရစ္ဆင္နဲ႔ ဖာနန္ဒက္စ္က အဲဒါကို ၿပီးျပည့္စုံတဲ့ ေပးပို႔မႈေတြနဲ႔ ရွာေဖြဖို႔ လိုပါလိမ့္မယ္။ ေရာ္နယ္လ္ဒိုက ဒီအပတ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ အရန္ခုံမွာ ျမင္ရႏိုင္ၿပီး ယူႏိုက္တက္သာ ဒီပြဲကို အႏိုင္ကစားခ်င္ရင္ တန္ျပန္တိုက္စစ္ကေန ျမန္ႏႈန္းနဲ႔ကစားရမွာပါ။ ေရာ္နယ္လ္ဒိုက ေပၚတူဂီအတြက္ ႐ုန္းကန္ခဲ့ရၿပီး ဒီပြဲကို သူ ပြဲထြက္ပါဝင္ရမွာမဟုတ္ပါဘူး။ မာလာစီယာကလည္း ခုထိ ပရီးမီးယားလိဂ္မွာ အမွားမ်ားမ်ားစားစားမရွိေသးဘဲ တန္ဟက္က သူ႔ကို သိေနတာေၾကာင့္ စီးတီးနဲ႔ပြဲမွာ သူ ပြဲထြက္ရပါလိမ့္မယ္။

မန္ယူႏိုက္တက္ဟာ ေနာက္ဆုံး ၄ ပြဲမွာ သူတို႔ကို ဂိုးသြင္းဖို႔ ပိုခက္လာခဲ့ၿပီး အဲဒီခံစစ္ပုံစံအတိုင္း ပြဲထြက္လာမွာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ မန္ယူႏိုက္တက္ တိုက္စစ္အတြက္ေတာ့ ခက္ခဲမွာျဖစ္ၿပီး တန္ဟက္အေနနဲ႔ အန္တိုနီကို ပြဲထြက္ကစားခိုင္းမလားဆိုတာ ကြၽန္ေတာ္ မေသခ်ာပါဘူး။ ေရွ႕တန္းကို ဝုန္းခနဲ တက္သြားၿပီး ေနာက္လည္း အမ်ားႀကီး ျပန္လိုက္ႏိုင္တဲ့ ကန္ဆယ္လိုကလည္း ရွိေနၿပီး မန္စီးတီးက တိုက္စစ္ပိုင္းမွာ လူေတြ စုၿပဳံလာေအာင္ ဖန္တီးဖို႔ ႀကိဳးပမ္းပါလိမ့္မယ္။ အီလန္ဂါက ကန္ဆယ္လို ေနာက္လိုက္ဖို႔အတြက္ ပြဲထြက္လာခဲ့ရင္ ကြၽန္ေတာ္ အံ့အားသင့္မွာမဟုတ္ပါဘူး။ ဂြါဒီယိုလာအေနနဲ႔ သူ႔ကစားသမားေတြကို ဟာလန္းေခါင္းေပၚ ေဘာလုံးေရာက္ေအာင္ပဲ ျဖတ္တင္ေပးဖို႔ ေျပာမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ဟာလန္းက သူ႔ရဲ႕ ၿပိဳင္ဘက္ေတြနဲ႔ပတ္သက္ၿပီး တကယ္ ဂ႐ုစိုက္တယ္လို႔လည္း မထင္ပါဘူး။ သူက ေၾကာက္စရာပါ။ သူ႔ရဲ႕ သူမတူတဲ့ လ်င္ျမန္မႈနဲ႔ ေ႐ြ႕လ်ားႏိုင္စြမ္းက ထူးျခားဆန္းၾကယ္ပါတယ္။ ရက္ရွ္ဖို႔ဒ္က တန္ျပန္တိုက္စစ္ကစားေနခ်ိန္မွာ မန္ယူႏိုက္တက္က သိပ္မတက္ဘဲ ေနာက္မွာလည္း ေနေနရမွာပါ။ သူတို႔ေတြ ဒီပြဲကေန ရမွတ္တခုခုရခ်င္ရင္ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ခုခံကာကြယ္ႏိုင္ရပါလိမ့္မယ္။ သူတို႔ေတြ မန္စီးတီးကို ေတာင့္ခံႏိုင္မွာမဟုတ္ဘဲ ဂြါဒီယိုလာရဲ႕အသင္းကပဲ ေနာက္ဆုံးမွာ အလဲထိုးသြားပါလိမ့္မယ္။

ခန႔္မွန္းခ်က္(မန္စီးတီး ၃-၁ မန္ခ်က္စတာယူႏိုက္တက္)

လိဒ္စ္ ယူႏိုက္တက္ Vs အက္စတန္ ဗီလာ

လိဒ္စ္က အခုအခ်ိန္မွာ နည္းနည္း ပ်င္းစရာေကာင္းေနၿပီး သူတို႔အတြက္ေတာ့ ဒီပြဲက ပြဲႀကီးတစ္ပြဲပါ။ သူတို႔ေတြ ဒီပြဲရႈံးရင္ သူတို႔ရဲ႕ ေကာင္းမြန္တဲ့စတင္မႈက ေျမာင္းထဲေရာက္ၿပီ။ ဒီရာသီမွာ ဘယ္အသင္းကမွ ေကာင္းေကာင္း ကစားႏိုင္တာမရွိဘဲ အက္စတန္ ဗီလာက ေဆာက္သမ္တန္နဲ႔ပြဲမွာ ရလဒ္ေကာင္း ရယူႏိုင္ခဲ့ေပမယ့္ ဒီပြဲရႈံးရင္ ဒုံရင္းပဲ ျဖစ္ပါလိမ့္မယ္။ ေဆာက္သမ္တန္နဲ႔ပြဲက သူတို႔ႏိုင္ပြဲက အေရးပါခဲ့ေပမယ့္ ပြဲက ေသေနခဲ့ပါတယ္။ စတီဗင္ ဂ်ရတ္သာ အဲဒီပြဲကို ရႈံးရင္ ျပင္းထန္တဲ့ေမးခြန္းေတြ ေမးခံခဲ့ရမွာပါ။ သူတို႔ေတြ အႏိုင္ရခဲ့လို႔ သက္သာရာရခဲ့တာျဖစ္ၿပီး ဒီအပတ္ပြဲမွာလည္း ေနာက္ထပ္ ရမွတ္အခ်ိဳ႕ ရယူသြားပါလိမ့္မယ္။

ခန႔္မွန္းခ်က္( လိဒ္စ္ယူႏိုက္တက္ ၁-၁ အက္စတန္ ဗီလာ)

လက္စတာစီးတီး Vs ေနာ္တင္ဟမ္ ေဖာရက္စ္

ေကာင္းလိုက္တဲ့ပြဲ။ ဒီပြဲက ေနာက္ထပ္ႀကီးမားတဲ့ ပရီးမီးယားလိဂ္ဒါဘီတစ္ပြဲပါ။ ဒီ ၂ သင္း အဂၤလိပ္ထိပ္တန္းၿပိဳင္ပြဲမွာ မေတြ႕ခဲ့ရတာ ႏွစ္ ၂၀ ေက်ာ္ေလာက္ ရွိပါၿပီ။ လက္စတာစီးတီးက ခံစစ္ပိုင္းမွာ မတည္ၿငိမ္ေပမယ့္ အရမ္းေကာင္းတဲ့ တိုက္စစ္ ရွိေနပါေသးတယ္။ လူေတြက လက္စတာစီးတီးအတြက္ စိုးရိမ္ေနမယ္ဆိုတာ ကြၽန္ေတာ္သိေပမယ့္ သူတို႔ေတြ အဆင္ေျပသြားမယ္လို႔ ထင္ပါတယ္။ သူတို႔ အေျပာင္းအေ႐ႊ႕ကာလမွာ လူမဝယ္ခဲ့ပါဘူး။ ကြၽန္ေတာ္ကေတာ့ ဒီပြဲရႈံးရင္ေတာင္ ဘရန္ဒန္ ေရာ့ဂ်ားစ္ကို ေထာက္ခံေနမွာပါ။ ဘာလို႔လဲဆိုေတာ့ သူက ထိပ္တန္းနည္းျပ ျဖစ္ေနလို႔ပါ။ သူတို႔ေတြ ဒီရာသီမွာ အေကာင္းဆုံးကစားသမားေတြထဲက ၂ ဦးကို ဆုံးရႈံးခဲ့ၿပီး ဖိုဖာနာနဲ႔ ရွမိုက္ကယ္တို႔ကို ဆုံးရႈံးခဲ့တာပါ။ အထူးသျဖင့္ ရွမိုက္ကယ္က သူတို႔အတြက္ ရမွတ္ေတြ ဆယ္ေပးခဲ့တာျဖစ္ၿပီး အခုေတာ့ သူတို႔ေတြ သူ႔ကို တျခားေပးပစ္လိုက္ၿပီ။ လက္စတာစီးတီးက ပရီးမီးယားလိဂ္မွာ ဂိုးပုံမွန္သြင္းေနခဲ့ၿပီး ဒီ ၂ သင္းစလုံး ဂိုးမသြင္းရင္ေတာင္ ေနာ္တင္ဟမ္ ေဖာရက္စ္က သူတို႔ကို အႏိုင္ယူႏိုင္မယ္လို႔ ကြၽန္ေတာ္ မျမင္ဘူး။ လက္စတာစီးတီးႏိုင္ပြဲပဲ ကြၽန္ေတာ္ ဒီပြဲမွာ ျမင္ေနပါတယ္။

ခန႔္မွန္းခ်က္(လက္စတာစီးတီး ၃-၀ ေနာ္တင္ဟမ္ ေဖာရက္စ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.