Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂.၉.၂၀၂၀

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားသစ္ျဖစ္လာမယ့္ နယ္သာလန္ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ဟာ အသင္းသစ္မွာ သူဝတ္ဆင္မယ့္ ေက်ာနံပါတ္ကို သူ႕ရဲ႕ အရင္းႏွီးဆုံးသူငယ္ခ်င္းတစ္ဦးျဖစ္တဲ့ အက္ဘ္ဒဲလ္ဟက္ ႏူရီရဲ႕ ေက်ာနံပါတ္ ၃၄ ကို ေတာင္းဆုိ ဝတ္ဆင္ဖြယ္ရွိၿပီး ဂႏၴဝင္နံပါတ္ ၁၆ ကိုလည္း ႐ိုဟိုဆီက ရယူသြားႏုိင္ေျခရွိေန။

– ၿပီးခဲ့တဲ့ႏွစ္က ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ကို အသုံးျပဳၿပီးရင္ အေျပာင္းအလဲလုပ္စရာ အင္အားမက်န္ေတာ့တဲ့ အျဖစ္မ်ဳိး ထပ္မျဖစ္ရေအာင္ ယူႏုိက္တက္တုိ႔အေနနဲ႔ ဗန္ဒဘိခ္နဲ႔ သေဘာတူညီႏုိင္ခဲ့တာေတာင္မွ ဘုိင္ယန္ျမဴးနစ္ရဲ႕ သီယာဂိုကို လီဗာပူးလ္နဲ႔အၿပဳိင္ ႀကဳိးစားသြားဖို႔ ရွိေန။

– တိုက္စစ္ပုိင္းအတြက္ ဂိုးသြင္းေျချမင့္မားၿပီး အသင္းရဲ႕ ကစားဟန္နဲ႔ ကိုက္ညီတဲ့ ေရွ႕တန္းလူတစ္ဦးကို ရွာေဖြေနရာမွာ လီယြန္တုိက္စစ္မွဴး မူဆာ ဒမ္ဘီလီဟာ ဆိုးလ္ရွားရဲ႕ လိုအပ္ခ်က္နဲ႔ အံဝင္ခြင္က်ျဖစ္မယ့္ အားျဖည့္မွဳလို႔ ဆုိေနၾက။

– ေဒါ့မြန္နဲ႔ ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ၿပီး မန္ခ်က္စတာယူႏုိက္တက္မွာ ကစားလိုျခင္းမရွိေၾကာင္းျပသမွ ဆန္ခ်ဳိကို ေခၚယူဖို႔ လက္ေလွ်ာ့မွာ ျဖစ္ေၾကာင္း အသင္းတာဝန္ရွိသူေတြက ဆုိခဲ့ၿပီး ေပါင္သန္း ၁၀၀ အထက္ ေဈးႏွဳန္းကိုေတာ့ စိတ္ပ်က္ေန။

– အူပါမီကာႏုိကို ေခၚယူဖို႔ ေျခခ်င္းလိမ္ေနခဲ့တဲ့ ကလပ္အသင္းေတြထဲမွာ မန္ခ်က္စတာယူႏုိက္တက္လည္း ပါဝင္ေနၿပီး လက္ရွိစာခ်ဳပ္အရ ေပါင္ ၅၃ သန္း ေပးေခ်ရမွာျဖစ္သလို တစ္ရာသီ ေစာင့္ဆုိင္းၿပီးရင္ေတာ့ ေပါင္သန္း ၄၀ နဲ႔ ေခၚယူႏုိင္မယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ဖြစ်လာမယ့် နယ်သာလန်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ဟာ အသင်းသစ်မှာ သူဝတ်ဆင်မယ့် ကျောနံပါတ်ကို သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ အက်ဘ်ဒဲလ်ဟက် နူရီရဲ့ ကျောနံပါတ် ၃၄ ကို တောင်းဆို ဝတ်ဆင်ဖွယ်ရှိပြီး ဂန္ထဝင်နံပါတ် ၁၆ ကိုလည်း ရိုဟိုဆီက ရယူသွားနိုင်ခြေရှိနေ။

– ပြီးခဲ့တဲ့နှစ်က ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို အသုံးပြုပြီးရင် အပြောင်းအလဲလုပ်စရာ အင်အားမကျန်တော့တဲ့ အဖြစ်မျိုး ထပ်မဖြစ်ရအောင် ယူနိုက်တက်တို့အနေနဲ့ ဗန်ဒဘိခ်နဲ့ သဘောတူညီနိုင်ခဲ့တာတောင်မှ ဘိုင်ယန်မြူးနစ်ရဲ့ သီယာဂိုကို လီဗာပူးလ်နဲ့အပြိုင် ကြိုးစားသွားဖို့ ရှိနေ။

– တိုက်စစ်ပိုင်းအတွက် ဂိုးသွင်းခြေမြင့်မားပြီး အသင်းရဲ့ ကစားဟန်နဲ့ ကိုက်ညီတဲ့ ရှေ့တန်းလူတစ်ဦးကို ရှာဖွေနေရာမှာ လီယွန်တိုက်စစ်မှူး မူဆာ ဒမ်ဘီလီဟာ ဆိုးလ်ရှားရဲ့ လိုအပ်ချက်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် အားဖြည့်မှုလို့ ဆိုနေကြ။

– ဒေါ့မွန်နဲ့ နှစ်ရှည်စာချုပ်သစ်ချုပ်ပြီး မန်ချက်စတာယူနိုက်တက်မှာ ကစားလိုခြင်းမရှိကြောင်းပြသမှ ဆန်ချိုကို ခေါ်ယူဖို့ လက်လျှော့မှာ ဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေက ဆိုခဲ့ပြီး ပေါင်သန်း ၁၀၀ အထက် ဈေးနှုန်းကိုတော့ စိတ်ပျက်နေ။

– အူပါမီကာနိုကို ခေါ်ယူဖို့ ခြေချင်းလိမ်နေခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်နေပြီး လက်ရှိစာချုပ်အရ ပေါင် ၅၃ သန်း ပေးချေရမှာဖြစ်သလို တစ်ရာသီ စောင့်ဆိုင်းပြီးရင်တော့ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်မယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.