Premier League

ထိပ်ဆုံး ၄ နေရာအတွက် ခန့်မှန်းခဲ့ကြတဲ့ ဝေဖန်လေကန်ရေး ဆရာကြီးများ

ပရီးမီးယားလိဂ်ရာသီသာ အခုမှ အစပိုင်းပဲရှိသေးပြီး စက်တင်ဘာလဟာ ဘုရင်မကြီး နတ်ရွာစံပြီးနောက်ပိုင်း ပွဲရွှေ့ဆိုင်းမှုတွေနဲ့ နိုင်ငံတကာပွဲစဉ် အားလပ်ရက်တွေကြောင့် တိတ်ဆိတ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဆိုပေမယ့်လည်း ပရီးမီးယားလိဂ်ဆုဖလားနဲ့ ထိပ်ဆုံး ၄ နေရာအတွက် နာမည်ကြီး ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ခန့်မှန်ချက်တွေကတော့ ဆက်လက် ပေါ်ထွက်လာနေဆဲဖြစ်ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်သူတွေဟာ တစ်သင်းကို ၆ ပွဲ၊ ၇ ပွဲအထိ ကစားခဲ့ကြပြီးဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်ခင် ဘရန့်တ်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပေမယ့်လည်း ဘောလုံးဝေဖန်သူတွေက ဂန်းနားတွေက အမှတ်ပေးဖလားရဖို့ ယှဉ်ပြိုင်ရမလား၊ ဥရောပဝင်ခွင့်အတွက် ထိပ်ဆုံးလေးနေရာအတွက် ယှဉ်ပြိုင်ရမလားဆိုတာကို အမြင်ကွဲနေကြတာဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ကွန်တီလက်အောက်မှာ အင်အားကြီးလာတဲ့ စပါးစ်တို့ဟာ ယခုရာသီ ရှုံးပွဲမရှိသေးတဲ့အသင်းတွေအဖြစ် အာဆင်နယ်နောက်ကနေ ၁ မှတ်အကွာနဲ့ ထပ်ချပ်မကွာ လိုက်နေပြီး လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့လို အသင်းတွေကလည်း မလှမ်းမကမ်းမှာ ရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ယခုရာသီရဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဟာ ပြင်းထန်လာတော့မှာဖြစ်ပြီး ဘောလုံးဝေဖန်သုံးသပ်သူတွေက ၎င်းတို့ရဲ့ အမြင်တွေကို အခုလိုပဲ ပြောဆိုသွားပါတယ်။

ဂျေမီ ကာရေဂါ(အာဆင်နယ်က ဆုဖလားပြိုင်ပွဲထဲမှာပဲရှိမယ်)

“ခင်ဗျား ဒီရာသီ အာဆင်နယ်ကို တကယ်သေချာကြည့်ရင် အရင်တုန်းက သူတို့ကို အဲဒီလိုပုံစံနဲ့ မမြင်ဖူးတာကို သိလိမ့်မယ်။ ကျွန်တော် ဆိုလိုတာက သူတို့က ဆုဖလားစိန်ခေါ်သူတွေဖြစ်နိုင်တဲ့သူတွေလိုမျိုး ပုံစံ တကယ်ပေါက်နေပါတယ်”

ဝီလီယံ ဂါးလက်စ်(စပါးစ်ထက်စာရင် အာဆင်နယ်က ဆုဖလားပြိုင်ပွဲနဲ့ ပိုနီးစပ်တယ်)

“အာဆင်နယ်က စပါးစ်ထက်စာရင် ဆုဖလားအတွက် ယှဉ်ပြိုင်နိုင်ဖို့ ပိုပြီး အခွင့်အလမ်းကောင်းရှိတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ သူတို့တွေ ချန်ပီယံလိဂ် မကစားရလို့ပါ။ သူတို့တွေအနေနဲ့ ပရီးမီးယားလိဂ်ဖလားအပေါ်မှာပဲ အာရုံစိုက်ရမှာပါ။ သူတို့ရဲ့ပစ်မှတ်က ဘာလဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် သူတို့တွေ ထိပ်ဆုံးလေးနေရာပဲဖြစ်ဖြစ် ဆုဖလားရဖို့ပဲဖြစ်ဖြစ် အာတီတာက သူ့ကစားသမားတွေကို ‘ဒီရာသီတော့ ငါတို့မှာ ဆုဖလားအတွက် တိုက်ပွဲဝင်ဖို့ အခွင့်အရေးကောင်းရှိနေတယ်။ အဲဒီတော့ လိုက်လိုက်ကြစို့’ဆိုပြီး ပြောခဲ့မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

ပက်ထရစ် အီဗရာ(မန်စီးတီးနဲ့ လီဗာပူးလ်တို့ပဲ ဖလားလုသွားမယ်)

“မန်စီးတီးနဲ့ လီဗာပူးလ်တို့က ရေပန်းအစားဆုံးဖြစ်နေဆဲလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ခင်ဗျားမှာ စပါးစ်၊ အာဆင်နယ်၊ ချဲလ်ဆီးတို့အပါအဝင် တခြား ပြိုင်ဘက်တွေလည်း အများကြီး ရှိနေပါတယ်”

ဘာကာရီ ဆက်ဂ်ညာ(လီဗာပူးလ် ဒါမှမဟုတ် ချဲလ်ဆီးက ထိပ်ဆုံး ၄ နေရာနဲ့လွဲမယ်)

“ကျွန်တော်ကတော့ အာဆင်နယ်၊စပါးစ်၊ မန်စီးတီးတို့က ထိပ်ဆုံး ၄ နေရာမှာ ကျိန်းသေပေါက် ရာသီပြီးဆုံးနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ တစ်နေရာကျန်နေတယ်။ အဲဒီနေရာက လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ လုရပါလိမ့်မယ်”

ဂါဘရီယယ် အဘွန်လဟော(မန်စီးတီးဖလားရပြီး လီဗာပူးလ် ထိပ်ဆုံး ၄ နေရာနဲ့လွဲမယ်)

“ကျွန်တော့်အတွက်တော့ ထိပ်ဆုံး ၄ နေရာမှာ ပထမဆုံးနေရာက မန်စီးတီးအတွက်ပဲ။ ဒုတိယက အာဆင်နယ်၊ တတိယက စပါးစ်ဖြစ်ပြီး စတုတ္ထနေရာကတော့ ချဲလ်ဆီးပါ”

အလန် ရှီးယားရား(မန်စီးတီး ဖလားရပြီး ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့ ထိပ်ဆုံး ၄ နေရာနဲ့ လွဲမယ်)

“ရာသီအစကတည်းက နည်းနည်းလေး အပြောင်းအလဲရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဆီကနေ မျက်မြင်တွေ့ခဲ့တဲ့ အထောက်အထားတွေအရ အာဆင်နယ်က ထိပ်ဆုံး ၄ နေရာထဲ ဝင်သွားနိုင်ပါတယ်”

ပေါလ် မာဆန်(ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့ ထိပ်ဆုံး ၄ နေရာလွဲမယ်)

“အစောကြီးရှိသေးပေမယ့် ကျွန်တော်ထင်တယ်။ ဒီရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာက မန်စီးတီး၊ လီဗာပူးလ်၊ စပါးစ်နဲ့ အာဆင်နယ်တို့ပဲ ဖြစ်မှာဖြစ်ပြီး ဘယ်သူတွေက ရှေ့နောက်ဖြစ်မလဲတော့မသိဘူး။ ချဲလ်ဆီးကတော့ ပြောစရာ တစ်ခု ဒါမှမဟုတ် ၂ ခု ပြောစရာရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂရေဟမ် ပေါ့တား စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဘယ်လိုစွမ်းဆောင်ပြမလဲ စောင့်ကြည့်တာပေါ့။ မန်ချက်စတာယူနိုက်တက်ကတော့ သူတို့တွေ ထိပ်ဆုံး ၄ နေရာဝင်မယ်လို့ ကျွန်တော် မထင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ လူစာရင်းနဲ့ပတ်သက်ပြီး လုပ်စရာတွေအများကြီးရှိနေသေးလို့ပါ”

ဂျာမိန်း ဒီဖိုး(အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ ထိပ်ဆုံး ၄ နေရာလွဲမယ်)

“ဘယ်သူ ဖလားရသွားမလဲ၊ ဒုတိယနေရာမှာ ဘယ်သူ ရပ်တည်နိုင်မလဲဆိုတာတော့ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒီနှစ် ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းအတွက် လူစာရင်းတွေကို ကြည့်လိုက်တဲ့အခါမှာ မန်စီးတီး၊ လီဗာပူးလ်၊ စပါးစ်နဲ့ ချဲလ်ဆီးတို့ကို တွေ့ပါတယ်”

ဂယ်ရီ နဗီး(ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့ ထိပ်ဆုံး ၄ နေရာမဝင်ဘူး)

“မန်စီးတီး၊ လီဗာပူးလ်နဲ့ စပါးစ်တို့က ထိပ်ဆုံး ၃ သင်းလို့ ကျွန်တော် ထင်တယ်။ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ကြားမှာ ကြီးမားတဲ့တိုက်ပွဲဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ လီဗာပူးလ်အသင်းက တဖြည်းဖြည်း ပြန်ကောင်းလာမယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ အရင်နှစ်အနည်းငယ်အတွင်း သူတို့တွေ လုပ်ခဲ့နိုင်တာကြောင့်ပါ။ မန်ချက်စတာယူနိုက်တက်ကတော့ ကျွန်တော့် တစ်ဦးတည်းအမြင်အရ ထိပ်ဆုံး ၄ နေရာထဲဝင်ဖို့ ရုန်းကန်ရလိမ့်မယ်”

ဂျင်မီ ဖလွိုက်ဒ် ဟက်ဆဲလ်ဘိန့်ခ်(အာဆင်နယ်နဲ့ စပါး ထိပ်ဆုံး ၄ နေရာမဝင်နိုင်ဘူး)

“မန်ချက်စတာယူနိုက်တက်က ကစားပုံကို ရှာတွေ့သွားမယ်လို့ ထင်ပါတယ်။ သူတို့တွေ ဒီရာသီအစောပိုင်းမှာ ကစားနေခဲ့တဲ့ ပုံစံအတိုင်း ဆက်ပြီး ကစားသွားမှာပါ။ ဒါပေမယ့် သူတို့တွေ အာဆင်နယ်ရဲ့ အထက်ကို ရောက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ချဲလ်ဆီးက ထိပ်ဆုံးလေးနေရာထဲမှာ မန်ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့အတူ ရှိနေပါလိမ့်မယ်”

ရွိုင် ကီးန်(မန်ယူနိုက်တက်က ထိပ်ဆုံး ၄ နေရာထဲ ဝင်မယ်)

“ယူနိုက်တက်က ထိပ်ဆုံး ၄ နေရာထဲ ကျိန်းသေပေါက်ဝင်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက အခုဆိုရင် နည်းနည်းအထိုင်ကျသွားတဲ့အစုအဖွဲ့ဖြစ်နေပြီလို့ ထင်တယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ ကျွန်တော် အစောပိုင်းက ပြောခဲ့တဲ့အတိုင်း မပျော်မရွှင်ဖြစ်နေတဲ့သူတွေကလည်း အထုပ်ဆွဲပြီး ထွက်သွားကြပြီ။ နည်းပြကလည်း အထိုင်ကျလာနေပြီ။ ဒီနေ့ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အရန်ခုံက ရွေးချယ်စရာတွေကလည်း ကောင်းမွန်တယ်။ ကျွန်တော့်အတွက်တော့ ယူနိုက်တက် ထိပ်ဆုံး ၄ နေရာဝင်လိမ့်မယ်”

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ရာသီသာ အခုမွ အစပိုင္းပဲရွိေသးၿပီး စက္တင္ဘာလဟာ ဘုရင္မႀကီး နတ္႐ြာစံၿပီးေနာက္ပိုင္း ပြဲေ႐ႊ႕ဆိုင္းမႈေတြနဲ႔ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ေတြေၾကာင့္ တိတ္ဆိတ္ေနခဲ့တာျဖစ္ပါတယ္။

အဲဒီလိုဆိုေပမယ့္လည္း ပရီးမီးယားလိဂ္ဆုဖလားနဲ႔ ထိပ္ဆုံး ၄ ေနရာအတြက္ နာမည္ႀကီး ေဘာလုံးေဝဖန္သုံးသပ္သူေတြရဲ႕ ခန႔္မွန္ခ်က္ေတြကေတာ့ ဆက္လက္ ေပၚထြက္လာေနဆဲျဖစ္ၿပီး လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ဖလားအတြက္ ယွဥ္ၿပိဳင္သူေတြဟာ တစ္သင္းကို ၆ ပြဲ၊ ၇ ပြဲအထိ ကစားခဲ့ၾကၿပီးျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္မတိုင္ခင္ ဘရန႔္တ္ဖို႔ဒ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ဦးေဆာင္ေနေပမယ့္လည္း ေဘာလုံးေဝဖန္သူေတြက ဂန္းနားေတြက အမွတ္ေပးဖလားရဖို႔ ယွဥ္ၿပိဳင္ရမလား၊ ဥေရာပဝင္ခြင့္အတြက္ ထိပ္ဆုံးေလးေနရာအတြက္ ယွဥ္ၿပိဳင္ရမလားဆိုတာကို အျမင္ကြဲေနၾကတာျဖစ္ပါတယ္။

လက္ရွိ ခ်န္ပီယံ မန္စီးတီးနဲ႔ ကြန္တီလက္ေအာက္မွာ အင္အားႀကီးလာတဲ့ စပါးစ္တို႔ဟာ ယခုရာသီ ရႈံးပြဲမရွိေသးတဲ့အသင္းေတြအျဖစ္ အာဆင္နယ္ေနာက္ကေန ၁ မွတ္အကြာနဲ႔ ထပ္ခ်ပ္မကြာ လိုက္ေနၿပီး လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔လို အသင္းေတြကလည္း မလွမ္းမကမ္းမွာ ရွိေနၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ယခုရာသီရဲ႕ ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာအတြက္ တိုက္ပြဲဟာ ျပင္းထန္လာေတာ့မွာျဖစ္ၿပီး ေဘာလုံးေဝဖန္သုံးသပ္သူေတြက ၎တို႔ရဲ႕ အျမင္ေတြကို အခုလိုပဲ ေျပာဆိုသြားပါတယ္။

ေဂ်မီ ကာေရဂါ(အာဆင္နယ္က ဆုဖလားၿပိဳင္ပြဲထဲမွာပဲရွိမယ္)

“ခင္ဗ်ား ဒီရာသီ အာဆင္နယ္ကို တကယ္ေသခ်ာၾကည့္ရင္ အရင္တုန္းက သူတို႔ကို အဲဒီလိုပုံစံနဲ႔ မျမင္ဖူးတာကို သိလိမ့္မယ္။ ကြၽန္ေတာ္ ဆိုလိုတာက သူတို႔က ဆုဖလားစိန္ေခၚသူေတြျဖစ္ႏိုင္တဲ့သူေတြလိုမ်ိဳး ပုံစံ တကယ္ေပါက္ေနပါတယ္”

ဝီလီယံ ဂါးလက္စ္(စပါးစ္ထက္စာရင္ အာဆင္နယ္က ဆုဖလားၿပိဳင္ပြဲနဲ႔ ပိုနီးစပ္တယ္)

“အာဆင္နယ္က စပါးစ္ထက္စာရင္ ဆုဖလားအတြက္ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ပိုၿပီး အခြင့္အလမ္းေကာင္းရွိတယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ဒီရာသီမွာ သူတို႔ေတြ ခ်န္ပီယံလိဂ္ မကစားရလို႔ပါ။ သူတို႔ေတြအေနနဲ႔ ပရီးမီးယားလိဂ္ဖလားအေပၚမွာပဲ အာ႐ုံစိုက္ရမွာပါ။ သူတို႔ရဲ႕ပစ္မွတ္က ဘာလဲ ကြၽန္ေတာ္ မသိဘူး။ ဒါေပမယ့္ သူတို႔ေတြ ထိပ္ဆုံးေလးေနရာပဲျဖစ္ျဖစ္ ဆုဖလားရဖို႔ပဲျဖစ္ျဖစ္ အာတီတာက သူ႔ကစားသမားေတြကို ‘ဒီရာသီေတာ့ ငါတို႔မွာ ဆုဖလားအတြက္ တိုက္ပြဲဝင္ဖို႔ အခြင့္အေရးေကာင္းရွိေနတယ္။ အဲဒီေတာ့ လိုက္လိုက္ၾကစို႔’ဆိုၿပီး ေျပာခဲ့မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္”

ပက္ထရစ္ အီဗရာ(မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ပဲ ဖလားလုသြားမယ္)

“မန္စီးတီးနဲ႔ လီဗာပူးလ္တို႔က ေရပန္းအစားဆုံးျဖစ္ေနဆဲလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ားမွာ စပါးစ္၊ အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔အပါအဝင္ တျခား ၿပိဳင္ဘက္ေတြလည္း အမ်ားႀကီး ရွိေနပါတယ္”

ဘာကာရီ ဆက္ဂ္ညာ(လီဗာပူးလ္ ဒါမွမဟုတ္ ခ်ဲလ္ဆီးက ထိပ္ဆုံး ၄ ေနရာနဲ႔လြဲမယ္)

“ကြၽန္ေတာ္ကေတာ့ အာဆင္နယ္၊စပါးစ္၊ မန္စီးတီးတို႔က ထိပ္ဆုံး ၄ ေနရာမွာ က်ိန္းေသေပါက္ ရာသီၿပီးဆုံးႏိုင္မယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ တစ္ေနရာက်န္ေနတယ္။ အဲဒီေနရာက လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ လုရပါလိမ့္မယ္”

ဂါဘရီယယ္ အဘြန္လေဟာ(မန္စီးတီးဖလားရၿပီး လီဗာပူးလ္ ထိပ္ဆုံး ၄ ေနရာနဲ႔လြဲမယ္)

“ကြၽန္ေတာ့္အတြက္ေတာ့ ထိပ္ဆုံး ၄ ေနရာမွာ ပထမဆုံးေနရာက မန္စီးတီးအတြက္ပဲ။ ဒုတိယက အာဆင္နယ္၊ တတိယက စပါးစ္ျဖစ္ၿပီး စတုတၳေနရာကေတာ့ ခ်ဲလ္ဆီးပါ”

အလန္ ရွီးယားရား(မန္စီးတီး ဖလားရၿပီး ခ်ဲလ္ဆီးနဲ႔ မန္ယူႏိုက္တက္တို႔ ထိပ္ဆုံး ၄ ေနရာနဲ႔ လြဲမယ္)

“ရာသီအစကတည္းက နည္းနည္းေလး အေျပာင္းအလဲရွိခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ဆီကေန မ်က္ျမင္ေတြ႕ခဲ့တဲ့ အေထာက္အထားေတြအရ အာဆင္နယ္က ထိပ္ဆုံး ၄ ေနရာထဲ ဝင္သြားႏိုင္ပါတယ္”

ေပါလ္ မာဆန္(ခ်ဲလ္ဆီးနဲ႔ မန္ယူႏိုက္တက္တို႔ ထိပ္ဆုံး ၄ ေနရာလြဲမယ္)

“အေစာႀကီးရွိေသးေပမယ့္ ကြၽန္ေတာ္ထင္တယ္။ ဒီရာသီ ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာက မန္စီးတီး၊ လီဗာပူးလ္၊ စပါးစ္နဲ႔ အာဆင္နယ္တို႔ပဲ ျဖစ္မွာျဖစ္ၿပီး ဘယ္သူေတြက ေရွ႕ေနာက္ျဖစ္မလဲေတာ့မသိဘူး။ ခ်ဲလ္ဆီးကေတာ့ ေျပာစရာ တစ္ခု ဒါမွမဟုတ္ ၂ ခု ေျပာစရာရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဂေရဟမ္ ေပါ့တား စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဘယ္လိုစြမ္းေဆာင္ျပမလဲ ေစာင့္ၾကည့္တာေပါ့။ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ သူတို႔ေတြ ထိပ္ဆုံး ၄ ေနရာဝင္မယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔မွာ လူစာရင္းနဲ႔ပတ္သက္ၿပီး လုပ္စရာေတြအမ်ားႀကီးရွိေနေသးလို႔ပါ”

ဂ်ာမိန္း ဒီဖိုး(အာဆင္နယ္နဲ႔ မန္ယူႏိုက္တက္တို႔ ထိပ္ဆုံး ၄ ေနရာလြဲမယ္)

“ဘယ္သူ ဖလားရသြားမလဲ၊ ဒုတိယေနရာမွာ ဘယ္သူ ရပ္တည္ႏိုင္မလဲဆိုတာေတာ့ ကြၽန္ေတာ္ ေျပာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ဒီႏွစ္ ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ သင္းအတြက္ လူစာရင္းေတြကို ၾကည့္လိုက္တဲ့အခါမွာ မန္စီးတီး၊ လီဗာပူးလ္၊ စပါးစ္နဲ႔ ခ်ဲလ္ဆီးတို႔ကို ေတြ႕ပါတယ္”

ဂယ္ရီ နဗီး(ခ်ဲလ္ဆီးနဲ႔ မန္ယူႏိုက္တက္တို႔ ထိပ္ဆုံး ၄ ေနရာမဝင္ဘူး)

“မန္စီးတီး၊ လီဗာပူးလ္နဲ႔ စပါးစ္တို႔က ထိပ္ဆုံး ၃ သင္းလို႔ ကြၽန္ေတာ္ ထင္တယ္။ ခ်ဲလ္ဆီး၊ အာဆင္နယ္နဲ႔ မန္ယူႏိုက္တက္တို႔ၾကားမွာ ႀကီးမားတဲ့တိုက္ပြဲျဖစ္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ လီဗာပူးလ္အသင္းက တျဖည္းျဖည္း ျပန္ေကာင္းလာမယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဘာလို႔လဲဆိုေတာ့ အရင္ႏွစ္အနည္းငယ္အတြင္း သူတို႔ေတြ လုပ္ခဲ့ႏိုင္တာေၾကာင့္ပါ။ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ကြၽန္ေတာ့္ တစ္ဦးတည္းအျမင္အရ ထိပ္ဆုံး ၄ ေနရာထဲဝင္ဖို႔ ႐ုန္းကန္ရလိမ့္မယ္”

ဂ်င္မီ ဖလြိဳက္ဒ္ ဟက္ဆဲလ္ဘိန႔္ခ္(အာဆင္နယ္နဲ႔ စပါး ထိပ္ဆုံး ၄ ေနရာမဝင္ႏိုင္ဘူး)

“မန္ခ်က္စတာယူႏိုက္တက္က ကစားပုံကို ရွာေတြ႕သြားမယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ ဒီရာသီအေစာပိုင္းမွာ ကစားေနခဲ့တဲ့ ပုံစံအတိုင္း ဆက္ၿပီး ကစားသြားမွာပါ။ ဒါေပမယ့္ သူတို႔ေတြ အာဆင္နယ္ရဲ႕ အထက္ကို ေရာက္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခ်ဲလ္ဆီးက ထိပ္ဆုံးေလးေနရာထဲမွာ မန္ယူႏိုက္တက္၊ မန္စီးတီး၊ လီဗာပူးလ္တို႔နဲ႔အတူ ရွိေနပါလိမ့္မယ္”

႐ြိဳင္ ကီးန္(မန္ယူႏိုက္တက္က ထိပ္ဆုံး ၄ ေနရာထဲ ဝင္မယ္)

“ယူႏိုက္တက္က ထိပ္ဆုံး ၄ ေနရာထဲ က်ိန္းေသေပါက္ဝင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြက အခုဆိုရင္ နည္းနည္းအထိုင္က်သြားတဲ့အစုအဖြဲ႕ျဖစ္ေနၿပီလို႔ ထင္တယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ကြၽန္ေတာ္ အေစာပိုင္းက ေျပာခဲ့တဲ့အတိုင္း မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့သူေတြကလည္း အထုပ္ဆြဲၿပီး ထြက္သြားၾကၿပီ။ နည္းျပကလည္း အထိုင္က်လာေနၿပီ။ ဒီေန႔ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတဲ့ အရန္ခုံက ေ႐ြးခ်ယ္စရာေတြကလည္း ေကာင္းမြန္တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ယူႏိုက္တက္ ထိပ္ဆုံး ၄ ေနရာဝင္လိမ့္မယ္”

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.