Other Leagues

အာဆင်နယ်ကို ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့တဲ့ မီဒယ်မာ

ဗီဗီအန်း မီဒယ်မာဟာ နယ်သာလန်က မိုးရေတွေ ရွှဲစိုနေတဲ့ ချန်ပီယံလိဂ်ညမှာ အိုင်းယက်စ်အသင်းကို ၂ ကျော့ပေါင်း ၃-၂ နဲ့ အနိုင်ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒတ်ချ်တိုက်စစ်မှူးဟာ အဝေးကွင်းမှာ အာဆင်နယ်အသင်း ၁-၀ နဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်အုပ်စုအဆင့် တစ်နေရာ ရရှိစေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ် ၂ ရဲ့ ဒုတိယအကျော့ရလဒ်ကြောင့် အာဆင်နယ်အမျိုးသမီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ၂ ကျော့ပေါင်း ၃-၂ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းလင်းလိုတာက အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံဟာ အမျိုးသား ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံနဲ့ ကွဲပြားနေပြီး ပွဲစဉ် ၂ အပြီးမှာမှ အုပ်စုအဆင့်ဖြစ်ပြီး အုပ်စုအဆင့်ကနေ ကွာတားဖိုင်နယ်အဆင့်ကို တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဧည့်သည် အာဆင်နယ်အသင်းဟာ ရာဖဲလ် ဆူဇာ ဒဏ်ရာရရှိခဲ့မှုနဲ့ ဘက်သ် မိဒ် ဦးခေါင်းဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် လူစားလဲလှယ်ခဲ့ရမှုတို့ကြောင့် တော်တော်လေး အားနည်းသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အာဆင်နယ်အသင်းဟာ ဒတ်ချ်ပြိုင်ဘက်တွေရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ ဦးဆောင်ထားရာကနေ သရေကျသွားခဲ့လို့ စိတ်ပျက်ခဲ့ရတာဖြစ်ပေမယ့်လည်း ဗုဒ္ဓဟူးနေ့ည အမ်စတာဒမ်မှာတော့ ဂျိုးနပ်စ် အိုက်ဒီဗဲလ်ရဲ့အသင်းဟာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့အတူ ရလဒ်ကောင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဧည့်သည် အာဆင်နယ်အသင်းဟာ ပွဲအစကတည်းက ကောင်းကောင်း စတင်နိုင်ခဲ့တာဖြစ်ပြီး အိုင်းယက်စ်အသင်းဟာ ၁၀ မိနစ်မှာ အက်ရှ်လီ ဗီယာဒန်ရဲ့ဖြတ်တင်ပေးပို့မှုကို ပိတ်သွင်းမယ့်သူတစ်ဦးမှမရှိခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။

သိပ်မကြာခင်မှာ အန္တရာယ်ရှိတဲ့ ပေးပို့မှုကနေ အိုင်းယက်စ်တိုက်စစ်မှူး ရိုမီး လွတ်ဖ်တာက ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ရာမှာ အာဆင်နယ်ကွင်းလယ်ကစားသမား လီယာ ဝီလီယံဆင်က ရှင်းထုတ်ပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်း မပြီးဆုံးခင်ကတည်းက ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေး ပိုင်ဆိုင်ခဲ့ပေမယ့်လည်း မီဒယ်မာရဲ့ ကန်သွင်းချက်ဟာ ဂိုးဘားတန်း ၂ ခုဆုံရာကို တည့်တည့်ထိမှန်သွားခဲ့တာကြောင့် နစ်နာခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်တိုက်စစ်မှူး မီဒယ်မာဟာ ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ ဂိုးအောက်ထောင့်ကို အပြင်းကန်သွင်းယူပြီး ယခုရာသီ ပြိုင်ပွဲစုံ ၃ ဂိုးမြောက် သွင်းဂိုးကို သွင်းယူသွားနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဦးဆောင်ဂိုးနဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အမျိုးသမီးအသင်းဟာ ပွဲစဉ် ၂ ရှုံးထွက်အဆင့်မှာ ၂ ကျော့ပေါင်း ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ချဲလ်ဆီးနဲ့အတူ မဲအိုး ၂ မှာ အတူတူ ကျရောက်သွားခဲ့ပြီဖြစ်ပါတယ်။

မဲအိုး ၁ မှာ လက်ရှိချန်ပီယံ လီယွန်၊ ဘာစီလိုနာ၊ ဝုဖ်ဘတ်၊ ပီအက်စ်ဂျီတို့ ရှိနေပြီး အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ အဲဒီအသင်းတွေထဲက တစ်သင်းနဲ့အတူ ကျရောက်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မဲအိုး ၂ ပြည့်ဖို့ ၂ သင်း ကျန်ရှိနေသေးပြီး ယနေ့ည ရိုးမားနဲ့ စပါတာ ပါပါဂွေး၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်ဆိုစီဒက်တို့ ပွဲစဉ်တွေအပြီးမှာတော့ မဲအိုး ၂ က ပြည့်မြောက်သွားမှာဖြစ်ပြီး လက်ရှိအချိန်အထိ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို တက်ရောက်ထားနိုင်တဲ့အသင်းတွေကတော့ အာဆင်နယ်၊ ဘာစီလိုနာ၊ ဘင်ဖီကာ၊ ချဲလ်ဆီး၊ ဂျူဗင်တပ်၊ လီယွန်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ရိုဆင်ဂွါဒ်၊ ဆလားဗီးယား ပရက်ဂ်၊ ပိုလ်တန်၊ ဗလက်ဇ်နီးယား ရှကိုဒါ၊ ဝုဖ်ဘတ်၊ ဇူးရစ်ချ်အသင်းတို့ပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗီဗီအန္း မီဒယ္မာဟာ နယ္သာလန္က မိုးေရေတြ ႐ႊဲစိုေနတဲ့ ခ်န္ပီယံလိဂ္ညမွာ အိုင္းယက္စ္အသင္းကို ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ အႏိုင္ရရွိေစမယ့္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ဒတ္ခ်္တိုက္စစ္မႉးဟာ အေဝးကြင္းမွာ အာဆင္နယ္အသင္း ၁-၀ နဲ႔ အႏိုင္ရရွိၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္ တစ္ေနရာ ရရွိေစမယ့္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ ပြဲစဥ္ ၂ ရဲ႕ ဒုတိယအေက်ာ့ရလဒ္ေၾကာင့္ အာဆင္နယ္အမ်ိဳးသမီးအသင္းဟာ ဗုဒၶဟူးေန႔ညမွာ ၂ ေက်ာ့ေပါင္း ၃-၂ ရလဒ္နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနရာမွာ ရွင္းလင္းလိုတာက အမ်ိဳးသမီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲပုံစံဟာ အမ်ိဳးသား ခ်န္ပီယံလိဂ္ၿပိဳင္ပြဲပုံစံနဲ႔ ကြဲျပားေနၿပီး ပြဲစဥ္ ၂ အၿပီးမွာမွ အုပ္စုအဆင့္ျဖစ္ၿပီး အုပ္စုအဆင့္ကေန ကြာတားဖိုင္နယ္အဆင့္ကို တိုက္႐ိုက္ေရာက္ရွိသြားမွာျဖစ္ပါတယ္။ ဧည့္သည္ အာဆင္နယ္အသင္းဟာ ရာဖဲလ္ ဆူဇာ ဒဏ္ရာရရွိခဲ့မႈနဲ႔ ဘက္သ္ မိဒ္ ဦးေခါင္းဒဏ္ရာ ရရွိသြားခဲ့ၿပီးေနာက္ လူစားလဲလွယ္ခဲ့ရမႈတို႔ေၾကာင့္ ေတာ္ေတာ္ေလး အားနည္းသြားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔မွာ အာဆင္နယ္အသင္းဟာ ဒတ္ခ်္ၿပိဳင္ဘက္ေတြရဲ႕ ေနာက္က်သြင္းဂိုးနဲ႔အတူ ဦးေဆာင္ထားရာကေန သေရက်သြားခဲ့လို႔ စိတ္ပ်က္ခဲ့ရတာျဖစ္ေပမယ့္လည္း ဗုဒၶဟူးေန႔ည အမ္စတာဒမ္မွာေတာ့ ဂ်ိဳးနပ္စ္ အိုက္ဒီဗဲလ္ရဲ႕အသင္းဟာ တိုက္ပြဲဝင္စိတ္ဓာတ္နဲ႔အတူ ရလဒ္ေကာင္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဧည့္သည္ အာဆင္နယ္အသင္းဟာ ပြဲအစကတည္းက ေကာင္းေကာင္း စတင္ႏိုင္ခဲ့တာျဖစ္ၿပီး အိုင္းယက္စ္အသင္းဟာ ၁၀ မိနစ္မွာ အက္ရွ္လီ ဗီယာဒန္ရဲ႕ျဖတ္တင္ေပးပို႔မႈကို ပိတ္သြင္းမယ့္သူတစ္ဦးမွမရွိခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရပါတယ္။

သိပ္မၾကာခင္မွာ အႏၲရာယ္ရွိတဲ့ ေပးပို႔မႈကေန အိုင္းယက္စ္တိုက္စစ္မႉး ႐ိုမီး လြတ္ဖ္တာက ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာ အာဆင္နယ္ကြင္းလယ္ကစားသမား လီယာ ဝီလီယံဆင္က ရွင္းထုတ္ပစ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ပထမပိုင္း မၿပီးဆုံးခင္ကတည္းက ဦးေဆာင္ဂိုး ရရွိမယ့္ အခြင့္အေရး ပိုင္ဆိုင္ခဲ့ေပမယ့္လည္း မီဒယ္မာရဲ႕ ကန္သြင္းခ်က္ဟာ ဂိုးဘားတန္း ၂ ခုဆုံရာကို တည့္တည့္ထိမွန္သြားခဲ့တာေၾကာင့္ နစ္နာခဲ့ရတာ ျဖစ္ပါတယ္။

အာဆင္နယ္တိုက္စစ္မႉး မီဒယ္မာဟာ ဒုတိယပိုင္း ၅၁ မိနစ္မွာေတာ့ ဂိုးေအာက္ေထာင့္ကို အျပင္းကန္သြင္းယူၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၃ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူသြားႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ ဦးေဆာင္ဂိုးနဲ႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အမ်ိဳးသမီးအသင္းဟာ ပြဲစဥ္ ၂ ရႈံးထြက္အဆင့္မွာ ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ခ်ဲလ္ဆီးနဲ႔အတူ မဲအိုး ၂ မွာ အတူတူ က်ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။

မဲအိုး ၁ မွာ လက္ရွိခ်န္ပီယံ လီယြန္၊ ဘာစီလိုနာ၊ ဝုဖ္ဘတ္၊ ပီအက္စ္ဂ်ီတို႔ ရွိေနၿပီး အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ အဲဒီအသင္းေတြထဲက တစ္သင္းနဲ႔အတူ က်ေရာက္မွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မဲအိုး ၂ ျပည့္ဖို႔ ၂ သင္း က်န္ရွိေနေသးၿပီး ယေန႔ည ႐ိုးမားနဲ႔ စပါတာ ပါပါေဂြး၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ရီးရဲလ္ဆိုစီဒက္တို႔ ပြဲစဥ္ေတြအၿပီးမွာေတာ့ မဲအိုး ၂ က ျပည့္ေျမာက္သြားမွာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို တက္ေရာက္ထားႏိုင္တဲ့အသင္းေတြကေတာ့ အာဆင္နယ္၊ ဘာစီလိုနာ၊ ဘင္ဖီကာ၊ ခ်ဲလ္ဆီး၊ ဂ်ဴဗင္တပ္၊ လီယြန္၊ ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္၊ ႐ိုဆင္ဂြါဒ္၊ ဆလားဗီးယား ပရက္ဂ္၊ ပိုလ္တန္၊ ဗလက္ဇ္နီးယား ရွကိုဒါ၊ ဝုဖ္ဘတ္၊ ဇူးရစ္ခ်္အသင္းတို႔ပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.