Premier League

အာဆင်နယ်က ဆာလီဘာရဲ့ပြဿနာကို ပြောပြလိုက်တဲ့ ဂန်းနားတပ်သားဟောင်း

အာဆင်နယ်နောက်ခံကစားသမားဟောင်း ဝီလီယံ ဂါးလက်စ်က ဆာလီဘာအနေနဲ့ အသင်းမှာ အနီးကပ်လေ့လာသင်ယူရမယ့် စီနီယာ ဗဟိုခံစစ်ကစားသမားမရှိတာကြောင့် ပြဿနာရှိတယ်လို့ ယုံကြည်နေပါတယ်။

ဆာလီဘာဟာ မာဆေးလ်အသင်းမှာ အောင်မြင်တဲ့ အငှားကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး အမ်းမရိတ်စ်ကို ပြန်လည်ရောက်ရှိလာပြီးနောက် ယခုရာသီမှာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်နေခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းထဲက ဗဟိုခံစစ်နေရာမှာ ပွဲထွက်ခွင့်တစ်နေရာ အခိုင်အမာ ရရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ လက်ရှိမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်လက်ရွေးစင်လူစာရင်းမှာ တစ်နေရာရဖို့ အပြင်းအထန်ကြိုးစားနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂါးလက်စ်က ဆာလီဘာရဲ့ အာဆင်နယ်က တိုးတက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့အရာကို ထုတ်ဖော်ပြောကြားလိုက်ပြီး ပြင်သစ်နောက်ခံကစားသမားဟာ အမ်းမရိတ်စ်မှာ တွဲကစားဖို့ အတွေ့အကြုံရှိ နောက်ခံကစားသမားမျိုး ရှိမနေဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဝီလီယံ ဆာလီဘာက ရီယို ဖာဒီနန်နဲ့ တူညီတဲ့ ကစားဟန်မျိုး ရှိပါတယ်။ ခင်ဗျား ဆာလီဘာ ကစားတဲ့ပုံစံကို မြင်တဲ့အခါမှာ ရီယို ငယ်ငယ်တုန်းကနဲ့ နှိုင်းယှဉ်ကြည့်ရင် သူတို့တွေက အတူတူပဲလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့်လည်း အမြဲတမ်း တူညီတဲ့ပြဿနာက ရှိနေပါတယ်”

“ခင်ဗျား ဘယ်သူ့ဆီကနေ သင်ယူသွားမှာလဲဆိုတာပါ။ သူက ငယ်ရွယ်သေးပြီး ဒီအသက်အရွယ်မှာ ခင်ဗျား လေ့လာသင်ယူဖို့ လိုအပ်ပြီး ခင်ဗျား ဘေးနားမှာ သင့်တော်တဲ့ ကစားသမားတွေ ရှိဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့်ပဲ ခင်ဗျား ဗဟိုခံစစ်မှာ ကစားတဲ့အချိန်မှာ ခင်ဗျား လေ့လာသင်ယူနိုင်မယ့် အတွေ့အကြုံရှိကစားသမားတွေ ရှိဖို့က အရမ်းအရေးကြီးတယ်လို့ ကျွန်တော် ပြောခဲ့တာပေါ့။ အခုအချိန်မှာ ဆာလီဘာနားမှာ ဘယ်သူမှ ရှိမနေဘူး။ ကျွန်တော် အတွေ့အကြုံရှိတဲ့ကစားသမားတွေအကြောင်း ပြောနေတဲ့အချိန်မှာ ထိပ်တန်းအဆင့် နောက်ခံလူတွေအကြောင်းလည်း ပြောနေတာပါ။ အဲဒါကြောင့်လည်း သူ့အတွက် ကျွန်တော် နည်းနည်း စိုးရိမ်မိတာပါ”

“သူ့အနေနဲ့ ထိပ်တန်းအဆင့် နောက်ခံကစားသမားဖြစ်ဖို့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့ နောက်အဆင့်တစ်ခုကို ရောက်ချင်ရင် ကျွန်တော်တို့ ဂျွန် တယ်ရီ အကြောင်း ပြောရမယ်ဆိုရင် သူ့နားမှာ ဘယ်သူရှိလဲ။ မာဆယ်လ် ဒက်ဆယ်လီရှိတယ်လေ။ ရီယို ဖာဒီနန်ကလည်း ဗီဒစ်ရဲ့ အနားမှာ ရှိခဲ့တယ်။ ဒါမှမဟုတ် သူတို့ထဲက ဘယ်သူက အရင်လဲဆိုတာကို ကျွန်တော် မသေချာပါဘူး။ နောက်ခံလူတွေအားလုံးက သူတို့တွေအနေနဲ့ တစ်စုံတယောက်ဆီကနေ သင်ယူခဲ့ရတာချည်းပါပဲ။ နက်စ်တာဆိုရင် မာလ်ဒီးနီဆီကနေ သင်ယူခဲ့ရတယ်။ အဲဒီတော့ နောက်ခံလူတွေ နောက်တစ်ဆင့်တက်ဖို့ဆိုရင် ခင်ဗျား အဲဒါကို လိုအပ်တယ်”

“သူ အသက် ၂၅၊ ၂၆ လောက်ဖြစ်သွားတဲ့အချိန်မှာ ခံစစ်ပိုင်းကို သူ ဦးဆောင်ရမယ့်အလှည့်ရောက်လာပါလိမ့်မယ်။ အဲဒီအခါကျရင် သူ့ဆီကနေ လေ့လာသင်ယူမယ့် လူငယ်ကစားသမားတွေနဲ့ သူ ကစားရလိမ့်မယ်။ ဥပမာအားဖြင့် ဖိုဖာနာပေါ့။ သူက သီယေဂို ဆေးလ်ဗားဆီကနေ အများကြီး လေ့လာသင်ယူဖို့အတွက် အရမ်းကောင်းတဲ့ အခွင့်အရေးရှိနေပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ေနာက္ခံကစားသမားေဟာင္း ဝီလီယံ ဂါးလက္စ္က ဆာလီဘာအေနနဲ႔ အသင္းမွာ အနီးကပ္ေလ့လာသင္ယူရမယ့္ စီနီယာ ဗဟိုခံစစ္ကစားသမားမရွိတာေၾကာင့္ ျပႆနာရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

ဆာလီဘာဟာ မာေဆးလ္အသင္းမွာ ေအာင္ျမင္တဲ့ အငွားကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ၿပီး အမ္းမရိတ္စ္ကို ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ယခုရာသီမွာ အာဆင္နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ေနခဲ့တာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းထဲက ဗဟိုခံစစ္ေနရာမွာ ပြဲထြက္ခြင့္တစ္ေနရာ အခိုင္အမာ ရရွိခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ လက္ရွိမွာေတာ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ျပင္သစ္လက္ေ႐ြးစင္လူစာရင္းမွာ တစ္ေနရာရဖို႔ အျပင္းအထန္ႀကိဳးစားေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂါးလက္စ္က ဆာလီဘာရဲ႕ အာဆင္နယ္က တိုးတက္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနတဲ့အရာကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး ျပင္သစ္ေနာက္ခံကစားသမားဟာ အမ္းမရိတ္စ္မွာ တြဲကစားဖို႔ အေတြ႕အႀကဳံရွိ ေနာက္ခံကစားသမားမ်ိဳး ရွိမေနဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဝီလီယံ ဆာလီဘာက ရီယို ဖာဒီနန္နဲ႔ တူညီတဲ့ ကစားဟန္မ်ိဳး ရွိပါတယ္။ ခင္ဗ်ား ဆာလီဘာ ကစားတဲ့ပုံစံကို ျမင္တဲ့အခါမွာ ရီယို ငယ္ငယ္တုန္းကနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ သူတို႔ေတြက အတူတူပဲလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္လည္း အၿမဲတမ္း တူညီတဲ့ျပႆနာက ရွိေနပါတယ္”

“ခင္ဗ်ား ဘယ္သူ႔ဆီကေန သင္ယူသြားမွာလဲဆိုတာပါ။ သူက ငယ္႐ြယ္ေသးၿပီး ဒီအသက္အ႐ြယ္မွာ ခင္ဗ်ား ေလ့လာသင္ယူဖို႔ လိုအပ္ၿပီး ခင္ဗ်ား ေဘးနားမွာ သင့္ေတာ္တဲ့ ကစားသမားေတြ ရွိဖို႔ လိုအပ္ပါတယ္။ အဲဒါေၾကာင့္ပဲ ခင္ဗ်ား ဗဟိုခံစစ္မွာ ကစားတဲ့အခ်ိန္မွာ ခင္ဗ်ား ေလ့လာသင္ယူႏိုင္မယ့္ အေတြ႕အႀကဳံရွိကစားသမားေတြ ရွိဖို႔က အရမ္းအေရးႀကီးတယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့တာေပါ့။ အခုအခ်ိန္မွာ ဆာလီဘာနားမွာ ဘယ္သူမွ ရွိမေနဘူး။ ကြၽန္ေတာ္ အေတြ႕အႀကဳံရွိတဲ့ကစားသမားေတြအေၾကာင္း ေျပာေနတဲ့အခ်ိန္မွာ ထိပ္တန္းအဆင့္ ေနာက္ခံလူေတြအေၾကာင္းလည္း ေျပာေနတာပါ။ အဲဒါေၾကာင့္လည္း သူ႔အတြက္ ကြၽန္ေတာ္ နည္းနည္း စိုးရိမ္မိတာပါ”

“သူ႔အေနနဲ႔ ထိပ္တန္းအဆင့္ ေနာက္ခံကစားသမားျဖစ္ဖို႔ ေနာက္တစ္ဆင့္ကို တက္လွမ္းဖို႔ လိုအပ္တဲ့ ေနာက္အဆင့္တစ္ခုကို ေရာက္ခ်င္ရင္ ကြၽန္ေတာ္တို႔ ဂြၽန္ တယ္ရီ အေၾကာင္း ေျပာရမယ္ဆိုရင္ သူ႔နားမွာ ဘယ္သူရွိလဲ။ မာဆယ္လ္ ဒက္ဆယ္လီရွိတယ္ေလ။ ရီယို ဖာဒီနန္ကလည္း ဗီဒစ္ရဲ႕ အနားမွာ ရွိခဲ့တယ္။ ဒါမွမဟုတ္ သူတို႔ထဲက ဘယ္သူက အရင္လဲဆိုတာကို ကြၽန္ေတာ္ မေသခ်ာပါဘူး။ ေနာက္ခံလူေတြအားလုံးက သူတို႔ေတြအေနနဲ႔ တစ္စုံတေယာက္ဆီကေန သင္ယူခဲ့ရတာခ်ည္းပါပဲ။ နက္စ္တာဆိုရင္ မာလ္ဒီးနီဆီကေန သင္ယူခဲ့ရတယ္။ အဲဒီေတာ့ ေနာက္ခံလူေတြ ေနာက္တစ္ဆင့္တက္ဖို႔ဆိုရင္ ခင္ဗ်ား အဲဒါကို လိုအပ္တယ္”

“သူ အသက္ ၂၅၊ ၂၆ ေလာက္ျဖစ္သြားတဲ့အခ်ိန္မွာ ခံစစ္ပိုင္းကို သူ ဦးေဆာင္ရမယ့္အလွည့္ေရာက္လာပါလိမ့္မယ္။ အဲဒီအခါက်ရင္ သူ႔ဆီကေန ေလ့လာသင္ယူမယ့္ လူငယ္ကစားသမားေတြနဲ႔ သူ ကစားရလိမ့္မယ္။ ဥပမာအားျဖင့္ ဖိုဖာနာေပါ့။ သူက သီေယဂို ေဆးလ္ဗားဆီကေန အမ်ားႀကီး ေလ့လာသင္ယူဖို႔အတြက္ အရမ္းေကာင္းတဲ့ အခြင့္အေရးရွိေနပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.