Premier League

ဟားမက္စ္ရိုဒရီဂြက္ဇ္ အပါအ၀င္ ကစားသမားသစ္ ၃ဦးအတြက္ ေစ်းကြက္ အဲဗာတန္ အလုပ္မ်ားေန

ရီးရဲလ္မက္ဒရစ္နဲ႔စာခ်ဳပ္သက္တမ္း ၁ႏွစ္ပဲက်န္ေတာ့တဲ့ ဟားမက္စ္ရိုဒရီဂြက္ဇ္ကို အဲဗာတန္အသင္းက အၿပီးသတ္ေခၚႏိုင္ဖို႔ နီးစပ္ေနပါၿပီ။ ဟားမက္စ္ရိုဒရီဂြက္ဇ္ ရဲ႕ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၂၀ ၀န္းက်င္ေလာက္ အဲဗာတန္ သံုးရဖို႔ရွိၿပီး ရက္ပိုင္းအတြင္း အတည္ျပဳ ေၾကျငာႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အသက္ ၂၉ႏွစ္အရြယ္ရွိ ကိုလံဘီယာကြင္းလယ္လူ ဟားမက္စ္ရိုဒရီဂြက္ဇ္ဟာ ၂၀၁၄ခုႏွစ္က မိုနာကိုအသင္းကေန ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ေၾကးေပါင္ ၆၀နဲ႔ ေျပာင္းခဲ့တာပါ။ ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္ကိုေျပာင္းၿပီးေနာက္ ေျခစြမ္းမျပႏိုင္ခဲ့လို႔ ဘုိင္ယန္ျမဴးနစ္ကို ၂ရာသီအငွားသြားကစားခဲ့ရပါတယ္။

အဲဗာတန္အသင္းတာ၀န္ရွိသူေတြဟာ ဟာမက္စ္ရိုဒရီဂြက္ဇ္ကို ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ စီစဥ္ထားၿပီး ဗုဒၶဟူးေန႔မွာအၿပီးသတ္ေၾကျငာႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ သူ႔အတြက္ေတာ့ နည္းျပအန္ဆယ္ေလာ့တီနဲ႔ တတိယအႀကိမ္ ပူးေပါင္းရမွာျဖစ္ၿပီး အရင္က ရီးရဲလ္မက္ဒရစ္နဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းတို႔မွာ အီတလီနည္းျပရဲ႕လက္ေအာက္ ကစားခဲ့ဖူးပါတယ္။

ဒီရက္ပိုင္းအတြင္း အဲဗာတန္အသင္းဟာ ဟားမက္စ္ရိုဒရီဂြက္ဇ္ အျပင္ နာပိုလီကြင္းလယ္လူ အလန္နဲ႔ ၀က္ဖို႔ဒ္ကြင္းလယ္လူ ဒူကိုရီတို႔ကိုလည္း ေခၚဖို႔ ႀကိဳးစားေနပါတယ္။ အလန္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ေခၚဖို႔ရွိၿပီး ဒူကိုရီကိုေတာ့ ေပါင္သန္း ၄၀ ၀န္းက်င္နဲ႔ ေခၚသြားမယ္လို႔ သိရပါတယ္။
REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Unicode:ရီးရဲလ်မက်ဒရစ်နဲ့စာချုပ်သက်တမ်း ၁နှစ်ပဲကျန်တော့တဲ့ ဟားမက်စ်ရိုဒရီဂွက်ဇ်ကို အဲဗာတန်အသင်းက အပြီးသတ်ခေါ်နိုင်ဖို့ နီးစပ်နေပါပြီ။ ဟားမက်စ်ရိုဒရီဂွက်ဇ် ရဲ့ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၂၀ ဝန်းကျင်လောက် အဲဗာတန် သုံးရဖို့ရှိပြီး ရက်ပိုင်းအတွင်း အတည်ပြု ကြေငြာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အသက် ၂၉နှစ်အရွယ်ရှိ ကိုလံဘီယာကွင်းလယ်လူ ဟားမက်စ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ခုနှစ်က မိုနာကိုအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၆၀နဲ့ ပြောင်းခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကိုပြောင်းပြီးနောက် ခြေစွမ်းမပြနိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ်ကို ၂ရာသီအငှားသွားကစားခဲ့ရပါတယ်။

အဲဗာတန်အသင်းတာဝန်ရှိသူတွေဟာ ဟာမက်စ်ရိုဒရီဂွက်ဇ်ကို ၃နှစ်စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားပြီး ဗုဒ္ဓဟူးနေ့မှာအပြီးသတ်ကြေငြာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သူ့အတွက်တော့ နည်းပြအန်ဆယ်လော့တီနဲ့ တတိယအကြိမ် ပူးပေါင်းရမှာဖြစ်ပြီး အရင်က ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့မှာ အီတလီနည်းပြရဲ့လက်အောက် ကစားခဲ့ဖူးပါတယ်။

ဒီရက်ပိုင်းအတွင်း အဲဗာတန်အသင်းဟာ ဟားမက်စ်ရိုဒရီဂွက်ဇ် အပြင် နာပိုလီကွင်းလယ်လူ အလန်နဲ့ ဝက်ဖို့ဒ်ကွင်းလယ်လူ ဒူကိုရီတို့ကိုလည်း ခေါ်ဖို့ ကြိုးစားနေပါတယ်။ အလန်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ခေါ်ဖို့ရှိပြီး ဒူကိုရီကိုတော့ ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်သွားမယ်လို့ သိရပါတယ်။
REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.