International World Cup

ဂေါင်းကြီးနဲ့ ဆန်ချိုကို ချောင်ထိုးပြီး ဆောက်ဂိတ်ရွေးချယ်သင့်တဲ့ ကမ္ဘာ့ဖလားလူစာရင်း

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ ဂျာမနီအသင်းနဲ့ပွဲစဉ်မှာ ဘယ်အချိန်ပေါက်မလဲမသိတဲ့ ချိန်ကိုက်ဗုံးတစ်လုံးဆိုတာကို ပြသခဲ့ပြီး ဆန်ချိုကလည်းက အင်္ဂလန်အတွက် မလိုအပ်ဘူးဆိုတာ ရှင်းလင်းနေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားမတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး နိုဝင်ဘာလလယ်မှာ ကာတာကို သွားရောက်ပြီး ကမ္ဘာ့ဖလားနဲ့ နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်အနေနဲ့ ဘယ်ကစားသမားတွေကို ဖြုတ်ပြီး ဘယ်ကစားသမားတွေကို ခေါ်ယူထည့်သွင်းသွားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဂိုး

အင်္ဂလန်ဂိုးပေါက်အတွက်တော့ ဆောက်ဂိတ်အနေနဲ့ သိပ်ခေါင်းစားစရာမလိုဘဲ ဒဏ်ရာရနေတဲ့ ပစ်ဖို့ဒ် ပြန်ကောင်းလာတာနဲ့ ပြန်သုံးရုံပဲ ဖြစ်ပြီး အာရွန် ရမ်းစ်ဒေးလ်နဲ့ နစ်ခ် ပုပ်တို့ကို အရန်သင့်သုံးစွဲဖို့ ခေါ်ယူသွားရမှာဖြစ်ပါတယ်။

နောက်တန်း

ဟာရီ မက်ဂွိုင်းယားကို အင်္ဂလန်လူစာရင်းထဲ ထပ်မထည့်သင့်တော့ဘူးဆိုတာ ပြောနေစရာတောင် မလိုတဲ့ကိစ္စဖြစ်ပြီး အဲဒီနေရာမှာ အာဆင်နယ်နဲ့အတူ အကောင်းဆုံးပုံစံပြသနေတဲ့ ဘန် ဝှိုက်ကို ရွေးချယ်ခေါ်ယူသွားသင့်တာ ဟိုဘက်ကမ်းတောင် လွန်နေပါပြီ။ ဖီကာရီ တိုမိုရီကိုလည်း ဆောက်ဂိတ်အနေနဲ့ ဂျွန် စတုန်းစ်၊ အဲရစ် ဒိုင်ယာတို့နဲ့အတူ ခေါ်ယူဖို့ မမေ့သင့်ဘဲ နောက်ခံတောင်ပံနေရာမှာ ထရင့် အလက်ဇန်းဒါး-အာနိုးလ်၊ ရီးစ် ဂျိမ်းစ်၊ ကိုင်လီ ဝေါ်ကာ၊ ချေးဝဲလ်၊ လုခ်ရှောတို့ဆိုရင် လုံလောက်ပါတယ်။

ကွင်းလယ်

ဒီကလန် ရိုက်စ်နဲ့ ဘယ်လင်ဟမ်တို့က ပွဲထွက်လူစာရင်းမှာ မဖြစ်မနေ ပါဝင်သင့်ပြီး ချဲလ်ဆီးနဲ့ ဒီရာသီမှာ အကောင်းဆုံးပုံစံမပြသနိုင်သေးပေမယ့် ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံးပုံစံပြသခဲ့ပြီး ဂျာမနီနဲ့ပွဲမှာ ဂိုးသွင်းယူပေးခဲ့တဲ့ မေဆန် မောင့်ကိုလည်း ခေါ်ယူရမှာဖြစ်ပါတယ်။ ဂျော်ဒန် ဟန်ဒါဆန်ကလည်း ကြံ့ခိုင်မှုပြည့်ဝနေရင် ကွင်းထဲမှာ မဖြစ်မနေ ရှိသင့်တဲ့ကစားသမားဖြစ်ပြီး ဂျက် ဂရီးလစ်ရှ်ကလည်း အင်္ဂလန်အတွက် ကွဲပြားခြားနားမှုတွေကို လုပ်ဆောင်ပေးနိုင်မယ့်သူဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်အနေနဲ့ ၂ ခါစဉ်းစားစရာမလိုဘဲ ရွေးချယ်ရမယ့်သူကတော့ မန်စီးတီးကြယ်ပွင့် ဖီးလ် ဖိုဒန်ဖြစ်ပြီး ၄-၃-၃ ကစားကွက်မှာ ဘယ်လင်ဟမ်နဲ့အတူ ကောင်းကောင်း တွဲကစားနိုင်မှာဖြစ်ပါတယ်။

တိုက်စစ်

ဟာရီ ကိန်းကတော့ လုံးဝ ချန်လ့ပ်ခဲ့လို့ မရတဲ့ကစားသမားဖြစ်ပြီး တန်မီ အေဘရာဟမ်နဲ့ အိုင်ဗန် တိုနီတို့ကလည်း စပါးစ်ကြယ်ပွင့်ရဲ့နေရာမှာ အရန်သင့်သုံးစွဲလို့ရနိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။

တိုက်စစ်မှာ မြန်နှုန်းမြင့် ကစားသမားတွေလည်း လိုအပ်သေးတာကြောင့် ရာဟင်း စတားလင်းနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကို ခေါ်ယူရမှာဖြစ်ပြီး ဆာကာကလည်း ဂျာမနီနဲ့ပွဲမှာ ညာတောင်ပံတိုက်စစ်ကနေ ဘာလုပ်နိုင်လဲဆိုတာကို ပြသနိုင်ခဲ့ပြီး အီတလီနဲ့ပွဲတုန်းက ဘယ်နောက်ခံတောင်ပံမှာ တလွဲသုံးတဲ့ ဆောက်ဂိတ်ကြောင့်သာ ရုန်းကန်ခဲ့ရတာဖြစ်လို့ မဖြစ်မနေ ခေါ်ယူသင့်ပါတယ်။

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖြစ်သင့်တဲ့ပွဲထွက်လူစာရင်း

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဟာ ဂ်ာမနီအသင္းနဲ႔ပြဲစဥ္မွာ ဘယ္အခ်ိန္ေပါက္မလဲမသိတဲ့ ခ်ိန္ကိုက္ဗုံးတစ္လုံးဆိုတာကို ျပသခဲ့ၿပီး ဆန္ခ်ိဳကလည္းက အဂၤလန္အတြက္ မလိုအပ္ဘူးဆိုတာ ရွင္းလင္းေနခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းအတြက္ ကမာၻ႔ဖလားမတိုင္ခင္ ႀကိဳတင္ျပင္ဆင္မႈေတြက ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး ႏိုဝင္ဘာလလယ္မွာ ကာတာကို သြားေရာက္ၿပီး ကမာၻ႔ဖလားနဲ႔ နဖူးေတြ႕ ဒူးေတြ႕ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အဂၤလန္လက္ေ႐ြးစင္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ ဘယ္ကစားသမားေတြကို ျဖဳတ္ၿပီး ဘယ္ကစားသမားေတြကို ေခၚယူထည့္သြင္းသြားသင့္သလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

ဂိုး

အဂၤလန္ဂိုးေပါက္အတြက္ေတာ့ ေဆာက္ဂိတ္အေနနဲ႔ သိပ္ေခါင္းစားစရာမလိုဘဲ ဒဏ္ရာရေနတဲ့ ပစ္ဖို႔ဒ္ ျပန္ေကာင္းလာတာနဲ႔ ျပန္သုံး႐ုံပဲ ျဖစ္ၿပီး အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ နစ္ခ္ ပုပ္တို႔ကို အရန္သင့္သုံးစြဲဖို႔ ေခၚယူသြားရမွာျဖစ္ပါတယ္။

ေနာက္တန္း

ဟာရီ မက္ဂြိဳင္းယားကို အဂၤလန္လူစာရင္းထဲ ထပ္မထည့္သင့္ေတာ့ဘူးဆိုတာ ေျပာေနစရာေတာင္ မလိုတဲ့ကိစၥျဖစ္ၿပီး အဲဒီေနရာမွာ အာဆင္နယ္နဲ႔အတူ အေကာင္းဆုံးပုံစံျပသေနတဲ့ ဘန္ ဝႈိက္ကို ေ႐ြးခ်ယ္ေခၚယူသြားသင့္တာ ဟိုဘက္ကမ္းေတာင္ လြန္ေနပါၿပီ။ ဖီကာရီ တိုမိုရီကိုလည္း ေဆာက္ဂိတ္အေနနဲ႔ ဂြၽန္ စတုန္းစ္၊ အဲရစ္ ဒိုင္ယာတို႔နဲ႔အတူ ေခၚယူဖို႔ မေမ့သင့္ဘဲ ေနာက္ခံေတာင္ပံေနရာမွာ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္၊ ရီးစ္ ဂ်ိမ္းစ္၊ ကိုင္လီ ေဝၚကာ၊ ေခ်းဝဲလ္၊ လုခ္ေရွာတို႔ဆိုရင္ လုံေလာက္ပါတယ္။

ကြင္းလယ္

ဒီကလန္ ႐ိုက္စ္နဲ႔ ဘယ္လင္ဟမ္တို႔က ပြဲထြက္လူစာရင္းမွာ မျဖစ္မေန ပါဝင္သင့္ၿပီး ခ်ဲလ္ဆီးနဲ႔ ဒီရာသီမွာ အေကာင္းဆုံးပုံစံမျပသႏိုင္ေသးေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာ အေကာင္းဆုံးပုံစံျပသခဲ့ၿပီး ဂ်ာမနီနဲ႔ပြဲမွာ ဂိုးသြင္းယူေပးခဲ့တဲ့ ေမဆန္ ေမာင့္ကိုလည္း ေခၚယူရမွာျဖစ္ပါတယ္။ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကလည္း ႀကံ့ခိုင္မႈျပည့္ဝေနရင္ ကြင္းထဲမွာ မျဖစ္မေန ရွိသင့္တဲ့ကစားသမားျဖစ္ၿပီး ဂ်က္ ဂရီးလစ္ရွ္ကလည္း အဂၤလန္အတြက္ ကြဲျပားျခားနားမႈေတြကို လုပ္ေဆာင္ေပးႏိုင္မယ့္သူျဖစ္ပါတယ္။ ေနာက္ဆုံးတစ္ေယာက္အေနနဲ႔ ၂ ခါစဥ္းစားစရာမလိုဘဲ ေ႐ြးခ်ယ္ရမယ့္သူကေတာ့ မန္စီးတီးၾကယ္ပြင့္ ဖီးလ္ ဖိုဒန္ျဖစ္ၿပီး ၄-၃-၃ ကစားကြက္မွာ ဘယ္လင္ဟမ္နဲ႔အတူ ေကာင္းေကာင္း တြဲကစားႏိုင္မွာျဖစ္ပါတယ္။

တိုက္စစ္

ဟာရီ ကိန္းကေတာ့ လုံးဝ ခ်န္လ့ပ္ခဲ့လို႔ မရတဲ့ကစားသမားျဖစ္ၿပီး တန္မီ ေအဘရာဟမ္နဲ႔ အိုင္ဗန္ တိုနီတို႔ကလည္း စပါးစ္ၾကယ္ပြင့္ရဲ႕ေနရာမွာ အရန္သင့္သုံးစြဲလို႔ရႏိုင္တဲ့ ကစားသမားေတြျဖစ္ပါတယ္။

တိုက္စစ္မွာ ျမန္ႏႈန္းျမင့္ ကစားသမားေတြလည္း လိုအပ္ေသးတာေၾကာင့္ ရာဟင္း စတားလင္းနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔ကို ေခၚယူရမွာျဖစ္ၿပီး ဆာကာကလည္း ဂ်ာမနီနဲ႔ပြဲမွာ ညာေတာင္ပံတိုက္စစ္ကေန ဘာလုပ္ႏိုင္လဲဆိုတာကို ျပသႏိုင္ခဲ့ၿပီး အီတလီနဲ႔ပြဲတုန္းက ဘယ္ေနာက္ခံေတာင္ပံမွာ တလြဲသုံးတဲ့ ေဆာက္ဂိတ္ေၾကာင့္သာ ႐ုန္းကန္ခဲ့ရတာျဖစ္လို႔ မျဖစ္မေန ေခၚယူသင့္ပါတယ္။

အဂၤလန္အသင္းရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ျဖစ္သင့္တဲ့ပြဲထြက္လူစာရင္း

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.