Premier League

ပဲလေ့စ်နဲ့ပွဲအမီ အဓိကကစားသမား ၂ ဦး ပြန်လာတာမြင်ခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဒဏ်ရာပြဿနာ သတင်းကောင်း ကြားခဲ့ရပါတယ်။

Football.london ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးပထမအသင်း အဓိကကစားသမား ၂ ဦးဖြစ်တဲ့ အန်ဂိုလို ကွန်တေနဲ့ အေဒူယာ မန်ဒီတို့ဟာ လာမယ့် စနေနေ့မတိုင်ခင် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာနိုင်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ ဝေးကွာနေခဲ့တာ တစ်လနီးပါးကြာခဲ့ပြီးနောက် ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက်ပြီး လိဂ်ပွဲစဉ်တွေကို ပြန်လည်စတင်သွားရတော့မှာ ဖြစ်ပါတယ်။

ကွန်တေနဲ့ မန်ဒီတို့ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေတာကြောင့် နည်းပြသစ် ဂရေဟမ် ပေါ့တားအတွက် ရွေးချယ်စရာ ပိုမို များပြားလာပြီဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့် ၂ ဦးစလုံးဟာ ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရပြီးနောက် ပြန်လည်ပါဝင်ကစားပေးသွားချင်နေကြတာဖြစ်ပါတယ်။ ကွန်တေဟာ သြဂုတ်လက တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးကတည်းက အနားယူနေခဲ့ရတာဖြစ်ပြီး ယခုရာသီမှာ ၂ ပွဲသာ ပါဝင်ကစားပေးနိုင်သေးတာဖြစ်ပါတယ်။

ဒါ့အပြင် ကွန်တေဟာ ယခုလအစောပိုင်းမှာ သြစတြီးယား၊ ဒိန်းမတ်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့တာကြောင့် ဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် နားချိန် ကောင်းကောင်းရခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီအသင်းဟာ လက်ရှိမှာတော့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ မကြာမီအချိန်အတွင်း ပြိုင်ပွဲတွေမှာ ပြန်လည်ပါဝင်ကစားပေးနိုင်ဖို့ နီးစပ်လာနေပြီဖြစ်တဲ့အကြောင်းကို လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နေတဲ့ ကွန်တေရဲ့ ဓာတ်ပုံကို တင်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့အနေအထားရ ဆီနီဂေါဂိုးသမားကလည်း လေ့ကျင့်ရေးမှာ ပါဝင်လုပ်ဆောင်ခဲ့တာကြောင့် လာမယ့် စနေနေ့မှာ မန်ဒီလည်း ပြန်လည် ပါဝင်ကစားပေးသွားနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အေဒူယာ မန်ဒီဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲစလုံးမှာ မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ယခုလ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့ခြင်းမရှိခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

မန်ဒီသာ ယခုအပတ် ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်ပါဝင်ကစားပေးသွားမယ်ဆိုရင် ၂၀၂၀ ခုနှစ်မှာ ရင်းနေးကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းအတွက် ပွဲ ၁၀၀ ပြည့်မြောက်တော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဂရေဟမ် ပေါ့တားအနေနဲ့ ဆီနီဂေါဂိုးသမားကို ပွဲထွက်လူစာရင်းထဲမှာ ချက်ချင်း ပြန်လည် ထည့်သွင်းမှာမဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပြီး ကီပါကပဲ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားပေးသွားဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔ ခရစၥတယ္ ပဲေလ့စ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္ခင္ ဒဏ္ရာျပႆနာ သတင္းေကာင္း ၾကားခဲ့ရပါတယ္။

Football.london ရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးပထမအသင္း အဓိကကစားသမား ၂ ဦးျဖစ္တဲ့ အန္ဂိုလို ကြန္ေတနဲ႔ ေအဒူယာ မန္ဒီတို႔ဟာ လာမယ့္ စေနေန႔မတိုင္ခင္ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာႏိုင္တယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြနဲ႔ ေဝးကြာေနခဲ့တာ တစ္လနီးပါးၾကာခဲ့ၿပီးေနာက္ ဆဲလ္ဟတ္စ္ပါ့ခ္ကို သြားေရာက္ၿပီး လိဂ္ပြဲစဥ္ေတြကို ျပန္လည္စတင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ကြန္ေတနဲ႔ မန္ဒီတို႔ ျပန္လည္ပါဝင္ႏိုင္ဖြယ္ရွိေနတာေၾကာင့္ နည္းျပသစ္ ဂေရဟမ္ ေပါ့တားအတြက္ ေ႐ြးခ်ယ္စရာ ပိုမို မ်ားျပားလာၿပီျဖစ္ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္ ၂ ဦးစလုံးဟာ ဒဏ္ရာျပႆနာေၾကာင့္ အနားယူခဲ့ရၿပီးေနာက္ ျပန္လည္ပါဝင္ကစားေပးသြားခ်င္ေနၾကတာျဖစ္ပါတယ္။ ကြန္ေတဟာ ၾသဂုတ္လက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္အတြင္း တံေကာက္ေၾကာဒဏ္ရာ ရရွိခဲ့ၿပီးကတည္းက အနားယူေနခဲ့ရတာျဖစ္ၿပီး ယခုရာသီမွာ ၂ ပြဲသာ ပါဝင္ကစားေပးႏိုင္ေသးတာျဖစ္ပါတယ္။

ဒါ့အျပင္ ကြန္ေတဟာ ယခုလအေစာပိုင္းမွာ ၾသစႀတီးယား၊ ဒိန္းမတ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ျပင္သစ္အသင္းရဲ႕ ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ခဲ့တာေၾကာင့္ ဒဏ္ရာျပႆနာကေန ျပန္လည္ေကာင္းမြန္လာဖို႔အတြက္ နားခ်ိန္ ေကာင္းေကာင္းရခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီအသင္းဟာ လက္ရွိမွာေတာ့ ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ဟာ မၾကာမီအခ်ိန္အတြင္း ၿပိဳင္ပြဲေတြမွာ ျပန္လည္ပါဝင္ကစားေပးႏိုင္ဖို႔ နီးစပ္လာေနၿပီျဖစ္တဲ့အေၾကာင္းကို ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ေနတဲ့ ကြန္ေတရဲ႕ ဓာတ္ပုံကို တင္ၿပီး ပရိသတ္ေတြကို အသိေပးခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ဗီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့အေနအထားရ ဆီနီေဂါဂိုးသမားကလည္း ေလ့က်င့္ေရးမွာ ပါဝင္လုပ္ေဆာင္ခဲ့တာေၾကာင့္ လာမယ့္ စေနေန႔မွာ မန္ဒီလည္း ျပန္လည္ ပါဝင္ကစားေပးသြားႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။ ေအဒူယာ မန္ဒီဟာ ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၆ ပြဲစလုံးမွာ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ယခုလ ခ်န္ပီယံလိဂ္ပြဲစဥ္ ၂ ပြဲစလုံးမွာ ပါဝင္ကစားေပးခဲ့ျခင္းမရွိခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။

မန္ဒီသာ ယခုအပတ္ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ပြဲထြက္ဂိုးသမားအျဖစ္ ျပန္လည္ပါဝင္ကစားေပးသြားမယ္ဆိုရင္ ၂၀၂၀ ခုႏွစ္မွာ ရင္းေနးကေန ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းအတြက္ ပြဲ ၁၀၀ ျပည့္ေျမာက္ေတာ့မွာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း နည္းျပ ဂေရဟမ္ ေပါ့တားအေနနဲ႔ ဆီနီေဂါဂိုးသမားကို ပြဲထြက္လူစာရင္းထဲမွာ ခ်က္ခ်င္း ျပန္လည္ ထည့္သြင္းမွာမဟုတ္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ကီပါကပဲ ပြဲထြက္ဂိုးသမားအျဖစ္ ပါဝင္ကစားေပးသြားဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.