International

ဆာလားလို ရမလားဆိုပြီး လာလုပ်တဲ့သူတွေကို သွေးအေးအေးနဲ့ လုပ်ပြသွားတဲ့ နေမာ

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ တူနီးရှားနဲ့ပွဲစဉ်က ပင်နယ်တီကန်သွင်းမှုမှာ ပြိုင်ဘက်ပရိသတ်တွေက လေဆာမီးနဲ့ထိုးပြီး နှောင့်ယှက်ခဲ့တာတောင်မှ အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ အင်္ဂါနေ့ည ပဲရစ်မှာ ကစားခဲ့တဲ့ တူနီးရှားနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်မှာ ၅-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရာဖင်ညာက အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပြီးနောက် ရစ်ချာလီဆန်က ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ နေမာက ဘရာဇီးလ်အသင်းရဲ့ တတိယမြောက် ဦးဆောင်ဂိုးကို ပင်နယ်တီကနေ လုံးဝကို သက်တောင့်သက်သာနဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ဂိုးမကန်သွင်းခင်မှာ Parc des Princes ကွင်းထဲက ပရိသတ်တွေဟာ ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ မျက်နှာကို လေဆာမီးနဲ့ ထိုးပြီး အနှောင့်အယှက်ပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် နောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်မှာ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားက ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းဖို့ လုပ်ဆောင်နေချိန်မှာ ဆီနီဂေါပရိသတ်တွေက မျက်နှာကို လေဆာမီးနဲ့ ဝိုင်းထိုးခဲ့ကြတာကြောင့် လီဗာပူးလ်ကြယ်ပွင့်ရဲ့ကန်သွင်းချက်ဟာ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူး နေမာကတော့ မျက်နှာကို လေဆာနဲ့ အထိုးခံခဲ့ရပေမယ့်လည်း ပင်နယ်တီကန်သွင်းမှုကို အေးအေးဆေးဆေးပဲ ဂိုးပေါက်ထဲကို အမှားအယွင်းမရှိကန်သွင်းယူပြခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ မကြာခဏ မီးရောင်စုံဆလိုက်တွေနဲ့ ပြည့်နှက်နေတဲ့ ကလပ်တွေကို သွားလေ့ရှိတာကြောင့်လည်း ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာ စူးရှတဲ့အလင်းရောင်တွေကို မမှုတော့တာလည်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

နေမာဟာ တူနီးရှားဂိုးသမား အိုင်မန်း ဒါးမန်း မှားယွင်းတဲ့ ဦးတည်ရာကို ဒိုင်ဗင်ထိုးသွားချိန်မှာ မြေလှိမ့်ဘော အသာအယာကန်သွင်းသွားခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ကာတာမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဆိုတာကို ပြသသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ လက်ရှိမှာတော့ ၇ ပွဲဆက်တိုက် နိုင်ပွဲ ပိုင်ဆိုင်ခဲ့ပြီဖြစ်ပြီး အဲဒီ ၇ ပွဲထဲက ၆ ပွဲဟာ အနည်းဆုံးသွင်းဂိုး ၃ ဂိုးနဲ့ ပြီးဆုံးခဲ့တဲ့ ပွဲစဉ်တွေ ဖြစ်ခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ တူနီးရှားအသင်းဘက်ကို ဂိုးသွင်းယူပြီးနောက်မှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ ငှက်ပျောသီးနဲ့ ပစ်ပေါက်ပြီး လူမျိုးရေး ခွဲခြားမှုကို ခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်က အဲဒီ ငှက်ပျောသီးကို ကွင်းအပြင်ဘက်ကို ပြန်ကန်ထုတ်ပစ်ခဲ့ပြီး ဘရာဇီးလ်ကစားသမားတွေဟာ အရာဝတ္ထုတွေ မိုးရွာသလို ပစ်ပေါက်ခံနေရတဲ့ကြားကနေ ဆက်လက် အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ တူနီးရွားနဲ႔ပြဲစဥ္က ပင္နယ္တီကန္သြင္းမႈမွာ ၿပိဳင္ဘက္ပရိသတ္ေတြက ေလဆာမီးနဲ႔ထိုးၿပီး ေႏွာင့္ယွက္ခဲ့တာေတာင္မွ အမွားအယြင္းမရွိကန္သြင္းယူႏိုင္ခဲ့ပါတယ္။

ဘရာဇီးလ္အသင္းဟာ အဂၤါေန႔ည ပဲရစ္မွာ ကစားခဲ့တဲ့ တူနီးရွားနဲ႔ ခ်စ္ၾကည္ေရး ေျခစမ္းပြဲစဥ္မွာ ၅-၁ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ရာဖင္ညာက အဖြင့္ဂိုးကို ေခါင္းတိုက္သြင္းယူၿပီးေနာက္ ရစ္ခ်ာလီဆန္က ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ေနမာက ဘရာဇီးလ္အသင္းရဲ႕ တတိယေျမာက္ ဦးေဆာင္ဂိုးကို ပင္နယ္တီကေန လုံးဝကို သက္ေတာင့္သက္သာနဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဂိုးမကန္သြင္းခင္မွာ Parc des Princes ကြင္းထဲက ပရိသတ္ေတြဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ မ်က္ႏွာကို ေလဆာမီးနဲ႔ ထိုးၿပီး အေႏွာင့္အယွက္ေပးဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ကမာၻ႔ဖလားဝင္ခြင့္အတြက္ ေနာက္ဆုံးအဆုံးအျဖတ္ပြဲစဥ္မွာ အီဂ်စ္တိုက္စစ္မႉး မိုဟာမက္ ဆာလားက ပင္နယ္တီအဆုံးအျဖတ္ ကန္သြင္းဖို႔ လုပ္ေဆာင္ေနခ်ိန္မွာ ဆီနီေဂါပရိသတ္ေတြက မ်က္ႏွာကို ေလဆာမီးနဲ႔ ဝိုင္းထိုးခဲ့ၾကတာေၾကာင့္ လီဗာပူးလ္ၾကယ္ပြင့္ရဲ႕ကန္သြင္းခ်က္ဟာ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္တိုက္စစ္မႉး ေနမာကေတာ့ မ်က္ႏွာကို ေလဆာနဲ႔ အထိုးခံခဲ့ရေပမယ့္လည္း ပင္နယ္တီကန္သြင္းမႈကို ေအးေအးေဆးေဆးပဲ ဂိုးေပါက္ထဲကို အမွားအယြင္းမရွိကန္သြင္းယူျပခဲ့တာ ျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ မၾကာခဏ မီးေရာင္စုံဆလိုက္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ကလပ္ေတြကို သြားေလ့ရွိတာေၾကာင့္လည္း ဒီလို စိတ္အေႏွာင့္အယွက္ျဖစ္စရာ စူးရွတဲ့အလင္းေရာင္ေတြကို မမႈေတာ့တာလည္း ျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

ေနမာဟာ တူနီးရွားဂိုးသမား အိုင္မန္း ဒါးမန္း မွားယြင္းတဲ့ ဦးတည္ရာကို ဒိုင္ဗင္ထိုးသြားခ်ိန္မွာ ေျမလွိမ့္ေဘာ အသာအယာကန္သြင္းသြားခဲ့တာျဖစ္ၿပီး ဘရာဇီးလ္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ေနာက္ဆုံးပြဲစဥ္မွာ ဂိုးျပတ္ႏိုင္ပြဲနဲ႔အတူ ကာတာမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းဆိုတာကို ျပသသြားခဲ့တာလည္း ျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ လက္ရွိမွာေတာ့ ၇ ပြဲဆက္တိုက္ ႏိုင္ပြဲ ပိုင္ဆိုင္ခဲ့ၿပီျဖစ္ၿပီး အဲဒီ ၇ ပြဲထဲက ၆ ပြဲဟာ အနည္းဆုံးသြင္းဂိုး ၃ ဂိုးနဲ႔ ၿပီးဆုံးခဲ့တဲ့ ပြဲစဥ္ေတြ ျဖစ္ခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉး ရစ္ခ်ာလီဆန္ဟာ တူနီးရွားအသင္းဘက္ကို ဂိုးသြင္းယူၿပီးေနာက္မွာ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ငွက္ေပ်ာသီးနဲ႔ ပစ္ေပါက္ၿပီး လူမ်ိဳးေရး ခြဲျခားမႈကို ခံခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဒ္က အဲဒီ ငွက္ေပ်ာသီးကို ကြင္းအျပင္ဘက္ကို ျပန္ကန္ထုတ္ပစ္ခဲ့ၿပီး ဘရာဇီးလ္ကစားသမားေတြဟာ အရာဝတၳဳေတြ မိုး႐ြာသလို ပစ္ေပါက္ခံေနရတဲ့ၾကားကေန ဆက္လက္ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.