International

အာဂျင်တီးနားအတွက် အကြီးကျယ်အခမ်းနားဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ မက်ဆီ

အာဂျင်တီးနားဂန္တဝင် လီယွန်နယ် မက်ဆီဟာ ၂၀၀၅ ခုနှစ်မှာ လက်ရွေးစင်အသင်းအတွက် စတင်ဂိုးသွင်းယူပြီးကတည်းက ရပ်တန့်လို့မရတဲ့ သွင်းဂိုးတွေကို တကမ္ဘာလုံး မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပွဲစဉ်အတွင်းမှာ အခွင့်အရေးတွေကို အကောင်းဆုံး ဖန်တီးနိုင်သူတွေထဲက တစ်ဦးသာမဟုတ်ဘဲ ဂိုးရှေ့မှာလည်း ကြောက်မက်ဖွယ် အဆုံးသတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ အာဂျင်တီးနားအသင်းရဲ့ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အပြတ်အသတ် ဦးဆောင်နေပြီး ကလပ်အသင်းအဆင့်နဲ့ရော နိုင်ငံတကာအဆင့်မှာပါ အခြား ဂိုးသွင်းစံချိန်တွေအများအပြားလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

လက်ရွေးစင်အသင်းအတွက် လီယွန်နယ် မက်ဆီရဲ့ ပွဲဦးထွက်ပါဝင်ကစားပေးမှုဟာ ၂၀၀၅ ခုနှစ်တုန်းက ဟန်ဂေရီနဲ့ပွဲစဉ်မှာဖြစ်ပြီး အရန်ခုံကနေ လူစားဝင်လာပြီးနောက် မိနစ်ပိုင်းလောက်မှာပဲ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် စိတ်ပျက်စရာပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ မက်ဆီရဲ့ ကြီးမြတ်တဲ့ ခရီးအစက ခလုတ်ကန်သင်းလေးတစ်ခုသာ ဖြစ်ခဲ့ပြီး အာဂျင်တီးနားဂန္တဝင်ဟာ နောက်နှစ်မှာ ခရိုအေးရှားကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ စီနီယာအဆင့် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီသွင်းဂိုးဟာ အထင်ကြီးဖွယ် ဂိုးသွင်းစံချိန်တွေရဲ့ အစဖြစ်ခဲ့ပြီး လီယွန်နယ် မက်ဆီဟာ အဲဒီအချိန်ကတည်းက အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့အချိန်တိုင်း သွင်းဂိုးတွေအတွက် အောင်ပွဲခံမှုဟာ အနည်းနဲ့အများသာ ကွာခြားချက် ရှိခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်း ၁၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၆ ဂိုး သွင်းယူပေးထားပြီး ကမ္ဘာ့ဖလားဝင်ခွင့်အဆင့်မှာတော့ ၃၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၃ ဂိုး သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာတော့ လီယွန်နယ် မက်ဆီဟာ ပွဲ ၆၀ ပါဝင်ကစားပေးထားခဲ့ရာမှာ ၂၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲ ၅၀ မှာ ၄၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဖိုင်နယ်လစ်ဆီမာ ၁ ပွဲ ကစားပေးခဲ့ရာမှာတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဖလားကိုင်မြှောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် စုစုပေါင်း သွင်းဂိုးဟာ ၉၀ အထိ ရှိနေပြီဖြစ်ပြီး ဟက်ထရစ်စုစုပေါင်း ၈ ကြိမ်အထိ သွင်းယူထားရာမှာ ပြီးခဲ့တဲ့ ဇွန်လက အက်စတိုးနီးယားကို ၅-ဝနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း ၅ ဂိုးစလုံး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ လက်ရွေးစင်အဆင့် ကစားသမားဘဝတလျှောက်မှာ ဘိုလစ်ဗီးယားတစ်သင်းတည်းကို ၈ ဂိုးအထိ အများဆုံးသွင်းယူထားခဲ့ပြီး အီကွေဒေါ၊ ဥရုဂွေးတို့ကို ၆ ဂိုးနဲ့ ဘရာဇီးလ်၊ ချီလီ၊ အက်စတိုးနီးယား၊ ပါရာဂွေး၊ ဗင်နီဇွဲလားတို့ကို ၅ ဂိုး သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းရဲ့ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်စာရင်းကို ကြည့်လိုက်မယ်ဆိုရင် လီယွန်နယ် မက်ဆီဟာ ဒုတိယ ဂိုးသွင်းအများဆုံး ဂါဘရီယဲလ် ဘားတစ္စတူတာ(၅၅ ဂိုး)ထက် ၃၅ ဂိုးအထိ သာလွန်နေပြီး ဖီအိုရင်တီးနားဂန္တဝင်ဟာ အာဂျင်တီးနားအတွက် ၁၉၉၁ ခုနှစ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ရာကနေ ၂၀၀၂ ခုနှစ်မှာ အနားယူချိန်အထိ ၇၈ ပွဲမှာ ၅၅ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုလာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ ၎င်းရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ ဘယ်အသင်းဆီကနေ ကမ်းလှမ်းမှု မရရှိသေးဘူးလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာချိန်မှာ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး ယခုရာသီကုန်မှာ လိဂန်းချန်ပီယံတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်းတိုးဖို့အတွက် ပြောဆိုမှုက အနည်းငယ်သာ ရှိနေတာဖြစ်ပါတယ်။

The Sun က အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးအနေနဲ့ ခိုင်မာတဲ့ ရွေးချယ်စရာမျိုး လက်ရှိအချိန်မှာ ရှိမနေသေးဘူးလို့ ဖော်ပြခဲ့ပြီး ပီအက်စ်ဂျီအသင်းက မက်ဆီကို တစ်နှစ် စာချုပ်သက်တမ်းတိုးချင်နေတယ်လို့ သတင်းတွေထွက်နေပေမယ့် အဲဒီလို ကမ်းလှမ်းမှုမျိုး အခုအချိန်အထိ ပြုလုပ်ခြင်းမရှိသေးတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုမရဘဲ အချိန်ကြာလာလေလေ အခြား ကလပ်အသင်းတွေဆီကနေ ပြင်းထန်တဲ့ စိတ်ဝင်စားမှု ရရှိလာလေဖြစ်လာဖို့ များနေပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ပဲရစ်က ပွဲဦးထွက်ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ယခုရာသီမှာတော့ ၁၁ ပွဲမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးထားပြီး ကမ္ဘာ့ထိပ်တန်းခြေစွမ်း ပြန်လည်ပြသနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားဂႏၲဝင္ လီယြန္နယ္ မက္ဆီဟာ ၂၀၀၅ ခုႏွစ္မွာ လက္ေ႐ြးစင္အသင္းအတြက္ စတင္ဂိုးသြင္းယူၿပီးကတည္းက ရပ္တန႔္လို႔မရတဲ့ သြင္းဂိုးေတြကို တကမာၻလုံး ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပြဲစဥ္အတြင္းမွာ အခြင့္အေရးေတြကို အေကာင္းဆုံး ဖန္တီးႏိုင္သူေတြထဲက တစ္ဦးသာမဟုတ္ဘဲ ဂိုးေရွ႕မွာလည္း ေၾကာက္မက္ဖြယ္ အဆုံးသတ္ႏိုင္စြမ္းကို ပိုင္ဆိုင္ထားတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ အာဂ်င္တီးနားအသင္းရဲ႕ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ အျပတ္အသတ္ ဦးေဆာင္ေနၿပီး ကလပ္အသင္းအဆင့္နဲ႔ေရာ ႏိုင္ငံတကာအဆင့္မွာပါ အျခား ဂိုးသြင္းစံခ်ိန္ေတြအမ်ားအျပားလည္း ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

လက္ေ႐ြးစင္အသင္းအတြက္ လီယြန္နယ္ မက္ဆီရဲ႕ ပြဲဦးထြက္ပါဝင္ကစားေပးမႈဟာ ၂၀၀၅ ခုႏွစ္တုန္းက ဟန္ေဂရီနဲ႔ပြဲစဥ္မွာျဖစ္ၿပီး အရန္ခုံကေန လူစားဝင္လာၿပီးေနာက္ မိနစ္ပိုင္းေလာက္မွာပဲ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ စိတ္ပ်က္စရာပြဲဦးထြက္ျဖစ္ခဲ့ပါတယ္။ အဲဒီျဖစ္စဥ္ဟာ မက္ဆီရဲ႕ ႀကီးျမတ္တဲ့ ခရီးအစက ခလုတ္ကန္သင္းေလးတစ္ခုသာ ျဖစ္ခဲ့ၿပီး အာဂ်င္တီးနားဂႏၲဝင္ဟာ ေနာက္ႏွစ္မွာ ခ႐ိုေအးရွားကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ေျခစမ္းပြဲမွာ စီနီယာအဆင့္ ပထမဆုံးသြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီသြင္းဂိုးဟာ အထင္ႀကီးဖြယ္ ဂိုးသြင္းစံခ်ိန္ေတြရဲ႕ အစျဖစ္ခဲ့ၿပီး လီယြန္နယ္ မက္ဆီဟာ အဲဒီအခ်ိန္ကတည္းက အာဂ်င္တီးနားအသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့အခ်ိန္တိုင္း သြင္းဂိုးေတြအတြက္ ေအာင္ပြဲခံမႈဟာ အနည္းနဲ႔အမ်ားသာ ကြာျခားခ်က္ ရွိခဲ့တာ ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္းအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စုစုေပါင္း ၁၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၆ ဂိုး သြင္းယူေပးထားၿပီး ကမာၻ႔ဖလားဝင္ခြင့္အဆင့္မွာေတာ့ ၃၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၃ ဂိုး သြင္းယူထားခဲ့တာ ျဖစ္ပါတယ္။

ကိုပါအေမရိကၿပိဳင္ပြဲမွာေတာ့ လီယြန္နယ္ မက္ဆီဟာ ပြဲ ၆၀ ပါဝင္ကစားေပးထားခဲ့ရာမွာ ၂၈ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီး ႏိုင္ငံတကာ ခ်စ္ၾကည္ေရး ေျခစမ္းပြဲ ၅၀ မွာ ၄၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့သလို ဖိုင္နယ္လစ္ဆီမာ ၁ ပြဲ ကစားေပးခဲ့ရာမွာေတာ့ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဖလားကိုင္ေျမႇာက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ လီယြန္နယ္ မက္ဆီရဲ႕ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းအတြက္ စုစုေပါင္း သြင္းဂိုးဟာ ၉၀ အထိ ရွိေနၿပီျဖစ္ၿပီး ဟက္ထရစ္စုစုေပါင္း ၈ ႀကိမ္အထိ သြင္းယူထားရာမွာ ၿပီးခဲ့တဲ့ ဇြန္လက အက္စတိုးနီးယားကို ၅-ဝနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဦးတည္း ၅ ဂိုးစလုံး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ လက္ေ႐ြးစင္အဆင့္ ကစားသမားဘဝတေလွ်ာက္မွာ ဘိုလစ္ဗီးယားတစ္သင္းတည္းကို ၈ ဂိုးအထိ အမ်ားဆုံးသြင္းယူထားခဲ့ၿပီး အီေကြေဒါ၊ ဥ႐ုေဂြးတို႔ကို ၆ ဂိုးနဲ႔ ဘရာဇီးလ္၊ ခ်ီလီ၊ အက္စတိုးနီးယား၊ ပါရာေဂြး၊ ဗင္နီဇြဲလားတို႔ကို ၅ ဂိုး သြင္းယူထားခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းရဲ႕ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္စာရင္းကို ၾကည့္လိုက္မယ္ဆိုရင္ လီယြန္နယ္ မက္ဆီဟာ ဒုတိယ ဂိုးသြင္းအမ်ားဆုံး ဂါဘရီယဲလ္ ဘားတစၥတူတာ(၅၅ ဂိုး)ထက္ ၃၅ ဂိုးအထိ သာလြန္ေနၿပီး ဖီအိုရင္တီးနားဂႏၲဝင္ဟာ အာဂ်င္တီးနားအတြက္ ၁၉၉၁ ခုႏွစ္မွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ရာကေန ၂၀၀၂ ခုႏွစ္မွာ အနားယူခ်ိန္အထိ ၇၈ ပြဲမွာ ၅၅ ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ယခုလာမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာေတာ့ ၎ရဲ႕ အနာဂတ္ကို ဆုံးျဖတ္သြားမွာျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ဘယ္အသင္းဆီကေန ကမ္းလွမ္းမႈ မရရွိေသးဘူးလို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ဘာစီလိုနာအသင္းကေန ေျပာင္းေ႐ႊ႕လာခ်ိန္မွာ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီး ယခုရာသီကုန္မွာ လိဂန္းခ်န္ပီယံေတြနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ေျပာဆိုမႈက အနည္းငယ္သာ ရွိေနတာျဖစ္ပါတယ္။

The Sun က အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးအေနနဲ႔ ခိုင္မာတဲ့ ေ႐ြးခ်ယ္စရာမ်ိဳး လက္ရွိအခ်ိန္မွာ ရွိမေနေသးဘူးလို႔ ေဖာ္ျပခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းက မက္ဆီကို တစ္ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခ်င္ေနတယ္လို႔ သတင္းေတြထြက္ေနေပမယ့္ အဲဒီလို ကမ္းလွမ္းမႈမ်ိဳး အခုအခ်ိန္အထိ ျပဳလုပ္ျခင္းမရွိေသးတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈမရဘဲ အခ်ိန္ၾကာလာေလေလ အျခား ကလပ္အသင္းေတြဆီကေန ျပင္းထန္တဲ့ စိတ္ဝင္စားမႈ ရရွိလာေလျဖစ္လာဖို႔ မ်ားေနၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ ပဲရစ္က ပြဲဦးထြက္ရာသီမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ယခုရာသီမွာေတာ့ ၁၁ ပြဲမွာ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ေပးထားၿပီး ကမာၻ႔ထိပ္တန္းေျခစြမ္း ျပန္လည္ျပသေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.