International Match Report

သုံးမိနစ် နှစ်ဂိုးနဲ့ ကမ္ဘာ့ဖလားယူမယ့် စကေးလ်ကို ပြလိုက်တဲ့ မက်ဆီနဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊ တာဂလီယာဖီကိုနဲ့ မွန်တီယယ်လ်တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ဂီဒို ရိုဒရီးရက်ဇ်၊ မက္ကယ်လစ္စတာနဲ့ လိုဆဲလ်ဆိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်၊ လော်တာရို မာတီနက်ဇ်နဲ့ ဒီမာရီယာတို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

ဂျမေကာအသင်းကတော့ ဂိုးသမား ဘလိတ်ခ်၊ ခံစစ်မှာ မာရီယက်ပါ၊ လိုး၊ ဘရောင်းနဲ့ ဘဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မောရစ်ဆန်၊ ဂျွန်ဆန်၊ ဘေလီ၊ ဒီကော်ဒိုဗာ-ရိဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီယိုနဲ့ နစ်ကိုးလ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ အာဂျင်တီးနားတို့ အဖွင့်ဂိုး စတင်ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက တာဂလီယာဖီကိုက ဧရိယာထဲကို ထိုးပေးရာမှာ လော်တာရို မာတီနက်ဇ်က ဂျမေကာနောက်ခံလူတစ်ဦးကို တစ်ချက်လိမ်ခေါက်ပြီးမှ အတွင်းကို Cut Back လုပ်ပေးတာကို အယ်လ်ဗာရက်ဇ်က အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲမတိုင်ခင်မှာ ဖျားချင်သလိုလို ဖြစ်နေတာကြောင့် မက်ဆီကို အရန်ခုံမှာပဲ ထားခဲ့ချိန်မှာ ဒီမာရီယာ၊ ဂီဒို ရိုဒရီးရက်ဇ်နဲ့ မက္ကယ်လစ္စတာတို့ရဲ့ ကွင်းလယ်က လုံလောက်တဲ့ ဖန်တီးမှုတွေကို မပေးစွမ်းနိုင်သလို ဂျမေကာဘက်ကလည်း ခံစစ်ပဲ ပိတ်ကစားပြီး ကောင်တာပဲ ချောင်းခဲ့တာကြောင့် ပထမပိုင်းမှာ အာဂျင်တီးနားတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတင်ချိန်မှာလည်း အသက် ၃၄ နှစ်အရွယ်မှာ ခြေစွမ်းကျဆင်းလာတဲ့ ဒီမာရီယာက အသင်းကို ဦးဆောင်ကစားနိုင်စွမ်း မရှိတော့တာကြောင့် နည်းပြ စကာလိုနီအနေနဲ့ အပြောင်းအလဲမလုပ်လို့ မရတော့ဘဲ ပွဲချိန် ၅၆ မိနစ်မှာ လော်တာရို မာတီနက်ဇ်နဲ့ ဂီဒို ရိုဒရီးရက်ဇ်တို့အစား မက်ဆီနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို အာဂျင်တီးနားတို့ဘက်က ထည့်သွင်းလာခဲ့ပါတယ်။

မက်ဆီ ပါဝင်လာမှ အာဂျင်တီးနားတိုက်စစ်က ချောမွေ့လာခဲ့ပြီး ပွဲချိန် မိနစ် ၇၀ ကျော်မှာတော့ ကွင်းလယ်က အလုပ်မဖြစ်တဲ့ မက္ကယ်လစ္စတာ၊ ဒီမာရီယာ၊ အယ်လ်ဗာရက်ဇ်နဲ့ မွန်တီယယ်လ်တို့အစား ဒီပေါလ်၊ လီဆန်ဒရို မာတီနက်ဇ်၊ ဟိုအာကင် ကော်ရီးယားနဲ့ မိုလီနာတို့ကို ထည့်သွင်းခဲ့ရာမှာတော့ ဂျမေကာတို့ကို ပိုပြီး ဖိအားပေးလာနိုင်ခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ အာဂျင်တီးနားတို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်က လိုဆဲလ်ဆိုနဲ့ အပေးအယူလုပ်မှုကို ဝင်ဖျက်တဲ့ ဂျမေကာခံစစ်ကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို မက်ဆီက ဆွဲယူပြီး ဧရိယာထိပ်ကနေ အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘလိတ်ခ် မကာကွယ်နိုင်ဘဲ အလဲထိုးခံလိုက်ရလို့ နှစ်ဂိုး-ဂိုးမရှိဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ အာဂျင်တီးနားတို့အတွက် မက်ဆီကပဲ နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူပေးခဲ့ပြီး ဒီဂိုးကိုတော့ ဂျမေကာ ဂိုးဧရိယာအစပ်မှာ ရတဲ့ ဖရီးကစ်ကို တချို့အသင်းတွေရဲ့ လူတံတိုင်းအောက်မှာလိုမျိုး ကစားသမားတစ်ယောက် အိပ်စောင့်မနေတဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး GOAT ကြီးက ဘယ်ဘက်တိုင်ခြေအောက်ကို အနိမ့်ဘော ကန်သွင်းယူပြသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အမေရိကန်နိုင်ငံ နယူးဂျာဆီက ရက်ဒ်ဘူးလ်အရီနာမှာ အာဂျင်တီးနားတို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာ နာရီဝက်ကျော်သာ ကစားခဲ့တဲ့ မက်ဆီကတော့ သူ့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ဆက်လက်ပြသနေသလို အနားမယူခင်မှာ လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားရယူနိုင်မယ့် ခြေစွမ်းနဲ့ ကာတာမှာ ဆက်လက်ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီ၊ တာဂလီယာဖီကိုနဲ႔ မြန္တီယယ္လ္တို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂီဒို ႐ိုဒရီးရက္ဇ္၊ မကၠယ္လစၥတာနဲ႔ လိုဆဲလ္ဆိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ဗာရက္ဇ္၊ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ဒီမာရီယာတို႔ကို ကစားေစခဲ့တာျဖစ္ပါတယ္။

ဂ်ေမကာအသင္းကေတာ့ ဂိုးသမား ဘလိတ္ခ္၊ ခံစစ္မွာ မာရီယက္ပါ၊ လိုး၊ ဘေရာင္းနဲ႔ ဘဲလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေမာရစ္ဆန္၊ ဂြၽန္ဆန္၊ ေဘလီ၊ ဒီေကာ္ဒိုဗာ-ရိဒ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီယိုနဲ႔ နစ္ကိုးလ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အာဂ်င္တီးနားတို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက တာဂလီယာဖီကိုက ဧရိယာထဲကို ထိုးေပးရာမွာ ေလာ္တာ႐ို မာတီနက္ဇ္က ဂ်ေမကာေနာက္ခံလူတစ္ဦးကို တစ္ခ်က္လိမ္ေခါက္ၿပီးမွ အတြင္းကို Cut Back လုပ္ေပးတာကို အယ္လ္ဗာရက္ဇ္က အနီးကပ္ ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲမတိုင္ခင္မွာ ဖ်ားခ်င္သလိုလို ျဖစ္ေနတာေၾကာင့္ မက္ဆီကို အရန္ခုံမွာပဲ ထားခဲ့ခ်ိန္မွာ ဒီမာရီယာ၊ ဂီဒို ႐ိုဒရီးရက္ဇ္နဲ႔ မကၠယ္လစၥတာတို႔ရဲ႕ ကြင္းလယ္က လုံေလာက္တဲ့ ဖန္တီးမႈေတြကို မေပးစြမ္းႏိုင္သလို ဂ်ေမကာဘက္ကလည္း ခံစစ္ပဲ ပိတ္ကစားၿပီး ေကာင္တာပဲ ေခ်ာင္းခဲ့တာေၾကာင့္ ပထမပိုင္းမွာ အာဂ်င္တီးနားတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စတင္ခ်ိန္မွာလည္း အသက္ ၃၄ ႏွစ္အ႐ြယ္မွာ ေျခစြမ္းက်ဆင္းလာတဲ့ ဒီမာရီယာက အသင္းကို ဦးေဆာင္ကစားႏိုင္စြမ္း မရွိေတာ့တာေၾကာင့္ နည္းျပ စကာလိုနီအေနနဲ႔ အေျပာင္းအလဲမလုပ္လို႔ မရေတာ့ဘဲ ပြဲခ်ိန္ ၅၆ မိနစ္မွာ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ဂီဒို ႐ိုဒရီးရက္ဇ္တို႔အစား မက္ဆီနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို အာဂ်င္တီးနားတို႔ဘက္က ထည့္သြင္းလာခဲ့ပါတယ္။

မက္ဆီ ပါဝင္လာမွ အာဂ်င္တီးနားတိုက္စစ္က ေခ်ာေမြ႕လာခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္မွာေတာ့ ကြင္းလယ္က အလုပ္မျဖစ္တဲ့ မကၠယ္လစၥတာ၊ ဒီမာရီယာ၊ အယ္လ္ဗာရက္ဇ္နဲ႔ မြန္တီယယ္လ္တို႔အစား ဒီေပါလ္၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဟိုအာကင္ ေကာ္ရီးယားနဲ႔ မိုလီနာတို႔ကို ထည့္သြင္းခဲ့ရာမွာေတာ့ ဂ်ေမကာတို႔ကို ပိုၿပီး ဖိအားေပးလာႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က လိုဆဲလ္ဆိုနဲ႔ အေပးအယူလုပ္မႈကို ဝင္ဖ်က္တဲ့ ဂ်ေမကာခံစစ္ေၾကာင့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို မက္ဆီက ဆြဲယူၿပီး ဧရိယာထိပ္ကေန အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ဘလိတ္ခ္ မကာကြယ္ႏိုင္ဘဲ အလဲထိုးခံလိုက္ရလို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔အတြက္ မက္ဆီကပဲ ေနာက္ထပ္တစ္ဂိုး ထပ္မံသြင္းယူေပးခဲ့ၿပီး ဒီဂိုးကိုေတာ့ ဂ်ေမကာ ဂိုးဧရိယာအစပ္မွာ ရတဲ့ ဖရီးကစ္ကို တခ်ိဳ႕အသင္းေတြရဲ႕ လူတံတိုင္းေအာက္မွာလိုမ်ိဳး ကစားသမားတစ္ေယာက္ အိပ္ေစာင့္မေနတဲ့ အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး GOAT ႀကီးက ဘယ္ဘက္တိုင္ေျခေအာက္ကို အနိမ့္ေဘာ ကန္သြင္းယူျပသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အေမရိကန္ႏိုင္ငံ နယူးဂ်ာဆီက ရက္ဒ္ဘူးလ္အရီနာမွာ အာဂ်င္တီးနားတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ဒီေန႔ပြဲမွာ နာရီဝက္ေက်ာ္သာ ကစားခဲ့တဲ့ မက္ဆီကေတာ့ သူ႔ရဲ႕ အျမင့္ဆုံး စြမ္းေဆာင္ရည္ကို ဆက္လက္ျပသေနသလို အနားမယူခင္မွာ လက္ေ႐ြးစင္အသင္းကို ကမာၻ႔ဖလားရယူႏိုင္မယ့္ ေျခစြမ္းနဲ႔ ကာတာမွာ ဆက္လက္ျပသႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.