International Match Report

နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရပြီး ချက်ကို တန်းဆင်းစေခဲ့တဲ့ ဆွစ်ဇာလန်

ဆွစ်ဇာလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ ရှား၊ အယ်လ်ဗီဒီ၊ ဗစ်ဒ်မာနဲ့ ရိုဒရီးရက်ဇ်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ချာကာ၊ ဖရွိုင်လာနဲ့ ဂျီဘရီလ် ဆိုးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဗားဂက်စ်၊ ရှာကျီရီနဲ့ အမ်ဘိုလိုတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ချက်ပြည်ထောင်စုအသင်းကတော့ ဂိုးသမား ဗားကလစ်ခ်၊ ခံစစ်မှာ ကူဒယ်လာ၊ ဇီမာ၊ ဆိုဖာလ်နဲ့ ဂျီမယ်လ်ကာတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ ကယ်လ်ဗက်ချ်နဲ့ ဘားရက်ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ချယ်နီ၊ ဗယ်လ်ကာနိုဗာနဲ့ ရှစ်ခ်တို့ကို နေရာ ချထားခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာ ဆွစ်ဇာလန်တို့ အဖွင့်ဂိုး စတင်ယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဆွဲတက်လာပြီး ညာခြမ်းကို ခင်းပေးခဲ့တဲ့ နောက်ခံလူ ရှားရဲ့ ပေးပို့မှုကို ရှာကျီရီက တစ်ချက်ခေါက်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ ကွင်းလယ်လူ ဖရွိုင်လာက အနီးကပ် ခေါင်းတိုက်ပြီး အိမ်ရှင်တွေကို ဦးဆောင်စေခဲ့ပါတယ်။

တစ်မိနစ်အကြာမှာပဲ အိမ်ရှင်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ပွဲချိန် မိနစ် ၃၀ မှာ စပေးဘောကနေ ချက်ကွင်းလယ်က ကယ်လ်ဗက်ချ် လူပေးမှားတဲ့ ဘောလုံးကို ဖြတ်ယူနိုင်ခဲ့တဲ့ ဆွစ်ဇာလန်တိုက်စစ်မှူး အမ်ဘိုလိုက တောက်လျှောက်ဆွဲပြေးပြီး ဧရိယာအစပ်ကနေ ဘယ်ဘက် တိုင်ခြေကို အပြင်းကန်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ချက်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဗဟိုနောက်ခံလူ ဇီကာက ကွင်းလယ်လူတွေနဲ့ အပေးအယူလုပ်ပြီး တိုက်စစ်ဆင်လာခဲ့ရာမှာ ဧရိယာထဲမှာ သူပဲ ပြန်ရပြီး ချိုးပေးခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး ရှစ်ခ်က ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ ဂိုးသမား ဆွမ်းမား ဘာမှ မတတ်နိုင်ဘဲ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ဆွစ်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချက်ဘက်က ဂိုးသမားကိုပါ လဲကစားခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာတော့ ရှစ်ခ်ရဲ့ ဂိုးသွင်းနိုင်တဲ့ အနေအထားကို ဥပဒေပ တားဆီးတဲ့ ဆွစ်နောက်ခံလူ အယ်လ်ဗီဒီ အဝါကတ်နဲ့ ပင်နယ်တီပေးခဲ့ရချိန်မှာ ဝက်စ်ဟမ်းကွင်းလယ်လူနဲ့ ချက်အသင်းခေါင်းဆောင် ဆိုးချက်က ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဆွမ်းမားက ပုတ်ထုတ်ပြီးမှ ထပ်မံဖမ်းယူနိုင်ခဲ့ပြီး သူ့ရဲ့ လက်ရွေးစင်နောက်ဆုံး ပင်နယ်တီ ၅ လုံးဆက် ကာကွယ်မှုလည်းဖြစ်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဆွစ်ဇာလန်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ အောင်ပွဲခံခဲ့ပြီး အုပ်စုတွင်း နိုင်ပွဲ သုံးပွဲနဲ့ ကိုးမှတ် စုဆောင်းနိုင်ခဲ့ချိန်မှာ ချက်တို့ကတော့ နှစ်ပွဲဆက်တိုက်ရှုံးပြီး ရမှတ်လေးမှတ်နဲ့ အုပ်စု(၂)ရဲ့ အောက်ဆုံးကနေ လိဂ်အေက လိဂ်ဘီကို တန်းဆင်းခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆြစ္ဇာလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဆြမ္းမား၊ ခံစစ္မွာ ရွား၊ အယ္လ္ဗီဒီ၊ ဗစ္ဒ္မာနဲ႔ ႐ိုဒရီးရက္ဇ္တို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ာကာ၊ ဖ႐ြိဳင္လာနဲ႔ ဂ်ီဘရီလ္ ဆိုးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဗားဂက္စ္၊ ရွာက်ီရီနဲ႔ အမ္ဘိုလိုတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ခ်က္ျပည္ေထာင္စုအသင္းကေတာ့ ဂိုးသမား ဗားကလစ္ခ္၊ ခံစစ္မွာ ကူဒယ္လာ၊ ဇီမာ၊ ဆိုဖာလ္နဲ႔ ဂ်ီမယ္လ္ကာတို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆိုးခ်က္ခ္၊ ကယ္လ္ဗက္ခ်္နဲ႔ ဘားရက္ခ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ခ်ယ္နီ၊ ဗယ္လ္ကာႏိုဗာနဲ႔ ရွစ္ခ္တို႔ကို ေနရာ ခ်ထားခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာ ဆြစ္ဇာလန္တို႔ အဖြင့္ဂိုး စတင္ယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဆြဲတက္လာၿပီး ညာျခမ္းကို ခင္းေပးခဲ့တဲ့ ေနာက္ခံလူ ရွားရဲ႕ ေပးပို႔မႈကို ရွာက်ီရီက တစ္ခ်က္ေခါက္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ ကြင္းလယ္လူ ဖ႐ြိဳင္လာက အနီးကပ္ ေခါင္းတိုက္ၿပီး အိမ္ရွင္ေတြကို ဦးေဆာင္ေစခဲ့ပါတယ္။

တစ္မိနစ္အၾကာမွာပဲ အိမ္ရွင္တို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ မိနစ္ ၃၀ မွာ စေပးေဘာကေန ခ်က္ကြင္းလယ္က ကယ္လ္ဗက္ခ်္ လူေပးမွားတဲ့ ေဘာလုံးကို ျဖတ္ယူႏိုင္ခဲ့တဲ့ ဆြစ္ဇာလန္တိုက္စစ္မႉး အမ္ဘိုလိုက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဧရိယာအစပ္ကေန ဘယ္ဘက္ တိုင္ေျခကို အျပင္းကန္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ခ်က္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဗဟိုေနာက္ခံလူ ဇီကာက ကြင္းလယ္လူေတြနဲ႔ အေပးအယူလုပ္ၿပီး တိုက္စစ္ဆင္လာခဲ့ရာမွာ ဧရိယာထဲမွာ သူပဲ ျပန္ရၿပီး ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို တိုက္စစ္မႉး ရွစ္ခ္က ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ ဂိုးသမား ဆြမ္းမား ဘာမွ မတတ္ႏိုင္ဘဲ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဆြစ္တို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခ်က္ဘက္က ဂိုးသမားကိုပါ လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ရွစ္ခ္ရဲ႕ ဂိုးသြင္းႏိုင္တဲ့ အေနအထားကို ဥပေဒပ တားဆီးတဲ့ ဆြစ္ေနာက္ခံလူ အယ္လ္ဗီဒီ အဝါကတ္နဲ႔ ပင္နယ္တီေပးခဲ့ရခ်ိန္မွာ ဝက္စ္ဟမ္းကြင္းလယ္လူနဲ႔ ခ်က္အသင္းေခါင္းေဆာင္ ဆိုးခ်က္က ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ဆြမ္းမားက ပုတ္ထုတ္ၿပီးမွ ထပ္မံဖမ္းယူႏိုင္ခဲ့ၿပီး သူ႔ရဲ႕ လက္ေ႐ြးစင္ေနာက္ဆုံး ပင္နယ္တီ ၅ လုံးဆက္ ကာကြယ္မႈလည္းျဖစ္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဆြစ္ဇာလန္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ေအာင္ပြဲခံခဲ့ၿပီး အုပ္စုတြင္း ႏိုင္ပြဲ သုံးပြဲနဲ႔ ကိုးမွတ္ စုေဆာင္းႏိုင္ခဲ့ခ်ိန္မွာ ခ်က္တို႔ကေတာ့ ႏွစ္ပြဲဆက္တိုက္ရႈံးၿပီး ရမွတ္ေလးမွတ္နဲ႔ အုပ္စု(၂)ရဲ႕ ေအာက္ဆုံးကေန လိဂ္ေအက လိဂ္ဘီကို တန္းဆင္းခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.