International Match Report

မြောက်လန်ဒန်ဒါဘီအကြို ရစ်ချာလစ်ဆန် ခြေစွမ်းပြပြီး တူနီးရှားကို အနိုင်ယူတဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ မားကင်ညို့စ်၊ အဲလက်စ် တဲလက်စ်နဲ့ ဒါနီလိုတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရိုနဲ့ ဖရက်ဒ်တို့ မန်ယူအတွဲကို အထိုင်ချခဲ့သလို ရာဖင်ညာနဲ့ လူးကပ်စ် ပါကေးတာတို့က တောင်ပံတွေမှာ ကစားခဲ့ချိန်မှာ ရစ်ချာလစ်ဆန်ကို အထောင်တင်ပြီး နေမာက နောက်က လိုက်ကစားခဲ့တာဖြစ်ပါတယ်။

တူနီးရှားတို့ကတော့ ဂိုးသမား ဒါမန်၊ ခံစစ်မှာ ဘရွန်း၊ တယ်လ်ဘီ၊ ဒရေဂါနဲ့ ဘင်အူအန်နက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆခီရီ၊ ချာလာလီနဲ့ လိုင်ဒူနီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျာဇီရီ၊ အမ်ဆက်ခ်နီနဲ့ ဆလီမာနီတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာကတည်းက ဘရာဇီးလ်တို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ တူနီးရှားခံစစ်တန်းပေါ်က ကျော်တင်ပေးခဲ့တဲ့ ကာစီမီရိုရဲ့ အမြော်အမြင်ရှိရှိ ပေးပို့မှုကို ရာဖင်ညာက ပြေးလိုက်ပြီး ရှေ့ရောက်နေတဲ့ ဂိုးသမား ဒါမန်ပေါ်ကနေ ခေါင်းကျော်တိုက်ပြီး သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ တူနီးရှားတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကို ဆလီမာနီက ဖြတ်တင်ပေးရာမှာ ကာကွယ်ပုံ အားနည်းတဲ့ ဘရာဇီးလ်ခံစစ်ကြားကနေ ပြင်သစ်နွယ်ဖွားနောက်ခံလူ တယ်လ်ဘီက သူ့ရဲ့ နိုင်ငံအသင်းအတွက် ပထမဆုံးဂိုးအဖြစ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘရာဇီးလ်တို့ တစ်မိနစ်အတွင်းမှာ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ပွဲချိန် ၁၉ မိနစ်မှာ ရာဖင်ညာရဲ့ ပေးပို့မှုကနေ တူနီးရှားခံစစ်ရဲ့ လူကျွံထောင်ချောက်ကို ဖြတ်ကျော်သွားခဲ့တဲ့ ရစ်ချာလစ်ဆန်က ထောင့်ကျဉ်းအနေအထားက Volley ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပေါင်ကြားက ဝင်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဘရာဇီးလ်တို့ပဲ တတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ကာစီမီရိုကို နောက်ကနေ ဆွဲလှဲခံရလို့ ရရှိခဲ့တဲ့ ပင်နယ်တီကနေ နေမာက ဂိုးသမား ဒိုက်ပစ်အောင် စောင့်ပြီးမှ ညာဘက်တိုင်ခြေကို အသာအယာ ကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ ဘရာဇီးလ်တို့ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နေမာ ချိုးပေးတဲ့ ဘောလုံးကို တူနီးရှားခံစစ်က ရှင်းထုတ်ရင်း ပြန်ထွက်လာချိန်မှာ ရစ်ချာလစ်ဆန်က ညာခြမ်းကို ပြန်ဖြန့်ပေးခဲ့တာကို ရာဖင်ညာက ထိန်းမနေတော့ဘဲ ညာဘက်တိုင်ခြေကို အပြင်းကန်သွင်းသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဆမ်ဘာတွေ လေးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒီနေ့ပွဲမှာ ဘရာဇီးလ်တို့ရဲ့ တိုက်စစ်ပိုင်းကတော့ နည်းပြ တီတီကို ဒီအသက်အရွယ်မျိုးမှာ ထခုန်ပြီး အောင်ပွဲခံရတဲ့အထိ စိတ်ကျေနပ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းကတော့ အရွယ်လွန် သီယာဂို ဆေးလ်ဗားနဲ့ အရပ်ပုတဲ့ မားကင်ညို့စ်တို့ရဲ့ အမြင့်ဘောတွေ ကာကွယ်မှုတွေမှာ အားနည်းခဲ့ပြီး ကွင်းလယ်အဖျက် ဖရက်ဒ်နဲ့ ကာစီမီရိုတို့ကလည်း အရပ်မမြင့်ကြလို့ ဖာဘင်ညို မပါချိန်မှာ ရုန်းကန်နေရတာကို တွေ့ခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ရစ်ချာလစ်ဆန်ကို အနားပေးခဲ့ပြီး ပွဲပြန်စချိန်မှာ ဖလာမင်ဂို တိုက်စစ်မှူး ပက်ဒရိုနဲ့ အစားထိုးခဲ့သလို ဘယ်ခြမ်းက ပါကေးတာအစား ဗီနီးရှပ်စ် ဂျူနီယာကိုလည်း ထည့်သွင်းလာခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ရာဖင်ညာနဲ့ အဲလက်စ် တဲလက်စ်တို့အစား အန်တိုနီနဲ့ ရီနန် လိုဒီတို့ကို ထပ်မံပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဘရာဇီးလ်တို့ပဲ ပဉ္စမဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဧရိယာထဲ ဆွဲဝင်လာတဲ့ ဗီနီးရှပ်စ် ဂျူနီယာနဲ့ အန်တိုနီတို့ အပေးအယူလုပ်ဖို့ ကြိုးစားရင်း တူနီးရှားခံစစ်နဲ့ ထိထွက်လာတဲ့ ဘောလုံးကို ဒီတစ်ပတ် ခြေစမ်းပွဲတွေအတွက် ဂါဘရီယယ်လ် ဂျေဆူးစ်အစား ရွေးချယ်ခံထားရတဲ့ ပက်ဒရိုက သူ့ရဲ့ လက်ရွေးစင် ပထမဆုံးဂိုးအဖြစ် Volley ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘရာဇီးလ်တို့ ငါးဂိုး-တစ်ဂိုးနဲ့ တူနီးရှားကို အနိုင်ရရှိခဲ့ကြသလို ရာဖင်ညာနဲ့ ရစ်ချာလစ်ဆန်တို့ ခြေစွမ်းပြနိုင်ခဲ့ကြပြီး နေမာကတော့ အသင်းအတွက် ၁၂၁ ပွဲမြောက်မှာ ၇၅ ဂိုးမြောက်ကို သွင်းယူသွားနိုင်ခဲ့ပြီး ဆမ်ဘာတွေရဲ့ ဂိုးသွင်းအများဆုံး ဂန္ထဝင် ပီလီရဲ့ ၇၇ ဂိုး စံချိန်ကို မကြာခင်မှာ ကျော်ဖြတ်နိုင်ဖို့ ဖြစ်လာခဲ့ကြောင့် ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ မားကင္ညိဳ႕စ္၊ အဲလက္စ္ တဲလက္စ္နဲ႔ ဒါနီလိုတို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ိုနဲ႔ ဖရက္ဒ္တို႔ မန္ယူအတြဲကို အထိုင္ခ်ခဲ့သလို ရာဖင္ညာနဲ႔ လူးကပ္စ္ ပါေကးတာတို႔က ေတာင္ပံေတြမွာ ကစားခဲ့ခ်ိန္မွာ ရစ္ခ်ာလစ္ဆန္ကို အေထာင္တင္ၿပီး ေနမာက ေနာက္က လိုက္ကစားခဲ့တာျဖစ္ပါတယ္။

တူနီးရွားတို႔ကေတာ့ ဂိုးသမား ဒါမန္၊ ခံစစ္မွာ ဘ႐ြန္း၊ တယ္လ္ဘီ၊ ဒေရဂါနဲ႔ ဘင္အူအန္နက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆခီရီ၊ ခ်ာလာလီနဲ႔ လိုင္ဒူနီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ာဇီရီ၊ အမ္ဆက္ခ္နီနဲ႔ ဆလီမာနီတို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာကတည္းက ဘရာဇီးလ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန တူနီးရွားခံစစ္တန္းေပၚက ေက်ာ္တင္ေပးခဲ့တဲ့ ကာစီမီ႐ိုရဲ႕ အေျမာ္အျမင္ရွိရွိ ေပးပို႔မႈကို ရာဖင္ညာက ေျပးလိုက္ၿပီး ေရွ႕ေရာက္ေနတဲ့ ဂိုးသမား ဒါမန္ေပၚကေန ေခါင္းေက်ာ္တိုက္ၿပီး သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ တူနီးရွားတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ညာျခမ္းမွာ ရတဲ့ ဖရီးကစ္ကို ဆလီမာနီက ျဖတ္တင္ေပးရာမွာ ကာကြယ္ပုံ အားနည္းတဲ့ ဘရာဇီးလ္ခံစစ္ၾကားကေန ျပင္သစ္ႏြယ္ဖြားေနာက္ခံလူ တယ္လ္ဘီက သူ႔ရဲ႕ ႏိုင္ငံအသင္းအတြက္ ပထမဆုံးဂိုးအျဖစ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဘရာဇီးလ္တို႔ တစ္မိနစ္အတြင္းမွာ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကသလို ပြဲခ်ိန္ ၁၉ မိနစ္မွာ ရာဖင္ညာရဲ႕ ေပးပို႔မႈကေန တူနီးရွားခံစစ္ရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္သြားခဲ့တဲ့ ရစ္ခ်ာလစ္ဆန္က ေထာင့္က်ဥ္းအေနအထားက Volley ကန္သြင္းခဲ့ရာမွာ ဂိုးသမား ေပါင္ၾကားက ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဘရာဇီးလ္တို႔ပဲ တတိယ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကို ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ကာစီမီ႐ိုကို ေနာက္ကေန ဆြဲလွဲခံရလို႔ ရရွိခဲ့တဲ့ ပင္နယ္တီကေန ေနမာက ဂိုးသမား ဒိုက္ပစ္ေအာင္ ေစာင့္ၿပီးမွ ညာဘက္တိုင္ေျခကို အသာအယာ ကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ဘရာဇီးလ္တို႔ စတုတၳ ဦးေဆာင္ဂိုးကို ထပ္မံ သြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေနမာ ခ်ိဳးေပးတဲ့ ေဘာလုံးကို တူနီးရွားခံစစ္က ရွင္းထုတ္ရင္း ျပန္ထြက္လာခ်ိန္မွာ ရစ္ခ်ာလစ္ဆန္က ညာျခမ္းကို ျပန္ျဖန႔္ေပးခဲ့တာကို ရာဖင္ညာက ထိန္းမေနေတာ့ဘဲ ညာဘက္တိုင္ေျခကို အျပင္းကန္သြင္းသြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဆမ္ဘာေတြ ေလးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒီေန႔ပြဲမွာ ဘရာဇီးလ္တို႔ရဲ႕ တိုက္စစ္ပိုင္းကေတာ့ နည္းျပ တီတီကို ဒီအသက္အ႐ြယ္မ်ိဳးမွာ ထခုန္ၿပီး ေအာင္ပြဲခံရတဲ့အထိ စိတ္ေက်နပ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ခံစစ္ပိုင္းကေတာ့ အ႐ြယ္လြန္ သီယာဂို ေဆးလ္ဗားနဲ႔ အရပ္ပုတဲ့ မားကင္ညိဳ႕စ္တို႔ရဲ႕ အျမင့္ေဘာေတြ ကာကြယ္မႈေတြမွာ အားနည္းခဲ့ၿပီး ကြင္းလယ္အဖ်က္ ဖရက္ဒ္နဲ႔ ကာစီမီ႐ိုတို႔ကလည္း အရပ္မျမင့္ၾကလို႔ ဖာဘင္ညိဳ မပါခ်ိန္မွာ ႐ုန္းကန္ေနရတာကို ေတြ႕ခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ရစ္ခ်ာလစ္ဆန္ကို အနားေပးခဲ့ၿပီး ပြဲျပန္စခ်ိန္မွာ ဖလာမင္ဂို တိုက္စစ္မႉး ပက္ဒ႐ိုနဲ႔ အစားထိုးခဲ့သလို ဘယ္ျခမ္းက ပါေကးတာအစား ဗီနီးရွပ္စ္ ဂ်ဴနီယာကိုလည္း ထည့္သြင္းလာခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ရာဖင္ညာနဲ႔ အဲလက္စ္ တဲလက္စ္တို႔အစား အန္တိုနီနဲ႔ ရီနန္ လိုဒီတို႔ကို ထပ္မံေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဘရာဇီးလ္တို႔ပဲ ပၪၥမဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဧရိယာထဲ ဆြဲဝင္လာတဲ့ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ အန္တိုနီတို႔ အေပးအယူလုပ္ဖို႔ ႀကိဳးစားရင္း တူနီးရွားခံစစ္နဲ႔ ထိထြက္လာတဲ့ ေဘာလုံးကို ဒီတစ္ပတ္ ေျခစမ္းပြဲေတြအတြက္ ဂါဘရီယယ္လ္ ေဂ်ဆူးစ္အစား ေ႐ြးခ်ယ္ခံထားရတဲ့ ပက္ဒ႐ိုက သူ႔ရဲ႕ လက္ေ႐ြးစင္ ပထမဆုံးဂိုးအျဖစ္ Volley ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘရာဇီးလ္တို႔ ငါးဂိုး-တစ္ဂိုးနဲ႔ တူနီးရွားကို အႏိုင္ရရွိခဲ့ၾကသလို ရာဖင္ညာနဲ႔ ရစ္ခ်ာလစ္ဆန္တို႔ ေျခစြမ္းျပႏိုင္ခဲ့ၾကၿပီး ေနမာကေတာ့ အသင္းအတြက္ ၁၂၁ ပြဲေျမာက္မွာ ၇၅ ဂိုးေျမာက္ကို သြင္းယူသြားႏိုင္ခဲ့ၿပီး ဆမ္ဘာေတြရဲ႕ ဂိုးသြင္းအမ်ားဆုံး ဂႏၴဝင္ ပီလီရဲ႕ ၇၇ ဂိုး စံခ်ိန္ကို မၾကာခင္မွာ ေက်ာ္ျဖတ္ႏိုင္ဖို႔ ျဖစ္လာခဲ့ေၾကာင့္ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.