International Match Report

ဟားလန်းတို့ ခြေစွမ်းမပြနိုင်ဘဲ တန်းတက်ခွင့်ကို ဆားဘီးယားဆီ လွှဲပေးလိုက်ရတဲ့ နော်ဝေ

နော်ဝေအသင်းနည်းပြ စတာလီ ဆောလ်ဘက်ကင်အနေနဲ့ ဒီနေ့မှာ အင်္ဂလန်မြေမှာ ကစားခွင့် နပ်မမှန်တဲ့ ဂိုးသမား နီလန်းကိုပဲ ရိုဆင်ဘော့ နံပါတ်တစ် ဟန်ဆန်အစား ဆက်သုံးခဲ့ပြီး ခံစစ်မှာ ဟန်ရှေ-အော်လ်ဆန်၊ အော်စတီဂွါဒ်၊ မဲလင်းနဲ့ ရိုင်ယာဆန်တို့ကို ထားခဲ့သလို ကွင်းလယ်မှာတော့ ဘာဂါ၊ အော်စ်နက်စ်၊ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆော်လော့သ်၊ အယ်လ်ယူနူစီနဲ့ ဟားလန်းတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဆားဘီးယားတို့ကတော့ ဂိုးသမား ဗားညာ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ ခံစစ်မှာ ဗယ်လီကိုဗစ်ချ်၊ စတီဖန် မီထရိုဗစ်ချ်နဲ့ ပါဗလိုဗစ်ချ်တို့နဲ့ အထိုင်ချလာခဲ့ပြီး ကွင်းလယ်မှာတော့ ဇိဗ်ကိုဗစ်ချ်၊ လူကစ်ချ်၊ အီလစ်ချ်နဲ့ ကော့စ်တစ်ချ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ တာဒစ်ချ်၊ ဗလာဟိုဗစ်ချ်နဲ့ အလက်ဇန်းဒါး မီထရိုဗစ်ချ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

တိုက်စစ်ပိုင်းကလွဲရင် ကျန်နေရာတွေမှာ ပိုမိုသာလွန်နေတဲ့ ဆားဘီးယားတို့အနေနဲ့ အဝေးကွင်းမှာ ယုံကြည်မှုရှိရှိနဲ့ ခပ်ရဲရဲပဲ ကစားသွားခဲ့ပြီး ၁၀ မှတ်ချင်း တူညီနေချိန်မှာ ဂိုးကွာခြားချက် သာလွန်နေတဲ့ အားသာချက်ကို ဆုပ်ကိုင်ထားခဲ့ကြသလို နော်ဝေတို့ကို ပထမအကျော့ အိမ်ကွင်းက ရှုံးကြွေးကို ဆပ်နိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၁ မိနစ်မှာကတည်းက နော်ဝေတို့ရဲ့ တန်ပြန်တိုက်စစ်ကနေ ဆော်လော့သ် ပေးတာကို ဟားလန်း အခွင့်အရေးရခဲ့ပေမယ့် ကန်ချက်က ဂိုးသမားနဲ့ နီးနေခဲ့ပြီး တိကျမှုနည်းခဲ့တာကြောင့် ဂိုးမရခဲ့တာက ဒီပွဲရဲ့ အလှည့်အပြောင်းလို့ပဲ ဆိုရမှာဖြစ်သလို ဒီနောက်မှာတော့ ဆားဘီးယားတို့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းကစားလာခဲ့ပြီး နှစ်သင်းကြား ကွင်းလယ်မှာ ယှဉ်ပြိုင်မှု ပိုများနေခဲ့ကြပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ဆားဘီးယားတို့ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တာဒစ်ချ်ရဲ့ အကွက်မြင်မြင် ဖန်တီးမှုကို ဧရိယာထဲ ဆွဲဝင်သွားခဲ့တဲ့ တောင်ပံသမား ကော့စ်တစ်ချ်က အနိမ့်ဘော ချိုးပေးရာမှာ ပြေးဝင်လာတဲ့ ဗလာဟိုဗစ်ချ်က အနီးတိုင်ဘက်ကို ပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နော်ဝေတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နော်ဝေတို့ရဲ့ တိုက်စစ်တွေကို ဆားဘီးယားခံစစ်မှူးတွေက အမှားအယွင်းမရှိ ပိတ်ဆို့ဖြတ်တောက်သွားနိုင်ခဲ့ကြပြီး နေးရှင်းလိဂ်ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကတော့ တချို့နာမည်ကြီး နည်းပြတွေရဲ့ ဗျူဟာပိုင်း မကျွမ်းကျင်မှုတွေကို ပေါ်လွင်စေတာလားလို့ မေးစရာတွေ တိုက်ဆိုင်စွာ ရှိခဲ့သလို အိမ်ရှင်နည်းပြ ဆောလ်ဘက်ကင်အနေနဲ့ အသင်းကို ဘာမှ မယ်မယ်ရရ မပြင်ဆင်နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဆားဘီးယားတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နော်ဝေကွင်းလယ်လူ ဘာဂါ လူပေးမှားတာကို တာဒစ်ချ်က ဖြတ်ယူသွားပြီး ဂိုးရှေ့ကို ခင်းပေးရာမှာ ကွင်းလယ်လူ အီလစ်ချ်က လိုက်ပါရယူပြီး ဘယ်ခြမ်းကနေ ဧရိယာထဲ ဝင်လာတဲ့ မီထရိုဗစ်ချ်ဆီ ဖန်တီးပေးခဲ့မှုကို ဖူလ်ဟမ်တိုက်စစ်မှူးက အနီးတိုင်ခြေကို ကန်သွင်းအဆုံးသတ်နိုင်ခဲ့တာပါ။

ဒီဂိုးမှာ ဂိုးသမား နီလန်းရဲ့ အားနည်းချက်ကို သိသာထင်ရှားစွာ တွေ့မြင်ခဲ့ရပြီး ဂိုးသမားတစ်ယောက်အဖို့ အနီးတိုင်ကို ကန်သွင်းခဲ့ရတယ်ဆိုတာ ရှက်စရာကိစ္စတစ်ခုဖြစ်နေချိန်မှာ သူ့အနေနဲ့ ဒီနေ့မှာ နှစ်ကြိမ်တိုင်တိုင် ဂိုးပေးခဲ့ရပြီး အသင်းဖော်ခံစစ်မှူးတွေက အဝေးတိုင်ကို မကန်နိုင်အောင် ပိတ်ထားခဲ့ချိန်မှာတောင်မှ အလွယ်တကူ ခွင့်ပြုပေးခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ‌တော့ နော်ဝေတို့ ပွဲအဖြေကို ပြောင်းလဲဖို့အတွက် ဘာမှ မလုပ်နိုင်ခဲ့သလို ကွင်းလယ်လူ အော်စ်နက်စ်အစား ခံစစ်မှူး အာယေးကိုတောင် ထပ်ထည့်ခဲ့ရသလို နောက်တန်းကစားသမားတွေကိုပဲ အပြောင်းအလဲလုပ်သွားခဲ့တဲ့ နည်းပြမျိုးနဲ့ လက်တွဲခဲ့ရတာက ဟားလန်းနဲ့ အော်ဒီဂွါဒ်တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေရဲ့ ကြီးမားတဲ့ ကံဆိုးမှုလို့ပဲ ပြောရတော့မှာပါ။

ဒီနောက်ပိုင်းမှာတော့ ဆားဘီးယားတို့ဘက်က ကော့စ်တစ်ချ်၊ ဇိဗ်ကိုဗစ်ချ်၊ ပါဗလိုဗစ်ချ်၊ မီထရိုဗစ်ချ်နဲ့ တာဒစ်ချ်တို့အစား ရာဒွန်ယစ်ချ်၊ လာဇိုဗစ်ချ်၊ ဘာဘစ်ချ်၊ ယိုဗစ်ချ်နဲ့ ဂျူရီကျစ်ချ်တို့ကို လူစားလဲပြီး ပွဲကို အေးအေးဆေးဆေးပဲ ထိန်းကစားခွင့် ရရှိသွားခဲ့သလို နော်ဝေတို့ကို ပထမအကျော့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ အကြွေးကို အတိုးနဲ့ ပြန်ဆပ်ပြီး လိဂ်အေဆီ သွားလမ်းတစ်ဝက်မှာ ရိုက်ချနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆားဘီးယားတို့အနေနဲ့ ဒီပွဲမှာ သုံးမှတ် စုဆောင်းနိုင်ခဲ့တာကြောင့် ရမှတ် ၁၃ မှတ်နဲ့ ဒုတိယနေရာက နော်ဝေကို သုံးမှတ်ဖြတ်ပြီး အုပ်စုဗိုလ်အဖြစ် ဝင့်ကြွားနိုင်ခဲ့သလို လာမယ့် ၂၀၂၃-၂၄ ရာသီရဲ့ နေးရှင်းလိဂ်အေမှာ တက်ရောက်ကစားခွင့်ကို ပိုင်ဆိုင်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနာ္ေဝအသင္းနည္းျပ စတာလီ ေဆာလ္ဘက္ကင္အေနနဲ႔ ဒီေန႔မွာ အဂၤလန္ေျမမွာ ကစားခြင့္ နပ္မမွန္တဲ့ ဂိုးသမား နီလန္းကိုပဲ ႐ိုဆင္ေဘာ့ နံပါတ္တစ္ ဟန္ဆန္အစား ဆက္သုံးခဲ့ၿပီး ခံစစ္မွာ ဟန္ေရွ-ေအာ္လ္ဆန္၊ ေအာ္စတီဂြါဒ္၊ မဲလင္းနဲ႔ ႐ိုင္ယာဆန္တို႔ကို ထားခဲ့သလို ကြင္းလယ္မွာေတာ့ ဘာဂါ၊ ေအာ္စ္နက္စ္၊ ေအာ္ဒီဂြါဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေဆာ္ေလာ့သ္၊ အယ္လ္ယူႏူစီနဲ႔ ဟားလန္းတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဆားဘီးယားတို႔ကေတာ့ ဂိုးသမား ဗားညာ မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္၊ ခံစစ္မွာ ဗယ္လီကိုဗစ္ခ်္၊ စတီဖန္ မီထ႐ိုဗစ္ခ်္နဲ႔ ပါဗလိုဗစ္ခ်္တို႔နဲ႔ အထိုင္ခ်လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဇိဗ္ကိုဗစ္ခ်္၊ လူကစ္ခ်္၊ အီလစ္ခ်္နဲ႔ ေကာ့စ္တစ္ခ်္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ တာဒစ္ခ်္၊ ဗလာဟိုဗစ္ခ်္နဲ႔ အလက္ဇန္းဒါး မီထ႐ိုဗစ္ခ်္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

တိုက္စစ္ပိုင္းကလြဲရင္ က်န္ေနရာေတြမွာ ပိုမိုသာလြန္ေနတဲ့ ဆားဘီးယားတို႔အေနနဲ႔ အေဝးကြင္းမွာ ယုံၾကည္မႈရွိရွိနဲ႔ ခပ္ရဲရဲပဲ ကစားသြားခဲ့ၿပီး ၁၀ မွတ္ခ်င္း တူညီေနခ်ိန္မွာ ဂိုးကြာျခားခ်က္ သာလြန္ေနတဲ့ အားသာခ်က္ကို ဆုပ္ကိုင္ထားခဲ့ၾကသလို ေနာ္ေဝတို႔ကို ပထမအေက်ာ့ အိမ္ကြင္းက ရႈံးေႂကြးကို ဆပ္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့တာပါ။

ပြဲခ်ိန္ ၁ မိနစ္မွာကတည္းက ေနာ္ေဝတို႔ရဲ႕ တန္ျပန္တိုက္စစ္ကေန ေဆာ္ေလာ့သ္ ေပးတာကို ဟားလန္း အခြင့္အေရးရခဲ့ေပမယ့္ ကန္ခ်က္က ဂိုးသမားနဲ႔ နီးေနခဲ့ၿပီး တိက်မႈနည္းခဲ့တာေၾကာင့္ ဂိုးမရခဲ့တာက ဒီပြဲရဲ႕ အလွည့္အေျပာင္းလို႔ပဲ ဆိုရမွာျဖစ္သလို ဒီေနာက္မွာေတာ့ ဆားဘီးယားတို႔ ေဘာလုံးပိုင္ဆိုင္မႈကို ထိန္းကစားလာခဲ့ၿပီး ႏွစ္သင္းၾကား ကြင္းလယ္မွာ ယွဥ္ၿပိဳင္မႈ ပိုမ်ားေနခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဆားဘီးယားတို႔ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တာဒစ္ခ်္ရဲ႕ အကြက္ျမင္ျမင္ ဖန္တီးမႈကို ဧရိယာထဲ ဆြဲဝင္သြားခဲ့တဲ့ ေတာင္ပံသမား ေကာ့စ္တစ္ခ်္က အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ေျပးဝင္လာတဲ့ ဗလာဟိုဗစ္ခ်္က အနီးတိုင္ဘက္ကို ပိတ္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ေနာ္ေဝတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ေနာ္ေဝတို႔ရဲ႕ တိုက္စစ္ေတြကို ဆားဘီးယားခံစစ္မႉးေတြက အမွားအယြင္းမရွိ ပိတ္ဆို႔ျဖတ္ေတာက္သြားႏိုင္ခဲ့ၾကၿပီး ေနးရွင္းလိဂ္ရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္ေတြကေတာ့ တခ်ိဳ႕နာမည္ႀကီး နည္းျပေတြရဲ႕ ဗ်ဴဟာပိုင္း မကြၽမ္းက်င္မႈေတြကို ေပၚလြင္ေစတာလားလို႔ ေမးစရာေတြ တိုက္ဆိုင္စြာ ရွိခဲ့သလို အိမ္ရွင္နည္းျပ ေဆာလ္ဘက္ကင္အေနနဲ႔ အသင္းကို ဘာမွ မယ္မယ္ရရ မျပင္ဆင္ႏိုင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဆားဘီးယားတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေနာ္ေဝကြင္းလယ္လူ ဘာဂါ လူေပးမွားတာကို တာဒစ္ခ်္က ျဖတ္ယူသြားၿပီး ဂိုးေရွ႕ကို ခင္းေပးရာမွာ ကြင္းလယ္လူ အီလစ္ခ်္က လိုက္ပါရယူၿပီး ဘယ္ျခမ္းကေန ဧရိယာထဲ ဝင္လာတဲ့ မီထ႐ိုဗစ္ခ်္ဆီ ဖန္တီးေပးခဲ့မႈကို ဖူလ္ဟမ္တိုက္စစ္မႉးက အနီးတိုင္ေျခကို ကန္သြင္းအဆုံးသတ္ႏိုင္ခဲ့တာပါ။

ဒီဂိုးမွာ ဂိုးသမား နီလန္းရဲ႕ အားနည္းခ်က္ကို သိသာထင္ရွားစြာ ေတြ႕ျမင္ခဲ့ရၿပီး ဂိုးသမားတစ္ေယာက္အဖို႔ အနီးတိုင္ကို ကန္သြင္းခဲ့ရတယ္ဆိုတာ ရွက္စရာကိစၥတစ္ခုျဖစ္ေနခ်ိန္မွာ သူ႔အေနနဲ႔ ဒီေန႔မွာ ႏွစ္ႀကိမ္တိုင္တိုင္ ဂိုးေပးခဲ့ရၿပီး အသင္းေဖာ္ခံစစ္မႉးေတြက အေဝးတိုင္ကို မကန္ႏိုင္ေအာင္ ပိတ္ထားခဲ့ခ်ိန္မွာေတာင္မွ အလြယ္တကူ ခြင့္ျပဳေပးခဲ့ရတာလည္းျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ‌ေတာ့ ေနာ္ေဝတို႔ ပြဲအေျဖကို ေျပာင္းလဲဖို႔အတြက္ ဘာမွ မလုပ္ႏိုင္ခဲ့သလို ကြင္းလယ္လူ ေအာ္စ္နက္စ္အစား ခံစစ္မႉး အာေယးကိုေတာင္ ထပ္ထည့္ခဲ့ရသလို ေနာက္တန္းကစားသမားေတြကိုပဲ အေျပာင္းအလဲလုပ္သြားခဲ့တဲ့ နည္းျပမ်ိဳးနဲ႔ လက္တြဲခဲ့ရတာက ဟားလန္းနဲ႔ ေအာ္ဒီဂြါဒ္တို႔လို ကမာၻ႔အဆင့္ ကစားသမားေတြရဲ႕ ႀကီးမားတဲ့ ကံဆိုးမႈလို႔ပဲ ေျပာရေတာ့မွာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဆားဘီးယားတို႔ဘက္က ေကာ့စ္တစ္ခ်္၊ ဇိဗ္ကိုဗစ္ခ်္၊ ပါဗလိုဗစ္ခ်္၊ မီထ႐ိုဗစ္ခ်္နဲ႔ တာဒစ္ခ်္တို႔အစား ရာဒြန္ယစ္ခ်္၊ လာဇိုဗစ္ခ်္၊ ဘာဘစ္ခ်္၊ ယိုဗစ္ခ်္နဲ႔ ဂ်ဴရီက်စ္ခ်္တို႔ကို လူစားလဲၿပီး ပြဲကို ေအးေအးေဆးေဆးပဲ ထိန္းကစားခြင့္ ရရွိသြားခဲ့သလို ေနာ္ေဝတို႔ကို ပထမအေက်ာ့ အိမ္ကြင္းမွာ အရႈံးေပးခဲ့ရတဲ့ အေႂကြးကို အတိုးနဲ႔ ျပန္ဆပ္ၿပီး လိဂ္ေအဆီ သြားလမ္းတစ္ဝက္မွာ ႐ိုက္ခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ဆားဘီးယားတို႔အေနနဲ႔ ဒီပြဲမွာ သုံးမွတ္ စုေဆာင္းႏိုင္ခဲ့တာေၾကာင့္ ရမွတ္ ၁၃ မွတ္နဲ႔ ဒုတိယေနရာက ေနာ္ေဝကို သုံးမွတ္ျဖတ္ၿပီး အုပ္စုဗိုလ္အျဖစ္ ဝင့္ႂကြားႏိုင္ခဲ့သလို လာမယ့္ ၂၀၂၃-၂၄ ရာသီရဲ႕ ေနးရွင္းလိဂ္ေအမွာ တက္ေရာက္ကစားခြင့္ကို ပိုင္ဆိုင္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.