International Match Report

နောက်ကျဂိုးနဲ့ အိမ်ရှင် ပေါ်တူဂီကို ရဲရဲရင့်ရင့် အနိုင်ယူပြီး ဆီမီးတက်တဲ့ စပိန်

အိမ်ရှင် ပေါ်တူဂီတို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ကန်ဆယ်လို၊ ရူဘင် ဒီယက်စ်၊ ဒါနီလို ပါရဲရားနဲ့ နူနို မန်ဒက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရူဘင် နီဗက်စ်၊ ဝီလီယမ် ကာဗာလ်ယိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒီယိုဂို ဂျိုတာ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

စပိန်တို့ကတော့ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ ပေါ်တောရက်စ်၊ ဂီလာမွန်၊ ဟိုဆေး ဂါယာနဲ့ ကာဗာဟယ်လ်တို့ကို ပွဲထုတ်လာခဲ့ကြပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုကီနဲ့ ကားလို့စ် ဆိုလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာရားဘီးယား၊ ဖယ်ရန် တောရက်စ်နဲ့ မိုရာတာတို့ကို တင်ကစားလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့ပွဲကို သင်ခန်းစာယူခဲ့တဲ့ စပိန်တို့အနေနဲ့ ဒီနေ့ပွဲမှာ ကွင်းလယ်ကို ရိုဒရီနဲ့ မာမာချာချာဖြစ်အောင် ပြင်ဆင်လာခဲ့ပြီး ခံစစ် ဘယ်ညာတောင်ပံတွေကတော့ တိုက်စစ်ဦးစားပေးတဲ့ ဂါယာနဲ့ ကာဗာဟယ်လ်တို့ကို သုံးခဲ့သလို ရှေ့မှာ ဖိုက်နိုင်နဲ့ မိုရာတာကို ထည့်သွင်းခဲ့တာက ကြံ့ခိုင်မှု ကောင်းတဲ့ ပေါ်တူဂီကို ယှဉ်နိုင်ဖို့ နည်းပြ လူးဝစ် အန်ရီကေက လုပ်ဆောင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်တို့စ်ကတော့ တစ်ဖက်အသင်းကို ကြည့်ပြီး ပြင်ဆင်တာမျိုး မလုပ်ဘဲ ခြေစွမ်းပြနေတဲ့ ဒါလော့၊ ပယ်လင်ညာတို့ကို မသုံးရဲတာနဲ့ ခံစစ်ဗဟိုမှာ အတွေ့အကြုံနည်းတဲ့ တီယာဂို ဂျာလိုလောက်ပဲ ပါလာတာက ဒါနီလို ပါရဲရားကို ရူဘင် ဒီယက်စ်နဲ့ တွဲသုံးရအောင်ဖြစ်စေပြီး အသင်းကြီးချင်း အတွေ့မှာ ပေါရဲခဲ့တယ်လို့ပဲ သုံးသပ်ရမှာပါ။

ဆီမီးဖိုင်နယ်ကို ပိုမိုဆာလောင်မွတ်သိပ်ပြီး နိုင်မှဖြစ်မယ်ဆိုတဲ့ စပိန်တို့ရဲ့ ပွဲအပေါ်ထားတဲ့ ကြိုးစားအားထုတ်မှုမှာ ပေါ်တူဂီနောက်တန်းက ရုန်းကန်ခဲ့ရပြီး အိမ်ရှင်တိုက်စစ်ကတော့ အိမ်ကွင်းမှာဆိုပြီး ခပ်ကြမ်းကြမ်း ကစားဖို့ ကြိုးစားခဲ့ရာမှာ စည်းကမ်းတင်းကျပ်တဲ့ အီတလီဒိုင်လူကြီး ဒန်နီယယ်လ် အော်ဆာတိုကြောင့် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ ရော်နယ်လ်ဒို ပင်နယ်တီတောင်းခဲ့ပေမယ့် ထောင့်ကန်ဘောနဲ့ပဲ ကျေနပ်ခဲ့ရသလို ဂျိုတာရဲ့ တန်ပြန်တိုက်စစ်က ကန်သွင်းမှုကိုတော့ အူနိုင်း ဆီမွန် ကာကွယ်သွားနိုင်ခဲ့ပြီး အိမ်ရှင်တိုက်စစ်ရဲ့ ထိုးဖောက်မှုတွေမှာ စပိန်ခံစစ် ပျာယာခတ်ခဲ့ရပေမယ့် ကံမလိုက်ခဲ့လို့ ဂိုးမရခဲ့ချိန်မှာ ဧည့်သည်တွေဘက်ကလည်း ဖယ်ရန် တောရက်စ် ညံ့ဖျင်းနေခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ စပိန်ဘက်က ဂီလာမွန်အစား ဆာဂျီယို ဘူးစ်ကွက်စ် ဝင်လာပြီး ရိုဒရီက ခံစစ်ကို ဆင်းကစားခဲ့ပေမယ့် တည်ငြိမ်မှုတော့ မရခဲ့သလို ပွဲချိန် ၄၇ မိနစ်မှာ ရော်နယ်လ်ဒိုရဲ့ ကောင်တာကနေ ကန်ချက်ကို ဂိုးသမား ထောင့်ပိတ်သွားနိုင်ခဲ့လို့သာ သက်သာခဲ့ရပြီး ကွင်းလယ်ကတော့ ပေါ်တူဂီတို့ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို မဖြတ်တောက်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

နည်းပြ အန်ရီကေအနေနဲ့ ဖန်တီးမှု မရှိတဲ့ ကွင်းလယ်ကို ပြောင်းလဲနိုင်ဖို့အတွက် ကားလို့စ် ဆိုလာနဲ့ ကိုကီတို့အစား ဂါဗီနဲ့ ပက်ဒရီတို့ကို ထည့်သွင်းခဲ့ရာမှာ ဆာဂျီယို ဘူးစ်ကွက်စ်နဲ့ဆိုရင် လုံးဝ ဘာစီလိုနာကွင်းလယ်ပြန်ဖြစ်သွားခဲ့ပြီး တိုက်စစ်မှာတော့ ဆာရားဘီးယားအစား ယယ်ရမီ ပီနိုကို ထည့်သွင်းပြီး တိုက်စစ်ချင်း ယှဉ်ဖို့ပဲ ကြိုးစားလာခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ ကျော်မှာတော့ ပေါ်တူဂီဘက်က ဘာနာဒို ဆေးလ်ဗား၊ ဝီလီယမ် ကာဗာလ်ယို၊ ဂျိုတာတို့အစား ဂျာအို မာရီယို၊ ရာဖေးလ် လီယာအိုနဲ့ ဗီတင်ညာတို့ကို ထည့်သွင်းပြီး ကွင်းလယ်မှာ အပြောင်းအလဲလုပ်သွားခဲ့သလို စပိန်ဘက်ကတော့ တိုက်စစ်ကိုပဲ အားဖြည့်ပြီး အသုံးမကျတဲ့ ဖယ်ရန် တောရက်စ်အစား နီကို ဝီလီယမ်စ်ကို ထပ်ထည့်သွားခဲ့ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာတော့ နိုင်မှဖြစ်မယ့် စပိန်တို့ဘက်က ပိုမိုထိုးဖောက်လာနိုင်ခဲ့ကြပြီး ပေါ်တူဂီဂိုးသမား ကော့စတာ အလုပ်များလာခဲ့သလို ပွဲချိန် ၈၇ မိနစ်မှာတော့ ညာခြမ်းက ကာဗာဟယ်လ်ရဲ့ Diagonal Pass အဝေးဘောကို ဘယ်ဘက်တိုင်နားကနေ နီကို ဝီလီယမ်စ်က ခေါင်းတိုက်ချပေးခဲ့ရာမှာ အလယ်ကို ပြေးဝင်လာတဲ့ မိုရာတာက ပိတ်သွင်းပြီး အဖွင့်ဂိုး ရယူသွားခဲ့တာပါ။

ဒီဂိုးပေးအပြီးမှာတော့ ပေါ်တူဂီတို့ နောက်ဆုံးကျည်ဆန်ဖြစ်တဲ့ ဂျာအို ဖဲလစ္စကို ရူဘင် နီဗက်စ်နေရာမှာ ထည့်သွင်းကစားခဲ့ပေမယ့် နာကျင်အချိန်ပို ၆ မိနစ်အထိ ပေးခဲ့တာကိုလည်း အသုံးချနိုင်ခြင်း မရှိခဲ့လို့ အိမ်ကွင်းမှာ ပေါ့လျော့မှု၊ နည်းပြရဲ့ ဗျူဟာမြောက် မရွေးချယ်နိုင်မှုတွေနဲ့အတူ စပိန်တို့ကို နှစ်နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်တက်ခွင့်ကို လက်ဆောင်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပွဲမတိုင်မီအထိ ၁၀ မှတ်ရထားတဲ့ ပေါ်တူဂီတို့ကို ၈ မှတ်သာ ရထားတဲ့ စပိန်တို့က နိုင်ပွဲနဲ့အတူ ၃ မှတ်ရယူပြီး ၁၁ မှတ်နဲ့ အုပ်စုဗိုလ် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ကို အဝေးကွင်းမှာ လုယူသွားနိုင်ခဲ့ကြသလို နည်းပြချင်း လုပ်ရဲကိုင်ရဲမှုနဲ့ ကိုင်တွယ်မှုပုံစံ ကွာဟချက်မှာ ဖာနန်ဒို ဆန်တို့စ်အနေနဲ့ လူးဝစ် အန်ရီကေကို ထိုက်တန်တဲ့ ရှုံးပွဲတစ်ပွဲဖြစ်ခဲ့ရပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိမ္ရွင္ ေပၚတူဂီတို႔အေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ္စတာ၊ ခံစစ္မွာ ကန္ဆယ္လို၊ ႐ူဘင္ ဒီယက္စ္၊ ဒါနီလို ပါရဲရားနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ူဘင္ နီဗက္စ္၊ ဝီလီယမ္ ကာဗာလ္ယိုနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဒီယိုဂို ဂ်ိဳတာ၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

စပိန္တို႔ကေတာ့ ဂိုးသမား အူႏိုင္း ဆီမြန္၊ ခံစစ္မွာ ေပၚေတာရက္စ္၊ ဂီလာမြန္၊ ဟိုေဆး ဂါယာနဲ႔ ကာဗာဟယ္လ္တို႔ကို ပြဲထုတ္လာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ကိုကီနဲ႔ ကားလို႔စ္ ဆိုလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာရားဘီးယား၊ ဖယ္ရန္ ေတာရက္စ္နဲ႔ မိုရာတာတို႔ကို တင္ကစားလာခဲ့တာပါ။

ၿပီးခဲ့တဲ့ ဆြစ္ဇာလန္နဲ႔ပြဲကို သင္ခန္းစာယူခဲ့တဲ့ စပိန္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ကြင္းလယ္ကို ႐ိုဒရီနဲ႔ မာမာခ်ာခ်ာျဖစ္ေအာင္ ျပင္ဆင္လာခဲ့ၿပီး ခံစစ္ ဘယ္ညာေတာင္ပံေတြကေတာ့ တိုက္စစ္ဦးစားေပးတဲ့ ဂါယာနဲ႔ ကာဗာဟယ္လ္တို႔ကို သုံးခဲ့သလို ေရွ႕မွာ ဖိုက္ႏိုင္နဲ႔ မိုရာတာကို ထည့္သြင္းခဲ့တာက ႀကံ့ခိုင္မႈ ေကာင္းတဲ့ ေပၚတူဂီကို ယွဥ္ႏိုင္ဖို႔ နည္းျပ လူးဝစ္ အန္ရီေကက လုပ္ေဆာင္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

ေပၚတူဂီနည္းျပ ဖာနန္ဒို ဆန္တို႔စ္ကေတာ့ တစ္ဖက္အသင္းကို ၾကည့္ၿပီး ျပင္ဆင္တာမ်ိဳး မလုပ္ဘဲ ေျခစြမ္းျပေနတဲ့ ဒါေလာ့၊ ပယ္လင္ညာတို႔ကို မသုံးရဲတာနဲ႔ ခံစစ္ဗဟိုမွာ အေတြ႕အႀကဳံနည္းတဲ့ တီယာဂို ဂ်ာလိုေလာက္ပဲ ပါလာတာက ဒါနီလို ပါရဲရားကို ႐ူဘင္ ဒီယက္စ္နဲ႔ တြဲသုံးရေအာင္ျဖစ္ေစၿပီး အသင္းႀကီးခ်င္း အေတြ႕မွာ ေပါရဲခဲ့တယ္လို႔ပဲ သုံးသပ္ရမွာပါ။

ဆီမီးဖိုင္နယ္ကို ပိုမိုဆာေလာင္မြတ္သိပ္ၿပီး ႏိုင္မွျဖစ္မယ္ဆိုတဲ့ စပိန္တို႔ရဲ႕ ပြဲအေပၚထားတဲ့ ႀကိဳးစားအားထုတ္မႈမွာ ေပၚတူဂီေနာက္တန္းက ႐ုန္းကန္ခဲ့ရၿပီး အိမ္ရွင္တိုက္စစ္ကေတာ့ အိမ္ကြင္းမွာဆိုၿပီး ခပ္ၾကမ္းၾကမ္း ကစားဖို႔ ႀကိဳးစားခဲ့ရာမွာ စည္းကမ္းတင္းက်ပ္တဲ့ အီတလီဒိုင္လူႀကီး ဒန္နီယယ္လ္ ေအာ္ဆာတိုေၾကာင့္ ထင္တိုင္းမေပါက္ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာ ေရာ္နယ္လ္ဒို ပင္နယ္တီေတာင္းခဲ့ေပမယ့္ ေထာင့္ကန္ေဘာနဲ႔ပဲ ေက်နပ္ခဲ့ရသလို ဂ်ိဳတာရဲ႕ တန္ျပန္တိုက္စစ္က ကန္သြင္းမႈကိုေတာ့ အူႏိုင္း ဆီမြန္ ကာကြယ္သြားႏိုင္ခဲ့ၿပီး အိမ္ရွင္တိုက္စစ္ရဲ႕ ထိုးေဖာက္မႈေတြမွာ စပိန္ခံစစ္ ပ်ာယာခတ္ခဲ့ရေပမယ့္ ကံမလိုက္ခဲ့လို႔ ဂိုးမရခဲ့ခ်ိန္မွာ ဧည့္သည္ေတြဘက္ကလည္း ဖယ္ရန္ ေတာရက္စ္ ညံ့ဖ်င္းေနခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ စပိန္ဘက္က ဂီလာမြန္အစား ဆာဂ်ီယို ဘူးစ္ကြက္စ္ ဝင္လာၿပီး ႐ိုဒရီက ခံစစ္ကို ဆင္းကစားခဲ့ေပမယ့္ တည္ၿငိမ္မႈေတာ့ မရခဲ့သလို ပြဲခ်ိန္ ၄၇ မိနစ္မွာ ေရာ္နယ္လ္ဒိုရဲ႕ ေကာင္တာကေန ကန္ခ်က္ကို ဂိုးသမား ေထာင့္ပိတ္သြားႏိုင္ခဲ့လို႔သာ သက္သာခဲ့ရၿပီး ကြင္းလယ္ကေတာ့ ေပၚတူဂီတို႔ရဲ႕ တိုက္စစ္လမ္းေၾကာင္းေတြကို မျဖတ္ေတာက္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

နည္းျပ အန္ရီေကအေနနဲ႔ ဖန္တီးမႈ မရွိတဲ့ ကြင္းလယ္ကို ေျပာင္းလဲႏိုင္ဖို႔အတြက္ ကားလို႔စ္ ဆိုလာနဲ႔ ကိုကီတို႔အစား ဂါဗီနဲ႔ ပက္ဒရီတို႔ကို ထည့္သြင္းခဲ့ရာမွာ ဆာဂ်ီယို ဘူးစ္ကြက္စ္နဲ႔ဆိုရင္ လုံးဝ ဘာစီလိုနာကြင္းလယ္ျပန္ျဖစ္သြားခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာရားဘီးယားအစား ယယ္ရမီ ပီႏိုကို ထည့္သြင္းၿပီး တိုက္စစ္ခ်င္း ယွဥ္ဖို႔ပဲ ႀကိဳးစားလာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္မွာေတာ့ ေပၚတူဂီဘက္က ဘာနာဒို ေဆးလ္ဗား၊ ဝီလီယမ္ ကာဗာလ္ယို၊ ဂ်ိဳတာတို႔အစား ဂ်ာအို မာရီယို၊ ရာေဖးလ္ လီယာအိုနဲ႔ ဗီတင္ညာတို႔ကို ထည့္သြင္းၿပီး ကြင္းလယ္မွာ အေျပာင္းအလဲလုပ္သြားခဲ့သလို စပိန္ဘက္ကေတာ့ တိုက္စစ္ကိုပဲ အားျဖည့္ၿပီး အသုံးမက်တဲ့ ဖယ္ရန္ ေတာရက္စ္အစား နီကို ဝီလီယမ္စ္ကို ထပ္ထည့္သြားခဲ့ပါတယ္။

ေနာက္ပိုင္းပြဲခ်ိန္ေတြမွာေတာ့ ႏိုင္မွျဖစ္မယ့္ စပိန္တို႔ဘက္က ပိုမိုထိုးေဖာက္လာႏိုင္ခဲ့ၾကၿပီး ေပၚတူဂီဂိုးသမား ေကာ့စတာ အလုပ္မ်ားလာခဲ့သလို ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ညာျခမ္းက ကာဗာဟယ္လ္ရဲ႕ Diagonal Pass အေဝးေဘာကို ဘယ္ဘက္တိုင္နားကေန နီကို ဝီလီယမ္စ္က ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ အလယ္ကို ေျပးဝင္လာတဲ့ မိုရာတာက ပိတ္သြင္းၿပီး အဖြင့္ဂိုး ရယူသြားခဲ့တာပါ။

ဒီဂိုးေပးအၿပီးမွာေတာ့ ေပၚတူဂီတို႔ ေနာက္ဆုံးက်ည္ဆန္ျဖစ္တဲ့ ဂ်ာအို ဖဲလစၥကို ႐ူဘင္ နီဗက္စ္ေနရာမွာ ထည့္သြင္းကစားခဲ့ေပမယ့္ နာက်င္အခ်ိန္ပို ၆ မိနစ္အထိ ေပးခဲ့တာကိုလည္း အသုံးခ်ႏိုင္ျခင္း မရွိခဲ့လို႔ အိမ္ကြင္းမွာ ေပါ့ေလ်ာ့မႈ၊ နည္းျပရဲ႕ ဗ်ဴဟာေျမာက္ မေ႐ြးခ်ယ္ႏိုင္မႈေတြနဲ႔အတူ စပိန္တို႔ကို ႏွစ္ႏွစ္ဆက္တိုက္ ဆီမီးဖိုင္နယ္တက္ခြင့္ကို လက္ေဆာင္ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ပြဲမတိုင္မီအထိ ၁၀ မွတ္ရထားတဲ့ ေပၚတူဂီတို႔ကို ၈ မွတ္သာ ရထားတဲ့ စပိန္တို႔က ႏိုင္ပြဲနဲ႔အတူ ၃ မွတ္ရယူၿပီး ၁၁ မွတ္နဲ႔ အုပ္စုဗိုလ္ ဆီမီးဖိုင္နယ္တက္ေရာက္ခြင့္ကို အေဝးကြင္းမွာ လုယူသြားႏိုင္ခဲ့ၾကသလို နည္းျပခ်င္း လုပ္ရဲကိုင္ရဲမႈနဲ႔ ကိုင္တြယ္မႈပုံစံ ကြာဟခ်က္မွာ ဖာနန္ဒို ဆန္တို႔စ္အေနနဲ႔ လူးဝစ္ အန္ရီေကကို ထိုက္တန္တဲ့ ရႈံးပြဲတစ္ပြဲျဖစ္ခဲ့ရပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.