International

မက်ဂွိုင်းယားကို အခြေအနေတစ်ခုမှပဲ လူစာရင်းကထုတ်မယ်ဆိုတဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်က ဂျာမနီနဲ့ ကစားခဲ့တဲ့ တနင်္လာနေ့ညပွဲစဉ်မှာ အမှားတွေ ကျူးလွန်ခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားဘက်ကနေ နောက်ထပ်တစ်ကြိမ် ကာကွယ်ပေးခဲ့ပြီး မန်ယူနိုက်တက်အသင်းခေါင်းဆောင်ကို လူစာရင်းကနေ ထုတ်ပယ်ဖို့က အလွန်ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်မှပဲ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းက နေရာကို ဆုံးရှုံးခဲ့ရပေမယ့်လည်း လက်ရွေးစင်နည်းပြရဲ့ ယုံကြည်မှုပေးခြင်းကို ဆက်လက် ရရှိနေဆဲဖြစ်ပြီး အီတလီ၊ ဂျာမနီတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တနင်္လာနေ့ညက ဝင်ဘလေမှာ နောက်ထပ်တစ်ကြိမ် ကြီးမားတဲ့အမှားတွေကို ပြုလုပ်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပြီး မက်ဂွိုင်းယားဟာ ဂျာမနီအသင်းကို ပင်နယ်တီ လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ နောက်တန်းကနေ ဘောလုံးပေးပို့ရာမှာ လွဲချော်ခဲ့တာကြောင့် မူစီယာလာဆီကို တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့ပြီး ဘိုင်ယန်မြူးနစ်ဆယ်ကျော်သက်ကစားသမားကို ပင်နယ်တီဧရိယာထဲမှာ ဘောလုံးယှဉ်လုရင်း ခြေထိုးခံမိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် ဂျာမနီကို ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားကို အားပေးထောက်ခံမှုကြောင့် ဝေဖန်ခံနေရပေမယ့်လည်း ဂျာမနီ၊ အီတလီတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်က မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်က အထင်ကြီးဖွယ်ကောင်းခဲ့ပြီး ၎င်းရဲ့အမြင်ကို ပြောင်းလဲနိုင်ဖို့ ဒီထက်ပိုမိုပြင်းထန်တဲ့အရာတွေလိုအပ်တယ်လို့ ပြောကြားပြီး ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အားလုံးက ဟာရီအပေါ်မှာ အာရုံစိုက်နေကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီ ၂ ပွဲအတွင်းမှာ ဟာရီ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရမ်းအရေးပါတဲ့အခိုက်အတန့်အချို့လည်း ရှိခဲ့ပါတယ်။ လုခ် ရှောက နောက်ထပ်ဥပမာပေးရမယ့်တစ်စုံတယောက်ပါ။ သူက အရမ်းထူးချွန်တဲ့ ဘောလုံးသမားပါ။ အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ။ လုခ်ရှောကို ဘောလုံးကစားချိန် လုံလုံလောက်လောက် မရလို့ မရွေးချယ်ဘဲနေမှာလား ဒါမှမဟုတ် ကျွန်တော်တို့ ဒီညမြင်တွေ့ခဲ့တဲ့အရာတွေကို လုပ်နိုင်တဲ့ ကစားသမားကို ရွေးချယ်မှာလား”

” ဒါက အမြဲတမ်း အငြင်းအခုံဖြစ်စေမှာပါ။ ဒါပေမယ့် ဒီလိုအခိုက်အတန့်တွေက ကျွန်တော်တို့ အကောင်းဆုံးပုံစံကို ပြန်ရစေတယ်လို့ ထင်ပြီး ကျွန်တော်တို့ရဲ့ အခြေအနေက လုံးဝကို ခုခံကာကွယ်လို့မရလုနီးပါးဖြစ်နေတဲ့ အခြေအနေမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့အတွေ့အကြုံအရှိဆုံးကစားသမားတွေကို မရွေးချယ်ဘဲနေဖို့က မဖြစ်နိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရီးစ် ဂျိမ်းစ်ကလည်း ဟာရီ မက်ဂွိုင်းယားနဲ့ ဂိုးသမား နစ်ခ် ပုပ်တို့ကို ထောက်ခံ ပြောကြားခဲ့ပြီး အင်္ဂလန်ဂိုးသမားဟာ ခိုင် ဟာဗတ်ဇ်ရဲ့ နောက်ကျ ချေပဂိုးမှာ အဝေးကန်ချက်ကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။

“ခင်ဗျား ကစားနေရင်း အမှားလုပ်မိတဲ့အချိန်မှာ ခင်ဗျား အမှားလုပ်မိခဲ့တယ်ဆိုတာကို သိဖို့ လုံလောက်တဲ့အတွေ့အကြုံမျိုး ရရှိပြီး ခင်ဗျားကို ထပ်ပြောဖို့ မလိုအပ်တော့ဘူးလို့ ထင်ပါတယ်။ ဟာရီက ဒီရာသီမှာ အများကြီး မကစားခဲ့ရဘဲ သူ့ရဲ့ စည်းချက်ကို ရှာတွေ့ဖို့ ကြိုးပမ်းနေဆဲပါ။ ဒါပေမယ့် သူ့မှာရှိတဲ့ အရည်အသွေးကို ကျွန်တော်တို့ သိပါတယ်။ ပိုပီမှာရှိတဲ့ အရည်အသွေးကိုလည်း ကျွန်တော်တို့ သိပါတယ်။ အဲဒီတော့ သူတို့နဲ့ပတ်သက်ပြီး ဘာမှ သံသယဖြစ်စရာမရှိပါဘူး။ နည်းနည်းလေး ခြေချော်သွားတာသာဖြစ်ပြီး သူတို့တွေ ဒီအမှားကနေ ပြန်လာပြီး အားကောင်းကောင်းနဲ့ ရှေ့ဆက်သွားမယ်လို့ ကျွန်တော် သေချာပါတယ်”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္က ဂ်ာမနီနဲ႔ ကစားခဲ့တဲ့ တနလၤာေန႔ညပြဲစဥ္မွာ အမွားေတြ က်ဴးလြန္ခဲ့တဲ့ ဟာရီ မက္ဂြိဳင္းယားဘက္ကေန ေနာက္ထပ္တစ္ႀကိမ္ ကာကြယ္ေပးခဲ့ၿပီး မန္ယူႏိုက္တက္အသင္းေခါင္းေဆာင္ကို လူစာရင္းကေန ထုတ္ပယ္ဖို႔က အလြန္ျပင္းထန္တဲ့အေျခအေနတစ္ခုျဖစ္မွပဲ ျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းက ေနရာကို ဆုံးရႈံးခဲ့ရေပမယ့္လည္း လက္ေ႐ြးစင္နည္းျပရဲ႕ ယုံၾကည္မႈေပးျခင္းကို ဆက္လက္ ရရွိေနဆဲျဖစ္ၿပီး အီတလီ၊ ဂ်ာမနီတို႔နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ပြဲထြက္ကစားသမားအျဖစ္ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တနလၤာေန႔ညက ဝင္ဘေလမွာ ေနာက္ထပ္တစ္ႀကိမ္ ႀကီးမားတဲ့အမွားေတြကို ျပဳလုပ္ခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္မႈေတြကို ခံေနရတာျဖစ္ၿပီး မက္ဂြိဳင္းယားဟာ ဂ်ာမနီအသင္းကို ပင္နယ္တီ လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ ေနာက္တန္းကေန ေဘာလုံးေပးပို႔ရာမွာ လြဲေခ်ာ္ခဲ့တာေၾကာင့္ မူစီယာလာဆီကို တန္းတန္းမတ္မတ္ ေရာက္ရွိသြားခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ဆယ္ေက်ာ္သက္ကစားသမားကို ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးယွဥ္လုရင္း ေျခထိုးခံမိခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ ဂ်ာမနီကို ပင္နယ္တီေပးခဲ့တာျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားကို အားေပးေထာက္ခံမႈေၾကာင့္ ေဝဖန္ခံေနရေပမယ့္လည္း ဂ်ာမနီ၊ အီတလီတို႔နဲ႔ ကစားခဲ့တဲ့ပြဲစဥ္က မက္ဂြိဳင္းယားရဲ႕ စြမ္းေဆာင္ရည္က အထင္ႀကီးဖြယ္ေကာင္းခဲ့ၿပီး ၎ရဲ႕အျမင္ကို ေျပာင္းလဲႏိုင္ဖို႔ ဒီထက္ပိုမိုျပင္းထန္တဲ့အရာေတြလိုအပ္တယ္လို႔ ေျပာၾကားၿပီး ဆက္လက္ေထာက္ခံသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အားလုံးက ဟာရီအေပၚမွာ အာ႐ုံစိုက္ေနၾကမယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ဒီ ၂ ပြဲအတြင္းမွာ ဟာရီ လုပ္ေဆာင္ေပးႏိုင္ခဲ့တဲ့ အရမ္းအေရးပါတဲ့အခိုက္အတန႔္အခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ လုခ္ ေရွာက ေနာက္ထပ္ဥပမာေပးရမယ့္တစ္စုံတေယာက္ပါ။ သူက အရမ္းထူးခြၽန္တဲ့ ေဘာလုံးသမားပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဘာလုပ္ၾကမွာလဲ။ လုခ္ေရွာကို ေဘာလုံးကစားခ်ိန္ လုံလုံေလာက္ေလာက္ မရလို႔ မေ႐ြးခ်ယ္ဘဲေနမွာလား ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ ဒီညျမင္ေတြ႕ခဲ့တဲ့အရာေတြကို လုပ္ႏိုင္တဲ့ ကစားသမားကို ေ႐ြးခ်ယ္မွာလား”

” ဒါက အၿမဲတမ္း အျငင္းအခုံျဖစ္ေစမွာပါ။ ဒါေပမယ့္ ဒီလိုအခိုက္အတန႔္ေတြက ကြၽန္ေတာ္တို႔ အေကာင္းဆုံးပုံစံကို ျပန္ရေစတယ္လို႔ ထင္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ အေျခအေနက လုံးဝကို ခုခံကာကြယ္လို႔မရလုနီးပါးျဖစ္ေနတဲ့ အေျခအေနမဟုတ္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕အေတြ႕အႀကဳံအရွိဆုံးကစားသမားေတြကို မေ႐ြးခ်ယ္ဘဲေနဖို႔က မျဖစ္ႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရီးစ္ ဂ်ိမ္းစ္ကလည္း ဟာရီ မက္ဂြိဳင္းယားနဲ႔ ဂိုးသမား နစ္ခ္ ပုပ္တို႔ကို ေထာက္ခံ ေျပာၾကားခဲ့ၿပီး အဂၤလန္ဂိုးသမားဟာ ခိုင္ ဟာဗတ္ဇ္ရဲ႕ ေနာက္က် ေခ်ပဂိုးမွာ အေဝးကန္ခ်က္ကို ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ျခင္းမရွိသူျဖစ္ပါတယ္။

“ခင္ဗ်ား ကစားေနရင္း အမွားလုပ္မိတဲ့အခ်ိန္မွာ ခင္ဗ်ား အမွားလုပ္မိခဲ့တယ္ဆိုတာကို သိဖို႔ လုံေလာက္တဲ့အေတြ႕အႀကဳံမ်ိဳး ရရွိၿပီး ခင္ဗ်ားကို ထပ္ေျပာဖို႔ မလိုအပ္ေတာ့ဘူးလို႔ ထင္ပါတယ္။ ဟာရီက ဒီရာသီမွာ အမ်ားႀကီး မကစားခဲ့ရဘဲ သူ႔ရဲ႕ စည္းခ်က္ကို ရွာေတြ႕ဖို႔ ႀကိဳးပမ္းေနဆဲပါ။ ဒါေပမယ့္ သူ႔မွာရွိတဲ့ အရည္အေသြးကို ကြၽန္ေတာ္တို႔ သိပါတယ္။ ပိုပီမွာရွိတဲ့ အရည္အေသြးကိုလည္း ကြၽန္ေတာ္တို႔ သိပါတယ္။ အဲဒီေတာ့ သူတို႔နဲ႔ပတ္သက္ၿပီး ဘာမွ သံသယျဖစ္စရာမရွိပါဘူး။ နည္းနည္းေလး ေျခေခ်ာ္သြားတာသာျဖစ္ၿပီး သူတို႔ေတြ ဒီအမွားကေန ျပန္လာၿပီး အားေကာင္းေကာင္းနဲ႔ ေရွ႕ဆက္သြားမယ္လို႔ ကြၽန္ေတာ္ ေသခ်ာပါတယ္”လို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.