International Premier League

မက်ဂွိုင်းယားအစစ်ကို အင်္ဂလန်မှာလည်း ပြန်မြင်နေရပြီလို့ လှောင်ပြောင်နေကြ

အင်္ဂလန်အသင်းမှာဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းမှာလို မဟုတ်ဘဲ ခြေစွမ်းကွာခြားပြီး အဆင့်အတန်းမီမီ ကစားပြနိုင်တယ်လို့ ကာကွယ်သူတွေ ရှိခဲ့သလို ဒီအတွက် နည်းပြ ဂါရက် ဆောက်ဂိတ်အနေနဲ့ ကလပ်မှာ တစ်ပွဲမှာ မကစားရတာတောင် ရွေးချယ်ခဲ့တဲ့အထိ ကြွေဆင်းခဲ့ဖူးတဲ့ ဟာရီ မက်ဂွိုင်းယားတစ်ယောက် ဒီနေ့မှာတော့ ခြေမှန်တွေ ပြန်ပေါ်ခဲ့ပြီး လှောင်ပြောင်စရာပဲဖြစ်လာခဲ့ပါတယ်။

နေးရှင်းလိဂ်အေ အုပ်စု(၃)ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဂျာမနီအသင်းကို အိမ်ကွင်း ဝင်ဘလီမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအနေနဲ့ သူတို့ရဲ့ ရန်သူလို့ သဘောထားတဲ့ အသင်းကို နိုင်ချင်ခဲ့သလို ဒီပြိုင်ပွဲမှာလည်း ၅ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲတစ်ပွဲမှ မရဖူးသေးတာကြောင့် ပရိသတ်တွေဘက်က မျှော်လင့်ချက်တွေ ရှိနေခဲ့တာပါ။

ဒါပေမယ့် ဒီနေ့ပွဲက သုံးဂိုးစီ သရေကျခဲ့မှုမှာ ပြန်ပေးခဲ့ရတဲ့ သုံးဂိုးစလုံးကို အသင်းသားတွေရဲ့ အမှားတွေကြောင့်ပဲ ခွင့်ပြုလိုက်ရပြီး ဒီထဲက နှစ်ဂိုးက ခေါင်းကြီး မက်ဂွိုင်းယားရဲ့ စာရင်းဖြစ်ခဲ့သလို နိုင်နေရာက သရေကျစေခဲ့တဲ့ နောက်ဆုံးဂိုးကိုတော့ ဂိုးသမား နစ်ခ် ပုပ်က အမှားကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ပထမဂိုးမှာ သူ့ရဲ့ လူပေးမှားတာကနေ ဂျမားလ် မူစီယာလာ ရသွားတဲ့ ဘောလုံးကို ဧရိယာထဲမှာ ခြေထိုးခံမိလို့ ခေါင်းကြီးရဲ့ ပထမ ဖန်တီးမှု ဖြစ်ခဲ့သလို နောက်တစ်လုံးမှာလည်း သူနဲ့ ကော်နက်ရှင်မိလွန်းနေတဲ့ မူစီယာလာရှေ့မှာပဲ ဆရာလိုလိုနဲ့ ဘောလုံးလိမ်ခေါက်နေရင် အလုခံရခဲ့ရလို့ ကောင်တာမိသွားခဲ့တာပါ။

ဒီပွဲရဲ့ အညံ့ဆုံး ကစားသမားဖြစ်ခဲ့တဲ့ ခေါင်းကြီးအနေနဲ့ သူကို ကလပ်မှာ မကစားရတာတောင် ပွဲထွက်ကစားသမားအဖြစ် ခေါင်းမာမာနဲ့ သုံးခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ မျက်နှာကို အိုးမဲသုတ်ခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ ဒါက ဘာမှ မထူးဆန်းဘဲ သူတို့အသင်းမှာ ကြုံနေကျဖြစ်ပြီး ခုမှ ခြေမှန်ပြန်ပေါ်တာလို့ မပြုံးဘဲ ဝါးလုံးကွဲရယ်ခဲ့ကြတာဖြစ်ပါတယ်။

မက်ဂွိုင်းယားကို ကွင်းထဲက ပရိသတ်တွေကလည်း ဘူးအော်ဟစ်ခဲ့ကြပြီး လှောင်ပြောင်ရှုတ်ချခဲ့ကြသလို ပထမပိုင်းမှာ ဘယ်လောက်ပဲ မာန်တင်းပြီး ဟန်ဆောင်ထားနိုင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် နောက်ခံလူအနေနဲ့ ဒုတိယပိုင်းမှာတော့ ခြေစွမ်းဆိုးရွားခဲ့ပြီး တချို့ပရိသတ်တွေကတော့ ဒီလို အရှက်ကွဲစေအောင် မရွေးချယ်သင့်ဘဲ ရွေးချယ်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ကို အပြစ်တင်ခဲ့ကြတာပါ။

ဒီစက်တင်ဘာမှာ နေးရှင်းလိဂ်ကစားမယ့် အင်္ဂလန်လူစာရင်း ထွက်ပေါ်လာခဲ့ကတည်းက အာဆင်နယ်အသင်းမှာ ပုံစံကောင်းရနေတဲ့ နောက်ခံလူ ဘန်ဝှိုက်ကို မရွေးချယ်ခဲ့ဘဲ မက်ဂွိုင်းယားကို ရွေးချယ်ခဲ့တဲ့ ဆောက်ဂိတ်ကို ဝေဖန်မှုတွေ မြင့်တက်နေခဲ့သလို မန်ချက်စတာယူနိုက်တက်ရဲ့ ဂျေဆန် ဆန်ချိုကို ခေါ်ဆောင်မလာတာအတွက်လည်း ဒေါသထွက်ခဲ့ကြပြီး နေးရှင်းလိဂ်ကနေ တန်းဆင်းခဲ့ချိန်မှာတော့ ပရိသတ်တွေအနေနဲ့ ကာတာကို မသွားခင် နည်းပြသစ် ပြောင်းလဲဖို့ မြင်ချင်နေကြတာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းမွာဆိုရင္ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာလို မဟုတ္ဘဲ ေျခစြမ္းကြာျခားၿပီး အဆင့္အတန္းမီမီ ကစားျပႏိုင္တယ္လို႔ ကာကြယ္သူေတြ ရွိခဲ့သလို ဒီအတြက္ နည္းျပ ဂါရက္ ေဆာက္ဂိတ္အေနနဲ႔ ကလပ္မွာ တစ္ပြဲမွာ မကစားရတာေတာင္ ေ႐ြးခ်ယ္ခဲ့တဲ့အထိ ေႂကြဆင္းခဲ့ဖူးတဲ့ ဟာရီ မက္ဂြိဳင္းယားတစ္ေယာက္ ဒီေန႔မွာေတာ့ ေျခမွန္ေတြ ျပန္ေပၚခဲ့ၿပီး ေလွာင္ေျပာင္စရာပဲျဖစ္လာခဲ့ပါတယ္။

ေနးရွင္းလိဂ္ေအ အုပ္စု(၃)ရဲ႕ ေနာက္ဆုံးပြဲစဥ္အျဖစ္ ဂ်ာမနီအသင္းကို အိမ္ကြင္း ဝင္ဘလီမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ အဂၤလန္အသင္းအေနနဲ႔ သူတို႔ရဲ႕ ရန္သူလို႔ သေဘာထားတဲ့ အသင္းကို ႏိုင္ခ်င္ခဲ့သလို ဒီၿပိဳင္ပြဲမွာလည္း ၅ ပြဲ ကစားၿပီးခ်ိန္အထိ ႏိုင္ပြဲတစ္ပြဲမွ မရဖူးေသးတာေၾကာင့္ ပရိသတ္ေတြဘက္က ေမွ်ာ္လင့္ခ်က္ေတြ ရွိေနခဲ့တာပါ။

ဒါေပမယ့္ ဒီေန႔ပြဲက သုံးဂိုးစီ သေရက်ခဲ့မႈမွာ ျပန္ေပးခဲ့ရတဲ့ သုံးဂိုးစလုံးကို အသင္းသားေတြရဲ႕ အမွားေတြေၾကာင့္ပဲ ခြင့္ျပဳလိုက္ရၿပီး ဒီထဲက ႏွစ္ဂိုးက ေခါင္းႀကီး မက္ဂြိဳင္းယားရဲ႕ စာရင္းျဖစ္ခဲ့သလို ႏိုင္ေနရာက သေရက်ေစခဲ့တဲ့ ေနာက္ဆုံးဂိုးကိုေတာ့ ဂိုးသမား နစ္ခ္ ပုပ္က အမွားက်ဴးလြန္ခဲ့တာ ျဖစ္ပါတယ္။

ပထမဂိုးမွာ သူ႔ရဲ႕ လူေပးမွားတာကေန ဂ်မားလ္ မူစီယာလာ ရသြားတဲ့ ေဘာလုံးကို ဧရိယာထဲမွာ ေျခထိုးခံမိလို႔ ေခါင္းႀကီးရဲ႕ ပထမ ဖန္တီးမႈ ျဖစ္ခဲ့သလို ေနာက္တစ္လုံးမွာလည္း သူနဲ႔ ေကာ္နက္ရွင္မိလြန္းေနတဲ့ မူစီယာလာေရွ႕မွာပဲ ဆရာလိုလိုနဲ႔ ေဘာလုံးလိမ္ေခါက္ေနရင္ အလုခံရခဲ့ရလို႔ ေကာင္တာမိသြားခဲ့တာပါ။

ဒီပြဲရဲ႕ အညံ့ဆုံး ကစားသမားျဖစ္ခဲ့တဲ့ ေခါင္းႀကီးအေနနဲ႔ သူကို ကလပ္မွာ မကစားရတာေတာင္ ပြဲထြက္ကစားသမားအျဖစ္ ေခါင္းမာမာနဲ႔ သုံးခဲ့တဲ့ နည္းျပ ေဆာက္ဂိတ္ရဲ႕ မ်က္ႏွာကို အိုးမဲသုတ္ခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဒါက ဘာမွ မထူးဆန္းဘဲ သူတို႔အသင္းမွာ ႀကဳံေနက်ျဖစ္ၿပီး ခုမွ ေျခမွန္ျပန္ေပၚတာလို႔ မၿပဳံးဘဲ ဝါးလုံးကြဲရယ္ခဲ့ၾကတာျဖစ္ပါတယ္။

မက္ဂြိဳင္းယားကို ကြင္းထဲက ပရိသတ္ေတြကလည္း ဘူးေအာ္ဟစ္ခဲ့ၾကၿပီး ေလွာင္ေျပာင္ရႈတ္ခ်ခဲ့ၾကသလို ပထမပိုင္းမွာ ဘယ္ေလာက္ပဲ မာန္တင္းၿပီး ဟန္ေဆာင္ထားႏိုင္ခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ေနာက္ခံလူအေနနဲ႔ ဒုတိယပိုင္းမွာေတာ့ ေျခစြမ္းဆိုး႐ြားခဲ့ၿပီး တခ်ိဳ႕ပရိသတ္ေတြကေတာ့ ဒီလို အရွက္ကြဲေစေအာင္ မေ႐ြးခ်ယ္သင့္ဘဲ ေ႐ြးခ်ယ္ခဲ့တဲ့ နည္းျပ ေဆာက္ဂိတ္ကို အျပစ္တင္ခဲ့ၾကတာပါ။

ဒီစက္တင္ဘာမွာ ေနးရွင္းလိဂ္ကစားမယ့္ အဂၤလန္လူစာရင္း ထြက္ေပၚလာခဲ့ကတည္းက အာဆင္နယ္အသင္းမွာ ပုံစံေကာင္းရေနတဲ့ ေနာက္ခံလူ ဘန္ဝႈိက္ကို မေ႐ြးခ်ယ္ခဲ့ဘဲ မက္ဂြိဳင္းယားကို ေ႐ြးခ်ယ္ခဲ့တဲ့ ေဆာက္ဂိတ္ကို ေဝဖန္မႈေတြ ျမင့္တက္ေနခဲ့သလို မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေဂ်ဆန္ ဆန္ခ်ိဳကို ေခၚေဆာင္မလာတာအတြက္လည္း ေဒါသထြက္ခဲ့ၾကၿပီး ေနးရွင္းလိဂ္ကေန တန္းဆင္းခဲ့ခ်ိန္မွာေတာ့ ပရိသတ္ေတြအေနနဲ႔ ကာတာကို မသြားခင္ နည္းျပသစ္ ေျပာင္းလဲဖို႔ ျမင္ခ်င္ေနၾကတာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.