International Premier League

ခဏလေး ဝင်ကစားပြီး တစ်ပွဲလုံး ကစားတဲ့ ဖိုဒန်ထက် ဆယ်ဆသာခဲ့တဲ့ ဆာကာ

ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ သုံးဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် လူစားဝင်ကစားပြီး ပွဲအဖြေကို ပြောင်းလဲနိုင်ဖို့ အထောက်အကူ ပေးနိုင်ခဲ့တဲ့ အာဆင်နယ်ကစားသမား ဘူကာယို ဆာကာဟာ သူ့ရှေ့မှာ ပွဲထွက်နေတဲ့ မန်ချက်စတာစီးတီးရဲ့ ဖီးလ် ဖိုဒန်ထက် သိသိသာသာကို ပိုမိုကောင်းမွန်ခဲ့ကြောင်း ကျွမ်းကျင်သူတွေက ချီးကျူးခဲ့ကြပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ အသင်းအတွက် လူစားဝင်ကစားခွင့် ရရှိခဲ့သလို ဂျာမနီအသင်းရဲ့ ခံစစ်ဘယ်ခြမ်းကို ဖရိုဖရဲဖြစ်စေခဲ့တဲ့အထိ မွှေနှောက်နိုင်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှာ နေရာလွတ်တွေကို ဖန်တီးပေးနိုင်ခဲ့သလို တစ်ကိုယ်တော်ခြေစွမ်းနဲ့ မေဆန်မောင့်အတွက်လည်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ဆာကာအနေနဲ့ အကောင်းဆုံး နေရာယူကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာက တစ်ပွဲလုံး မြုပ်နေခဲ့တဲ့ ဖိုဒန်နဲ့ ယှဉ်ရင် လယ်ပြင်မှာ ဆင်သွားသလို ကွာဟနေခဲ့ပြီး နိုင်ဂျီးရီးယားနွယ်ဖွား ဟေးလ်အန့်ဒ် အကယ်ဒမီထွက် ချာတိတ်အနေနဲ့ ဂွါဒီယိုလာရဲ့ တပည့်ကို တောက်ချနိုင်ခဲ့တယ်လို့လည်း ဆိုခဲ့ကြပါတယ်။

အာဆင်နယ်အသင်းကိုဆို အမြဲတစေ မကောင်းပြောဖို့ အဆင်သင့်ဖြစ်နေခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ အက်စ်တန်ဗီလာတိုက်စစ်မှူးဟောင်း ဂါဘရီယယ်လ် အဘွန်လဟော်ကတောင် “ဆာကာအနေနဲ့ ဖိုဒန်က သူ့ရှေ့မှာ ပိတ်ဆို့နေတာကို ရှင်းလင်းနိုင်ခဲ့ပြီ”လို့တောင် တခုတ်တရ ချီးကျူးခဲ့ရပြီး သူဝင်လာမှ အသင်းရဲ့ ကစားပုံကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ဆောက်သမ်တန်ခံစစ်မှူးဟောင်း ဂရေမီ လီဆောက်စ်ကလည်း ဆာကာရဲ့ ခြေစွမ်းက ပုံစံကောင်းမှာ ရှိနေပြီလို့ ချီးကျူးလိုက်ပြီး အီတလီနဲ့ပွဲက ဘယ်နောက်ခံမှာ ပွဲထွက်ခဲ့ရလို့ စိတ်ပျက်စရာဖြစ်သမျှကို သင်ပုန်းချေနိုင်ခဲ့တာကြောင့် လက်ရွေးစင်အသင်းရဲ့ ညာတောင်ပံမှာ ဦးစားပေး ဖြစ်သင့်ပြီလို့ ဆိုသွားခဲ့တာပါ။

“ဆာကာရဲ့ အကောင်းဆုံး ပုံစံပေါ့ဗျာ။ သူဝင်လာမှပဲ ဂျာမနီခံစစ်လည်း ဖရိုဖရဲတွေ ဖြစ်ကုန်တော့တာ။ ညာဘက်ခြမ်းမှာ ဘောလုံးရလိုက်တာနဲ့ တစ်ဖက်ခံစစ်သမားတွေကြား လျှောက်ဆွဲတော့ ဟိုကောင်တွေ ရှုပ်ယှက်ခတ်ကုန်တာပေါ့။ သူ့ရဲ့ ဖန်တီးပေးပို့မှုကလည်း တကယ်ကောင်းခဲ့ပါတယ်”လို့ လီဆောက်စ်က သူတို့တွေရဲ့ သမိုင်းဝင် ရန်သူ ဂျာမနီကို မရှုံးအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဆာကာအပေါ် နှစ်ထောင်းအားရမှုကို ပြသသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဆာကာအနေနဲ့ ကံမကောင်းခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပြီး ပွဲချိန် မိနစ် ၉၀ မှာ ဟာရီကိန်းရဲ့ ပေးပို့မှုကနေ တန်ပြန်တိုက်စစ်က ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ အဝေးတိုင်ခြေဆီ ကန်ချက်ကို ဂိုးသမား မာ့ခ်-အန်ဒရီ တာစတီဂန်က လက်ဖျားနဲ့ ထိုးထုတ်သွားနိုင်ခဲ့လို့ အင်္ဂလန်အတွက် စတုတ္ထ အနိုင်ဂိုး မဖြစ်ခဲ့ရတာပါ။

ဒါပေမယ့် ဒီနေ့ စွမ်းဆောင်ရည် ဆာကာအတွက် လာမယ့်ပွဲတွေမှာ ပွဲထွက်နေရာရဖို့ အာမခံချက် ပိုမိုမြင့်တက်လာနိုင်ခဲ့သလို ဖိုဒန်ထက်ပိုပြီး ဟာရီကိန်းနဲ့ တွဲဖက်ဖို့အတွက် ပိုမိုသင့်တော်တဲ့ ပုံစံကို ပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်ရဲ့ နိုင်ပွဲမရဘဲ ပြီးဆုံးခဲ့တဲ့ နေးရှင်းလိဂ်မှာ သူ့ရဲ့ ခြေစွမ်းကတော့ ပရိသတ်တွေရဲ့ အရှုံးထဲက အမြတ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ဆာကာအနေနဲ့ ဒီနေ့ပွဲမှာ အင်္ဂလန်တို့အတွက် ပွဲ ၂၀ ပြည့်မြောက်ခဲ့တာလည်းဖြစ်ပြီး သူနဲ့ မေဆန်မောင့်တို့ရဲ့ ကစားခွင့်နဲ့အတူ ပွဲအပေါ် ကြီးကြီးမားမား သက်ရောက်မှု ပေးစွမ်းနိုင်ခဲ့ပုံဟာ ရှုံးနိမ့်နေခဲ့တဲ့ အသင်းအတွက် ထူးထူးခြားခြား အရေးပါခဲ့ကြောင်းလည်း တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုးကပါ မှတ်ချက်ပြု ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ အဂၤလန္နဲ႔ ဂ်ာမနီတို႔ရဲ႕ သုံးဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ လူစားဝင္ကစားၿပီး ပြဲအေျဖကို ေျပာင္းလဲႏိုင္ဖို႔ အေထာက္အကူ ေပးႏိုင္ခဲ့တဲ့ အာဆင္နယ္ကစားသမား ဘူကာယို ဆာကာဟာ သူ႔ေရွ႕မွာ ပြဲထြက္ေနတဲ့ မန္ခ်က္စတာစီးတီးရဲ႕ ဖီးလ္ ဖိုဒန္ထက္ သိသိသာသာကို ပိုမိုေကာင္းမြန္ခဲ့ေၾကာင္း ကြၽမ္းက်င္သူေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာ အသင္းအတြက္ လူစားဝင္ကစားခြင့္ ရရွိခဲ့သလို ဂ်ာမနီအသင္းရဲ႕ ခံစစ္ဘယ္ျခမ္းကို ဖ႐ိုဖရဲျဖစ္ေစခဲ့တဲ့အထိ ေမႊေႏွာက္ႏိုင္ခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အဂၤလန္အသင္းရဲ႕ တိုက္စစ္မွာ ေနရာလြတ္ေတြကို ဖန္တီးေပးႏိုင္ခဲ့သလို တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ေမဆန္ေမာင့္အတြက္လည္း တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။

အသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္မွာ ဆာကာအေနနဲ႔ အေကာင္းဆုံး ေနရာယူကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တာက တစ္ပြဲလုံး ျမဳပ္ေနခဲ့တဲ့ ဖိုဒန္နဲ႔ ယွဥ္ရင္ လယ္ျပင္မွာ ဆင္သြားသလို ကြာဟေနခဲ့ၿပီး ႏိုင္ဂ်ီးရီးယားႏြယ္ဖြား ေဟးလ္အန႔္ဒ္ အကယ္ဒမီထြက္ ခ်ာတိတ္အေနနဲ႔ ဂြါဒီယိုလာရဲ႕ တပည့္ကို ေတာက္ခ်ႏိုင္ခဲ့တယ္လို႔လည္း ဆိုခဲ့ၾကပါတယ္။

အာဆင္နယ္အသင္းကိုဆို အၿမဲတေစ မေကာင္းေျပာဖို႔ အဆင္သင့္ျဖစ္ေနခဲ့သူေတြထဲက တစ္ဦးျဖစ္တဲ့ အက္စ္တန္ဗီလာတိုက္စစ္မႉးေဟာင္း ဂါဘရီယယ္လ္ အဘြန္လေဟာ္ကေတာင္ “ဆာကာအေနနဲ႔ ဖိုဒန္က သူ႔ေရွ႕မွာ ပိတ္ဆို႔ေနတာကို ရွင္းလင္းႏိုင္ခဲ့ၿပီ”လို႔ေတာင္ တခုတ္တရ ခ်ီးက်ဴးခဲ့ရၿပီး သူဝင္လာမွ အသင္းရဲ႕ ကစားပုံကလည္း သိသိသာသာ ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ေဆာက္သမ္တန္ခံစစ္မႉးေဟာင္း ဂေရမီ လီေဆာက္စ္ကလည္း ဆာကာရဲ႕ ေျခစြမ္းက ပုံစံေကာင္းမွာ ရွိေနၿပီလို႔ ခ်ီးက်ဴးလိုက္ၿပီး အီတလီနဲ႔ပြဲက ဘယ္ေနာက္ခံမွာ ပြဲထြက္ခဲ့ရလို႔ စိတ္ပ်က္စရာျဖစ္သမွ်ကို သင္ပုန္းေခ်ႏိုင္ခဲ့တာေၾကာင့္ လက္ေ႐ြးစင္အသင္းရဲ႕ ညာေတာင္ပံမွာ ဦးစားေပး ျဖစ္သင့္ၿပီလို႔ ဆိုသြားခဲ့တာပါ။

“ဆာကာရဲ႕ အေကာင္းဆုံး ပုံစံေပါ့ဗ်ာ။ သူဝင္လာမွပဲ ဂ်ာမနီခံစစ္လည္း ဖ႐ိုဖရဲေတြ ျဖစ္ကုန္ေတာ့တာ။ ညာဘက္ျခမ္းမွာ ေဘာလုံးရလိုက္တာနဲ႔ တစ္ဖက္ခံစစ္သမားေတြၾကား ေလွ်ာက္ဆြဲေတာ့ ဟိုေကာင္ေတြ ရႈပ္ယွက္ခတ္ကုန္တာေပါ့။ သူ႔ရဲ႕ ဖန္တီးေပးပို႔မႈကလည္း တကယ္ေကာင္းခဲ့ပါတယ္”လို႔ လီေဆာက္စ္က သူတို႔ေတြရဲ႕ သမိုင္းဝင္ ရန္သူ ဂ်ာမနီကို မရႈံးေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ဆာကာအေပၚ ႏွစ္ေထာင္းအားရမႈကို ျပသသြားခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဆာကာအေနနဲ႔ ကံမေကာင္းခဲ့လို႔သာ ဂိုးမရခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ မိနစ္ ၉၀ မွာ ဟာရီကိန္းရဲ႕ ေပးပို႔မႈကေန တန္ျပန္တိုက္စစ္က ဂိုးသြင္းႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူ႔ရဲ႕ အေဝးတိုင္ေျခဆီ ကန္ခ်က္ကို ဂိုးသမား မာ့ခ္-အန္ဒရီ တာစတီဂန္က လက္ဖ်ားနဲ႔ ထိုးထုတ္သြားႏိုင္ခဲ့လို႔ အဂၤလန္အတြက္ စတုတၳ အႏိုင္ဂိုး မျဖစ္ခဲ့ရတာပါ။

ဒါေပမယ့္ ဒီေန႔ စြမ္းေဆာင္ရည္ ဆာကာအတြက္ လာမယ့္ပြဲေတြမွာ ပြဲထြက္ေနရာရဖို႔ အာမခံခ်က္ ပိုမိုျမင့္တက္လာႏိုင္ခဲ့သလို ဖိုဒန္ထက္ပိုၿပီး ဟာရီကိန္းနဲ႔ တြဲဖက္ဖို႔အတြက္ ပိုမိုသင့္ေတာ္တဲ့ ပုံစံကို ျပသႏိုင္ခဲ့တာေၾကာင့္ အဂၤလန္ရဲ႕ ႏိုင္ပြဲမရဘဲ ၿပီးဆုံးခဲ့တဲ့ ေနးရွင္းလိဂ္မွာ သူ႔ရဲ႕ ေျခစြမ္းကေတာ့ ပရိသတ္ေတြရဲ႕ အရႈံးထဲက အျမတ္တစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ဆာကာအေနနဲ႔ ဒီေန႔ပြဲမွာ အဂၤလန္တို႔အတြက္ ပြဲ ၂၀ ျပည့္ေျမာက္ခဲ့တာလည္းျဖစ္ၿပီး သူနဲ႔ ေမဆန္ေမာင့္တို႔ရဲ႕ ကစားခြင့္နဲ႔အတူ ပြဲအေပၚ ႀကီးႀကီးမားမား သက္ေရာက္မႈ ေပးစြမ္းႏိုင္ခဲ့ပုံဟာ ရႈံးနိမ့္ေနခဲ့တဲ့ အသင္းအတြက္ ထူးထူးျခားျခား အေရးပါခဲ့ေၾကာင္းလည္း တိုက္စစ္မႉးေဟာင္း ဂ်ာမိန္း ဒီဖိုးကပါ မွတ္ခ်က္ျပဳ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.