International Match Report

ဂျာမနီဘက်က ခေါင်းကြီးရှိနေမှတော့ အိမ်ကွင်းမှာ သရေရဖို့ပဲ ရုန်းသွားခဲ့ရတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီမှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ခေါင်းကြီး မက်ဂွိုင်းယား၊ ဒိုင်ယာနဲ့ စတုန်းစ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ရီးစ်ဂျိမ်းစ်၊ လုခ်ရှော၊ ဒက်ကလန် ရိုက်စ်နဲ့ ဘယ်လင်ဂမ်တို့ ပွဲထွက်လာခဲ့ကြသလို တိုက်စစ်မှာတော့ ဟာရီကိန်း၊ စတာလင်နဲ့ ဖိုဒန်တို့ကို နည်းပြ ဆောက်ဂိတ်က ခင်းကျင်းလာခဲ့ပါတယ်။

ဂျာမနီအသင်းကတော့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ဆူးလား၊ ရှလော့တာဘက်ခ်၊ ရောင်းမ်နဲ့ ခယ်ရာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ကင်းမစ်ချ်၊ ဟော့ဖ်မန်း၊ မူစီယာလာနဲ့ ဆာနေးတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်တစ်ယောက်ကိုပဲ Deep Lying Forward အဖြစ် တင်ကစားလာခဲ့တာပါ။

ဂျာမန်တွေရဲ့ Gegenpress က အင်္ဂလန်တို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာ နစ်ခ် ပုပ်ဆီက ဟာဗတ်ဇ် ဝင်လုခဲ့ရာမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို ညာခြမ်းက ဟော့ဖ်မန်း ရသွားခဲ့ပေမယ့် အမြန်ဆုံး တိုက်စစ်ဆင်ရမယ့်အစား ကွင်းလယ်က ဂွန်ဒိုးဝမ်ကို ပြန်ပေးခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

အင်္ဂလန်ခံစစ်ကို ဂျာမနီတို့ လုပ်ချင်သလို လုပ်ခွင့်ရနေခဲ့ပေမယ့် အသင်းကြီးတွေက မဟုတ်ဘဲ ရွေးချယ်ခံထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဟော့ဖ်မန်းနဲ့ ရောင်းမ်တို့လို ဉာဏ်သိပ်မမီချင်တဲ့ ကစားသမားတွေကြောင့် လုပ်တိုင်းမဖြစ်ခဲ့လို့ အိမ်ရှင်တွေ ကံကောင်းနေခဲ့သလို ပွဲချိန် ၂၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ စတာလင် တစ်ကိုယ်တော်ကန်သွင်းခဲ့ပေမယ့် တာစတီဂန် ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ နာသွားတဲ့ စတုန်းစ်အစား ဝေါ်လ်ကာ ဝင်ကစားခဲ့ပြီး ပထမပိုင်းမှာ ရသမျှ အခွင့်အရေးတွေကို ဂိုးသမား တာစတီဂန်ဆီချည်း ပို့ပေးနေတဲ့ စတာလင်နဲ့ ပုံမလာ ပန်းမလာ တိုက်စစ်ကြောင့် အင်္ဂလန်တို့ ဂိုးမရနိုင်ခဲ့သလို ကစားသမားတွေကြား အဆင့်အတန်းချင်း ကွဲပြားပြီး ဘက်မညီသလိုဖြစ်နေတဲ့ ဂျာမနီတို့ကလည်း အလုပ်မဖြစ်ခဲ့တာကြောင့် ဝင်ဘလီမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဂျာမနီနည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ဟော့ဖ်မန်းအစား တီမို ဗာနာကို ထည့်သွင်းခဲ့တဲ့ အပြောင်းအလဲကြောင့် ၄-၄-၂ ကစားကွက်နဲ့ ဧည့်သည်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းက ပိုတက်လာခဲ့သလို အင်္ဂလန်တို့ဘက်ကတော့ စိတ်ပျက်စရာကောင်းနေခဲ့တဲ့ စတာလင်ကြောင့် ကျန်တဲ့ တိုက်စစ်သမားတွေပါ ခြေစွမ်းပျက်ကုန်ခဲ့ကြတာပါ။

ပွဲချိန် ၅၂ မိနစ်မှာတော့ ဂျာမနီတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး မက်ဂွိုင်းယား လူပေးမှားတာကို ဖြတ်ယူပြီး ဧရိယာထဲကို ဆွဲဝင်ခဲ့တဲ့ မူစီယာလာကို ခြေချိတ်ခဲ့တဲ့ ခေါင်းကြီးရဲ့ နှစ်ကြိမ်ဆက် ညံ့ဖျင်းမှုကြောင့် VAR ပြန်ကြည့်ပြီး ပေးခဲ့ရတဲ့ ပင်နယ်တီကို ကွင်းလယ်လူ ဂွန်ဒိုးဝမ်က ခုန်ဆွခုန်ဆွလုပ်နေတဲ့ ဂိုးသမား နစ်ခ် ပုပ်ရဲ့ ဘယ်ဘက်တိုင်ခြေကို အသာကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အင်္ဂလန်တို့ဘက်က အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့သလို ဗာနာရဲ့ မတိကျတဲ့ ပေးပို့မှုတွေကြောင့် ဂျာမနီတို့ ဂိုးရခွင့်နဲ့ လွဲချော်နေခဲ့ပြီး အဆုံးသတ်ကန်သွင်းဖို့ နေရာယူနေတဲ့ ဆာနေးဆီကို နှစ်ကြိမ်တိုင်တိုင် ဘောလုံးမရောက်ခဲ့လို့ ဘိုင်ယန်တောင်ပံသမား စိတ်ပျက်ခဲ့ရသလို ပွဲချိန် ၆၆ မိနစ်မှာတော့ စတာလင်နဲ့ ဖိုဒန်တို့အစား မေဆန်မောင့်နဲ့ ဆာကာတို့ကို နည်းပြ ဆောက်ဂိတ်က ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ အပြောင်းအလဲလုပ်တဲ့ အင်္ဂလန်တို့ ဘာမှ ထူးမလာသေးခင် ဂျာမနီတို့ပဲ နောက်တစ်ဂိုး ထပ်သွင်းသွားခဲ့ပြီး ဒီဂိုးကိုတော့ တိုက်စစ်မှာ ဆရာလိုလို တက်လုပ်ပြီး ဘောလုံးမနိုင်တဲ့ ခေါင်းကြီးဆီကနေ မူစီယာလာက ပြန်လုသွားခဲ့ပြီး ကောင်တာပြန်လာခဲ့ရာမှာ ဘယ်ခြမ်းကနေ ဗာနာ ချိုးပေးတဲ့ ဘောလုံးကို ညာခြမ်းက ရသွားတဲ့ ဟာဗတ်ဇ်က အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းပြီး ဂိုးရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုးရအပြီးမှာတော့ ဂျာမနီတို့ဘက်က ဆာနေးနဲ့ ရောင်းမ်အစား ဂနာဘရီနဲ့ ဂိုဆန်စ်တို့ ဝင်ရောက်ကစားခဲ့ကြပြီး ပွဲချိန် ၇၅ မိနစ်မှာတော့ အင်္ဂလန်တို့ ချေပဂိုးတစ်ဂိုး ပြန်ရှာနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ရီးစ်ဂျိမ်း ဖြတ်တင်ရာမှာ ဘယ်သူနဲ့မှ မထိဘဲ ထွက်လာခဲ့တဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ လုခ်ရှောက ဂိုးသမား တာစတီဂန်နဲ့ တစ်ဦးချင်းအတွေ့မှာ ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ အင်္ဂလန်တို့ ပြန်လာနိုင်ခဲ့ပြီး သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဂျာမနီ နောက်ခံလူ သုံးယောက်ကြားက ဆွဲထွက်ပြီး ချပေးတဲ့ ဆာကာရဲ့ ဖန်တီးမှုကို သူနဲ့အတူ လူစားဝင်လာတဲ့ မေဆန်မောင့်က ဂိုးသမား တာစတီဂန်ကို အချိန်မပေးတော့ဘဲ ဧရိယာအစပ်ကနေ First Time Shot ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ အင်္ဂလန်တို့ပဲ တတိယဂိုးနဲ့ အနိုင်ဘက်ကို ခြေပြန်လှမ်းနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ ဘယ်လင်ဂမ်ကို ခြေတစ်လှမ်းနောက်ကျပြီးမှ ဘောလုံးမထိဘဲ ဖျက်မိတဲ့ ရှလော့တာဘက်ခ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို အသင်းကပ္ပတိန် ဟာရီကိန်းက အာရုံနောက်အောင် လှုပ်ပြနေတဲ့ ဂိုးသမား တာစတီဂန်ကို တည်တည်ငြိမ်ငြိမ်ပဲ အနိုင်ယူ ကန်သွင်းသွားခဲ့တာပါ။

အင်္ဂလန်တို့ရဲ့ Come Back Win အိပ်မက်ကတော့ လေးမိနစ်အတွင်းမှာ ပျက်ပြယ်သွားခဲ့ပြန်ပြီး ဂျာမနီတို့ တတိယဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက အတွင်းကို ဆွဲဝင်ကန်သွင်းခဲ့တဲ့ ဂနာဘရီရဲ့ ကန်ချက်ကို မိအောင်မဖမ်းနိုင်ဘဲ အန်ထွက်ခဲ့တဲ့ ဂိုးသမား နစ်ခ် ပုပ်ရဲ့ အမှားကနေ နောက်က ပါလာတဲ့ ဟာဗတ်ဇ်က ကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝင်ဘလီမှာ အင်္ဂလန်နဲ့ ဂျာမနီတို့ သုံးဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကြသလို နေးရှင်းလိဂ်မှာ ဂိုးမရလို့ အပြောခံနေရတဲ့ နည်းပြ ဆောက်ဂိတ်တို့ အိမ်ကွင်းမှာ အနိုင်ယူဖို့ ကြိုးစားမှုက သဲထဲရေသွန်ဖြစ်ခဲ့ရပြီး တစ်ပွဲမှ နိုင်ပွဲမရဘဲ တန်းဆင်းခဲ့ရတာကြောင့် ခြေစွမ်းကို မျှော်လင့်ချက် အနည်းငယ် ထားနိုင်ရုံကလွဲလို့ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာ မရှိသေးတဲ့ ပွဲမျိုးပဲ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီမွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ေခါင္းႀကီး မက္ဂြိဳင္းယား၊ ဒိုင္ယာနဲ႔ စတုန္းစ္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ရီးစ္ဂ်ိမ္းစ္၊ လုခ္ေရွာ၊ ဒက္ကလန္ ႐ိုက္စ္နဲ႔ ဘယ္လင္ဂမ္တို႔ ပြဲထြက္လာခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဟာရီကိန္း၊ စတာလင္နဲ႔ ဖိုဒန္တို႔ကို နည္းျပ ေဆာက္ဂိတ္က ခင္းက်င္းလာခဲ့ပါတယ္။

ဂ်ာမနီအသင္းကေတာ့ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ဆူးလား၊ ရွေလာ့တာဘက္ခ္၊ ေရာင္းမ္နဲ႔ ခယ္ရာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ကင္းမစ္ခ်္၊ ေဟာ့ဖ္မန္း၊ မူစီယာလာနဲ႔ ဆာေနးတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဟာဗတ္ဇ္တစ္ေယာက္ကိုပဲ Deep Lying Forward အျဖစ္ တင္ကစားလာခဲ့တာပါ။

ဂ်ာမန္ေတြရဲ႕ Gegenpress က အဂၤလန္တို႔ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာ နစ္ခ္ ပုပ္ဆီက ဟာဗတ္ဇ္ ဝင္လုခဲ့ရာမွာ ျပန္ထြက္လာတဲ့ ေဘာလုံးကို ညာျခမ္းက ေဟာ့ဖ္မန္း ရသြားခဲ့ေပမယ့္ အျမန္ဆုံး တိုက္စစ္ဆင္ရမယ့္အစား ကြင္းလယ္က ဂြန္ဒိုးဝမ္ကို ျပန္ေပးခဲ့တာေၾကာင့္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

အဂၤလန္ခံစစ္ကို ဂ်ာမနီတို႔ လုပ္ခ်င္သလို လုပ္ခြင့္ရေနခဲ့ေပမယ့္ အသင္းႀကီးေတြက မဟုတ္ဘဲ ေ႐ြးခ်ယ္ခံထားရတဲ့ ကစားသမားေတြျဖစ္တဲ့ ေဟာ့ဖ္မန္းနဲ႔ ေရာင္းမ္တို႔လို ဉာဏ္သိပ္မမီခ်င္တဲ့ ကစားသမားေတြေၾကာင့္ လုပ္တိုင္းမျဖစ္ခဲ့လို႔ အိမ္ရွင္ေတြ ကံေကာင္းေနခဲ့သလို ပြဲခ်ိန္ ၂၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန စတာလင္ တစ္ကိုယ္ေတာ္ကန္သြင္းခဲ့ေပမယ့္ တာစတီဂန္ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာ နာသြားတဲ့ စတုန္းစ္အစား ေဝၚလ္ကာ ဝင္ကစားခဲ့ၿပီး ပထမပိုင္းမွာ ရသမွ် အခြင့္အေရးေတြကို ဂိုးသမား တာစတီဂန္ဆီခ်ည္း ပို႔ေပးေနတဲ့ စတာလင္နဲ႔ ပုံမလာ ပန္းမလာ တိုက္စစ္ေၾကာင့္ အဂၤလန္တို႔ ဂိုးမရႏိုင္ခဲ့သလို ကစားသမားေတြၾကား အဆင့္အတန္းခ်င္း ကြဲျပားၿပီး ဘက္မညီသလိုျဖစ္ေနတဲ့ ဂ်ာမနီတို႔ကလည္း အလုပ္မျဖစ္ခဲ့တာေၾကာင့္ ဝင္ဘလီမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဂ်ာမနီနည္းျပ ဟန္ဆီ ဖလစ္ခ္ရဲ႕ ေဟာ့ဖ္မန္းအစား တီမို ဗာနာကို ထည့္သြင္းခဲ့တဲ့ အေျပာင္းအလဲေၾကာင့္ ၄-၄-၂ ကစားကြက္နဲ႔ ဧည့္သည္ေတြရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းက ပိုတက္လာခဲ့သလို အဂၤလန္တို႔ဘက္ကေတာ့ စိတ္ပ်က္စရာေကာင္းေနခဲ့တဲ့ စတာလင္ေၾကာင့္ က်န္တဲ့ တိုက္စစ္သမားေတြပါ ေျခစြမ္းပ်က္ကုန္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဂ်ာမနီတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး မက္ဂြိဳင္းယား လူေပးမွားတာကို ျဖတ္ယူၿပီး ဧရိယာထဲကို ဆြဲဝင္ခဲ့တဲ့ မူစီယာလာကို ေျခခ်ိတ္ခဲ့တဲ့ ေခါင္းႀကီးရဲ႕ ႏွစ္ႀကိမ္ဆက္ ညံ့ဖ်င္းမႈေၾကာင့္ VAR ျပန္ၾကည့္ၿပီး ေပးခဲ့ရတဲ့ ပင္နယ္တီကို ကြင္းလယ္လူ ဂြန္ဒိုးဝမ္က ခုန္ဆြခုန္ဆြလုပ္ေနတဲ့ ဂိုးသမား နစ္ခ္ ပုပ္ရဲ႕ ဘယ္ဘက္တိုင္ေျခကို အသာကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ အဂၤလန္တို႔ဘက္က အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့သလို ဗာနာရဲ႕ မတိက်တဲ့ ေပးပို႔မႈေတြေၾကာင့္ ဂ်ာမနီတို႔ ဂိုးရခြင့္နဲ႔ လြဲေခ်ာ္ေနခဲ့ၿပီး အဆုံးသတ္ကန္သြင္းဖို႔ ေနရာယူေနတဲ့ ဆာေနးဆီကို ႏွစ္ႀကိမ္တိုင္တိုင္ ေဘာလုံးမေရာက္ခဲ့လို႔ ဘိုင္ယန္ေတာင္ပံသမား စိတ္ပ်က္ခဲ့ရသလို ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ စတာလင္နဲ႔ ဖိုဒန္တို႔အစား ေမဆန္ေမာင့္နဲ႔ ဆာကာတို႔ကို နည္းျပ ေဆာက္ဂိတ္က ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ အေျပာင္းအလဲလုပ္တဲ့ အဂၤလန္တို႔ ဘာမွ ထူးမလာေသးခင္ ဂ်ာမနီတို႔ပဲ ေနာက္တစ္ဂိုး ထပ္သြင္းသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ တိုက္စစ္မွာ ဆရာလိုလို တက္လုပ္ၿပီး ေဘာလုံးမႏိုင္တဲ့ ေခါင္းႀကီးဆီကေန မူစီယာလာက ျပန္လုသြားခဲ့ၿပီး ေကာင္တာျပန္လာခဲ့ရာမွာ ဘယ္ျခမ္းကေန ဗာနာ ခ်ိဳးေပးတဲ့ ေဘာလုံးကို ညာျခမ္းက ရသြားတဲ့ ဟာဗတ္ဇ္က အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ကန္သြင္းၿပီး ဂိုးရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏွစ္ဂိုးရအၿပီးမွာေတာ့ ဂ်ာမနီတို႔ဘက္က ဆာေနးနဲ႔ ေရာင္းမ္အစား ဂနာဘရီနဲ႔ ဂိုဆန္စ္တို႔ ဝင္ေရာက္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ အဂၤလန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္ရွာႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ရီးစ္ဂ်ိမ္း ျဖတ္တင္ရာမွာ ဘယ္သူနဲ႔မွ မထိဘဲ ထြက္လာခဲ့တဲ့ ေဘာလုံးကို အေဝးတိုင္ဘက္မွာ ေနရာယူထားတဲ့ လုခ္ေရွာက ဂိုးသမား တာစတီဂန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ပိတ္သြင္းၿပီး ရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ အဂၤလန္တို႔ ျပန္လာႏိုင္ခဲ့ၿပီး သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဂ်ာမနီ ေနာက္ခံလူ သုံးေယာက္ၾကားက ဆြဲထြက္ၿပီး ခ်ေပးတဲ့ ဆာကာရဲ႕ ဖန္တီးမႈကို သူနဲ႔အတူ လူစားဝင္လာတဲ့ ေမဆန္ေမာင့္က ဂိုးသမား တာစတီဂန္ကို အခ်ိန္မေပးေတာ့ဘဲ ဧရိယာအစပ္ကေန First Time Shot ကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ အဂၤလန္တို႔ပဲ တတိယဂိုးနဲ႔ အႏိုင္ဘက္ကို ေျချပန္လွမ္းႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ ဘယ္လင္ဂမ္ကို ေျခတစ္လွမ္းေနာက္က်ၿပီးမွ ေဘာလုံးမထိဘဲ ဖ်က္မိတဲ့ ရွေလာ့တာဘက္ခ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို အသင္းကပၸတိန္ ဟာရီကိန္းက အာ႐ုံေနာက္ေအာင္ လႈပ္ျပေနတဲ့ ဂိုးသမား တာစတီဂန္ကို တည္တည္ၿငိမ္ၿငိမ္ပဲ အႏိုင္ယူ ကန္သြင္းသြားခဲ့တာပါ။

အဂၤလန္တို႔ရဲ႕ Come Back Win အိပ္မက္ကေတာ့ ေလးမိနစ္အတြင္းမွာ ပ်က္ျပယ္သြားခဲ့ျပန္ၿပီး ဂ်ာမနီတို႔ တတိယဂိုး ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက အတြင္းကို ဆြဲဝင္ကန္သြင္းခဲ့တဲ့ ဂနာဘရီရဲ႕ ကန္ခ်က္ကို မိေအာင္မဖမ္းႏိုင္ဘဲ အန္ထြက္ခဲ့တဲ့ ဂိုးသမား နစ္ခ္ ပုပ္ရဲ႕ အမွားကေန ေနာက္က ပါလာတဲ့ ဟာဗတ္ဇ္က ကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဝင္ဘလီမွာ အဂၤလန္နဲ႔ ဂ်ာမနီတို႔ သုံးဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့ၾကသလို ေနးရွင္းလိဂ္မွာ ဂိုးမရလို႔ အေျပာခံေနရတဲ့ နည္းျပ ေဆာက္ဂိတ္တို႔ အိမ္ကြင္းမွာ အႏိုင္ယူဖို႔ ႀကိဳးစားမႈက သဲထဲေရသြန္ျဖစ္ခဲ့ရၿပီး တစ္ပြဲမွ ႏိုင္ပြဲမရဘဲ တန္းဆင္းခဲ့ရတာေၾကာင့္ ေျခစြမ္းကို ေမွ်ာ္လင့္ခ်က္ အနည္းငယ္ ထားႏိုင္႐ုံကလြဲလို႔ ပရိသတ္ေတြအတြက္ေတာ့ စိတ္ေက်နပ္စရာ မရွိေသးတဲ့ ပြဲမ်ိဳးပဲ ျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.