International Match Report

နောက်ဆုံးတော့ ရွှေဘပဲ နိုင်တယ်ဆိုသလို ဟန်ဂေရီမှာ ဆီမီးတက်သွားတဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဘိုနူချီ၊ တိုလိုအီ၊ အချယ်ဘီတို့နဲ့ ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘာရဲလား၊ ဂျော်ဂျင်ညို၊ ခရစ္စတန်တေ၊ ဒီမာကိုနဲ့ ဒီလော်ရင်ဇိုတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ရက်စ်ပါဒိုရီနဲ့ ဂနွန်တိုတို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ဟန်ဂေရီအသင်းကတော့ ဂိုးသမား ဂူလာချီ၊ ခံစစ်မှာ အော်ဘန်၊ အက်တိလာ ဆာလိုင်း၊ အဒမ် လန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အဒမ် နာဂီ၊ ရှေဖာ၊ ကာကက်ဇ်နဲ့ ဖီယိုလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆိုဘော့ဆ်လိုင်း၊ နီဂိုနဲ့ အဒမ် ဆာလိုင်းတို့ကို အသုံးပြုခဲ့ချိန်မှာ တိုက်စစ်ကို မရဲဘဲ ခံစစ်ကို ပိုကစားတဲ့ ချဉ်းကပ်မှုမျိုးကို မြင်ခဲ့ရတာပါ။

အင်္ဂလန်ကို နိုင်ပြီး အခြေအနေကောင်းလာခဲ့တဲ့ အီတလီတို့ကတော့ တခြားအသင်းကြီးနှစ်သင်းနဲ့ လေးပွဲမှာ သုံးပွဲအနိုင်ကစားပြီး အုပ်စုတွင်းမှာ ထကြွသောင်းကျန်းနေခဲ့တဲ့ ဟန်ဂေရီကို ပထမအကျော့ကလည်း အနိုင်ရထားခဲ့တာကြောင့် ဒီနေ့ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ ယုံကြည်မှုအပြည့်နဲ့ ခရီးထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

အီတလီဘယ်ခြမ်းက ဒီလောက်ကြီးလဲ မကောင်းဘဲနဲ့ ညာနောက်ခံလူ သုံးယောက်ကို ညာခြမ်းမှာ အထိုင်ချခဲ့တဲ့အထိ ဆောက်ဂိတ်ဆန်နေခဲ့တဲ့ ဟန်ဂေရီနည်းပြ အီတလီသား မာကို ရော့စီအနေနဲ့ သူ့ရဲ့ မိခင်နိုင်ငံကို တော်တော်လေး ကြောက်ရွံ့တွန့်ဆုတ်နေပုံပေါ်ပြီး ကစားကွက်ကို ဟန်ချက်ညီဖို့ မစွမ်းနိုင်ခဲ့ချိန်မှာ မိုးပြာရောင်တွေကတော့ ဒါကို အခွင့်ကောင်းယူနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၂၇ မိနစ်မှာ အီတလီတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဟန်ဂေရီခံစစ်က နှစ်ကြိမ်ဆက်တိုက် လူပေးမှားခဲ့ရာမှာ ကွင်းလယ်လူ အဒမ် နာဂီရဲ့ နောက်ပြန်ပေးမှုကို ဂနွန်တို ရယူဖို့ ကြိုးစားရာမှာ ဂိုးသမား ဂူလာချီနဲ့ လုံးထွေးလဲကျရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ကနေ လိုက်ပါလာခဲ့တဲ့ ရက်စ်ပါဒိုရီက ကန်မယ့်ဟန်ပြပြီးမှ တစ်ချက်ခေါက်ပြီး အဆုံးသတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကို ချဉ်းကပ်ပုံမှားခဲ့တဲ့ ဟန်ဂေရီတို့ကို အီတလီတို့ မကြာခဏ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တစ်ဂိုးထက်တော့ ပိုမသွင်းနိုင်ခဲ့သလို ပွဲချိန် ၄၁ မိနစ်မှာ ဆိုဘော့ဆ်လိုင်းရဲ့ ဖရီးကစ်ကနေ နောက်ခံလူ အက်တိလာ ဆာလိုင်းက ဧရိယာထဲမှာ ပိတ်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့လို့ ပထမပိုင်းအပြီး မှာတော့ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြတာပါ။

ဒုတိယပိုင်းအစမှာတော့ ဂိုးအတွက် ရောင်းချခဲ့တဲ့ အဒမ် နာဂီအစား စတိုင်လ်စ်ကို ဟန်ဂေရီတို့ ထည့်သွင်းခဲ့သလို အီတလီတို့ကတော့ အချယ်ဘီအစား ဘက်စတိုနီကို လူစားလဲခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ နီဂို၊ ဆိုဘော့ဆ်လိုင်း၊ စတိုင်လ်စ်နဲ့ အဒမ် ဆာလိုင်းတို့ရဲ့ လေးကြိမ်ဆက်တိုက် ပိတ်သွင်းမှုတွေကို ဂိုးသမား ဒွန်နာရမ်မာနဲ့ ခံစစ်က နှစ်ကြိမ်စီ ခွဲဝေကာကွယ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ ထောင့်ကန်ဘောနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ အီတလီတို့ ဖိအားတွေကို သွင်းဂိုးနဲ့ တုံ့ပြန်ပြီး ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်က တိုက်စစ်လုံးကနေ ဘာရဲလားက ဧရိယာထဲကို ခင်းပေးတာကို လိုက်လံရယူခဲ့တဲ့ ခရစ္စတန်တေက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးခဲ့ရာမှာ ဘယ်ခြမ်းက တက်လာတဲ့ နောက်ခံလူ ဒီမာကိုက ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ဟန်ဂေရီတို့ဘက်က ဂက်ဇ်ဒက်၊ မာတင် အဒမ်နဲ့ ကလိုင်းဟိုက်စ်လာတို့လို တိုက်စစ်သမားတွေကို လဲကစားခဲ့ပေမယ့် အီတလီလို ခံစစ်မာကျောတဲ့ အသင်းမျိုးဆီက နှစ်ဂိုးပြတ် ဦးဆောင်မှုကိုတော့ ချေပဂိုးရအောင် ပြန်လည်ထိပါးခြင်း မရှိနိုင်တော့လို့ ပွဲအပြီးမှာ ဧည့်သည်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် အီတလီတို့အနေနဲ့ နောက်ဆုံးနှစ်ပွဲဆက်တိုက် အနိုင်ရရှိမှုနဲ့အတူ ဘာမှ မဟုတ်တဲ့ အနေအထားကနေ ခြောက်မှတ်ပြန်လည် စုဆောင်းပြီး နေးရှင်းလိဂ်အေ အုပ်စု(၃)ရဲ့ ထိပ်ဆုံးနေရာကို အဖျားရှူးခဲ့တဲ့ ဟန်ဂေရီထက် တစ်မှတ်အသာနဲ့ ရယူသွားနိုင်ခဲ့သလို တတိယမြောက် ဆီမီးဖိုင်နယ်ရောက် အသင်းအဖြစ် ကမ္ဘာ့ဖလားမှာ ပြုတ်ကျန်ခဲ့ရတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်မနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီတလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဘိုႏူခ်ီ၊ တိုလိုအီ၊ အခ်ယ္ဘီတို႔နဲ႔ ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘာရဲလား၊ ေဂ်ာ္ဂ်င္ညိဳ၊ ခရစၥတန္ေတ၊ ဒီမာကိုနဲ႔ ဒီေလာ္ရင္ဇိုတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ရက္စ္ပါဒိုရီနဲ႔ ဂႏြန္တိုတို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ ဟန္ေဂရီအသင္းကေတာ့ ဂိုးသမား ဂူလာခ်ီ၊ ခံစစ္မွာ ေအာ္ဘန္၊ အက္တိလာ ဆာလိုင္း၊ အဒမ္ လန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဒမ္ နာဂီ၊ ေရွဖာ၊ ကာကက္ဇ္နဲ႔ ဖီယိုလာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆိုေဘာ့ဆ္လိုင္း၊ နီဂိုနဲ႔ အဒမ္ ဆာလိုင္းတို႔ကို အသုံးျပဳခဲ့ခ်ိန္မွာ တိုက္စစ္ကို မရဲဘဲ ခံစစ္ကို ပိုကစားတဲ့ ခ်ဥ္းကပ္မႈမ်ိဳးကို ျမင္ခဲ့ရတာပါ။

အဂၤလန္ကို ႏိုင္ၿပီး အေျခအေနေကာင္းလာခဲ့တဲ့ အီတလီတို႔ကေတာ့ တျခားအသင္းႀကီးႏွစ္သင္းနဲ႔ ေလးပြဲမွာ သုံးပြဲအႏိုင္ကစားၿပီး အုပ္စုတြင္းမွာ ထႂကြေသာင္းက်န္းေနခဲ့တဲ့ ဟန္ေဂရီကို ပထမအေက်ာ့ကလည္း အႏိုင္ရထားခဲ့တာေၾကာင့္ ဒီေန႔ပြဲမွာ ဆီမီးဖိုင္နယ္ကို တက္ေရာက္ဖို႔ ယုံၾကည္မႈအျပည့္နဲ႔ ခရီးထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

အီတလီဘယ္ျခမ္းက ဒီေလာက္ႀကီးလဲ မေကာင္းဘဲနဲ႔ ညာေနာက္ခံလူ သုံးေယာက္ကို ညာျခမ္းမွာ အထိုင္ခ်ခဲ့တဲ့အထိ ေဆာက္ဂိတ္ဆန္ေနခဲ့တဲ့ ဟန္ေဂရီနည္းျပ အီတလီသား မာကို ေရာ့စီအေနနဲ႔ သူ႔ရဲ႕ မိခင္ႏိုင္ငံကို ေတာ္ေတာ္ေလး ေၾကာက္႐ြံ႕တြန႔္ဆုတ္ေနပုံေပၚၿပီး ကစားကြက္ကို ဟန္ခ်က္ညီဖို႔ မစြမ္းႏိုင္ခဲ့ခ်ိန္မွာ မိုးျပာေရာင္ေတြကေတာ့ ဒါကို အခြင့္ေကာင္းယူႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာ အီတလီတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဟန္ေဂရီခံစစ္က ႏွစ္ႀကိမ္ဆက္တိုက္ လူေပးမွားခဲ့ရာမွာ ကြင္းလယ္လူ အဒမ္ နာဂီရဲ႕ ေနာက္ျပန္ေပးမႈကို ဂႏြန္တို ရယူဖို႔ ႀကိဳးစားရာမွာ ဂိုးသမား ဂူလာခ်ီနဲ႔ လုံးေထြးလဲက်ရာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္ကေန လိုက္ပါလာခဲ့တဲ့ ရက္စ္ပါဒိုရီက ကန္မယ့္ဟန္ျပၿပီးမွ တစ္ခ်က္ေခါက္ၿပီး အဆုံးသတ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲကို ခ်ဥ္းကပ္ပုံမွားခဲ့တဲ့ ဟန္ေဂရီတို႔ကို အီတလီတို႔ မၾကာခဏ ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ တစ္ဂိုးထက္ေတာ့ ပိုမသြင္းႏိုင္ခဲ့သလို ပြဲခ်ိန္ ၄၁ မိနစ္မွာ ဆိုေဘာ့ဆ္လိုင္းရဲ႕ ဖရီးကစ္ကေန ေနာက္ခံလူ အက္တိလာ ဆာလိုင္းက ဧရိယာထဲမွာ ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့လို႔ ပထမပိုင္းအၿပီး မွာေတာ့ ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္းအစမွာေတာ့ ဂိုးအတြက္ ေရာင္းခ်ခဲ့တဲ့ အဒမ္ နာဂီအစား စတိုင္လ္စ္ကို ဟန္ေဂရီတို႔ ထည့္သြင္းခဲ့သလို အီတလီတို႔ကေတာ့ အခ်ယ္ဘီအစား ဘက္စတိုနီကို လူစားလဲခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာ နီဂို၊ ဆိုေဘာ့ဆ္လိုင္း၊ စတိုင္လ္စ္နဲ႔ အဒမ္ ဆာလိုင္းတို႔ရဲ႕ ေလးႀကိမ္ဆက္တိုက္ ပိတ္သြင္းမႈေတြကို ဂိုးသမား ဒြန္နာရမ္မာနဲ႔ ခံစစ္က ႏွစ္ႀကိမ္စီ ခြဲေဝကာကြယ္သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေထာင့္ကန္ေဘာနဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ အီတလီတို႔ ဖိအားေတြကို သြင္းဂိုးနဲ႔ တုံ႔ျပန္ၿပီး ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္က တိုက္စစ္လုံးကေန ဘာရဲလားက ဧရိယာထဲကို ခင္းေပးတာကို လိုက္လံရယူခဲ့တဲ့ ခရစၥတန္ေတက ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့ရာမွာ ဘယ္ျခမ္းက တက္လာတဲ့ ေနာက္ခံလူ ဒီမာကိုက ပိတ္သြင္းၿပီး ရယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ဟန္ေဂရီတို႔ဘက္က ဂက္ဇ္ဒက္၊ မာတင္ အဒမ္နဲ႔ ကလိုင္းဟိုက္စ္လာတို႔လို တိုက္စစ္သမားေတြကို လဲကစားခဲ့ေပမယ့္ အီတလီလို ခံစစ္မာေက်ာတဲ့ အသင္းမ်ိဳးဆီက ႏွစ္ဂိုးျပတ္ ဦးေဆာင္မႈကိုေတာ့ ေခ်ပဂိုးရေအာင္ ျပန္လည္ထိပါးျခင္း မရွိႏိုင္ေတာ့လို႔ ပြဲအၿပီးမွာ ဧည့္သည္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အီတလီတို႔အေနနဲ႔ ေနာက္ဆုံးႏွစ္ပြဲဆက္တိုက္ အႏိုင္ရရွိမႈနဲ႔အတူ ဘာမွ မဟုတ္တဲ့ အေနအထားကေန ေျခာက္မွတ္ျပန္လည္ စုေဆာင္းၿပီး ေနးရွင္းလိဂ္ေအ အုပ္စု(၃)ရဲ႕ ထိပ္ဆုံးေနရာကို အဖ်ားရႉးခဲ့တဲ့ ဟန္ေဂရီထက္ တစ္မွတ္အသာနဲ႔ ရယူသြားႏိုင္ခဲ့သလို တတိယေျမာက္ ဆီမီးဖိုင္နယ္ေရာက္ အသင္းအျဖစ္ ကမာၻ႔ဖလားမွာ ျပဳတ္က်န္ခဲ့ရတဲ့ ဂုဏ္သိကၡာကို ျပန္လည္ဆယ္မႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.