Premier League

အာဂျင်တီးနားအတွက် ခြေစွမ်းပြပြီးနောက် နှိမ်ခဲ့သူတွေကို တုံ့ပြန်လိုက်တဲ့ မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်က ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း အစောပိုင်းကာလမှာ ၎င်းအပေါ် ပြစ်တင်ဝေဖန်မှုတွေကို အာရုံထဲကို မထည့်ထားခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ယခုနွေရာသီမှာ အိုင်းယက်စ်အသင်းကနေ ပေါင် ၅၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ ရာဖေးလ် ဗာရွမ်းနဲ့အတူ ပထမအသင်း အဓိကကစားသမားဖြစ်ကြောင်း သက်သေပြသထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနား နောက်ခံကစားသမားကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခေါ်ယူမှုဟာ ဘောလုံးဝေဖန်သူတွေအတွက် ပြောစရာဖြစ်ခဲ့ပြီး အထူးသဖြင့် အိုင်းယက်စ်ကြယ်ပွင့်ရဲ့ အရပ်အမောင်းဟာ ပြဿနာလို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်ရဲ့ အရပ်အမြင့်ဟာ ၅ ပေနဲ့ ၉ လက်မသာ ရှိနေခဲ့တာဖြစ်တာကြောင့် လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဂျေမီ ကာရေဂါက အင်္ဂလိပ်ဘောလုံးလောက်မှာ အောင်မြင်မှု ရရှိနိုင်မယ့် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးမရှိဘူးလို့ ထင်မြင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

“အခု ကျွန်တော်တို့ ကစားသမားတစ်ယောက်ကို အရမ်းစောစော ဘယ်တော့မှ မဝေဖန် မသုံးသပ်သင့်ပေမယ့် ကျွန်တော်ကတော့ ဒီအပြောင်းအရွှေ့က အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အရွယ်အစားမျိုးနဲ့ နောက်တန်း ၄ ဦးထဲမှာ ကစားမှာမို့လို့ပါ”လို့ ကာရေဂါက ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ မန်ယူနိုက်တက်တို့ ရှုံးနိမ့်ခဲတဲ့ပွဲစဉ်အပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ့အနေနဲ့ ဘယ်နောက်ခံနေရာကို သွားကစားသင့်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူ ခံစစ် ၃ ဦးထဲမှာ ကစားရမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်တန်း ၄ ဦးထဲမှာတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ အဲဒီနေရာမှာ ကစားနိုင်မှာမဟုတ်ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ထပ် လိဂ်ပွဲစဉ် ၄ ပွဲစလုံးမှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသခဲ့ပြီး လီဗာပူးလ်၊ ဆောက်သမ်တန်၊ လက်စတာစီးတီး၊ အာဆင်နယ်တို့ကို အနိုင်ယူပြီးနောက်မှာတော့ ကာရေဂါက အာဂျင်တီးနားနောက်ခံလူကို ချီးကျူးခဲ့ပေမယ့်လည်း ဝေဖန်ခဲ့မှုကိုတော့ ပြန်လည်ရုတ်သိမ်းခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

“သူ့ ဘောလုံးပေးပို့မှုတွေက အရမ်းကောင်းတယ်။ သူ့ကို ကြည့်ရတာ အကြမ်းပတမ်းနိုင်တဲ့ပုံပဲ။ သူ့ပုံစံက ခေါင်းဆောင်တစ်ဦးလိုပါပဲ။ သူက မကောင်းတဲ့ကစားသမားမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ဘောလုံးအဆင့်အတန်းမျိုးမှာ ၅ ပေ ၉ လက်မနဲ့ ကစားဖို့ကျတော့ ကျွန်တော်ဆိုရင် ဗဟိုခံစစ်ကစားသမားတစ်ယောက်အနေနဲ့ အဲဒီလောက်ပဲ အရပ်အမောင်းရှိတဲ့သူနဲ့ တွဲမကစားချင်ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့တဲ့အကြောင်းကို ပြောဆိုခဲ့ရာမှာ မီဒီယာတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကို လစ်လျူရှုဖို့ ရွေးချယ်ခဲ့ပြီး မတူညီတဲ့လိဂ်မှာ စတင် အသားကျခဲ့တာကြောင့် ပျော်ရွှင်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

“ရိုးရိုးသားသား ပြောရရင် မန်ချက်စတာယူနိုက်တက်လိုမျိုး ကြီးမားတဲ့ကလပ်အသင်းမှာ ကစားရတာက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါ။ အထူးသဖြင့် ကမ္ဘာပါ်က အကောင်းဆုံးလိဂ်တွေထဲက တစ်ခုလို့ ကျွန်တော် ထင်ထားတဲ့ ပရီးမီးယားလိဂ်မှာ ကစားရတာပေါ့”

“ပရီးမီးယားလိဂ်ရဲ့ စည်းချက်ကို အမီလိုက်ရတာ ကောင်းပါတယ်။ အဲဒီတော့ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် ဝေဖန်မှုတွေကို အာရုံမထားပါဘူး။ ကျွန်တော့်ကိုယ်ကို ကျွန်တော် ယုံတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ယုံကြည်မှုရှိတယ်။ ကျွန်တော် နေ့တိုင်း အမြဲတမ်း အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားတယ်။ အဲဒါကပဲ အဆုံးမှာ ခင်ဗျားကို ရလဒ်တွေ ထွက်လာစေမှာပါ”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမား လီဆန္ဒ႐ို မာတီနက္ဇ္က ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း အေစာပိုင္းကာလမွာ ၎အေပၚ ျပစ္တင္ေဝဖန္မႈေတြကို အာ႐ုံထဲကို မထည့္ထားခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

မာတီနက္ဇ္ဟာ ယခုေႏြရာသီမွာ အိုင္းယက္စ္အသင္းကေန ေပါင္ ၅၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကစားသမားျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဗဟိုခံစစ္မွာ ရာေဖးလ္ ဗာ႐ြမ္းနဲ႔အတူ ပထမအသင္း အဓိကကစားသမားျဖစ္ေၾကာင္း သက္ေသျပသထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဂ်င္တီးနား ေနာက္ခံကစားသမားကို မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေခၚယူမႈဟာ ေဘာလုံးေဝဖန္သူေတြအတြက္ ေျပာစရာျဖစ္ခဲ့ၿပီး အထူးသျဖင့္ အိုင္းယက္စ္ၾကယ္ပြင့္ရဲ႕ အရပ္အေမာင္းဟာ ျပႆနာလို႔ သတ္မွတ္ခဲ့ၾကတာျဖစ္ပါတယ္။

လီဆန္ဒ႐ို မာတီနက္ဇ္ရဲ႕ အရပ္အျမင့္ဟာ ၅ ေပနဲ႔ ၉ လက္မသာ ရွိေနခဲ့တာျဖစ္တာေၾကာင့္ လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္း ေဂ်မီ ကာေရဂါက အဂၤလိပ္ေဘာလုံးေလာက္မွာ ေအာင္ျမင္မႈ ရရွိႏိုင္မယ့္ ႐ုပ္ပိုင္းဆိုင္ရာ အရည္အေသြးမရွိဘူးလို႔ ထင္ျမင္ခဲ့သူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။

“အခု ကြၽန္ေတာ္တို႔ ကစားသမားတစ္ေယာက္ကို အရမ္းေစာေစာ ဘယ္ေတာ့မွ မေဝဖန္ မသုံးသပ္သင့္ေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒီအေျပာင္းအေ႐ႊ႕က အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔ ယုံၾကည္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔အ႐ြယ္အစားမ်ိဳးနဲ႔ ေနာက္တန္း ၄ ဦးထဲမွာ ကစားမွာမို႔လို႔ပါ”လို႔ ကာေရဂါက ဘရန႔္တ္ဖို႔ဒ္ကို ၄-၀ နဲ႔ မန္ယူႏိုက္တက္တို႔ ရႈံးနိမ့္ခဲတဲ့ပြဲစဥ္အၿပီးမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူ႔အေနနဲ႔ ဘယ္ေနာက္ခံေနရာကို သြားကစားသင့္တာျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ သူ ခံစစ္ ၃ ဦးထဲမွာ ကစားရမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ေနာက္တန္း ၄ ဦးထဲမွာေတာ့ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ အဲဒီေနရာမွာ ကစားႏိုင္မွာမဟုတ္ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္ထပ္ လိဂ္ပြဲစဥ္ ၄ ပြဲစလုံးမွာ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသခဲ့ၿပီး လီဗာပူးလ္၊ ေဆာက္သမ္တန္၊ လက္စတာစီးတီး၊ အာဆင္နယ္တို႔ကို အႏိုင္ယူၿပီးေနာက္မွာေတာ့ ကာေရဂါက အာဂ်င္တီးနားေနာက္ခံလူကို ခ်ီးက်ဴးခဲ့ေပမယ့္လည္း ေဝဖန္ခဲ့မႈကိုေတာ့ ျပန္လည္႐ုတ္သိမ္းခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

“သူ႔ ေဘာလုံးေပးပို႔မႈေတြက အရမ္းေကာင္းတယ္။ သူ႔ကို ၾကည့္ရတာ အၾကမ္းပတမ္းႏိုင္တဲ့ပုံပဲ။ သူ႔ပုံစံက ေခါင္းေဆာင္တစ္ဦးလိုပါပဲ။ သူက မေကာင္းတဲ့ကစားသမားမဟုတ္ပါဘူး။ ဒါေပမယ့္ ဒီလို ေဘာလုံးအဆင့္အတန္းမ်ိဳးမွာ ၅ ေပ ၉ လက္မနဲ႔ ကစားဖို႔က်ေတာ့ ကြၽန္ေတာ္ဆိုရင္ ဗဟိုခံစစ္ကစားသမားတစ္ေယာက္အေနနဲ႔ အဲဒီေလာက္ပဲ အရပ္အေမာင္းရွိတဲ့သူနဲ႔ တြဲမကစားခ်င္ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္က အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အေၾကာင္းကို ေျပာဆိုခဲ့ရာမွာ မီဒီယာေတြရဲ႕ ေဝဖန္ျပစ္တင္မႈေတြကို လစ္လ်ဴရႈဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး မတူညီတဲ့လိဂ္မွာ စတင္ အသားက်ခဲ့တာေၾကာင့္ ေပ်ာ္႐ႊင္ခဲ့တဲ့အေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“႐ိုး႐ိုးသားသား ေျပာရရင္ မန္ခ်က္စတာယူႏိုက္တက္လိုမ်ိဳး ႀကီးမားတဲ့ကလပ္အသင္းမွာ ကစားရတာက အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာတာပါ။ အထူးသျဖင့္ ကမာၻပၚက အေကာင္းဆုံးလိဂ္ေတြထဲက တစ္ခုလို႔ ကြၽန္ေတာ္ ထင္ထားတဲ့ ပရီးမီးယားလိဂ္မွာ ကစားရတာေပါ့”

“ပရီးမီးယားလိဂ္ရဲ႕ စည္းခ်က္ကို အမီလိုက္ရတာ ေကာင္းပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ ကြၽန္ေတာ္ ေဝဖန္မႈေတြကို အာ႐ုံမထားပါဘူး။ ကြၽန္ေတာ့္ကိုယ္ကို ကြၽန္ေတာ္ ယုံတယ္။ ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္ ယုံၾကည္မႈရွိတယ္။ ကြၽန္ေတာ္ ေန႔တိုင္း အၿမဲတမ္း အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားတယ္။ အဲဒါကပဲ အဆုံးမွာ ခင္ဗ်ားကို ရလဒ္ေတြ ထြက္လာေစမွာပါ”လို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.