International Match Report

ဟားလန်း တာဝန်ကျေခဲ့ပေမယ့် ဆလိုဗေးနီးယားကို အရှုံးပေးခဲ့ရတဲ့ နှလုံးအေး နော်ဝေ

နော်ဝေအသင်းအနေနဲ့ ဂိုးသမား နီလန်း၊ ခံစစ်မှာ အော်စတီဂွါဒ်၊ ဟန်ရှေ-အော်လ်ဆန်၊ မဲလင်းနဲ့ ရိုင်ယာဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘာဂါ၊ သော့စ်ဗဲလ်ဒ်၊ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်း၊ ဆော်လော့သ်နဲ့ အယ်လ်ယူနူစီတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဆလိုဗေးနီးယားတို့ကတော့ နာမည်ကြီးဂိုးသမား အော့ဘ်လက်ခ်၊ ခံစစ်မှာ ဘလာဂျစ်ချ်၊ ဘီယိုးလ်၊ ဆီကိုရှက်ခ်၊ ကာနစ်ချ်နစ်ခ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ချယ်ရင်၊ ကာတစ်ချ်၊ ဗာဘစ်ချ်နဲ့ စတိုယာနိုဗစ်ချ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ စပိုရာနဲ့ ရှက်ရှ်ကိုတို့ကို တင်ကစားခဲ့တာပါ။

ပထမပိုင်းမှာ နှစ်သင်းစလုံး ကစားပုံက သိပ်မကောင်းခဲ့သလို အိမ်ရှင်တွေအနေနဲ့ အမှားမရှိအောင် ကစားသွားခဲ့လို့ နော်ဝေတို့ဘက်က သိပ်ပြီး အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ဘဲ ဟားလန်းနဲ့ အော်ဒီဂွါဒ်တို့ရဲ့ တိုက်စစ်ပိုင်းက မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းပြန်စပြီး မကြာခင် ပွဲချိန် ၄၇ မိနစ်မှာပဲ နော်ဝေတို့ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆလိုဗေးနီးယားခံစစ်မှူး ကာနစ်ချ်နစ်ခ်ရဲ့ လူပေးမှားမှုက အယ်လ်ယူနူစီကို ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဟားလန်းက ထိန်းမနေတော့ဘဲ ညာခြေနဲ့ အပြင်းကန်သွင်းနိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဆလိုဗေးနီးယားတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ခံစစ်က ကန်တင်ပေးလိုက်တဲ့ အဝေးဘောကို ရှက်ရှ်ကိုက လိုက်လံရယူပြီး အနိမ့်ဘော ကန်ချက် ခပ်ပြင်းပြင်းနဲ့ ဂိုးရှေ့ကို ချိုးပေးခဲ့ရာမှာ တွဲဖက်တိုက်စစ်မှူး စပိုရာက နော်ဝေခံစစ်က မဲလင်း ထက်ဦးအောင် ပိတ်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

တစ်ဂိုးစီသရေဖြစ်သွားခဲ့လို့ အုပ်စုကို ဦးဆောင်နေတဲ့ နော်ဝေတို့ နိုင်ပွဲရဖို့အတွက် ဒဏ်ရာက သက်သာခါစမှာ ကောင်းကောင်းမရုန်းနိုင်သေးတဲ့ အော်ဒီဂွါဒ်ကိုပဲ လူစားလဲပြီး တိုက်စစ်မြှင့်လာခဲ့သလို သူနဲ့ အယ်လ်ယူနူစီတို့အစား ဒယ်လီနဲ့ အော်စ်နက်စ်တို့ကို ထည့်သွင်းခဲ့ပေမယ့် အဝေးကွင်းမှာ အလုပ်ဖြစ်ဖို့တော့ ခက်ခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ အိမ်ရှင်တွေပဲ နောက်ကလိုက်ပြီး အနိုင်ဂိုးကို ရယူသွားခဲ့သလို ဒီဂိုးကိုတော့ နော်ဝေခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ရှက်ရှ်ကိုက ဒူးနဲ့ တစ်ချက်တော့ပြီး ဧရိယာအပြင်ကနေ ကန်သွင်းခဲ့ရာမှာ ကန်ချက်က ဒီလောက်မကောင်းပေမယ့် ဘာအဆင့်မှ မရှိခဲ့လို့ အက်စ်တန်ဗီလာက ကန်ထုတ်ခံခဲ့ရတဲ့ ဂိုးသမား နီလန်းရဲ့ ညံ့ဖျင်းမှုကြောင့် မကာကွယ်နိုင်ဘဲ ဂိုးထပ်ပေးခဲ့ရတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ နော်ဝေနည်းပြ ဆောလ်ဘက်ကင်အနေနဲ့ သူ့ရဲ့ အသင်းကို ကောင်းကောင်း အပြောင်းအလဲမလုပ်နိုင်ခဲ့သလို လူစားလဲခွင့် တစ်ဦးကျန်နေသေးပေမယ့် ထည့်သွင်းဖို့ ပျက်ကွက်ခဲ့ချိန်မှာ ဆလိုဗေးနီးယားတို့ကတော့ ခံစစ်ကို ပြင်ဆင်ပြီး နောက်တန်းတွေကို ထပ်ထည့်သွားခဲ့တာကြောင့် ကပ္ပတိန်တာဝန်ယူနေရတဲ့ ဟားလန်းလည်း ဂိုးထပ်မသွင်းနိုင်ခဲ့တော့တာပါ။

ပွဲချိန်အပြည့်မှာတော့ အိမ်ရှင် ဆလိုဗေးနီးယားတို့က နော်ဝေကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုအောက်ဆုံး တန်းဆင်းရမယ့်နေရာက ရုန်းထွက်နိုင်ခဲ့ချိန်မှာ ဦးဆောင်သူ နော်ဝေတို့ကတော့ ဂိုးကွာခြားချက်အရ ထိပ်ဆုံးမှာ ရှိနေပေမယ့် နိုင်ပွဲရခဲ့တဲ့ ဆားဘီးယားနဲ့ ၁၀ မှတ်ချင်း တူသွားခဲ့ပြီး လာမယ့်ပွဲမှာတော့ အော်စလိုက အိမ်ကွင်းမှာ ပိုကောင်းတဲ့ ပုံစံနဲ့ ကြိုးစားကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနာ္ေဝအသင္းအေနနဲ႔ ဂိုးသမား နီလန္း၊ ခံစစ္မွာ ေအာ္စတီဂြါဒ္၊ ဟန္ေရွ-ေအာ္လ္ဆန္၊ မဲလင္းနဲ႔ ႐ိုင္ယာဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘာဂါ၊ ေသာ့စ္ဗဲလ္ဒ္၊ ေအာ္ဒီဂြါဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္း၊ ေဆာ္ေလာ့သ္နဲ႔ အယ္လ္ယူႏူစီတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဆလိုေဗးနီးယားတို႔ကေတာ့ နာမည္ႀကီးဂိုးသမား ေအာ့ဘ္လက္ခ္၊ ခံစစ္မွာ ဘလာဂ်စ္ခ်္၊ ဘီယိုးလ္၊ ဆီကိုရွက္ခ္၊ ကာနစ္ခ်္နစ္ခ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ယ္ရင္၊ ကာတစ္ခ်္၊ ဗာဘစ္ခ်္နဲ႔ စတိုယာႏိုဗစ္ခ်္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ စပိုရာနဲ႔ ရွက္ရွ္ကိုတို႔ကို တင္ကစားခဲ့တာပါ။

ပထမပိုင္းမွာ ႏွစ္သင္းစလုံး ကစားပုံက သိပ္မေကာင္းခဲ့သလို အိမ္ရွင္ေတြအေနနဲ႔ အမွားမရွိေအာင္ ကစားသြားခဲ့လို႔ ေနာ္ေဝတို႔ဘက္က သိပ္ၿပီး အခြင့္အေရးေတြကို မဖန္တီးႏိုင္ခဲ့ဘဲ ဟားလန္းနဲ႔ ေအာ္ဒီဂြါဒ္တို႔ရဲ႕ တိုက္စစ္ပိုင္းက မစြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ ဒုတိယပိုင္းျပန္စၿပီး မၾကာခင္ ပြဲခ်ိန္ ၄၇ မိနစ္မွာပဲ ေနာ္ေဝတို႔ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆလိုေဗးနီးယားခံစစ္မႉး ကာနစ္ခ်္နစ္ခ္ရဲ႕ လူေပးမွားမႈက အယ္လ္ယူႏူစီကို ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဟားလန္းက ထိန္းမေနေတာ့ဘဲ ညာေျခနဲ႔ အျပင္းကန္သြင္းႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဆလိုေဗးနီးယားတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ခံစစ္က ကန္တင္ေပးလိုက္တဲ့ အေဝးေဘာကို ရွက္ရွ္ကိုက လိုက္လံရယူၿပီး အနိမ့္ေဘာ ကန္ခ်က္ ခပ္ျပင္းျပင္းနဲ႔ ဂိုးေရွ႕ကို ခ်ိဳးေပးခဲ့ရာမွာ တြဲဖက္တိုက္စစ္မႉး စပိုရာက ေနာ္ေဝခံစစ္က မဲလင္း ထက္ဦးေအာင္ ပိတ္သြင္းႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

တစ္ဂိုးစီသေရျဖစ္သြားခဲ့လို႔ အုပ္စုကို ဦးေဆာင္ေနတဲ့ ေနာ္ေဝတို႔ ႏိုင္ပြဲရဖို႔အတြက္ ဒဏ္ရာက သက္သာခါစမွာ ေကာင္းေကာင္းမ႐ုန္းႏိုင္ေသးတဲ့ ေအာ္ဒီဂြါဒ္ကိုပဲ လူစားလဲၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို သူနဲ႔ အယ္လ္ယူႏူစီတို႔အစား ဒယ္လီနဲ႔ ေအာ္စ္နက္စ္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ အေဝးကြင္းမွာ အလုပ္ျဖစ္ဖို႔ေတာ့ ခက္ခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ အိမ္ရွင္ေတြပဲ ေနာက္ကလိုက္ၿပီး အႏိုင္ဂိုးကို ရယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ေနာ္ေဝခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ရွက္ရွ္ကိုက ဒူးနဲ႔ တစ္ခ်က္ေတာ့ၿပီး ဧရိယာအျပင္ကေန ကန္သြင္းခဲ့ရာမွာ ကန္ခ်က္က ဒီေလာက္မေကာင္းေပမယ့္ ဘာအဆင့္မွ မရွိခဲ့လို႔ အက္စ္တန္ဗီလာက ကန္ထုတ္ခံခဲ့ရတဲ့ ဂိုးသမား နီလန္းရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ မကာကြယ္ႏိုင္ဘဲ ဂိုးထပ္ေပးခဲ့ရတာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ ေနာ္ေဝနည္းျပ ေဆာလ္ဘက္ကင္အေနနဲ႔ သူ႔ရဲ႕ အသင္းကို ေကာင္းေကာင္း အေျပာင္းအလဲမလုပ္ႏိုင္ခဲ့သလို လူစားလဲခြင့္ တစ္ဦးက်န္ေနေသးေပမယ့္ ထည့္သြင္းဖို႔ ပ်က္ကြက္ခဲ့ခ်ိန္မွာ ဆလိုေဗးနီးယားတို႔ကေတာ့ ခံစစ္ကို ျပင္ဆင္ၿပီး ေနာက္တန္းေတြကို ထပ္ထည့္သြားခဲ့တာေၾကာင့္ ကပၸတိန္တာဝန္ယူေနရတဲ့ ဟားလန္းလည္း ဂိုးထပ္မသြင္းႏိုင္ခဲ့ေတာ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ ဆလိုေဗးနီးယားတို႔က ေနာ္ေဝကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အုပ္စုေအာက္ဆုံး တန္းဆင္းရမယ့္ေနရာက ႐ုန္းထြက္ႏိုင္ခဲ့ခ်ိန္မွာ ဦးေဆာင္သူ ေနာ္ေဝတို႔ကေတာ့ ဂိုးကြာျခားခ်က္အရ ထိပ္ဆုံးမွာ ရွိေနေပမယ့္ ႏိုင္ပြဲရခဲ့တဲ့ ဆားဘီးယားနဲ႔ ၁၀ မွတ္ခ်င္း တူသြားခဲ့ၿပီး လာမယ့္ပြဲမွာေတာ့ ေအာ္စလိုက အိမ္ကြင္းမွာ ပိုေကာင္းတဲ့ ပုံစံနဲ႔ ႀကိဳးစားကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.