International Match Report

မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် စွာနေတဲ့ ရစ်ချာလီဆန်ရဲ့သွင်းဂိုးတွေနဲ့အနိုင်ရခဲ့တဲ့ ဘရာဇီးလ်

သောကြာနေ့ညက ချစ်ကြည်ရေးပွဲစဉ်အဖြစ် ဂါနာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားချန်ပီယံ ခြေစွမ်းမျိုးပြသခဲ့ပြီး ရစ်ချာလီဆန်က အသင်းအတွက် ၂ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို မာကင်ညို့စ်က ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပြီး ပွဲကစားချိန် နာရီဝက်မပြည့်ခင်မှာ ရစ်ချာလီဆန်က နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟာ မိနစ် ၄၀ မှာ နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ကာလတလျှောက်လုံး ရှုံးပွဲမရှိခဲ့တဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယမ်ကို ရှုံးနိမ့်ခဲ့ပြီးကတည်းက ပြီးခဲ့တဲ့နှစ် ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တာက တစ်ပွဲတည်းသော ရှုံးပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်နည်းပြ တီတီဟာ တိုက်စစ်အားသန်တဲ့အသင်းကို ပွဲထုတ်ခဲ့တာဖြစ်ပြီး ဒီအသင်းဟာ လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားနဲ့ လူဆေးလ်မှာ ကောင်းကောင်း ယှဉ်ပြိုင်နိုင်မယ့်အသင်းဖြစ်ပါတယ်။ ဂါနာအသင်းဟာ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ရေးလုပ်နေချိန်မှာ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးကို ဆုံးရှုံးခဲ့ရတာကြောင့် ဘရာဇီးလ်အသင်းနဲ့ ဘယ်လိုမှ မယှဉ်သာဘဲ အလဲထိုးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံတွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တာနဲ့အညီ အတောက်ပဆုံးပုံစံကို ပြသခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့် နေမာက ရစ်ချာလီဆန်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးခဲ့သလို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးရှပ်စ် ဂျူနီယာကလည်း ဘယ်တောင်ပံကနေ တောက်လျှောက်ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရစ်ချာလီဆန်က နေမာ လှမ်းထိုးပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထိပ်ကနေ ဂိုးဘယ်ဖက်အောက်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တတိယမြောက် ဦးဆောင်ဂိုးကိုတော့ အလွတ်တည်ကန်ဘောကနေ နေမာ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ရစ်ချာလီဆန်က ပြေးဝင်ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းဟာ လူးကပ်စ် ပါကယ်တာ၊ ရာဖင်ညာတို့ရဲ့ အပိုင်အခွင့်အရေးတွေသာ အသုံးချနိုင်ခဲ့မယ်ဆိုရင် အခုထက်ပိုပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းပရိသတ်တွေကတော့ ဂါနာနဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ နေမာကို ချီးကျူးခဲ့ကြပြီး ဘရာဇီးလ်သာ ယခုနှစ် ကမ္ဘာ့ဖလားရရှိခဲ့မယ်ဆိုရင် ဘရာဇီးလ်ကြယ်ပွင့်ဟာ ဘလွန်ဒေါဆု ရရှိလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ လာမယ့် အင်္ဂါနေ့ ပီအက်စ်ဂျီအသင်း အိမ်ကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးပြင်ဆင်မှုအဖြစ် တူနီးရှားနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:









REF: INTERNET SOURCES
SPORTS A2Z.