La Liga

ဘာစီလိုနာနဲ့ မက်ဆီကြား ဝင်မွှေဖို့ ဆုံးဖြတ်လိုက်တဲ့ လာလီဂါထိပ်သီးအသင်းကြီး

ရီးရဲလ်မက်ဒရစ်အသင်းဟာ လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့လာမှာကို ကာကွယ်ဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်လို့ စပိန်ရေဒီယိုဌာန COPE က ဖော်ပြခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမတိုင်ခင်မှာ ဘာစီလိုနာအသင်းနဲ့ ၂၁ နှစ်ကြာ ပတ်သက်မှုကို အဆုံးသတ်ခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ အလွတ်ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင်ကစားသမားဟာ နူးကမ့်ကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့သူဖြစ်ပြီး ကတ်တလန်ထိပ်သီးအသင်းကြီးနဲ့ စာချုပ်သက်တမ်းတိုးချင်ခဲ့ပေမယ့်လည်း ဘာစီလိုနာက လာလီဂါရဲ့ တင်းကြပ်တဲ့ FFP စည်းမျဉ်းကြောင့် စာချုပ်သစ် မကမ်းလှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ကစားပေးနိုင်ဖို့အတွက် လစာ မယူသလောက်နီးပါး လျှော့ချပေးဖို့တောင် သဘောတူညီခဲ့တာဖြစ်ပေမယ့်လည်း လာလီဂါက ဘာစီလိုနာကို မျက်စိဒေါက်ထောက် စောင့်ကြည့်ခဲ့တာကြောင့် ပီအက်စ်ဂျီကိုသာ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီရဲ့ ထူးခြားဆန်းကြယ်တဲ့ ကစားသမားဘဝဟာ တဖြည်းဖြည်းနဲ့ အဆုံးသတ်ပိုင်းကို နီးကပ်လာနေပြီဖြစ်ပြီး ပဲရစ်က အာဂျင်တီးနား မှော်ဆရာရဲ့ မှော်ပညာတွေ နောက်ဆုံး ထုတ်သုံးမယ့်နေရာဖြစ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ အသင်းဂန္တဝင်ကစားသမားနဲ့ ပြန်လည်ဆုံစည်းဖို့အတွက် အိပ်မက် ဆက်မက်နေဆဲဖြစ်ပြီး မက်ဆီ ကစားသမားဘဝကနေ အနားမယူခင် ပီအက်စ်ဂျီကနေ ပြန်လည် ခေါ်ယူချင်နေတယ်လို့ သတင်းဌာနအများအပြားက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လီယွန်နယ် မက်ဆီနဲ့ စာချုပ်ချုပ်ဆိုဖို့တောင် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုမှုတွေတောင် ရှိနေတာဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဂျင်တီးနားကြယ်ပွင့် နူးကမ့် ပြန်လာမယ့် အစီအစဉ်ကို နှောင့်နှေးအောင် လုပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

စပိန်ရေဒီယိုဌာန COPE ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ မက်ဆီနဲ့ ပြန်လည်ဆုံစည်းချင်တဲ့ဆန္ဒကို အဆုံးသတ်သွားအောင် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပေမယ့်လည်း လာလီဂါနဲ့ ဥရောပချန်ပီယံတွေအနေနဲ့ ဘာစီလိုနာနဲ့ မက်ဆီကြား ဘယ်လို ကဖျက်ကယက်လုပ်သွားမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကပဲ လီယွန်နယ် မက်ဆီ နူးကမ့် ပြန်မလာနိုင်အောင် တားဆီးနိုင်မလား၊ ဘာစီလိုနာအသင်းကပဲ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးကို အခက်အခဲ၊ အတားအဆီးတွေ ကျော်ဖြတ်ပြီး ပြန်လည်ခေါ်ယူသွားနိုင်မလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ လီယြန္နယ္ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕လာမွာကို ကာကြယ္ဖို႔အတြက္ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တယ္လို႔ စပိန္ေရဒီယိုဌာန COPE က ေဖာ္ျပခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမတိုင္ခင္မွာ ဘာစီလိုနာအသင္းနဲ႔ ၂၁ ႏွစ္ၾကာ ပတ္သက္မႈကို အဆုံးသတ္ခဲ့ရတာျဖစ္ၿပီး ပီအက္စ္ဂ်ီကို ၂ ႏွစ္စာခ်ဳပ္နဲ႔ အလြတ္ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္ကစားသမားဟာ ႏူးကမ့္ကေန ထြက္ခြာဖို႔ ဘယ္တုန္းကမွ မစဥ္းစားခဲ့သူျဖစ္ၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးနဲ႔ စာခ်ဳပ္သက္တမ္းတိုးခ်င္ခဲ့ေပမယ့္လည္း ဘာစီလိုနာက လာလီဂါရဲ႕ တင္းၾကပ္တဲ့ FFP စည္းမ်ဥ္းေၾကာင့္ စာခ်ဳပ္သစ္ မကမ္းလွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ ကစားေပးႏိုင္ဖို႔အတြက္ လစာ မယူသေလာက္နီးပါး ေလွ်ာ့ခ်ေပးဖို႔ေတာင္ သေဘာတူညီခဲ့တာျဖစ္ေပမယ့္လည္း လာလီဂါက ဘာစီလိုနာကို မ်က္စိေဒါက္ေထာက္ ေစာင့္ၾကည့္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီကိုသာ ေျပာင္းေ႐ႊ႕ခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ လီယြန္နယ္ မက္ဆီရဲ႕ ထူးျခားဆန္းၾကယ္တဲ့ ကစားသမားဘဝဟာ တျဖည္းျဖည္းနဲ႔ အဆုံးသတ္ပိုင္းကို နီးကပ္လာေနၿပီျဖစ္ၿပီး ပဲရစ္က အာဂ်င္တီးနား ေမွာ္ဆရာရဲ႕ ေမွာ္ပညာေတြ ေနာက္ဆုံး ထုတ္သုံးမယ့္ေနရာျဖစ္ႏိုင္ေျခရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ အသင္းဂႏၲဝင္ကစားသမားနဲ႔ ျပန္လည္ဆုံစည္းဖို႔အတြက္ အိပ္မက္ ဆက္မက္ေနဆဲျဖစ္ၿပီး မက္ဆီ ကစားသမားဘဝကေန အနားမယူခင္ ပီအက္စ္ဂ်ီကေန ျပန္လည္ ေခၚယူခ်င္ေနတယ္လို႔ သတင္းဌာနအမ်ားအျပားက ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ လီယြန္နယ္ မက္ဆီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ေတာင္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့ၿပီးျဖစ္တယ္လို႔ ေျပာဆိုမႈေတြေတာင္ ရွိေနတာျဖစ္ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းဟာ အာဂ်င္တီးနားၾကယ္ပြင့္ ႏူးကမ့္ ျပန္လာမယ့္ အစီအစဥ္ကို ေႏွာင့္ေႏွးေအာင္ လုပ္သြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

စပိန္ေရဒီယိုဌာန COPE ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ အဓိကၿပိဳင္ဘက္ ဘာစီလိုနာအသင္းရဲ႕ မက္ဆီနဲ႔ ျပန္လည္ဆုံစည္းခ်င္တဲ့ဆႏၵကို အဆုံးသတ္သြားေအာင္ ႀကိဳးပမ္းမႈေတြ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရေပမယ့္လည္း လာလီဂါနဲ႔ ဥေရာပခ်န္ပီယံေတြအေနနဲ႔ ဘာစီလိုနာနဲ႔ မက္ဆီၾကား ဘယ္လို ကဖ်က္ကယက္လုပ္သြားမလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ပါတယ္။

ဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းကပဲ လီယြန္နယ္ မက္ဆီ ႏူးကမ့္ ျပန္မလာႏိုင္ေအာင္ တားဆီးႏိုင္မလား၊ ဘာစီလိုနာအသင္းကပဲ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးကို အခက္အခဲ၊ အတားအဆီးေတြ ေက်ာ္ျဖတ္ၿပီး ျပန္လည္ေခၚယူသြားႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.