Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု – ၃၁.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– လီယွန်နယ် မက်ဆီအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး ပုဂ္ဂိုလ်ရေးအတွက်လည်း သဘောတူညီမှု ရရှိထားတဲ့ မန်ချက်စတာစီးတီး အသင်းအနေနဲ့ အစ်တီဟတ်မှာ သူ့ကို ကြိုဆိုပြသပွဲပြုလုပ်ဖို့ ပြင်ဆင်ထားပြီးပြီလို့ သတင်းတွေ ဖော်ပြ။

– နည်းပြ ပက်ပ် ဂွါဒီယိုလာနဲ့ မက်ဆီတို့ဟာ တစ်ဦးကို တစ်ဦး ကောင်းကောင်းနားလည်ကြသူတွေဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အတွဲအဖက်နဲ့ အတွေးအခေါ်တွေဟာ မန်စီးတီးအသင်းအတွက် ကြီးကြီးမားမား အကျိုးဖြစ်ထွန်းစေမယ်လို့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျရုမ်း ဘိုတန်း ပြောကြား။

– မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားနေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ချဉ်းကပ်မှုတွေ ရပ်တန့်နေတဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် လီဂူးဝမ်းပြိုင်ဘက် ပီအက်စ်ဂျီအသင်းက လက်ဦးမှုရယူသွားဖွယ်ရှိနေ။

– နာပိုလီအသင်းရဲ့ ဝါရင့်နောက်ခံလူ ခါလီဒူး ကူလီဘေလီကို အလိုရှိနေပေမယ့် ဦးစားပေးအစီအစဉ်အရ မက်ဆီရဲ့နောက်မှာသာ ထားရှိပြီး အာဂျင်တီးနားတိုက်စစ်မှူးအတွက် အဖြေပေါ်မှ ပြန်လည်ကြိုးစားသွားဖို့ ဆိုင်းငံ့ထား။

– အာဆင်နယ်စတား အိုဇေးလ်နဲ့ တူညီတဲ့ လစာငွေဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲနဲ့ ဒီဘရိုင်းနားကို စာချုပ်သစ် ကမ်းလှမ်းဖို့ မန်စီးတီးအသင်းက စီစဉ်ထားပေမယ့် အေးဂျင့်ဖြစ်သူရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရမှုကြောင့် အကောင်အထည်မပေါ်နိုင်သေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.