La Liga Ligue1

ပီအက်စ်ဂျီကြယ်ပွင့်ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတဲ့ ရီးရဲလ်ကြယ်ပွင့်

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂိုဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာက သူ အလွန်လေးစားရတဲ့ ကစားသမားဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတလျှောက်လုံး အတုယူခဲ့ရတဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်မှာ ဘရာဇီးလ်ကလပ်အသင်းဖြစ်တဲ့ ဆန်းတို့စ်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီအတွင်းမှာ ခြေစွမ်း တဟုန်ထိုး တိုးတက်လာတဲ့ ကစားသမား ဖြစ်ပါတယ်။ ကာလို အန်ဆလော့တီရဲ့ အသင်းမှာ အဓိက ပထမအသင်းကစားသမားဖြစ်လာတဲ့ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်စစ်မှာ နေရာစုံကစားနိုင်စွမ်းရှိတဲ့ ရိုဒရီဂိုဟာ လက်ရှိမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဘန်ဇီးမားမပါဝင်နိုင်ချိန်မှာ false 9 အခန်းကဏ္ဍမှာ ကောင်းကောင်း ဖြည့်ကစားပေးနေတာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ယခုရာသီ ၇ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။

Governor of Poker နဲ့ စကားပြောဆိုရာမှာ ရိုဒရီဂိုက နေမာဟာ ၎င်းရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ပြီး ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ခြေရာအတိုင်း လိုက်နင်းနိုင်မှာလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“နေမာက ကျွန်တော့်အတွက်တော့ စံပြပုဂ္ဂိုလ်ပါ။ သူ အရာအားလုံးကို အောင်မြင်မှု ရရှိခဲ့ပြီးပြီဆိုတာကို ကျွန်တော် သိပြီး သူ့အောင်မြင်မှုကို တစ်နေ့မှာ လိုက်မီလာနိုင်အောင် ကျွန်တော် ဆက်ပြီးတော့ ပြင်းပြင်းထန်ထန် အလုပ်လုပ်သွားမှာပါ”

နေမာဟာ ရိုဒရီဂိုလိုပဲ ဆန်းတို့စ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ကမ္ဘာ့အဆင့် ခြေစွမ်းပြသနေတဲ့ ကစားသမား ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပြီး ရိုဒရီဂိုက ဆန်းတို့စ်မှာ ကစားခဲ့တုန်းကအချိန်တွေကိုလည်း ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

“ကျွန်တော့်မှ လှပတဲ့ အမှတ်တရတွေ ရှိခဲ့တယ်။ ကျွန်တော် အဲဒီမှာ အချိန်ကောင်းလေးတွေ ရှိခဲ့တယ်။ ကျွန်တော့် မိသားစုနဲ့ နီးနီးကပ်ကပ်နေခဲ့ရတယ်။ ကျွန်တော့် သူငယ်ချင်းတွေအားလုံးနဲ့လည်း နီးနီးကပ်ကပ်နေခဲ့ရတယ်။ ကျွန်တော် ဆန်းတို့စ်ကို အမြဲတမ်း ချစ်မြတ်နိုးခဲ့ပြီး အဲဒီမှာ ကစားနိုင်ခဲ့တာက ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဆန်းတို့စ်ကို နှလုံးသားထဲမှာ အမြဲတမ်း သယ်ဆောင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ႐ိုဒရီဂိုဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာက သူ အလြန္ေလးစားရတဲ့ ကစားသမားျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝတေလွ်ာက္လုံး အတုယူခဲ့ရတဲ့သူျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

႐ိုဒရီဂိုဟာ ၂၀၁၉ ခုႏွစ္မွာ ဘရာဇီးလ္ကလပ္အသင္းျဖစ္တဲ့ ဆန္းတို႔စ္ကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ၃ ရာသီအတြင္းမွာ ေျခစြမ္း တဟုန္ထိုး တိုးတက္လာတဲ့ ကစားသမား ျဖစ္ပါတယ္။ ကာလို အန္ဆေလာ့တီရဲ႕ အသင္းမွာ အဓိက ပထမအသင္းကစားသမားျဖစ္လာတဲ့ ႐ိုဒရီဂိုဟာ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၄၉ ပြဲမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။

တိုက္စစ္မွာ ေနရာစုံကစားႏိုင္စြမ္းရွိတဲ့ ႐ိုဒရီဂိုဟာ လက္ရွိမွာ အသင္းရဲ႕ အဓိကတိုက္စစ္မႉး ဘန္ဇီးမားမပါဝင္ႏိုင္ခ်ိန္မွာ false 9 အခန္းက႑မွာ ေကာင္းေကာင္း ျဖည့္ကစားေပးေနတာျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ ယခုရာသီ ၇ ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ထားတာျဖစ္ပါတယ္။

Governor of Poker နဲ႔ စကားေျပာဆိုရာမွာ ႐ိုဒရီဂိုက ေနမာဟာ ၎ရဲ႕ စံျပပုဂၢိဳလ္ျဖစ္ၿပီး ဘရာဇီးလ္လက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ ေျခရာအတိုင္း လိုက္နင္းႏိုင္မွာလားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အခုလိုပဲ ေျပာၾကားသြားခဲ့ပါတယ္။

“ေနမာက ကြၽန္ေတာ့္အတြက္ေတာ့ စံျပပုဂၢိဳလ္ပါ။ သူ အရာအားလုံးကို ေအာင္ျမင္မႈ ရရွိခဲ့ၿပီးၿပီဆိုတာကို ကြၽန္ေတာ္ သိၿပီး သူ႔ေအာင္ျမင္မႈကို တစ္ေန႔မွာ လိုက္မီလာႏိုင္ေအာင္ ကြၽန္ေတာ္ ဆက္ၿပီးေတာ့ ျပင္းျပင္းထန္ထန္ အလုပ္လုပ္သြားမွာပါ”

ေနမာဟာ ႐ိုဒရီဂိုလိုပဲ ဆန္းတို႔စ္အသင္းကေန ထြက္ေပၚလာခဲ့တဲ့ ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းအတြက္ ကမာၻ႔အဆင့္ ေျခစြမ္းျပသေနတဲ့ ကစားသမား ျဖစ္ပါတယ္။ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲစုံ ၁၁ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ၿပီး ႐ိုဒရီဂိုက ဆန္းတို႔စ္မွာ ကစားခဲ့တုန္းကအခ်ိန္ေတြကိုလည္း ျပန္ေျပာင္းေျပာျပသြားခဲ့ပါတယ္။

“ကြၽန္ေတာ့္မွ လွပတဲ့ အမွတ္တရေတြ ရွိခဲ့တယ္။ ကြၽန္ေတာ္ အဲဒီမွာ အခ်ိန္ေကာင္းေလးေတြ ရွိခဲ့တယ္။ ကြၽန္ေတာ့္ မိသားစုနဲ႔ နီးနီးကပ္ကပ္ေနခဲ့ရတယ္။ ကြၽန္ေတာ့္ သူငယ္ခ်င္းေတြအားလုံးနဲ႔လည္း နီးနီးကပ္ကပ္ေနခဲ့ရတယ္။ ကြၽန္ေတာ္ ဆန္းတို႔စ္ကို အၿမဲတမ္း ခ်စ္ျမတ္ႏိုးခဲ့ၿပီး အဲဒီမွာ ကစားႏိုင္ခဲ့တာက ကြၽန္ေတာ့္အတြက္ေတာ့ ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဆန္းတို႔စ္ကို ႏွလုံးသားထဲမွာ အၿမဲတမ္း သယ္ေဆာင္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.