Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၃၁.၈.၂၀၂၀

– ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ သေဘာတူညီမွဳရခဲ့တဲ့ နယ္သာလန္လက္ေရြးစင္ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ကို မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကစားသမားသစ္အျဖစ္ လိုအပ္တဲ့ လုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ၿပီးရင္ ေသာၾကာေန႔မွာ ေၾကျငာႏုိင္လိမ့္မယ္လုိ႔ စကိုင္းစပုိ႔စ္ ခန္႔မွန္း။

– မန္ခ်က္စတာယူႏုိက္တက္အသင္း ဂႏၴဝင္တစ္ဦးျဖစ္တဲ့ ေပါလ္စခိုးလ္ရဲ႕ ခံစစ္ပုိင္းကို စိုးမုိးႏုိင္တဲ့ ေနာက္ခံလူတစ္ဦး ေခၚယူရမယ္ဆုိတဲ့ အႀကံေပးမွဳကို နည္းျပ ဆုိးလ္ရွား လက္ခံထားၿပီး RB လိုက္ပ္ဇစ္ရဲ႕ အူပါမီကာႏုိကို မက္ဂြဳိင္းယားနဲ႔ တြဲေပးဖို႔ အလိုရွိေန။

– ေဂ်ဒန္ ဆန္ခ်ဳိဟာ ေဒါ့မြန္အသင္းကေန ထြက္ခြာၿပီး မန္ခ်က္စတာယူႏုိက္တက္ဆီ ေျပာင္းေရႊ႕ဖို႔ အလိုရွိေနဆဲျဖစ္ၿပီး သူ႕ရဲ႕ အသင္းမွာ ရပ္တည္မွဳကို ဖ်က္ဆီးတဲ့ အလုပ္မ်ဳိးအျဖစ္ ထြက္ခြာဖုိ႔ ေတာင္းဆိုတာမ်ဳိးေတာ့ လုပ္မွာ မဟုတ္တဲ့အတြက္ သတ္မွတ္ေဈးအတုိင္း ကမ္းလွမ္းဖို႔ေတာ့ လိုအပ္တယ္လို႔ Bild သတင္းေထာက္ဆို။

– အိုးလ္ထရက္ဖို႔ဒ္မွာ ဒင္းန္ ဟန္ဒါဆန္ရဲ႕ ေန႔ရက္ေတြ ေရာက္လာေတာ့မွာျဖစ္ၿပီး လက္ရွိဂိုးသမား ေဒးဗစ္ ဒေဟးယားဆီကေန ပြဲထြက္ေနရာနဲ႔ နံပါတ္တစ္ဂ်ာစီကို လႊဲေျပာင္းရယူႏုိင္လိမ့္မယ္လို႔ ၾသစေတးလ်နဲ႔ မန္ယူဂိုးသမားေဟာင္း မာ့ခ္ ေဘာ့စ္နစ္ခ်္ခန္႔မွန္း။

– ယူႏုိက္တက္ကြင္းလယ္လူ ဖရက္ဒ္ကို တစ္ႏွစ္အငွားနဲ႔ ေခၚယူဖို႔ ဂါလာတာစာေရးအသင္းက အငွားေျပာင္းေရႊ႕ေၾကး ယူ႐ို ၂ သန္းနဲ႔ ထပ္မံကမ္းလွမ္းလိုက္ၿပီး အသင္းမွာ အခန္းက႑ရွိဆဲ ဘရာဇီးလ္သားအတြက္ေတာ့ ဆြဲေဆာင္မွဳရွိတဲ့ ကမ္းလွမ္းမွဳ မဟုတ္ဘူးလို႔ ကၽြမ္းက်င္သူေတြ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်အဖြစ် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပြီးရင် သောကြာနေ့မှာ ကြေငြာနိုင်လိမ့်မယ်လို့ စကိုင်းစပို့စ် ခန့်မှန်း။

– မန်ချက်စတာယူနိုက်တက်အသင်း ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်ရဲ့ ခံစစ်ပိုင်းကို စိုးမိုးနိုင်တဲ့ နောက်ခံလူတစ်ဦး ခေါ်ယူရမယ်ဆိုတဲ့ အကြံပေးမှုကို နည်းပြ ဆိုးလ်ရှား လက်ခံထားပြီး RB လိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုကို မက်ဂွိုင်းယားနဲ့ တွဲပေးဖို့ အလိုရှိနေ။

– ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်အသင်းကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အလိုရှိနေဆဲဖြစ်ပြီး သူ့ရဲ့ အသင်းမှာ ရပ်တည်မှုကို ဖျက်ဆီးတဲ့ အလုပ်မျိုးအဖြစ် ထွက်ခွာဖို့ တောင်းဆိုတာမျိုးတော့ လုပ်မှာ မဟုတ်တဲ့အတွက် သတ်မှတ်ဈေးအတိုင်း ကမ်းလှမ်းဖို့တော့ လိုအပ်တယ်လို့ Bild သတင်းထောက်ဆို။

– အိုးလ်ထရက်ဖို့ဒ်မှာ ဒင်းန် ဟန်ဒါဆန်ရဲ့ နေ့ရက်တွေ ရောက်လာတော့မှာဖြစ်ပြီး လက်ရှိဂိုးသမား ဒေးဗစ် ဒဟေးယားဆီကနေ ပွဲထွက်နေရာနဲ့ နံပါတ်တစ်ဂျာစီကို လွှဲပြောင်းရယူနိုင်လိမ့်မယ်လို့ သြစတေးလျနဲ့ မန်ယူဂိုးသမားဟောင်း မာ့ခ် ဘော့စ်နစ်ချ်ခန့်မှန်း။

– ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်ကို တစ်နှစ်အငှားနဲ့ ခေါ်ယူဖို့ ဂါလာတာစာရေးအသင်းက အငှားပြောင်းရွှေ့ကြေး ယူရို ၂ သန်းနဲ့ ထပ်မံကမ်းလှမ်းလိုက်ပြီး အသင်းမှာ အခန်းကဏ္ဍရှိဆဲ ဘရာဇီးလ်သားအတွက်တော့ ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းမှု မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.